Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, August 20, 2012

Privacy အငြင်းပွားမှုအတွက် Facebook စစ်ဆေးခံရ

Federal Trade Commission အဖွဲ့သည် ပြီးခဲ့သည့် ၃ နှစ်နီးပါး ကာလအတွင်း လူမှုရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Facebook ၏ users privacy (သီးသန့်ဖြစ်မှု) ချိုးဖောက်မှုနှင့် ပတ်သက်၍ အဆိုပါ လူမှုရေး ဝက်ဘ်ဆိုက်ကို စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။  ယခုအခါတွင် အဆိုပါ ချိုးဖောက်မှုနှင့် ပတ်သက်၍  FTC  နှင့်  Facebook အကြား သဘောတူညီချက် ရရှိခဲ့ပြီး အဆိုပါ သဘောတူညီချက်အရ Facebook အနေဖြင့် users များထံမှ သဘောတူညီချက် ဖော်ပြမှုကို ရယူရမည် ဖြစ်သလို users များ၏ သီးသန့် သတင်း အချက်အလက်များကို  share လုပ်ချင်သည့် အခါတွင်လည်း users များထံသို့ ရှင်းလင်း ထင်ရှားမှုရှိသည့် notice သတိပေးမှု တစ်စုံတစ်ရာကိုလည်း ပေးပို့ရမည် ဖြစ်သည်။
 
ထို့အပြင် Facebook အနေဖြင့် သီးသန့် အချက်အလက်များကို share လုပ်ကိုင်နိုင်ခွင့် ရရှိမည် ဖြစ်သည့်အပြင် ပိုင်ရှင်ဖြစ်သူ  Mark Zuckerberg  ၏ ကုမ္ပဏီ အနေဖြင့်လည်း အဆိုပါ ချိုးဖောက်မှု တစ်ခုစီတိုင်းအတွက် ဒေါ်လာ ၁၆,၀၀၀ ကို ဒဏ်ကြေးအဖြစ် ပေးရန် သဘောတူညီမှု ပေးခဲ့ရသည်။ Facebook ၏ privacy ပြဿနာများနှင့် ပတ်သက်၍ ထဲထဲဝင့်ဝင့် လေ့လာမှုများကို ၂၀၀၉ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး  users များက share ပေးရန် ရွေးချယ်ထားခြင်း မရှိသည့် သီးသန့် အချက်အလက်များကို ၎င်းတို့ ကုမ္ပဏီက လျှို့ဝှက် ဖော်ထုတ်မှုများ ပြုလုပ်နေသည်ကို
စတင်ခြေရာခံ တွေ့ရှိခြင်းက စတင်ခဲ့ခြင်း ဖြစ်သည်။ သဘောတူညီချက်အရ Facebook မှာ လာမည့် နှစ် ၂၀ ကာလအတွင်း ၂ နှစ် တစ်ကြိမ် တတိယ အဖွဲ့အစည်းတစ်ရပ်၏ စစ်ဆေးမှုကို ခံယူသွားရမည်လည်း ဖြစ်ပြီး ဒဏ်ကြေး စုစုပေါင်းအဖြစ် ဒေါ်လာ ၂၂.၅ သန်းကို FTC အဖွဲ့အစည်းထံသို့ ပေးဆောင်သွားရမည် ဖြစ်သည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account