Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, January 6, 2012

Advanced Uninstaller PRO 10.5.6


ကျွန်တော်အခု ဒီတစ်ခါ Advanced Uninstaller PRO Version လေးတင်ပေးလိုက်ပါတယ်။ PRO ဆိုမှတော့ တော်ရုံတန်ရုံမဟုတ်လို့ပေါ့ဗျာ။ ဒီကောင်လေးက ကျွန်တော်တို့ရဲ့ applications တွေနဲ့ programs လေးတွေကို အလွယ်ကူဆုံး Uninstall လုပ်ပေးနိုင်ပါတယ်။ Control Panel ကနေဝင်ဖြုတ်နေရတာထက် စာရင်တော့ ပိုမြန်ပါတယ်။ ကျွန်တော်အောက်မှာ သူ့အတွက် Features လေးတွေ ကိုအသေးစိတ် ရှင်းပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါဗျာ။

Firefox Bookmark မှာမှတ်ထားတာတွေပျောက် မသွားအောင်



ကျွန်တော်တို့ Firefox ကိုအသုံးပြုသူတိုင်း မိမိတို့စိတ်ကြိုက် Website ကိုအလွယ်တကူ ရှာဖွေရလွယ်
အောင် Firefox မှာပါဝင်တဲ့ Bookmark လေးကိုသုံးပြီး အလွယ်တကူ မှတ်သားတက်ကြတာ ကိုတွေ့
ရပါတယ်..အဲ့ဒီမှာ Firefox မှာပါဝင်တဲ့ Bookmark လေးဟာကျွန်တော်တို့ Windows အသစ်တင်ရင်ပဲ
ဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် Firefox  ကိုအသစ်ပြန်တင်တဲ့ အခါမှာပဲဖြစ်ဖြစ် မိမိတို့အချိန်ပေး ပီး
စိတ်ကြိုက် မှတ်သားထားတဲ့ Bookmark ထဲကလင့်တွေဟာလဲ အလွယ်တကူ ပျောက်ဆုံးသွားမှာ
ဖြစ်ပါတယ်..အဲ့ဒီလိုမဖြစ်ရအောင် Bookmark လေးကိုဘယ်လို Export လုပ်ရမယ်ဆိုတာကိုအရင်က 
ရှင်းပြပေးဖူးပါတယ်..။အခုကျွန်တော် ဘာလို့ထပ်တင်ပေး ရလဲဆိုတော့မသိသေးတဲ့ သူများအတွက်
ရောပြီးရင် Firefox အသစ်တွေထပ် ထွက်လာတဲ့အခါမှာ အရင်တုန်းက အသုံးပြုခဲ့တဲ့ပုံစံလေးတွေ နဲ့
မတူတော့တာကြောင့် မသိသေးတဲ့သူတွေ အတွက်အလွယ်တကူ Export လုပ်လို့ရအောင် တင်ပေး
လိုက် တာပါ..။

Firefox နေရာမှာ Maxthon 3 နဲ့အစားထိုးသုံးကြည့်ရအောင်


ကျွန်တော်ဒီနေ့တော့အားလုံးကို Browser တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်..အဲ့ဒီကောင်လေးကတော့
Maxthon 3.0  ပဲဖြစ်ပါတယ်..ကျွန်တော်တို့အခုအသုံးပြုနေတဲ့ Firefox တို့ Chrome တို့ထက်တိုကိုအသုံး
ပြုရတာပိုပြီးတော့အဆင်ပြပါတယ်..Firefox မှာအသုံးပြုသလို Internet Download Manager တို့ကအစ
ဒီကောင်လေးက Support လုပ်ပေးထားတာတွေ့ရပါတယ်..တစ်ခုရှိတာက Unicode ကို Support မလုပ်
တာပါပဲ...ကျန်တာတွေအကုန်လုံးကတော်တော်လေးကိုအသုံးပြုရတာအဆင်ပြေပါတယ်..Unicode 
ကိုအသုံးပြုတဲ့ဆိုဒ်တွေကိုဖွင့်ရတာအဆင်မပြေတာကလွဲရင်ကျန်တာတွေအကုန်လုံးကတော့သုံးစွဲတဲ့သူ
တွေကိုစိတ်ကြိုက်ဖြစ်စေမှာပါ..။ပြီးရင်ဒီကောင်လေးရဲ့ Loading Time ကလဲကျွန်တော်တို့အသုံးပြုနေတဲ့
Firefox တို့  Chrome တို့ထက်ကိုသိသိသာသာကြီးမြန်နေတာကိုတွေ့ရပါလိမ့်မယ်..သူရဲ့ Memory Usage
ပမာဏကလဲ Firefox နဲ့ယှဉ်ရင်အရမ်းကိုကွာလွန်းပါတယ်..100 >> 10 လောက်ကိုဖြစ်နေတာပါ..ဒီကောင်
လေးကိုသုံးကြည့်လိုက်ရင်ပိုပြီးတော့သိသွားပါလိမ့်မယ်...

