Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 15, 2012

ကုန်းဘောင်မင်းဆက် (၁၁)ဆက်ပြဇယား

ထေရဝါဒဆိုသည်မှာ

မြန်မာတိုင်းရင်းသားအများစုသည် မိမိတို့ကိုယ်ကို ထေရဝါဒဗုဒ္ဓဘာသာဝင်များအဖြစ် ခံယူထားကြပေးသည်။ထို့ကြောင့် ထေရဝါဒဆိုသော ဝေါဟာရသည် မြန်မာတို့နားတွင် မစိမ်းတော့ချေ။ သို့ရာတွင် ’’ ထေရဝါဒဆိုတာဘာလဲ၊ ဘာကြောင့် ထေရဝါဒဗုဒ္ဓဘာသာလို့ ဝိသေသပြုပြီးခေါ်ဆိုရပါသလဲ’’ ဟု မေးခွန်းထုတ်ကြည့်လျှင်ကား ဂဃနဏရေရေရာရာ အဖြေပေးနိုင်သူဦးရေ နည်းပါးလှသေးကြောင်း တွေ့ပေလိမ့်မည်။

ဂူးဂဲလ်က သူ၏ ပထမဆုံး မောင်းသူမဲ့ ကားအတွက် လိုင်စင်ရရှိပြီး လမ်းပေါ်၌ စမ်းသပ်


Photo

ဂူးဂဲလ်က သူ၏ ပထမဆုံး မောင်းသူမဲ့ ကားအတွက် လိုင်စင်ရရှိပြီး လမ်းပေါ်၌ စမ်းသပ်

By Pyi Myanmar 15 May, 2012 - 15:37
ဂူးဂဲလ်ကုမ္ပဏီသည် ၎င်းတို့၏ ပထမဆုံး မောင်းသူမဲ့ကားအတွက် လိုင်စင်ရရှိခဲ့ပြီး လမ်းများပေါ်တွင် ပထမဆုံး စမ်းသပ်ခဲ့ကြောင်း သိရသည်။  ဂူးဂဲလ်ကုမ္ပဏီသည် Toyota Prius ကားးကို အထူးပြုကာ ပြုလုပ်ထားခြင်း ဖြစ်ပြီး အဆိုပါကားကို အမေရိကန်ပြည်ထောင်စု နီဗာဒါး ပြည်နယ်၏ လမ်းများပေါ်၌ တွေ့မြင်ရတော့မည်ဟု ဆိုသည်။ ၎င်းတို့၏ ကားတွင် အသုံးပြုထားသော နည်းပညာသည် Auto-pilot နည်းပညာနှင့် တူပြီး လူက လုံးဝ ပါဝင်ခြင်းမရှိပဲ သို့မဟုတ် အနည်းငယ်မျှ ပါဝင်ရုံဖြင့် မောင်းနှင်နိုင်သည်ဟု ဆိုသည်။

မြန်မာမိန်းကလေးတွေ အိမ်ထောင်ဘက်ရွေးတဲ့အခါ...

မြန်မာမိန်းကလေးတွေ အိမ်ထောင်ဘက်ရွေးတဲ့အခါ ဒါတွေကိုသိထားသင့်တယ်...

တစ်မိသားစုနှင့် တစ်မိသားစု အချိန်တန် အရွယ်ရောက်လာသော် တစ်ဦးနှင့်တစ်ဦး
အကြောင်းပေါင်းဖက်ရသည်မှာ ဓမ္မမှာပင်ဖြစ်ပေသည်။ ယခုဘဝတွင် ဘဝတစ်သက်တာ
ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခု ဖြစ်နိုင်ဖို့ ရာအတွက် …

ကွန်ပျူတာဖြင့် အင်တာနက် အသုံးပြုရာတွင် Sim Card ကို Modern ဖြင့် အသုံးပြုခြင်းထက် Handset Cable ကြိုးဖြင့် အသုံးပြုခြင်းက ပိုမိုအဆင်ပြေ



Photoကွန်ပျူတာဖြင့် အင်တာနက် အသုံးပြုရာတွင် Sim Card ကို Modern ဖြင့် အသုံးပြုခြင်းထက် Handset Cable ကြိုးဖြင့် အသုံးပြုခြင်းက ပိုမိုအဆင်ပြေ၍ လူသုံးများလျက် ရှိကြောင်း  ၈-၅-၂၀၁၂ ရက်က သိရသည်။ “ကွန်ပျူတာမှာ Modern နဲ့သုံးရင် Handset ထဲကနေ Sim Card ထုတ်ပြီး သုံးရတဲ့ အတွက် Card ပျက်တာတွေ ဖြစ်နိုင်တယ်။

