Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 17, 2013

Ubuntu OS ပေါ်တွင် Wine Application ကို အသုံးပြု၍ Photoshop CS2 ကို ထည့်သွင်းပုံ



Photo
Ubnutu OS အသုံးပြုသူတွေ အနေနဲ့ Ubuntu OS ပေါ်မှာ အသုံးပြုနိုင်တဲ့ GIMP Image Editor ကို အသုံးမပြုချင်ဘဲ၊ Adobe Photoshop ကိုသာ သုံးစွဲချင်သူတွေ အတွက် Ubuntu OS  ပေါ်မှာ Adobe Photoshop ကို တင်သွင်း အသုံးပြုနိုင်မယ့် နည်းလမ်းကို ဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။ တင်သွင်း အသုံးပြုနိုင်တယ် ဆိုပေမယ့်လည်း Version အမြင့်များကို တင်သွင်း သုံးစွဲနိုင်ခြင်း မရှိသေးဘဲ Adobe Photoshop CS2 ကိုသာ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Ubuntu OS ပေါ်မှာ Adobe Photoshop CS2 ကို ထည့်သွင်း အသုံးပြုဖို့ အတွက်ဆိုရင် ပထမဆုံး Ubuntu  OS အတွင်းကို Wine Application ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ Wine Appllication ကို Official Website ပေါ်မှာ Offline Package ကို ဒေါင်းလုပ် လုပ်ယူပြီး ထည့်သွင်း အသုံးပြုနိုင်သလို၊ Online ချိတ်ဆက်ပြီးလည်း ဒေါင်းလုပ် လုပ်ယူ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Wine Application ကို Graphic Mode ကနေ  ထည့်သွင်း အသုံးပြုဖို့ အတွက် Unity Launcher မှာရှိတဲ့ Ubuntu Software Centre ကို ကလစ်နှိပ်ပြီး Wine လို့ ရိုက်ထည့်လိုက်ရင် Wine နဲ့ ပတ်သက်တဲ့ Application တွေ ကျလာမှာ ဖြစ်ပါတယ်။ အဲဒီကမှ Wine Windows Program Loader ဆိုတာကို ရွေးချယ်ပြီး Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Graphic Mode မှ Install မပြုလုပ်ချင်ဘဲ Command Line Mode မှ Install ပြုလုပ်ချင်သူများ အတွက် Ctrl+Alt+T ကိုနှိပ်ပြီး Terminal မှတစ်ဆင့် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Terminal ကို ရောက်ရင် sudo apt-get install wine ဆိုတဲ့ Command ကို ရိုက်ထည့်ပြီး Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Install ပြုလုပ်ပြီးပြီ ဆိုရင်တော့ Wine Application ကို အသုံးပြုဖို့ အတွက် Dash Home Button ကို ကလစ်နှိပ်လိုက်ပြီး Wine လို့ ရိုက်ထည့်လိုက်ရင် Wine Application ကို တွေ့ရမှာ ဖြစ်ပါတယ်။ Wine Application ကို ဖွင့်ပြီးပြီ ဆိုရင်တော့ Windows မှာရှိတဲ့ Application ရဲ့ Setup File ကို Wine Loader နဲ့ ဆွဲတင်ပြီး Ubuntu OS ပေါ်မှာ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Wine Application ကို Install ပြုလုပ်ပြီးပြီ ဆိုရင်တော့ Search Box မှာ Winetricks ဆိုတဲ့ Keyword ကို ရိုက်ထည့်လိုက်ရင် Winetricks Windows တစ်ခုထဲမှာ Install an app ဆိုတာကို ရွေးခ်ျထားရမှာ ဖြစ်ပါတယ်။ ပြီးရင် Install a Windows DLL or Component ဆိုတာကိုလည်း ရွေးချယ် ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Adobe Photoshop CS2 ရဲ့ Installer File ကို Wine နဲ့ ဆွဲတင်ပြီး Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Ubuntu OS ပေါ်မှာ Adobe Photoshop CS2 ကို Install ပြုလုပ်ပြီးပြီ ဖြစ်ပါတယ်။

သီဟ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account