Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, August 20, 2012

Windows သုံး Chrome ၌ Flash Crash ဖြစ်မှုကို ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်မည်

Flash  အသုံးပြုမှုမှာ ယနေ့ခေတ်တွင် နည်းပါးလာသော်လည်း web  များတွင်မှု မရှိမဖြစ် အနေအထားအဖြစ် အသုံးပြုနေဆဲပင် ဖြစ်သည်။  အသုံးပြုသူများအတွက် Flash content  ပြသပေးမှုကို ပိုမိုစိတ်ချ လုံခြုံမှုရှိစေရန်  Google  က Windows အတွက် အသုံးပြုသည့် Chrome browser တွင် Flash Player plugin  ကို ထည့်သွင်းပေးထားပြီ ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။ အဆင့်မြှင့်တင်ကာ အသစ်ဖန်တီးထားသော ၎င်းတို့၏  sandbox တွင် အဆိုပါ Flash Player ကို ထည့်သွင်းထားခြင်း ဖြစ်ပြီး ယခင် အသုံးပြုခဲ့သည့် Windows XP version တွင်လည်း အဆိုပါစနစ်ကို ထည့်သွင်း အသုံးပြုနိုင်သည်ကိုလည်း ဆက်လက် ဖော်ပြချက်အရ သိရှိရသည်။ Google  က ထုတ်ဖော် ပြောကြားရာတွင် ထိုကဲ့သို့ ပြောင်းလဲလိုက်သော စနစ်အရ လုံခြုံရေးဆိုင်ရာများကို ပိုမို အားကောင်းလာစေမည့် အပြင် Flash crash ဖြစ်မှုကိုလည်း ၂၀ ရာခိုင်နှုန်းခန့် အထိ လျှော့ချပေးနိုင်မည် ဖြစ်သည်။
လက်ရှိအချိန်ထိ Windows အတွက် အသုံးပြုသော  Chrome  ရှိ Flash plugin စနစ်မှာ ယခင် old version ဖြစ်သည့်  NPAPI (Netscape Plugin Application Programming Interface) ကို အသုံးပြုနေခြင်း ဖြစ်သည်။  ယခုအခါတွင် Google က ၎င်းတို့၏ ကိုယ်ပိုင် Pepper Plugin API ကို အသုံးပြုနေပြီး အဆိုပါလုပ်ငန်းအတွက် Google နှင့် Adobe ကုမ္ပဏီတို့သည် ၂ နှစ်တာမျှ အချိန်ပေး လုပ်ကိုင်ခဲ့ကြရသည်။ လက်ရှိ၌ PPAPI Flash port မှာ Chrome OS၊ Windows နှင့် Linux တို့တွင်သာ အသုံးပြုနိုင်သေးသော်လည်း Mac အတွက်  အသုံးပြုနိုင်မည့် Chrome ကိုလည်း မကြာမီ ထုတ်လုပ်သွားမည်ဟု  Google က အာမခံ ပြောဆိုခဲ့သည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account