Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Sunday, February 17, 2013

ကမ္ဘာလှည့် ခရီးသွားများ အများဆုံး လာရောက်လိုသည့် နိုင်ငံ အဖြစ် မြန်မာနိုင်ငံ ရွေးချယ်ခံရ

Photo: ကမ္ဘာလှည့် ခရီးသွားများ အများဆုံး လာရောက်လိုသည့် နိုင်ငံ အဖြစ် မြန်မာနိုင်ငံ ရွေးချယ်ခံရ

မြန်မာနိုင်ငံ အစိုးရက နိုင်ငံ အတွင်း နိုင်ငံရေး၊ စီးပွားရေး အရ ပြုပြင် ပြောင်းလဲမှု များကို စတင် လုပ်ဆောင်ပြီးနောက် ယခုအခါ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသည် ၂ဝ၁၃ ခုနှစ်၏ နိုင်ငံခြားသား အများဆုံး လာရောက် လည်ပတ် လိုသည့် နိုင်ငံများ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသည်။

မြန်မာ နိုင်ငံအား ကမ္ဘာ့လှည့် ခရီးသည်များ အများဆုံး လည်ပတ်လိုသည့် နိုင်ငံ အဖြစ် ဗြိတိသျှ ခရီးသွား လာရေး မဂ္ဂဇင်းကြီး တစ်စောင်ဖြစ်သည့် Wand-erlust မဂ္ဂဇင်း၏ စာဖတ် ပရိသတ်များက ထောက်ခံမဲ ၉၆ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် တညီ တညွတ်တည်း ရွေးချယ် ခဲ့ကြခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ လထုတ် မဂ္ဂဇင်းတွင် ဖော်ပြ ထားသည်။

ကမ္ဘာ့လှည့် ခရီးသည်များ အများဆုံး လည်ပတ်လိုသည့် နိုင်ငံများ အဖြစ် မြန်မာ နိုင်ငံ၏ နောက်တွင် ပီရူး၊ နယူးဇီလန်၊ ဘူတန်၊ နမီးဘီးယား၊ ချီလီ၊ အိုက်စလန်၊ ဗီယက် နမ်နှင့် ဘော့စဝါနာ နိုင်ငံတို့က ရပ်တည်လျက် ရှိသည်။

ခရီးသည်များ အများဆုံး သွားရောက် လည်ပတ်ရန် ဆန္ဒရှိသည့် မြို့များ၏ စာရင်းတွင် ဗီယက်နမ် နိုင်ငံရှိ ရှေးဟောင်း မြို့တစ်မြို့ ဖြစ်သည့် ဟွိုင်အန်း မြို့သည် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိပြီး မြန်မာတို့၏ ဇာတိဂုဏ်ကို ဖော်ကျူးလျက် ရှိသည့် ပုဂံသည် စတုတ္ထ နေရာတွင် ရပ်တည်လျက် ရှိနေသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတွင် အရပ်သား အစိုးရက နိုင်ငံ၏ တာဝန်ကို လွှဲပြောင်း ယူပြီးချိန်မှ စ၍ ပြုပြင်ပြောင်းလဲ မှုများကို အစဉ်တစိုက် လုပ်ဆောင်ပြီး နောက် ပိုင်းတွင် နိုင်ငံ အတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသား ဦးရေသည် တိုးတက် လာခဲ့သည်။ မြန်မာ့ ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ချက် အရ ၂ဝ၁၂ ခုနှစ် အတွင်း မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ဦးရေ သည် ၁ ဒသမ ၆ သန်းကျော် ရှိသည်ဟု သိရသည်။

သို့ရာတွင် နိုင်ငံ အတွင်းသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ဦးရေသည် မြင့်တက်လာခဲ့ သော်လည်း မြန်မာ နိုင်ငံတွင် နိုင်ငံခြားသား ဧည့်သည်များအား အပြည့်အဝ ဝန်ဆောင်မှု ပေးနိုင်သည့် အခြေခံ အဆောက် အအုံများ လိုအပ်နေဆဲ ဖြစ်ကြောင်း ကျွမ်းကျင်သူ များက ပြောကြားထား သည်။ ။

