အပြင်မှာမြူတွေဆိုင်း လမင်းကြီးလည်း ဝိုင်းလို့
အရှေ့ရှမ်းတောင်တန်းဆီက တောမီးအလှတွေ ရင်ထဲကို မသိမသာတိုးဝင်လာ ငါ့ရင်ထဲနွေးထွေးသွား...
မီးရောင်စုံနဲ့လှနေတဲ့ မန်းရွှေကျုံးကြီးကတော့ အိပ်နေပြီ...
ရေဇလာနဒီ ဧရာဝတီကမ်းနဘေးက ရွှေမင်ဝံ စစ်ကိုင်း စေတီဘုရား စုကာဆိုင်းလို့ အတွေးကပန်းချီ အရေးလှသည်...
ဦးပိန်...ဦးပိန်...ဖျော့တော့တော့လရောင်အောက်မှာ အိပ်စက်နေရောပေါ့...
တောင်တမန်အရှေ့ကမ်းဆီက ကျောက်တော်ကြီးဘုရားက ဆည်းလည်းလေးတွေ မြောက်ပြန်လေညင်းနဲ့အတူတူ...
ချွင်...ချွင်...ချွင်...
အဝေးကတမ်းမဝ မှန်းမရတဲ့ အဆောင်သူလေး
မန်းလေးဆောင်းမှာ နေနိုင်ပါစေကွယ်...
လင်းယံခ (မြန်မာစာ)
၂၄.၁၂.၁၂ ၀၁း၁၈မိနစ်