Firefox မှာ Menu Bar မပေါ်ဘူးဆိုရင်

ကျွန်တော်တို့ Firefox ကိုအသုံးပြုနေ ကြတဲ့အခါမှာ မိမိတို့ သုံးနေတဲ့ Firefox က Menu Bar ပျောက်သွား သွားလို့ပဲဖြစ်ဖြစ် မိမိတို့က ဆိုဒ်တွေကို အလွယ်တကူ ကြည့်လို့ရအောင် မှတ်ထားတဲ့ Bookmark Toolbar ပျောက်သွားလို့ပဲ ဖြစ်ဖြစ် ဘယ်လိုပြန်လုပ် ရမယ်ဆိုတာကို မသိလို့ အခက်အခဲ ဖြစ်နေသူတွေ အတွက် Firefox ကိုစစတင်ချင်းမှာ Menu Toolbar တွေဘာတွေ မပေါ်ပဲ Plane ကြီးဖြစ်နေတဲ့ အချိန်မှာ Menu Tool Bar ဘယ်လိုပြန်ဖော်ရမယ် ဆိုတာကို ရေးပေးသွားပါမယ် .. သိပြီးသား သူများကတော့ သီးခံပေးပါ .. မသိသေးတဲ့ သူများအတွက် အခက်အခဲတစ်ခု ဖြစ်နေတာ ကြောင့်ရေးပေးလိုက်တာပါ  ..
ကျွန်တော်တို့ အသုံးပြုနေတဲ့ Firefox မှာ Menu Bar ပျောက်သွားလို့ပဲဖြစ်ဖြစ် ပြန်ထားချင်တယ်ဆိုရင် ဘယ်လို လုပ်ရမယ် ဆိုတာကို ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..

Kaspersky Virus Removal Tool 11.0.0.1245 (05.01.2012)


ကျွန်တော်အခု Kaspersky Virus Removal Tool လေးတစ်ခု တင်ပေးလိုက်ပါပြီ။  အသုံးပြုတာကိုတော့ သိပ်လည်းထွေထွေထူးထူး ရှင်းပြစရာမလိုပါဘူး။ ကျွန်တော်တို့ viruses, Trojans, worms, spyware, adware, all types of rootkits တွေနဲ့  similar malicious programs တွေကိုရှင်း လင်းပေးနိုင်ပါလိမ့်မယ်.။ ဖိုင်ဆိုဒ်ကတော့ 106 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ သုံးနေရာ ခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေး ကနေသာယူသွားလိုက်ပါဗျာ။

Startup Faster 3.6.2011.14

ကျွန်တော့်အစ်ကိုတွေထဲမှာ လဲ Window အတက်မှာ ကြာနေတယ်ပြောတာနဲ့ ကျွန်တော်လည်း ဒီကောင်လေးကို အဆင်သင့် တွေ့တာနဲ့ တင်ပေးလိုက်တာပါ။ ကျွန်တော်တို့ ဝင်းဒိုးအတက်ကို ဒီကောင်လေးက အမြန်ဆုံးဖြစ်အောင် ပြင်ပေးနိုင်ပါလိမ့်မယ်။ ဖိုင်ဆိုဒ်ကတော့ 6.21 MB ပဲရှိပါတယ်။ သူ့အတွက် ကီးလေးတွေပါထည့်ပေးထားပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။
ကျွန်တော်အားလုံးအဆင်ပြေအောင် သုံးနေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေး ကနေသာ ယူသွားလိုက်ပါဗျာ။

