Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label ၀ယ်ယူနိုင်စရာ နည်းပညာပစ္စည်းများ. Show all posts
Showing posts with label ၀ယ်ယူနိုင်စရာ နည်းပညာပစ္စည်းများ. Show all posts

Sunday, February 17, 2013

Sonicgear (Tatoo 101 Speaker)



Photo
Price : 6,900 Kyats, Contact Ph : 09 73077110

သေးသေးလေးနဲ့ အသံထွက်အား ကောင်းမွန်တဲ့ Speaker ကတော့ sonicgear မှ ထုတ်လုပ်လိုက်တဲ့ Sonicgear (Tatoo 101 Speaker) ပါပဲ။ လှပတဲ့ ဒီဇိုင်းနဲ့ Colour မျိုးစုံ ရရှိနိုင်ပြီး Computer နဲ့ အသုံးပြုဖို့ အဓိက ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ Total Power RMS : 6 Watts ရှိပြီး bass သံထွက်အားလည်း ကောင်းမွန်ပါတယ်။ ဒီ Speaker မျိုးကို ဈေးကွက်မှာ ပုံစံတူတွေ တွေ့ရနိုင်ပေမယ့် အရည်အသွေးကတော့ ကွာခြားမှု ရှိပါတယ်။ စင်္ကာပူ ထုတ်ကုန် စစ်စစ်ဖြစ်တဲ့ ဒီ Speaker ကို လက်ရှိ ဈေးကွက်မှာ တစ်နှစ် အာမခံဖြင့် Electronic ဆိုင်ကြီးများတွင် ရရှိနိုင်ပါတယ်။

Seagate Backup Plus External Harddisk 1TB



Photo
Price: 85000 Kyats, Ph - 01290384

နာမည်ကြီး Seagate မှ ထုတ်လုပ်လိုက်တဲ့ USB 3.0 နောက်ဆုံးပေါ် နည်းပညာ အသုံးပြုထားတဲ့ 1000GB external HDD လေးပဲ ဖြစ်ပါတယ်။

Acer Aspire MC605 (Desktop)



Photo
Price : 335000 Kyats, Ph : 01221683

Acer က နှစ်သစ်ရဲ့ အစမှာ ဆန်းသစ်တဲ့ Design နဲ့ ခိုင်ခံ့တဲ့ Body Design ကို အသုံးပြုထားတဲ့ Acer Aspire MC 605 ဟာဆိုရင် အသုံးပြုမယ့် Customer များနှင့်  သင့်တော်ပြီး စွမ်းဆောင်ရည်မြင့် Intel ရဲ့ Pentium Processor G645 ကို အသုံးပြုထားသောကြောင့် သူ့ရဲ့ မြန်နှုန်းမြင့်ဟာဆိုရင် (29) GHz ရှိပြီး ၎င်းကိုပိုမို လျင်မြန်စေရန် Memory DDR3 2GB က အထောက်အပံ့ ပေးထားပြီး 8GB အထိ upgrade တိုးမြှင့်နိုင်ပါတယ်။ Data တွေကို သိုလှောင်နိုင်ရန် 500GB HDD ဟာသင့်ရဲ့ များပြားလှသော အချက်အလက်များကို လုံလောက်စွာ သိမ်းဆည်းနိုင်ပါတယ်။

Bluetooth portable Speaker



Photo
Price : 38000 Kyats, Ph : 01 250084

Bluetooth Stereo Portable Speaker လေးပဲ ဖြစ်ပါတယ်။ Bluetooth ပါဝင်သော မည်သည့် Device နှင့်မဆို Wireless ချိတ်ဆက်ကာ (Phone, Tablets နှင့် Notebook Computer) Music များအား Play back ပြုလုပ်နိုင်ပါတယ်။ ချိတ်ဆက်မှုမှာလည်း ရိုးရှင်းကာ လွယ်ကူလှပါတယ်။ အကွာအဝေး 10 m အတွင်း Speaker အား Power ဖွင့်ထားပြီး ချိတ်ဆက်ကာ မိမိ၏ ဖုန်းအား Remote Control တစ်ခုလို ပြုလုပ်၍ လက်ကမချဘဲ သီချင်းများအား တောက်လျှောက် ဖွင့်ထားပြီး Phone ဝင်လာသော အခါတွင်ပါ ထို Speaker မှ ပြန်ပြောခြင်း နားထောင်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

