Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, August 20, 2012

Metro အသုံးနေရာတွင် Windows 8 ဟု Microsoft အမည်ပြောင်းလဲ သတ်မှတ်


Microsoft  ကုမ္ပဏီသည် ၎င်းတို့ ယခင် အသုံးပြုနေသည့်  Metro ဆိုသည့် အသုံးနေရာတွင် Windows 8  (သို့မဟုတ်)  Modern ဆိုသည့် အမည်ဖြင့် အစားထိုး ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့သည်။  ထိုအသုံးအနှုန်းသစ်ကို ၎င်းတို့၏ apps  များနှင့် လာမည့် operating system ၏ လှုပ်ရှား လုပ်ဆောင်မှု အားလုံးတွင်ပါ ပြောင်းလဲ သုံးစွဲသွားမည်ဟုလည်း ဖြည့်စွက် ကြေညာသွားခဲ့သည်။ Microsoft  ကို လေ့လာ စောင့်ကြည့်သူ တစ်ဦးဖြစ်သူ Mary Jo Foley ပုဂ္ဂိုလ်က အမည် မဖော်ပြထားသော ရင်းမြစ်တစ်ခုကို ကိုးကား ဖော်ပြချက်အရ  Metro style application အသုံးအနှုန်း နေရာတွင် Windows 8 application ဖြင့် အစားထိုး အသုံးပြုသွားမည် ဖြစ်သည့်အပြင် အခြား ရည်ညွှန်း အသုံးအနှုန်းများ ဖြစ်သည့် Metro user interface  အစား Windows 8 user interface  အဖြစ် လည်းကောင်း၊
Metro design အစား Windows  8  design  အဖြစ် လည်းကောင်း အသီးသီး ပြောင်းလဲ သုံးစွဲသွားမည် ဖြစ်သည်။ Microsoft သည် Windows 8 နှင့် Windows  RT  နှစ်မျိုးလုံးနှင့် ပတ်သက်သည့် apps များနှင့် tile-based လှုပ်ဆောင်မှု အသစ်များတွင်ပါ အဆိုပါ Metro အသုံးအနှုန်းကို တစ်နှစ်ကျော်ကြာ အသုံးပြုခဲ့ရာမှ ယခုကဲ့သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် Metro နေရာတွင် အစားသုံးမည့် Windows 8 အသုံးအနှုန်း အပြင် Microsoft က ကြာရှည်စွာ အသုံးပြုလာခဲ့သည့်  Modern အသုံးအနှုန်းကိုလည်း အစားထိုးလာနိုင်သည့်ဟု ဖော်ပြမှုနှင့် ပတ်သက်၍ Microsoft ဘက်က တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုခဲခြင်း မရှိပေ။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account