၁၀၀တန် -လွှမ်းပိုင် (Lyrics)

အတူတူတွဲထားခဲ့တဲ့လက်တွေ ဘယ်တော့မှမဖြုတ်တော့ဘူးကွာ
ဒီလိုမင်းပြောခဲ့တဲ့စကားတွေငါ ယုံကြည်နေဆဲပါ
ရင်ခုန်ခြင်းနဲ့အချစ်ရဲ့သက်သေ နင်ပေးတဲ့ကြင်နာတဲ့အနမ်းများ
တကယ်ကိုခြောက်သွေတဲ့ငါ့ရဲ့ဘ၀အတွက် လိုအင်မှုများပါ
ပျော်ရွှင်ခြင်းနဲ့အချစ်ကိုရှာတွေ့ပြီ ရင်မှာသိမ်းဆည်းထားမယ်အပျက်အစီးမရှိ
အတူတူအိပ်မက်များရယ် ဆေးစက်များရယ် အားလုံးနင်ဖျက်ဆီး

ဘယ်လောက်ပဲ........

ဘယ်လောက်ပဲ နားထောင်ကောင်းတဲ့သံစဉ်ဖြစ်ဖြစ် ခံစားချက်စာသားလေးပါမှ
ဘယ်လောက်ပဲ လှပတဲ့ပန်းပွင့်ဖြစ်ဖြစ် သစ်ရွက်လေးပါအဖော်ပြုမှ
ဘယ်လောက်ပဲ ကောင်းတဲ့ရုပ်ရှင်ဖြစ်ဖြစ် ဇာတ်ပို့တွေလည်းအားဖြည့်မှ
ဘယ်လောက်ပဲ အသက်ဝင်တဲ့ပန်းချီကားဖြစ်ဖြစ် ရောင်စုံတွေအစဉ်တကျရှိမှ
ဘယ်လောက်ပဲ ချိုမြတဲ့သစ်သီးဖြစ်ဖြစ် မြေဆီမြေသြဇာတွေ စွတ်စိုမှ

ထွက်ခွာသွားသူ......

တိမ်ဖြူ တဖြေးဖြေးလွှင့်ပါးသွားတာကို
ကောင်းကင်ကြီး သတိမထားခဲ့မိဘူး။
ဒီရေ တဖြေးဖြေးထွက်ခွာသွားတာကို
သဲသောင်ပြင် သတိမထားခဲ့မိဘူး။
လရောင်တဖြေးဖြေး ကွယ်ပျောက်သွားတာကို
ညအမှောင် သတိမထားခဲ့မိဘူး။

လွမ်းဆွတ်ခြင်းတစ်မျိုးက ပျော်ရွှင်ခြင်းပါးပါးလေးတဲ့။
ပျော်ရွှင်ခြင်းတစ်မျိုးက အမြဲသတိရနေတာဖြစ်တယ်။
သတိရခြင်းတစ်မျိုးက အဝေးကနေအောင်းမေ့တာဖြစ်တယ်။

အိပ်မက်တိုင်း အကောင်အထည် ဖော်နိုင်တာမဟုတ်ပါဘူး။
စကားတိုင်း အချိန်မီပြောခွင့်ရတာ မဟုတ်ဘူး။
အချစ်တိုင်း ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ကြတာမဟုတ်ဘူး။

