Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, August 20, 2012

GSM ဝန်ဆောင်မှု စနစ်များအား အဆင့်မြှင့်တင် ပေးသွားရန် စီစဉ်လျက်ရှိ



Photo
ပြည်တွင်း GSM ဝန်ဆောင်မှုများတွင် အဆင့်မြင့်တင် ပံ့ပိုးပေးသည့်အနေဖြင့် ဖုန်းနံပါတစ်ခုကို ခေါ်ဆိုရာတွင် မအားသည့်အချိန်၌ အခြားဖုန်းတစ်လုံးကို Forward ပြုလုပ်ပေးသည့် ဝန်ဆောင်မှုမျိုးကဲ့သို့ အသုံးပြုသူများနှင့် ပိုမိုအံဝင်မှုရှိမည့် စနစ်သစ်များကို ဖြည့်ဆည်းပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အရည်အသွေးမြင့် မိုဘိုင်း စက်လည်ပတ်မှုစနစ် အသုံးပြုထားသည့် စမတ်ဖုန်းများတွင် Default အနေဖြင့် ထည့်သွင်းထားသည့် အဆိုပါ ဝန်ဆောင်မှုများကို လတ်တလောအခြေအနေတွင် မြန်မာနိုင်ငံ၏ GSM ကွန်ရက်၌ အသုံးပြု၍ မရသေးသော်လည်း မကြာမီ ပြုလုပ်ပေးနိုင်တော့မည် ဖြစ်သည်။ ယခင် GSM ဖုန်းများတွင် မိမိထံ ခေါ်ယူသည့်အခါ၌ ဖုန်းမအားလျှင် မအားသည့် အကြောင်းရင်းကို တုန့်ပြန်စေနိုင်သကဲ့သို့ ပြန်လည်ခေါ်ဆိုရမည့် အချိန်ကို သတ်မှတ်နိုင်သည့်စနစ်နှင့် ဖုန်းတစ်လုံး မအားလျှင် တစ်လုံးသို့ လွှဲပြောင်းပေးနိုင်မည့် စနစ်တို့ကို အသုံးပြုခွင့်ပေးခဲ့သော်လည်း လက်ရှိ အသုံးပြုမှု အတွင်ကျယ်ဆုံး ဖြစ်နေသည့် ကျပ် ၅ သိန်းတန် GSM ဖုန်းများနှင့် ကျပ် ၂ သိန်းခွဲတန်၊ ကျပ် ၂ သိန်းတန် စသည့် Prepaid စနစ်ဖုန်းများတွင် ယင်းဝန်ဆောင်မှုအား အသုံးပြုနိုင်ခွင့် မရှိသေးပေ။ ထိုစနစ်ကို အသုံးပြုခြင်းကြောင့် ဝန်ဆောင်ခငွေကြေး ကောက်ခံရာတွင် Prepaid ဖုန်းများမှာ အဆင်ပြေမှု နည်းပါးသေးကြောင်း သိရသည်။ သို့သော်လည်း မကြာခင်အချိန်အတွင်း၌ ဝန်ဆောင်မှုပေးသွားရန် စီစဉ်လျက်ရှိပြီး မိုဘိုင်းဖုန်း ကိုင်ဆောင်လာနိုင်သူဦးရေ မြင့်မားလာလျှင် ပိုမိုအဆင်ပြေလာမည် ဟုဆိုသည်။ လက်ရှိအခြေအနေတွင် GSM ကွန်ရက်အား အဆင့်မြင့်တင် ထောက်ပံ့ခြင်းထက် တန်ဖိုးနည်း ဖုန်းများ လက်တွေ့ချထားပေးနိုင်ရန် စီစဉ်မှုများ ပြုလုပ်နေရကြောင်းလည်း သိရသည်။ ထို့ပြင် အာဆီယံဒေသတွင်းသို့ သယ်ယူသွားနိုင်သည့် မိုဘိုင်းကွန်ရက်စနစ်ကိုလည်း အကောင်အထည်ဖော်နေကြောင်း သိရသည်။

ဖိုးခွား

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account