Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, August 20, 2012

Acer Aspire S7 Ultrabook တွင် Windows 8 အသုံးပြုနိုင်



Photo
တရုတ် (တိုင်ပေ) အခြေစိုက် ကုမ္ပဏီဖြစ်သည့် Acer သည် ၎င်းတို့၏ ထုတ်ကုန်သစ်ဖြစ်သည့် Acer Aspire S7 ကို ၂၀၁၂ Computex ပြပွဲ၌ မိတ်ဆက် ပြသခဲ့ပြီးနောက်  အဆိုပါ ထုတ်ကုန်နှင့် ပတ်သက်သည့် ဈေးနှုန်းနှင့် မည်သည့်ရက်တွင် တရားဝင် ဖြန့်ချိမည် ဆိုသည့် အချက်များကို ထုတ်ဖော် ကြေညာခဲ့ပြီးဖြစ်သည်။
လက်ရှိ ဈေးနှုန်းအရ  ၁၄၆၅ ဒေါ်လာ ကျသင့်မည်ဖြစ်ပြီး လာမည့် စက်တင်ဘာလ အကုန်၌ ဈေးကွက် တင်ပို့မည် ဖြစ်သည်။ Acer  ၏ တရားဝင် ဖြန့်ချိမည့် အချိန်အရ ကနဦးဈေးကွက်သို့ ရောက်ရှိလာမည့်  Aspire S7 တွင် Windows 7  ကို တစ်ပါတည်း ထည့်သွင်းပေးထားပြီး  Windows 8  ကို အောက်တိုဘာလ ၂၆ ရက်တွင် တရားဝင် ဖြန့်ချိမည် ဖြစ်သည့်အတွက် အဆိုပါ Aspire S7 တွင် Windwos  8 တိုးမြှင့်သုံးစွဲရန် နောက်ထပ် တစ်လခန့်သာ စောင့်ဆိုင်းရမည် ဖြစ်သည်။ Aspire S7 Ultrabook  တွင် Core i5 Ivy Bridge processor၊ 128GB ပမာဏရှိ SSD၊ 4GB RAM၊ HDMI port တို့နှင့်အတူ USB နှင့် memory card readers ports  တို့လည်း ပါဝင်မည်ဖြစ်သည်။
 
battery သက်တမ်းမှာလည်း ၁၂ နာရီအထိ အသုံးပြုနိုင်သည့်အတွက် စိတ်ကျေနပ်စရာကောင်းသည့် အချက်တစ်ခု ဖြစ်သလို  backlit keyboard  စနစ်ကလည်း ညအချိန် မှောင်မည်းနေသည့် နေရာများတွင်လည်း လက်ကွက်ကို ထင်သာမြင်သာ ရှိစွာဖြင့် အသုံးပြုနိုင်ဦးမည် ဖြစ်သည်။ လက်ရှိတွင် Acer ကုမ္ပဏီသည် Aspire S7 ultra-book ကို အရွယ်အစားအားဖြင့် ရွေးချယ်နိုင်စေရန် 11.6 inch နှင့် 13.3 inch ဆိုပြီး နှစ်မျိုးနှစ်စား ထုတ်လုပ်ထားသည်ဟု သိရှိရသည်။ ထို့အပြင် လက်ရှိ အသုံးပြုထားသော  hardware ပိုင်း ဆိုင်ရာများကိုလည်း တိုးမြှင့် သုံးစွဲနိုင်သည်ဟုလည်း Acer က အာမခံထားသည်။ အဆိုပါ hardware တိုးမြှင့်မှုတွင် RAM၊ SDD space တို့နှင့်အတူ Core i7 chip ရွေးချယ်နိုင်မှုလည်း ပါဝင်မည်ဖြစ်သည်။ much-hyped touchs creen ဖြည့်စွက်နိုင်မှုကို ရရှိနိုင်ပြီး အဆိုပါ ဖြည့်စွက် တပ်ဆင်မှုအတွက် မည်မျှ ထပ်မံကုန်ကျမည်ကို ကြေညာခြင်း မရှိသေးပေ။  Acer  ၏  Aspire S7  မှာ Apple  ၏  MacBook Air  ၏ coating နှင့် မတူညီသည့် white glass coating ကို အသုံးပြုထားသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account