Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, August 20, 2012

မိုးလေဝသနှင့် မုန်တိုင်း အန္တရာယ် ကြိုတင်သိရှိနိုင်သော ရေဒါစက်ကို ကျောက်ဖြူမြို့တွင် ပထမဦးဆုံး တပ်ဆင်မည်

မြန်မာနိုင်ငံအတွင်း မိုးလေဝသနှင့် မုန်တိုင်း အန္တရာယ် ကြိုတင် သိရှိနိုင်သော ရေဒါစက်ကို ကျောက်ဖြူမြို့တွင် ပထမဦးဆုံး စတင် တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။  “ရေဒါစက် တပ်မှာတော့ ရန်ကုန်၊ မန္တလေးနဲ့ ကျောက်ဖြူမြို့ပါ။ ဒါပေမဲ့ ကျောက်ဖြူမြို့က တခြားနေရာတွေထက် သဘာဝဘေးကို ပိုမို စောင့်ကြည့်ရမှာကြောင့် အဲ့ဒီမှာ ပထမဦးဆုံး တပ်ဆင်ဖို့ စီစဉ်ရတာပါ” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။
ထိုသို့ တပ်ဆင်မည့် ရေဒါစက်များမှာ ဂျပန်နိုင်ငံမှ အခမဲ့ လှူဒါန်းကူညီပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လိုအပ်ချက်ပေါ် မူတည်၍ အခြားနေရာများ၌ ထပ်မံ တပ်ဆင်ပေးမည်ဟု သိရသည်။ “လက်ရှိ အခြေအနေက ရေဒါစက်တွေ တပ်ဆင်ဖို့ ဂျပန်နိုင်ငံက လေ့လာမှုတွေ ပြုလုပ်နေတယ်။ ဒါတွေ တပ်ဆင်ပြီးသွားရင်တော့ အရင်ကထက် သတိပေးချက် ပိုကောင်းလာမယ်။ ပြည်သူတွေကိုလည်း အထောက်အထား ခိုင်လုံစွာနဲ့ ပြောပြလို့ရတယ်” ဟု ၎င်းက ဆိုသည်။ ရေဒါစက်များကို ဂျပန်နိုင်ငံမှ အခမဲ့ လှူဒါန်းပေးသော်လည်း စက်များ ထားရှိမည့် အဆောက်အအုံများကိုမူ မိုးလေဝသနှင့် ဇလဗေဒမှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ မိုးလေဝသနှင့် မုန်တိုင်းအန္တရာယ် ကြိုတင်သိရှိနိုင်သော ရေဒါစက်များ တပ်ဆင်ပြီးပါကလည်း ယင်းခေတ် မီးစက်များကို ကိုင်တွယ် အသုံးပြုနိုင်ရန် အတွက် မြန်မာနှင့် ဂျပန်နိုင်ငံမှ ပညာရှင်အချို့က သင်တန်းပို့ချ ပေးသွားမည် ဖြစ်သည်ဟု သိရသည်။ ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူမြို့တွင် တပ်ဆင်မည့် ရေဒါစက် သုံးလုံးမှာ ကမ်းရိုးတန်း တစ်လျှောက်မှနေ၍ မိုင် ၂၅၀ အတွင်းရှိ သဘာဝဘေး အန္တရာယ်များကို ကြိုတင်သိရှိနိုင်မည် ဖြစ်သည်။ ဂျပန်နိုင်ငံမှ လှူဒါန်းသော ရေဒါစက်တစ်လုံး၏ တန်ဖိုးမှာလည်း ဒေါ်လာ ခုနစ်သန်း ဝန်းကျင်ရှိကြောင်း သိရသည်။

ရှိန်းဝင်းထိုက်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account