Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, April 5, 2012

မန္တလေးမြို့ရှိ သင်္ကြန် မဏ္ဍပ်များအား မန္တလေးကျုံးမှ ရေပေးဝေ သွားမည်

ယခုနှစ် အတွက် မန္တလေးမြို့ မြန်မာရိုးရာ ယဉ်ကျေးမှု သင်္ကြန် ပွဲတော်မှာ သင်္ကြန် မဏ္ဍပ်တွေကို မန္တလေး ကျုံးမှ ရေပေးဝေ အသုံးပြု စေမှာ ဖြစ်တယ်လို့ မန္တလေး
မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲဒီလို မန္တလေးကျုံး ရေပေးဝေမှုမှာ ပါဝင်တဲ့ မဏ္ဍပ်တွေ ကတော့ နန်းမြို့ကျုံး ပတ်လည်က အလှပြ မဏ္ဍပ် ၄ ခု၊ ရေကစား မဏ္ဍပ် ၃၁ နဲ့ ဖြစ်ပါတယ်။

Post Paid စနစ်သုံး အော်တိုဖုန်း၊ GSM၊ CDMA ဖုန်းတွေရဲ့ တယ်လီဖုန်း ပြောဆိုခတွေကို အွန်လိုင်းငွေပေးချေမှုစနစ် အသုံးပြုပြီး ဘဏ်တွေကတဆင့် ပေးဆောင်ရတော့မည်


Photo
ပြင်ဦးလွင်၊ ဧပြီလ ၄ ရက်။    ။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ Post Paid (ဘေလ်ထုတ်ဆင့်ကောက်ခံသော စနစ်) တယ်လီဖုန်း သုံးစွဲသူတွေအနေနဲ့ တယ်လီဖုန်းပြောဆိုခ  ဖုန်းဘေလ်တွေကို Online Phone Billing Payment System (တယ်လီဖုန်း ပြောဆိုခ အွန်လိုင်း ငွေပေးချေမှုစနစ်) အဖြစ် ပြောင်းလဲ အသုံးပြုရတော့မယ်လို့ သိရပါတယ်။

ပထမအဆင့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတွေက Post Paid ဖုန်းတွေကို အခုနှစ် မေလက စတင်ပြီး လည်းကောင်း၊ ဒုတိယအဆင့်အနေနဲ့ နေပြည်တော်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကျန်ဒေသအားလုံးရှိ ဖုန်းတွေကို အခုနှစ် ဇူလိုင်လက စတင်ပြီး လည်းကောင်း ပြောင်းလဲ အသုံးပြုစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Post Paid ဖုန်းဆိုရာမှာ အော်တိုဖုန်း၊ GSM နဲ့ CDMA ဖုန်းအားလုံး ပါဝင်တယ်လို့ သိရပါတယ်။

အွန်လိုင်းငွေပေးချေမှုစနစ် အသုံးပြုသူတွေအနေနဲ့ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်ရဲ့ Online Phone Billing Payment System နဲ့ ချိတ်ဆက်ထားတဲ့ မြန်မာ့စီးပွားရေးဘဏ်၊ အာရှစိမ်းလမ်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ သမဝါယမဘဏ် (CB)၊ ယူနိုက်တက်အမရာဘဏ် (UAB)၊ မြန်မာအရှေ့တိုင်းဘဏ် (MOB) စတဲ့ ဘဏ် (၅) ခုထဲက ဘဏ်တစ်ခုခုမှာ နိုင်ငံသားစိစစ်ရေးကတ် မူရင်း၊ ဖုန်းစာအုပ်မူရင်းနဲ့ မိတ္တူတစ်စုံနဲ့အတူ Online Phone Billing Account (အွန်းလိုင်းဖုန်းဘေလ် အကောင့်) တစ်ခု ဖွင့်လှစ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဘဏ်အကောင့် ရှိလာပြီဆိုတာနဲ့ အင်တာနက်ရရှိတဲ့ မည်သည့်နေရာက မဆို https://billing.yatanarpon.com.mm/ မှတဆင့် တယ်လီဖုန်းဘေလ် ပေးသွင်းနိုင်ခြင်း၊ လူကိုယ်တိုင် သွားရောက်ပေးဆောင်ဖို့ မလိုခြင်း၊ အချိန်ကုန် လူပန်းမဖြစ်ခြင်း၊ ငွေကြေး ပျောက်ရှမှု မဖြစ်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာ ဖြစ်တယ်လို့ သိရတယ်။ Online Phone Billing Payment System အသုံးပြုရာမှာ ဖုန်းဘေလ်အပြင် ဝန်ဆောင်ခအဖြစ် ငွေ ၅၀၀ ကျပ်သာ ထပ်မံကုန်ကျမှာ ဖြစ်ကြောင်း သိရပါတယ်။
 