EDGE စနစ်သစ်ဖြင့် ကွန်ပျူတာနှင့် ချိတ်ဆက်ရာတွင် EVDO modern ဖြင့် သုံး၍မရ



Photo
ယခုချထားပေးသည့် အင်တာနက်စနစ်မှာ EDGE စနစ်ဖြစ်သဖြင့် အင်တာနက် အသုံးပြုရန် ကွန်ပျူတာဖြင့် ချိတ်ဆက်ရာတွင် EVDO modern ဖြင့်  အသုံးပြု၍ မရကြောင်း ၎င်းစနစ်ဖြင့် အင်တာနက် အသုံးပြုသူများထံမှ သိရသည်။ “အရင်က CDMA 800 MHZ တွေ အင်တာနက် ချပေးတုန်းက အိမ်က PC ကွန်ပျူတာနဲ့ အင်တာနက်အသုံးပြုဖို့ modern ဝယ်ထားတာ၊ လက်ရှိ CDMA 800 MHZ ဖုန်းကတ်နဲ့ ဒီ modern က သုံးလို့ရတယ်။ အခု GSM အင်တာနက် ချပေးတော့ လျှောက်ပြီး ဒီ modern နဲ့ပဲ သုံးဖို့ လုပ်တော့မရဘူး ဖြစ်နေတယ်။

ဝက်ဘ်ဆိုက် လိပ်စာစနစ်များ ပြောင်းလဲရန် ကမ္ဘာ့အင်တာနက် အဖွဲ့အစည်းကြီးက စမ်းသပ်မှုများ ပြုလုပ်မည်



Photo
ကမ္ဘာပေါ်ရှိ ဝက်ဘ်ဆိုက်လိပ်စာများ အားလုံးကို တရားဝင် အမည် သတ်မှတ်ပေးနေသည့် အဖွဲ့အစည်းကြီးဖြစ်သည့် ICANN ကမ္ဘာ့အင်တာနက် အဖွဲ့အစည်းကြီးသည်  နိုင်ငံတကာ၌ ၎င်းတို့၏ ခွင့်ပြုချက်ဖြင့် အသုံးပြုနေကြသည့် ဝက်ဘ်ဆိုက်များ၏ လိပ်စာစနစ်များ ပြောင်းလဲမှုအတွက် စမ်းသပ်မှုများကို မေလ ၂၂ ရက်တွင် ပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်လိုက်သည်။

3G စနစ်သုံး ဖုန်းများ 3G Network ကို အပြည့်အဝ အသုံးပြုနိုင်တော့မည်



Photo
ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အသုံးပြုခွင့် ပေးထားသည့် 3G စနစ်သုံး WCDMA ဖုန်းများကို 3G Network အပြည့်အဝ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။  “3G Network ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မကြာခင် အပြည့်အဝ အသုံးပြုနိုင်တော့မှာပါ။ လက်ရှိ အချိန်မှာလည်း 3G Network ကို ရန်ကုန်မြို့ရဲ့ သုံးပုံတစ်ပုံအထိ လွှမ်းခြုံပေးထားနိုင်ပါပြီ ဒီ 3G Network က ဖုန်းလိုင်းနဲ့ အင်တာနက် အသုံးပြုတဲ့ နေရာမှာ အခြားကွန်ရက်ထက် ပိုအဆင်ပြေစေမှု ရှိစေမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 

ဖုန်းများအတွက် အင်တာနက် Bandwidth ကို 5 Gbps အထိ ထပ်မံတိုးချဲ့မည်



Photo
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများတွင် အင်တာနက်စနစ်ကို အရည်အသွေး ကောင်းမွန်စွာ အသုံးပြုနိုင်ရန် အတွက် အင်တာနက် Bamdwidth 5 Gbps အထိ ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း ဖုန်းဖြင့် စာပို့သည့်စနစ် ပျောက်ကွယ်သွားမည်



Photo
SMS ဆိုသည့် စာပို့စနစ်သည် လွန်ခဲ့သည့် ၅ နှစ်အတွင်း စမတ်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာများတွင်  ခေတ်စားလာခဲ့သည်။ စမတ်ဖုန်းနှင့် 3G network ကို အသုံးပြုသူများသည် SMS ဖြင့် စာပို့ဆက်သွယ်ရသည့် စနစ်ကို ပိုနှစ်သက်လာပြီး အမေရိကန်တွင် အမျိုးသမီးများသည် SMS ဖြင့် ဆက်သွယ်ရခြင်းကို ပိုပြီးနှစ်သက် သဘောကျကြောင်း သိရသည်။
 

Friday, May 11, 2012

Registry Editor ကို ပိတ်ထားတဲ့နည်း ...

