Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, August 20, 2012

ကျောင်းသားများအတွက် ပညာရေး ဘလော့ဂ်များ ပိုမိုလိုအပ်လျက်ရှိ

မြန်မာနိုင်ငံမှ ပညာသင်ယူနေကြသော ကျောင်းသားများအနေဖြင့် အွန်လိုင်းစနစ်ဖြင့် လေ့လာနိုင်သည့် ပညာရေး ဘလော့ဂ်များ ပိုမိုများပြားလာရန် မျှော်လင့်လျက်ရှိပြီး အကယ်၍ ပညာရေးဘလော့ဂ် လွှင့်တင်သည့် ဘလော့ဂ်အရေအတွက် တိုးပွားလာလျှင် ပညာရေးကို အလွန်ကောင်းမွန်သည့် အထောက်အပံ့တစ်ရပ် ဖြစ်စေမည်ဟု ပညာရေးနှင့် ပတ်သက်သည့် အသိုင်းအဝိုင်းများမှ သိရှိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ အွန်လိုင်းဘလော့ဂ်များ၏ ကဏ္ဍတွင် သတင်းအချက်အလက်မျှဝေမှုကို အဓိက အလေးထားပြုလုပ်နေကြပြီး နည်းပညာကဏ္ဍတွင်လည်း အသုံးချနည်းပညာနှင့် ဗဟုသုတမျှဝေရေး နည်းပညာပိုင်းဟူ၍ လေ့လာသူများအား ထောက်ပံ့လျက် ရှိသည်။
ဖျော်ဖြေရေး ကဏ္ဍများနှင့် အနုပညာဆိုင်ရာ သတင်းများကိုလည်း သီးသန့် ဖော်ပြပေးနေသည့် ဝက်ဘ်ဆိုက်များရှိရာ ပညာရေးနှင့် ပတ်သက်သည့် ဘလော့ဂ်များ များပြားလာစေရန် လူကြီးမိဘများက မျှော်လင့်နေကြသည်။ ကျောင်းသားများအနေဖြင့် အွန်လိုင်အသုံးပြုရာတွင် လူမှုကွန်ရက်များနှင့် ချက်တင်ဝန်ဆောင်မှုများကိုသာ အလေးထား အသုံးပြုတတ်ကြရာ ပညာရေးဘလော့ဂ်များကို ပိုမိုလေ့လာခွင့်ရှိလာလျှင် ၎င်းတို့၏ အွန်လိုင်းအသုံးချမှုမှာ ပိုမို တန်ဖိုးရှိလာနိုင်ကြောင်း သုံးသပ်ရသည်။
မြန်မာနက်ဝေါ့ခ် လူမှုကွန်ရက်မှ ပညာရေး အထောက်အပံ့ကဏ္ဍကို အွန်လိုင်းပေါ်၌ မျှဝေပေးလျက်ရှိပြီး အင်္ဂလိပ်စာ လေ့လာရေးကို ဦးစားပေးထားသည်။ သို့ရာတွင် ထိုကဲ့သို့သော ပညာရေး သီးသန့် ဦးစားပေးထားသည့် ဘလော့ဂ်အရေအတွက်မှာ နည်းပါးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ မဖြစ်မနေ လေ့လာရမည့် သိပ္ပံနှင့် ဝိဇ္ဇာဘာသာရပ်များ၊ အင်ဂျင်နီယာဘာသာရပ်များ၊ ဆေးပညာဘာသာရပ်များနှင့် ကွန်ပျူတာဘာသာရပ်များ စသည်တို့ကို စုစည်းပေးထားသည့် ဘလော့ဂ်များမှာ အလွန်နည်းပါးလျက်ရှိရာ အွန်လိုင်း အသုံးပြုသည့် ကျောင်းသားများအနေဖြင့် အွန်လိုင်းပေါ်မှ ရရှိနိုင်သည့် အကျိုးအမြတ်မှာ အားနည်းလျက်ရှိကြောင်း ပညာရေးအတိုင်ပင်ခံပုဂ္ဂိုလ် အချို့က ဆိုသည်။ ဒဂုံတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေသူ  ကျောင်းသားတစ်ဦးက “ကျွန်တော်တို့ဆီမှာ ပညာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတ ရှာဖွေရတာ ခက်ခဲလွန်းတယ်လို့ မပြောချင်ပါဘူး။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ ပိုမိုလေ့လာခွင့်ရရင် အဆင်ပြေမှာပါ။ ဖျော်ဖြေရေး ရုပ်သံလိုင်းတွေကို တင်ဆက်သူတွေက အပြိုင်အဆိုင် ပြုလုပ်နေကြပေမယ့် သူတို့လွှင့်တဲ့ အစီအစဉ်တွေထဲမှာ ပညာရေးအတွက် ဦးစားပေးပြီး ပြုလုပ်ပေးထားတာတွေ မတွေ့ရပါဘူး။ ဇာတ်ကားတွေကိုသာ တစ်လိုင်းပြီးတစ်လိုင်း ထုတ်လွှင့်နေကြတာပါ။ ပညာရေးကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားသူတွေအနေနဲ့ ရုပ်သံ ထုတ်လွှင့်မှုပိုင်းတွေနဲ့ အွန်လိုင်း ဝက်ဘ်ဆိုက်တွေမှာ ပညာရေး ဦးစားပေးတဲ့ကဏ္ဍတွေ အများကြီး ထည့်သွင်းပေးသင့်ပါတယ်။ ဒါက ကုသိုလ်လည်း အများကြီး ရမှာပါ” ဟု ပညာရေးနှင့် ပတ်သက်၍ အွန်လိုင်းဘလော့ဂ်များ လိုအပ်နေခြင်းကို ပြောကြားခဲ့သည်။

ဖိုးခွား

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account