Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 17, 2013

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲမှာ Red Link ကုမ္ပဏီနဲ့ ရွှေသံလွင် ကုမ္ပဏီတို့ WiFi Free လွှင့်ခွင့် တရားဝင် ရရှိဟုဆို



Photo
ဖေဖေါ်ဝါရီလ ၁၃ ရက်။    ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲများတွင် Red Link ကုမ္ပဏီနှင့် ရွှေသံလွင် ကုမ္ပဏီတို့ WiFi Free လွှင့်ခွင့်တရားဝင် ရရှိထားကြောင်း  သတင်း ရရှိသည်။ "ဆီးဂိမ်းပြိုင်ပွဲမှာ အင်တာနက် အသုံးပြုခွင့်ကို ကျွန်တော်တို့ အခမဲ့ လှူပေးတာလည်း ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အနေနဲ့ ကြော်ငြာခွင့်တွေလည်း ရရှိမှာ ဖြစ်ပါတယ်" ဟု Red Link ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယင်းသို့ WiFi ထုတ်လွှင့် ပေးရာတွင် အားကစားကွင်း တည်ရှိရာနေရာ မီဒီယာစင်တာများတွင် အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး အခမဲ့ လွှင့်ပေးမည့် နေရာများမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ငွေဆောင် အစရှိသော နေရာများတွင် အင်တာနက် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ အင်တာနက် အခမဲ့ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးရာ၌လည်း လက်ရှိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုလျက်ရှိသော အင်တာနက် မြန်နှုန်း 14G ထက် ထပ်မံပြီး 10G အကျော်အထိ ထပ်မံ လိုအပ်လာဖွယ် ရှိသည်ဟု သိရသည်။ "ဆီးဂိမ်းမှာ အင်တာနက် မြန်နှုန်းကို အကောင်းမွန်ဆုံး ဖြစ်အောင်တော့ ဆွေးနွေး ညှိနှိုင်းသွားမှာပါ။ အခုလို ဆောင်ရွက်ပေးတာဟာလည်း ပြည်တွင်း၊ ပြည်ပ ပြည်သူတွေ အားလုံးအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးတာလည်း ဖြစ်ပါတယ်" ဟု ၎င်းက ထပ်မံ ပြောကြားလိုက်သည်။

ဆီးဂိမ်း ပြိုင်ပွဲတွင်လည်း အဝင် အင်တာနက် ပိုင်းသာမက မိုဘိုင်းဖုန်းများကိုပါ ပြည်ပနိုင်ငံ အသီးသီးသို့ အလွယ်တကူ ဆက်သွယ် ပြောဆိုနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ၌ ကဏ္ဍ စုံလင်စွာ ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ "အင်တာနက် ကွန်နက်ရှင်ကို ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ နိုင်ငံတကာ နည်းတူ လုပ်ပေးသင့်တဲ့အချိန် ရောက်ရှိနေပါပြီ။ လက်ရှိ အနေအထားမှာ မြန်မာနိုင်ငံရဲ့ စိတ်ဝင်စားမှုကို အများဆုံး ရှိနေတဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့်လည်း ဒီကွန်နက်ရှင်ပိုင်းဟာ များစွာ အရေးပါပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာတင် မကပါဘူး။ အမြဲတမ်း ကောင်းမွန်အောင် ပြုလုပ်ပေးသင့်တယ်" ဟု ပြည်တွင်း နည်းပညာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက အကြံပြု ပြောကြားခဲ့သည်။                          

မြဝတီ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account