Ref: Myawady News
မြန်မာနိုင်ငံ အစိုးရက နိုင်ငံ အတွင်း နိုင်ငံရေး၊ စီးပွားရေး အရ ပြုပြင် ပြောင်းလဲမှု များကို စတင် လုပ်ဆောင်ပြီးနောက် ယခုအခါ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသည် ၂ဝ၁၃ ခုနှစ်၏ နိုင်ငံခြားသား အများဆုံး လာရောက် လည်ပတ် လိုသည့် နိုင်ငံများ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသည်။

မည့်သည့်ဘွဲ့ရမဆို တက်ရောက်သင်ကြားနိုင်မည့် အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရ

Photo: မည့်သည့်ဘွဲ့ရမဆို တက်ရောက်သင်ကြားနိုင်မည့် အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရ
Sunday, February 17, 2013

ရန်ကုန် အဝေးသင်တက္ကသိုလ်မှ အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်းကို www.yudeonline.com.mm တွင် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး၊ တက္ကသိုလ်တစ်ခုခုမှ မည့်သည့်
ဘွဲ့ရမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို Semester နှစ်ခုခွဲ၍ သင်ကြားပေးမည် ဖြစ်သည်။၊ Semester တစ်ခုလျှင် ၅ လကြာ သင်ကြားပေးမည်ဖြစ်ပြီး၊ Semester နှစ်ခုအတွက် ၁ဝ လကြာမည်ဖြစ်ကြောင်း သိရသည်။ Semester တစ်ခုစီကို အောက်တိုဘာလနှင့် ဧပြီလတို့တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး၊ နှစ်စဉ် မတ်လနှင့် သြဂုတ်လမှာ စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲကာလများကို အွန်လိုင်းမှ
ကြေငြာပေးသွားမည်ဖြစ်ပြီး၊ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ၅ ရက်တိုင် ဖြေဆိုရမည်ဖြစ်သည်။ သုံးနာရီမေးခွန်း ဖြစ်ကြောင်းလည်း သိရသည်။

၎င်းအွန်လိုင်း အဝေးသင် ဥပဒေ ဒီပလိုမာသင်တန်းကို အလုပ်မပျက် ICT နည်းပညာဖြင့် သင်ကြားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ၄င်းသင်တန်း တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှ
တဆင့် လျှောက်ထားနိုင်မည်ဖြစ်ပြီး၊ သင်တန်းစာမေးပွဲကိုလည်း အွန်လိုင်းမှပင် ဖြေဆိုရမည် ဖြစ်သည်။ Assignment များကိုလည်း အွန်လိုင်းမှပင် ဖြေဆိုရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ဆရာများက အွန်လိုင်းမှပင် စစ်ဆေးပေးသွားမည်ဟု သိရသည်။

၎င်းအွန်လိုင်းဥပဒေ ဒီပလိုမာသင်တန်းကို ၂ဝဝ၂ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ထားခဲ့သော်လည်း လူသိနည်းနေပြီး၊ ၄င်းသင်တန်း
ပြီးဆုံးပါက Diploma in Law (online) ဘွဲ့ရရှိမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group
Sunday, February 17, 2013

ရန်ကုန် အဝေးသင်တက္ကသိုလ်မှ အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်းကို www.yudeonline.com.mm တွင် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး၊ တက္ကသိုလ်တစ်ခုခုမှ မည့်သည့်
ဘွဲ့ရမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။

Thursday, February 16, 2012

မန္တလေး အာဇာနည် ၁၇ ဦး ဗိမာန် ပြန်လည် ရှင်းလင်းခွင့်ရ


Photo

မန္တလေးမြို့ အာဇာနည် ၁၇ ဦး ဗိမာန်ပေါ်သို့ ဖေဖော်ဝါရီ ၁၀ ရက်တွင်  မြို့ခံလူထု ၂၀၀ ခန့်က ဓား၊ ပေါက်ပြား စသည်တို့ ကိုင်ဆောင်ကာ ချီတက်လာကြသည်။  အရွယ်စုံပါဝင်သော ထိုလူထုသည် ဗိမာန်ဝင်းအတွင်း ချုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်သရိုက်၊ အညစ်အကြေးများအား ရှင်းလင်းကြသည်။

