Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, August 20, 2012

iPhone 5 ဘက်ထရီ လျှို့ဝှက်ချက်အချို့ အွန်လိုင်းပေါ်တွင် ပေါက်ကြား

လာမည့် စက်တင်ဘာ ၁၂ ရက်တွင် ဆန်ဖရန်စစ္စကိုမြို့၌ စတင်မိတ်ဆက်မည့် အိုင်ဖုန်းမျိုးဆက်သစ် iPhone 5 တွင် အသုံးပြုမည့် ဘက်ထရီစနစ်နှင့် ပတ်သက်၍ လျှို့ဝှက်ချက်တချို့ အွန်လိုင်းပေါ်တွင် ပေါက်ကြားသွားခဲ့ကြောင်း  Daily Mail အွန်လိုင်းသတင်းစာက ဖော်ပြခဲ့သည်။
ဈေးကွက်တင်ရန် အချိန်တစ်လဝန်းကျင်သာ လိုတော့သည့် iPhone 5 အား နိုင်ငံတကာမှ မိုဘိုင်းဖုန်း စိတ်ဝင်စားသူများ အနေဖြင့် မျက်နှာပြင် အရွယ်အစား ၄ လက်မရှိသည့် အချက်ကလွဲ၍ မည်သည့် အချက်အလက်ကိုမှ မသိရှိရသည့် အခြေအနေတွင် ရှိနေခဲ့ရာမှ ယခုကဲ့သို့ ဘက်ထရီနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များ ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။ နည်းပညာ ဘလော့ဂ်တစ်ခုဖြစ်သည့် 9 to 5 Mac က ဘက်ထရီပုံစံကို ထုတ်ဖော်ပြသခဲ့ပြီး ယခင် အိုင်ဖုန်းမျိုးဆက်များ၌ အသုံးပြုခဲ့သည့် ဘက်ထရီစနစ်ထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များကို ပေးစွမ်းနိုင်မည့်အပြင် သက်တမ်းကြာချိန် ပိုမိုမြင့်မားမည်ဟုလည်း သိရသည်။ iPhone 4 တွင် 1420 mAh အမျိုးအစား၊ iPhone 4S တွင် 1430 mAh အမျိုးအစားတို့ကို အသုံးပြုခဲ့ပြီး ယခု iPhone 5 တွင် 1440 mAh ဘက်ထရီကို အသုံးပြုသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

KZZ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account