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ Post Paid စနစ် အသုံးပြုနေသည့် တယ်လီဖုန်းအင်အား စာရင်း
 

ရတနာပုံသတင်း

မန်းသင်္ကြန်မှာ မဏ္ဍပ် ၃၀ ကျော်ရှိ၊ သံချပ်အဖွဲ့ (၂) ဖွဲ့ ဖျော်ဖြေနိုင်ဖို့ စီစဉ်နေ

အခုလ ၁၂ ရက်မှာ ကျရောက်မည့် မန္တလေး အတာသင်္ကြန်ပွဲမှာ အလှပြမဏ္ဍပ် ၅ ခုနဲ့ ရေကစားမဏ္ဍပ် ၃၁ ခုရှိမယ်လို့ သိရတယ်။ အဲဒါအပြင် သင်္ကြန်သံချပ်အဖွဲ့ (၂) လည်း ဖျော်ဖြေနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
Photo

 
မန္တလေးမြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်ကိုလည်း အပြီးသတ် တည်ဆောက်နေပြီး Metal Zone တေးဂီတအဖွဲ့နဲ့အတူ မြန်မာပြည်သိန်းတန်၊ ခင်မောင်ထူး၊ သန်းမြတ်စိုး၊ မန္တလေးသိန်းဇော်၊ ရဲလေး၊ ချစ်သုဝေ၊ အယ်လ်ဆိုင်းဇီ၊ ရတနာမိုင် စတဲ့ အနုပညာရှင်တွေနဲ့ ဖျော်ဖြေဖို့ စီစဉ်ထားကြောင်း သိရတယ်။ အလားတူ ALPINE မဏ္ဍပ်မှာ The Tree တေးဂီတ အဖွဲ့နဲ့အတူ Rဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်၊ ခန့်စည်သူ၊ ဖြူဖြူကျော်သိန်း၊ ထွန်းအိန္ဒြာဗိုလ်၊ ဝိုင်းစုခိုင်သိန်း၊ ရတနာ၊ ခိုင်သင်းကြည် စတဲ့ အနုပညာရှင်တွေက သီဆိုဖျော်ဖြေကြမယ်လို့ ဆိုတယ်။

အခုနှစ် မန္တလေးသင်္ကြန်မှာ ပြန်လည်တူးဖော် ဖော်ထုတ်မှု တစ်ခု အနေနဲ့ မန္တလေးမြို့မှ အထင်ကရ လူရွှင်တော်တွေ ဖြစ်တဲ့ ဦးချစ်စရာ၊ ဦးထင်ပေါ်၊ သပြေ၊ ဂျာအေး၊ ဦးမြတ်သာ၊ ဦးပေါ်စိန်၊ ဦးဒီပါ၊ မုံရွာတက်တိုး၊ ပါပါလေး၊ ဦးလူမော်တို့ ပါဝင်တဲ့ သံချပ်အဖွဲ့နဲ့ မန္တလေး စာနယ်ဇင်း ဆရာတွေ ဖြစ်ကြတဲ့ ကိုသာဇော်၊ မင်းနဒီခ၊ ကိုဆန်းဝင်းရှိန်၊ ကိုခင်အောင်ဝင့်၊ မောင်သစ်ဦး (မြစ်ခြေ) တို့ ပါဝင်တဲ့ သံချပ်အဖွဲ့ (၂) ဖွဲ့က မန္တလေးမြို့ တစ်ပတ်လည် ဖျော်ဖြေသွားဖို့ စီစဉ်နေကြကြောင်း သိရတယ်။

ထူးခြားမှု တစ်ခုအနေနဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ကြော်ငြာမယ့် ကြော်ငြာတွေအတွက် အခွန်ဆောင်ဖို့ မလိုတော့ဘူးလို့လည်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account