တောထ အုပ်ဆိုင်းနေခဲ့သည့် ထိုဗိမာန်သည် ၁၃၀၀ ပြည့် အရေးတော်ပုံတွင်  အသက် ၁၂ နှစ်အရွယ် ခုနစ်တန်း ကျောင်းသားလေး တစ်ဦး အပါအဝင် အာဇာနည် ၁၇ ဦး ဂူသွင်းမြှုပ်နှံထားရာ မန္တလေးမြို့၊ စစ်ကိုင်း-မန္တလေး ကားလမ်းဘေး၊ ကန်တော်ကြီး အနီး တမ္ပဝတီ သူကြွယ်ကုန်းရပ်ရှိ သမိုင်းဝင် အာဇာနည်ဗိမာန် ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်။ ဤနေ့သည်  အာဇာနည်များ ကျဆုံးခဲ့သည့် ၇၃ နှစ်မြောက်နေ့လည်း ဖြစ်သည်။ ထိုနေ့တွင်  မန္တလေးမြို့ရှိ အဖွဲ့အစည်းပေါင်း ၂၀ ကျော် ပါဝင်ဖွဲ့စည်းထားသည့် “မန္တလေး အာဇာနည် ၁၇ ဦး ဗိမာန်သန့်ရှင်းရေး ကော်မတီ” ကို ဖွဲ့စည်းကာ စုပေါင်းသန့်ရှင်းရေး လုပ်ခြင်းဖြင့် အာဇာနည်များ၏ ဂုဏ်ကျေးဇူးကို ပြန်လည် ဖော်ဆောင်ပေးခဲ့သည်။

ထိုကော်မတီအပြင် နိုင်ငံရေးပါတီများ၊ စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများလည်း  အားဖြည့်၍ သန့်ရှင်းရေးအတွက် စွမ်းဆောင်ပါဝင်ခဲ့ကြသည်။ သန့်ရှင်းရေး  လုပ်ကိုင်ရာတွင် လူမှု အဖွဲ့အစည်းများထက် ကျွမ်းကျင်သည့် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေး ဝန်ထမ်းများ ပါဝင်ခဲ့၍ လုပ်ငန်းပို၍ တွင်ကျယ်ခဲ့သည်။  ထို့ကြောင့် အစိုးရ အဖွဲ့အစည်းများနှင့် လူမှု အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုလည်း ဖြစ်သည်။ လာမည့် ဇူလိုင်လ အာဇာနည်နေ့တွင်လည်း ဂုဏ်ပြုနိုင်ခွင့်ရရန် မျှော်လင့်ချက် ပိုအားကောင်းလာသည်။

သန့်ရှင်းရေး ကော်မတီတွင် ဘုံဆွမ်းလောင်း အသင်းလည်း ပါဝင်ခဲ့ရာ သန့်ရှင်းရေး လုပ်ကိုင်မှုနှင့်အတူ သံဃာအပါး ၃၀၀ အား  ဆွမ်းလောင်းလှူပွဲပါ  ပြုလုပ်ခဲ့သည်။ မန္တလေးမြို့ ဘုံဆွမ်းလောင်း အသင်းပေါင်း ရာဂဏန်းကျော်သည် မီးဘေး၊ ရေဘေးများတွင်လည်း လူပေါင်းများစွာ၏ စားသောက်ရေး ဒုက္ခများအား ပါဝင်ကူညီသောအသင်း ဖြစ်သည်။

မင်းဒင်

Thursday, January 5, 2012

သွားလာလည်ပတ်ရန် အကောင်းဆုံး ကမ္ဘာ့နံပါတ် (၃) နေရာအဖြစ် မြန်မာနိုင်ငံကို CNN ဖော်ပြ