ကျွန်တော်တို့ သူငယ်ချင်းတွေ အလွန်ကလိကျတဲ့လူတွေပါဗျာ။ အဲဒီတော့ သူတို့ လာကလိလို့မရအောင် registry editor ကို ပိတ်ထားရအောင်ပါ ...။

Sub Menu မပေါ်အောင်/ပေါ်အောင် လုပ်နည်း

Sub Menu ဆိုတာ  Folder တစ်ခုကို right click ပေးပြီး ပေါ်လာတဲ့ open with (or) left arrow  တွေအပေါ်မှာ mouse pointer တင်လိုက်ရင် နောက်ထပ် ပေါ်လာတဲ့ Box လေးကို ပြောတာပါ။ ဒီနည်းလေးကတော့ အဲဒီ Sub Menu ဆိုတဲ့ Box လေး မပေါ်အောင် လုပ်နည်းပါ။

ဂျီဖုန်း အင်တာနက်သုံးခ လျှော့ချ

Photo
WCDMA ဖုန်းနှင့် CDMA ဖုန်းများမှလွဲ၍ ဂျီဖုန်းများ အင်တာနက်သုံးစွဲခ ထက်ဝက်နှုန်း လျှော့ချပေးလိုက်ပြီဟု  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ကိုယ့်ဘာသာကိုယ် ကျော်ခွဆိုဒ် ရှာနည်း


ပြည်တွင်းက မိတ်ဆွေတွေအတွက် ကျနော်တို့ ဒီကနေ တင်ပေးလိုက်တဲ့ proxy ဆိုဒ်တွေကို ခဏခဏအပိတ်ခံနေရတဲ့အတွက် အခက်အခဲတွေ့နေသူတွေအတွက် ကိုယ်တိုင်ရှာလို့ရတဲ့နည်းလေးပါ။ google တို့ yahoo တို့မှာ
appspot proxy ဆိုပြီးရိုက်ထည့်ရှာလိုက်ပါ။ Update ဖြစ်တာ အမြဲထိပ်ဆုံးမှာ တင်ပေးထားပါတယ်။ ဒါဆိုကိုယ့်စိတ်ကြိုက်ရွေးပြီး ကျော်ခွနိုင်ပါပြီ။ ဒီ appspot proxy ဆိုတဲ့ စာသားလေးပဲမှတ်ထားရမှာပါ။

Wednesday, May 9, 2012

သင်ဟာ လိုအပ်နေသူကို ကူညီခဲ့မယ်ဆိုရင်....

 
မျက်စိ မမြင်သော လူငယ်လေး တစ်ယောက်သည် အဆောက်အအုံ ဘေးရှိ လှေကားတွင် သူ့  ခြေထောက်နားတွင် ဦးထုပ်လေး တစ်လုံးချထားကာထိုင်နေသည်။ ထို့  နောက်လက်တွင် 'ကျွန်တော် မျက်စိမမြင်ပါ။ ကူညီကြပါ။' ဟူသော ဆိုင်းဘုတ် လေး ကိုင်ထားသည်။ ဦးထုပ်တွင် အကြွေစေ့ အနည်း သာ ရှိသည်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီက မြန်မာတွင် ရင်းနှီးမြှုနှံရန် ဆန္ဒရှိနေပြီး Piracy ကို စိုးရိမ်မိဟုဆို



Photo
ကမ္ဘာကျော် မိုက်ခရိုဆော့ဖ် ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေသော်လည်း မြန်မာနိုင်ငံ၏ မူပိုင်ခွင့်နှင့် ပုံတူကူးပွားခြင်း (Piracy) များကို စိုးရိမ်မိနေကြောင်း သိရသည်။  မြန်မာနိုင်ငံတွင် များစွာသော လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆန္ဒရှိနေသော်လည်း ၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအနေအထားကို စိုးရွံ့မိနေကြဆဲပင် ဖြစ်နေကာ EU နှင့် အမေရိကန်တို့၏ ပိတ်ဆို့မှုအချို့ ကျန်နေသေးခြင်းက ၎င်းတို့အနေဖြင့် လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲအချို့ ဖြစ်နေသေးသည်ဟု သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ မြို့နယ်အချို့တွင် ဖုန်းလိုင်းများ တပ်ဆင်မည်



