Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, August 20, 2012

4G စနစ် စတင် အကောင်အထည်ဖော်ပါက တစ်နှစ်အတွင်း မြို့သုံးမြို့၌ အသုံးပြုနိုင်မည့် အနေအထားရှိ

မြန်မာနိုင်ငံ အတွင်းရှိ ဆက်သွယ်ရေးကဏ္ဍကို 4G စနစ်အဖြစ် လက်ရှိအချိန်တွင် စတင် အကောင်ဖော်ပါက တစ်နှစ်အတွင်း မြို့သုံးမြို့၌ စတင် အသုံးပြုနိုင်မည့် အနေအထားရှိကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီမှ ဦးလွင်နိုင်ဦးက ပြောကြားသည်။  “4G စနစ်ကို အခုချိန်မှာ စလုပ်ဖို့ လိုအပ်နေပါပြီ။ ဒီစနစ်ကို စတင် အကောင်အထည် ဖော်ရင်တော့ ခြောက်လ သို့မဟုတ် တစ်နှစ် အတွင်းမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေမှာ စတင် အသုံးပြုနိုင်မှာပါ။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသုံးပြုနိုင်ဖို့ ဆိုရင်တော့ အချိန်များများ ယူရမှာပါ။ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေကိုလည်း လက်ရှိ အနေအထားနဲ့ လုပ်လို့ရတဲ့ အတိုင်းအတာတွေ ရှိသလို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပြီး ရေတိုရေရှည် လုပ်ရမယ့် အပိုင်းတွေလည်း ရှိပါတယ်။ အခုလို 4G စနစ်ကို အကောင်အထည်ဖော် အသုံးပြုနိုင်ရင်တော့ ဆက်သွယ်ရေးပိုင်းက ပိုပြီး တိုးတက်မှု ရှိလာမှာပါ။ လက်ရှိ အချိန်မှာလည်း ဈေးကွက် အတွင်းမှာ 4G စနစ် အသုံးပြုနိုင်တဲ့ ဟန်းဆက်တွေတောင် ရှိနေပါပြီ” ဟု ယင်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့်လည်း အဆိုပါ 4G စနစ်ကို ၂၀၁၃ ဆီးဂိမ်းအမီ အသုံးပြုနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။ 4G စနစ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုလာနိုင်ပါက လက်ရှိ အသုံးပြုနေသော 3G စနစ်ထက် Voice နှင့် Deta အချက်အလက်များမှာ ယခင်ကထက် ပိုမို ကောင်းမွန်စွာ အသုံးပြုလာနိုင်မည် ဖြစ်သည်ဟု သိရသည်။ “ဆီးဂိမ်းအမီ အသုံးပြုနိုင်ဖို့တော့ ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာတွေမှာတောင် ဒီ 4G စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်မှု မရှိသေးဘူး။ မြန်မာနိုင်ငံ အနေနဲ့လည်း ဒီစနစ်ကို တစ်နိုင်ငံလုံး အသုံးပြုနိုင်ဖို့ အတွက်တော့ အချိန်အများကြီး ဆောင်ရွက်ရမှာပါ”  ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ “4G စနစ်က မြန်မာနိုင်ငံမှာ အသုံးပြုခွင့် ပေးရင်တော့ ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ 4G စနစ်ကို အပြည့်အဝ အသုံးပြုခွင့်ပေးဖို့ လိုအပ်မှာပါ။ ဒီစနစ်က အင်တာနက် အသုံးပြုတဲ့နေရာနဲ့ မိုဘိုင်းဖုန်း ဆက်သွယ် ပြောဆိုတဲ့ နေရာတွေမှာ များစွာ ကောင်းမွန်လာမှာပါ။ တိုင်းပြည် အတွက်လည်း မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကဏ္ဍမှာ များစွာ တိုးတက်မှု ရှိလာမှာပါ” ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ရှိန်းဝင်းထိုက်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account