Photo

By The Voice Weekly

အမေရိကန် ပြည်ထောင်စု အတ္တလန်တာမြို့ အခြေစိုက် ကမ္ဘာကျော် ရုပ်/သံ သတင်းဌာန CNN က မြန်မာနိုင်ငံကို လာမည့် ၂၀၁၂ ခုနှစ်တွင် ခရီးသွားများ သွားလာလည်ပတ်ရန် အကောင်းဆုံး နေရာ ကိုးခုအနက် နံပါတ် (၃) အဆင့်အဖြစ်  ဒီဇင်ဘာလ ၂၈ ရက်နေ့က ထည့်သွင်း ဖော်ပြလိုက်သည်။ CNN က မြန်မာနိုင်ငံကို ယင်းကဲ့သို့ ထည့်သွင်း ဆုံးဖြတ်ရာတွင် Lonely Planet အပါအဝင် ကမ္ဘာကျော် ခရီးသွား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ လေးဦးထံမှ ကိုယ်တွေ့ သွားလာမှု ထောက်ခံချက်များမှ ရယူ ဖော်ပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ယင်းသတင်းတွင် ဖော်ပြပါရှိသည်။

Monday, January 2, 2012

၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမိန်ကြေငြာစာအမှတ် ၂/၂၀၁၂

လွတ်ငြိမ်းချမ်းသာခွင့်အရ
- သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသက်မရှိ)၊
- နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ် ၃၀၊
- နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊
- နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုသည်။

ပုံ
သိန်းစိန်
နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

Thursday, December 29, 2011

ရန်ကုန်ပေါက်ကွဲမှုမှာ အက်ဆစ်ကန်နှင့် ယမ်းစိမ်းများ မီးလောင် ပေါက်ကွဲခြင်းကြောင့်ဖြစ်


Photo
ရန်ကုန် တစ်မြို့လုံးနီးပါး ကြားသိခဲ့ရသည့် ခြောက်ခြားဖွယ် မြည်ဟည်းပေါက်ကွဲမှု၏ အဓိက အကြောင်းအရင်းမှာ ဂိုထောင်အတွင်း သိုလှောင်ထားသည့် ဆာလ်လဖြူရစ် အက်ဆစ်ကန်နှင့် ယမ်းစိမ်းများ ပေါက်ကွဲခြင်းကြောင့် ဖြစ်ကြောင်း  အခင်းဖြစ်ပွားရာ နေရာတွင် ရောက်ရှိနေသည့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

Wednesday, December 28, 2011

၃ ရက်အတွင်း အပျက်အစီးများလာနိုင်တဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီး နှင့် ဆူနာမီ ဖြစ်လာနိုင်တဲ့ အနေအထားများ အတွက် အထူး သတိပေးချက်..

Written by : ဇော်ဇော် 2011-12-27 08:04:29




ဒီနေ့ (27.12.2011 နေ့ မြန်မာစံတော်ချိန် နံနက် ၈ နာရီအချိန်) မြင်တွေ့ရတဲ့ မိုးလေ၀သ ကောင်းကင်ဓါတ်ပုံ (Google Earth)


မတ်ဖန် အနေနဲ့ ဘောလုံးသတင်းတွေ သီးသန့် တင်ဆက်တဲ့ အင်တာနက် ၀ဘ်ဆိုဒ် တစ်ခုဖြစ်ပေမယ့် ဘေးအန္တရာယ်နဲ့ ပတ်သက်လာရင် သတိပေးချက်တွေ ထုတ်ပြန်ပေးလေ့ရှိတာ နာဂစ်မုန်တိုင်းကြီး စတင် တိုက်ခတ်တော့မယ်လို့ သတိပေးချက်က စတင်ခဲ့တဲ့ အစဉ်အလာကောင်းပဲ ဖြစ်ပါတယ်။

အခုလဲ မိုးလေ၀သ သတင်းတွေကို အဆက်မပြတ် စောင့်ကြည့်နေခဲ့ရာမှာ ၂၀၁၂ နှစ်ကုန်ပိုင်းမှာ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးတစ်ခု ဘင်္ဂလားပင်လယ်အော် အတွင်း ရှိနေတာကို မြင်တွေ့ရပါတယ်။ ဒီမုန်တိုင်းကြီးဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း အရှေ့ဖက်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ မြန်မာနိုင်ငံ မိုးဇလ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။ ဆရာ့ဝဘ်ဆိုဒ်မှာ ဖေါ်ပြထားတာကို အောက်ပါအတိုင်း ဖေါ်ပြအပ်ပါတယ်...