Photo
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် အတွင်းရှိ လင်းခေး၊ မောက်မယ်၊ မိုးနဲ၊ မိုင်းပန်နှင့် ဟိုမိန်းမြို့နယ်ခွဲတို့တွင် GSM/CDMA ဖုန်းလိုင်းများ တပ်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း  ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ubuntu tablet နှင့် စမတ်ဖုန်းများ ၂၀၁၃ တွင် ထွက်ပေါ်လာဖွယ်ရှိ



Photo
Linux အခြေခံ open source operating system (OS) ဖြစ်သည့် Ubuntu ကို အခြေခံထားသည့် tablet နှင့် စမတ်ဖုန်းများ ထုတ်လုပ်ရန် အတွက်  ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ ဆွေးနွေးတိုင်ပင်နေကြောင်း Canonical ဆော့ဖ်ဝဲကုမ္ပဏီမှ ပြောကြားခဲ့ပြီး ယင်းထုတ်ကုန်သစ်များကို လာမည့် ၂၀၁၃ ခုနှစ်အတွင်း ဈေးကွက်ထဲ၌ စတင် မြင်တွေ့ရန် မျှော်လင့်ထားကြောင်း သိရသည်။

မြန်မာနာမည် Virus များ ရှင်းလင်းရန် နှင့် Software များ.



ကျွန်တော်တို့မြန်မာတွေကိုလည်း အထင်သေးလို့မရတော့ဘူးဗျ.။ အိုင်တီနည်းပညာတွေကို အမှီလိုက်နိုင်လာ ရုံမက တချို့က အများကောင်းကျိုးအတွက် အသုံးချတာရှိသလို၊ တချို့ကလဲ တတ်တာနဲ့ပညာပြချင်လာကြတာ ဘဲ.သူတို့ပညာပြလိုက်လို့ခံလိုက်ရတဲ့သူတွေခမျာ ဘယ်လောက်တောင်စိတ်ဒုက္ခရောက်လိုက်မလဲဗျာ.

Passware Password Recovery Kit

အခုကျနော်တင်ပေးမှာကတော့ Password ခိုးတာလို့ လဲပြောလို့ ရသလို မေ့သွားတဲ့ Password ကို Recovery ပြန်လုပ်တယ်လို့ လဲပြောလို့ ရပါတယ်...။ ကျနော်လဲအချိန်သိပ်မရလို့ ခါတိုင်းလိုတော့ အညွှန်း တွေထည့်မနေတော့ဘူးနော်...။ တစ်ခါတည်း သုံးပုံသုံးနည်း ပဲတန်းပြောလိုက်ပါတော့မယ်..။ အောက်ကပုံ ကိုကြည့်ပါ..။

Photobucket 
 

Not Responding Killer

ကျွန်တော်တို့ တစ်ခါတလေ ကွန်ပျူတာမှာ Program တွေ အများကြီး run ထားချိန်မှာ တချို့ Program တွေ အရမ်းလေးလာပြီး Not Responding ဆိုပြီး ပြလာပါတယ်။ အဲ့ဒီအခါကြရင် ကျွန်တော်တို့ Task Manager (Ctrl+Alt+Del) ကို ခေါ်ပြီး ပိတ်ရတာ အလုပ်ရှုပ်ရသလို တခါတလေလည်း စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ အဲ့ဒီလိုမျိုး Task Manager (Ctrl+Alt+Del) ကို ခေါ်ပြီး မပိတ်ရအောင် လုပ်တဲ့နည်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

မိုဘိုင်းဖုန်းများအတွက် အင်တာနက် ဝန်ဆောင်မှု မေလ ၇ ရက်နေ့က ပြန်လည်ချပေး



Photo
လက်ရှိ ပြည်တွင်း၌ အသုံးပြုလျက်ရှိသော မိုဘိုင်းတယ်လီဖုန်းများအတွက် အင်တာနက် ဝန်ဆောင်မှုကို ၇-၅-၂၀၁၂ ရက်က စတင်ချပေးခဲ့ပြီး ယခင်ကျပ် ၁၅ သိန်းတန်၊ ကျပ် ငါးသိန်းတန်၊ ဂျီအက်စ်အမ်၊ CDMA 800 ဖုန်းများလည်း ပါဝင်ကြောင်း၊  မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ၃-၅-၂၀၁၂ တွင် ပြောကြားခဲ့သည်။