မှတ်သားစရာလေး

အလှဆုံးနေ့တစ်နေ့ ............... ဒီကနေ့
အလွယ်ကူဆုံးအရာ................ အမှားကျူးလွန်ခြင်း
အကြီးမားဆုံးအဟန့်အတား ...... ကြောက်ရွံ့ခြင်း
အပြင်းထန်ဆုံးမှားယွင်းမှု..... မိမိကိုယ်ကိုယ်စိတ်ပျက်ခြင်း (သို့) လက်လွှတ်ခြင်း
အမုန်းများရဲ့ရင်းမြစ်................. တစ်ကိုယ်ကောင်းဆန်ခြင်း
အပြင်းထန်ဆုံး ဆုံးရှုံးမှု .............. စိတ်ပျက်အားလျှော့ခြင်း
အကြီးမားဆုံး ချွတ်ယွင်းချက်......... စိတ်သဘောထား မပြည့်ဝခြင်း

သင့်မှာ............

သင့်မှာ ဒေါသထွက်ခွင့်ရှိတယ်။ ဒါပေမဲ့ တခြားလူရဲ့ဂုဏ်သိက္ခာကို မနင်းချေပါနဲ့။
သင့်မှာ ဆုံးရှုံးခွင့်ရှိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမမဲ့ပါစေနဲ့။
သင့်မှာ အောင်မြင်မှုကို ရယူနိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ တခြားလူနစ်နာခံရတဲ့ အောင်မြင်မှုမျိုးမဖြစ်ပါစေနဲ့။
သင့်မှာ အငြင်းပွားခွင့်ရှိတယ်။ ဒါပေမဲ့ လက်စားချေ တုန့်ပြန်မှုမျိုးမဖြစ်ပါစေနဲ့။
သင့်မှာ လှပကောင်းမွန်တဲ့ ဘဝရှိခွင့်ရှိတယ်။ ဒါပေမဲ့ လိမ်ညာလှည့်ဖြားပြီး ရလာတဲ့ ပျော်ရွှင်မှုမျိုးမဖြစ်ပါစေနဲ့။
.

အချစ်

အချစ်က ကတိမလိုဘူး၊ သဘောတူညီချက် မလိုဘူး၊ လိုအပ်ချက်တွေ မလိုဘူး
အချစ်က လူနှစ်ယောက်ပဲလိုတယ်
ယုံကြည်စိတ်ချနိုင်သူတစ်ယောက်...
နားလည်မှုပေးနိုင်သူတစ်ယောက်....
.

ကောင်းကင်

ခေါင်းမော့တာနဲ့ ကောင်းကင်က ကြည်လင်လာလိမ့်မယ်လို့ တပ်အပ်မပြောနိုင်ဘူး။
ဒါပေမယ့် အမြဲခေါင်းငုံ့နေရင်တော့ ကောင်းကင်ဟာ ဘယ်လောက်ပဲလှပကြည်လင်နေလဲ
သင့်မျက်စိနဲ့ တပ်အပ်တွေ့နိုင်လိမ့်မှာ မဟုတ်ဘူး။
.

မျှော်လင့်ချက်

မူလတန်းတုန်းက ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်ခုံတည်းထိုင်ရဖို့ မျှော်လင့်ခဲ့တယ်
အလယ်တန်းတုန်းက ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်တန်းတည်းတက်ရဖို့ မျှော်လင့်ခဲ့တယ်
အထက်တန်းတုန်းက ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်ကျောင်းတည်းတက်ရဖို့ မျှော်လင့်ခဲ့တယ်
တက္ကသိုလ်ရောက်တော့ ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်မြို့တည်းမှာနေရဖို့ မျှော်လင့်ခဲ့တယ်

စာအုပ်တစ်အုပ်

လူ့ဘဝဆိုတာ စာအုပ်တစ်အုပ်ဆိုပါစို့..
တချို့က တောက်တောက်ပပရေးတယ်၊ တချို့က သာမန်မျှသာရေးတယ်။
တချို့က စိတ်ပါလက်ပါရေးတယ်၊ တချို့က ပေါ့ပေါ့တန်တန်ရေးတယ်။
တချို့က ခမ်းခမ်းနားနားရေးတယ်၊ တချို့က ကပ်ကပ်စီးစီးရေးတယ်။

Related Posts Plugin for WordPress, Blogger...

My Account