---------
ဘင်္ဂလား ပင်လယ်အော် အနောက်တောင် ပိုင်းမှာ ဖြစ်ပေါ် နေတဲ့ 03B မုန်တိုင်းဟာ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီး ဖြစ်လာပြီး (၃၀-၁၂-၂၀၁၁) ရက် ညနေပိုင်းမှာ အိန္ဒိယ နိုင်ငံ တောင်ပိုင်း အရှေ့ဖက် ကမ်းခြေကို Chennai မြို့အနီးမှ ဖြတ်ကျော်ကာ ကုန်းတွင်းကို ၀င်ရောက် လိမ့်မယ်လို့ခန့်မှန်းရ ပါတယ်။ (၂၇-၁၂-၂၀၁၁ ရန်ကုန်၊ နံနက် ၀၆း၂၈ နာရီ)

ကြိုတင်ကာကွယ်မှုသာ အားနည်းခဲ့ရင် အိန္ဒိယနိုင်ငံအတွက် အသေအပျောက်အပျက်အစီး ကြီးမားနိုင်တဲ့ မုန်တိုင်းကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။




03B မုန်တိုင်းကို တဖြည်းဖြည်း ပိုမိုအားကောင်းလာကာ အားကောင်းတဲ့ဆိုင်ကလုန်းမုန
်တိုင်းကြီး တစ်ခုဖြစ်လာပြီးတဲ့နောက် (၃၀-၁၂-၂၀၁၁) နေ့ညနေပိုင်းအချိန်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း အရှေ့ဖက်ကမ်းခြေကို Chennai မြို့အနီးက ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။



အနေအထားကတော့ အန္တရာယ်အလွန်ကြီးမားတဲ့ အခြေအနေပါပဲ။ ဒီလိုအင်အားနဲ့သာဖြတ်ခဲ့ရင်သေချာပေါက် မုန်တိုင်းဒီရေက တက်တော့မှာပဲ။ အသေအပျောက်တွေကိုလည်း စိတ်မချမ်းမြေ့စရာ ကြားရတော့မှာပါပဲ။



ဒီနေရာမှာ တကယ်ဆိုရင် ကြိုတင်ကာကွယ်မှုပဲလိုပါတယ်.။ အချိန်(၃)ရက်အနည်းဆုံးရပါတယ်။ အိန္ဒိယပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ကြပါစေ။ ကျွန်တော်တို့အတွက်ကတော့ ဒီမုန်တိုင်းနောက်(၃)ရက်အတွင်း လမ်းကြောင်းပြောင်းကာ အရှေ့မြောက်ဖက်ကိုပြန်ကွေ့မလာပါစေနဲ့။




ဒါကိုတော့ သတိထားပြီးစောင့်ကြည့်နေဖို့လိုပါတယ်။ လို့ ဒေါက်တာ ဦးထွန်းလွင် က TunLwin.com မှာ ဖေါ်ပြထားပါတယ်။..

မြန်မာပြည်အတွက်တော့ မုန်တိုင်း ကွေ့မလာစေဖို့ ဆုတောင်းနေရသလို မုန်တိုင်းသင့်လာနိုင်မယ့် ဒေသက လူတွေ အသေအပျောက်နည်းစေဖို့ (လုံးဝမရှိစေဖို့) ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဒီသတင်းကို များများလေး Share လုပ်ပေးကြပါလို့ ကျွန်တော့် အနေနဲ့ အထူး မေတ္တာရပ်ခံ ချင်ပါတယ်...

လူသားအားလုံး ဘေးအန္တရာယ်များမှ ကွင်းကွာနိုင်ပါစေ...
ဇော်ဇော်
Mutdfan.com

Related Posts Plugin for WordPress, Blogger...

My Account