မိုဘိုင်းဖုန်းများအတွက် e-Topup ကတ်စနစ်ကို အသုံးပြုရန် စီစဉ်




Photo
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ကြိုတင်ငွေပေးကတ် စနစ်များကို မူလပုံစံမှ e-Topup ကတ်စနစ်ပုံစံသို့ ပြောင်းလဲ ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။  အဆိုပါ e-Topup ကတ်စနစ်မှာ ကြိုတင်ငွေပေးကတ် ဖြည့်သွင်းရာတွင် ပုံမှန် ရိုက်သွင်း၍ ကုတ်နံပါတ် ထည့်သွင်းမှုအစား အီလက်ထရွန်နစ်နည်းပညာဖြင့် အလွယ်တကူ ထည့်သွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ “အခုလက်ရှိ ဖြည့်သွင်းနေတဲ့ ကြိုတင်ငွေပေးကတ်တွေကို တချို့လူတွေ မသွင်းတတ်တာလည်း ရှိတယ်။ e-Topup ကတ်စနစ်က ဆိုင်မှာ စက်နဲ့တစ်ခါတည်း ထည့်သွင်း ပေးလိုက်ရုံပါပဲ” ဟု ၎င်းက ပြောသည်။
 

Tuesday, May 8, 2012

**ချစ်သူနဲ့လမ်းခွဲပြီးစ((သို့) အိမ်ထောင်ကွဲစ) မိန်းကလေးတစ်ယောက်ရဲ့ ယောက်ျားလေးသို့ သတိပေးစကား**(၂)

 
သတိပေးစကား (၁)
မိန်းကလေးကို အမြဲလျစ်လျူရှု၊ ဥပေက္ခာပြုတာမျိုး မလုပ်ပါနဲ့
ငယ်ရွယ်နုပျိုခြင်းဆိုတဲ့အရာကို ပိုလို့လက်ကိုင်မထားပါနဲ့
မကြာခဏ သင်ဒီလို ပြုမူဆက်ဆံတဲ့အခါ
သူ့ရဲ့အတွင်းအာရုံစိတ်က သင့်ရဲ့ဖြစ်တည်မှုကို တဖြေးဖြေးအေးစက် မေ့လျော့လာပါလိမ့်မယ်။

** ချစ်သူနဲ့လမ်းခွဲပြီးစ ((သို့) အိမ်ထောင်ကွဲစ) ယောက်ျားတစ်ယောက်ရဲ့ မိန်းကလေးသို့ သတိပေးစကား**

 
သတိပေးစကား (၁)
ယောက်ျားလေးကို အမြဲစစ်ဆေး၊ စမ်းသပ်တာမျိုး မလုပ်ပါနဲ့
"လမ်းခွဲမယ်"ဆိုတဲ့စကားနဲ့ အမြဲ မခြိမ်းခြောက်ပါနဲ့
မကြာခဏ သင်ဒီလို စောင်းပါးရိပ်ခြည်ပြောတဲ့အခ
သူ့ရဲ့အတွင်းအာရုံစိတ်က လမ်းခွဲဖို့အသင့်ပြင်ထားတတ်ပါတယ်။

သတိပေးစကား(၂)
ယောက်ျားလေးက သင့်ကိုချစ်တယ်ဆိုတာနဲ့
သင့်အာဏာကို အဆုံးမရှိတိုးချဲ့လို့ရသွားပြီလို့ မထင်ပါနဲ့
သူ့ရဲ့အတွေးအခေါ်၊ သူ့ရဲ့ ယုံကြည်ကိုးကွယ်မှု၊ သူ့ရဲ့စိတ်ကူးအိပ်မက်ကို
ဝင်မကန့်သတ် ၊ ဝင်မချုပ်ချယ်ပါနဲ့
သူ့မှာလည်း သင်သတိမထားမိနိုင်တဲ့ သူ့ကိုယ်ပိုင်ထူးခြားချက်တွေ ရှိပါတယ်။

သတိပေးစကား(၃)
"နင် ငါ့ကိုချစ်ရင် ငါဘာလိုချင်သလဲဆိုတာ နင်သိသင့်တာပေါ့"ဆိုတဲ့စကားကို အမြဲပွေ့ဖက်မထားပါနဲ့
ဒါဟာ လုံးဝ အဓိပ္ပာယ်မဲ့တဲ့စကားပါ
ဘယ်သူကမှ တစ်ဘက်သားဘာတွေးနေတယ်ဆိုတာကို အကုန်လုံးမသိနိုင်ပါဘူး
သင့်အတွေး၊ သင့်စိတ်ကူးကို သူ မသိတာနဲ့ သင့်ကို သူ မချစ်ဘူးဆိုတဲ့ကောက်ချက်က
အရမ်းဟာသဆန်လွန်းပါတယ်။
.
(ဆက်ပါဦးမယ်)

Related Posts Plugin for WordPress, Blogger...

My Account