Dr.dre Studio headphone



Photo
Price 35000 Kyats, Ph: 01250084

နာမည်ကြီး Dr.dre brand Studio head phone လေးပဲ ဖြစ်ပါတယ်။ အရောင်အသွေး တောက်ပလှပပြီး အသံကွာလတီ အံ့မခန်း ကောင်းမွန်သဖြင့် Professional Musician များ၊ DJ များနှင့် ယနေ့ခေတ် လူငယ်လူရွယ်များ အရူးအမူး ကြိုက်ကြတဲ့ brand Series ပဲ ဖြစ်ပါတယ်။

Thursday, February 7, 2013

Huawei Ascend G510



Photo
Huawei handset များက ဈေးနှုန်းချိုသာပြီး၊ စွမ်းရည် သင့်တင့်တာကြောင့် ရွေးချယ် သုံးစွဲသူတွေ များပြားပါတယ်။  စွမ်းရည်မြင့် handset များကိုတော့ အများအပြား မထုတ်လုပ်ထားပါဘူး။ အလယ်အလတ် handset များကတော့ နာမည် စုံလင်လှပါတယ်။

Keyboard PC များ ပြည်တွင်း ဈေးကွက်အတွင်း ဝင်ရောက်



Photo
ပြည်တွင်း နည်းပညာ ဈေးကွက်ထဲသို့ ကိုရီးယား နိုင်ငံလုပ် Duocom အမှတ်တံဆိပ် Keyboard PC များ ဝင်ရောက်လာကြောင်း သိရသည်။ “Keyboard PC ကတော့ PC တစ်ခုက Keyboard တစ်ခုထဲမှာ ပါသွားတာမျိုး ဖြစ်ပါတယ်။  အတွင်းပိုင်း ဖွဲ့စည်းပုံကတော့ Notebook တစ်လုံးနဲ့ ဆင်ပါတယ်။ Wi-Fi စနစ် ပါဝင်တဲ့အတွက် Wi-Fi ရှိတဲ့  နေရာတွေမှာ Wi-Fi ချိတ်ဆက်ပြီး အင်တာနက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Keyboard မှာ VGA Port ပါဝင်တဲ့အတွက်  မော်နီတာတွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ရုံသာမက VGA Port ပါဝင်တဲ့ LCD, LED တီဗီတွေနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်မှာ  ဖြစ်ပါတယ်။

Friday, January 11, 2013

TP Link Dual Band External Router (WDR-4300)



Photo
ပြည်တွင်းဈေးကွက်ထဲသို့ TP Link ရဲ့ 2.4 GHz နှင့် 5 GHz နှစ်မျိုး ထုတ်လွှင့်ပေးနိုင်သော နောက်ဆုံးထွက် Dual  band Router တစ်မျိုး ဝင်ရောက်လာပါတယ်။ 

Wednesday, January 9, 2013

SSK External DVD RW Drive



Photo
ပြည်တွင်းဈေးကွက်ထဲသို့နာမည်ကြီး SSK External DVD RW Drive ဝင်ရောက်လာပါတယ်။ 

Dr.dre Studio Headphone



Photo
နာမည်ကြီး Dr.dre Brand Studio Headphone လေးပဲဖြစ်ပါတယ်။ အသံထွက် အံ့မခန်းကောင်းမွန်ပြီး သီချင်းများရဲ့ အနက်ရှိုင်းဆုံးအသံများ အနိမ့်အမြင့်အားလုံးကို ကြည်လင်ပီသစွာ နားဆင်နိုင်ပါတယ်။

Bluetooth စနစ်သုံး OKER အမှတ်တံဆိပ် Mouse



Photo
Bluetooth Function အနေဖြင့် အထူးသီးသန့် ထုတ်လုပ်ထားပြီး သုံးစွဲသူများ အကြိုက်တွေ့စေမယ့် Bluetooth စနစ်သုံး Oker အမှတ်တံဆိပ် Mouse ဖြစ်ပါတယ်။ 

Saturday, September 15, 2012

Panasonic SLIM Stereo Headphone



Photo
ပြည်တွင်းဈေးကွက်ကို အသစ်ဝင်ရောက်လာတဲ့ Panasonic အမှတ်တံဆိပ် RP-HX40 မော်ဒယ် SLIM Stereo Headphone ဖြစ်ပါတယ်။ 

Thursday, September 6, 2012

ရေစိုခံအကြမ်းခံကာ ဈေးနှုန်းသက်သာသည့် Land Rover ဖုန်းဝင်ရောက်



Photo
ရေစိုခံ အကြမ်းခံကာ ဈေးနှုန်းသက်သာသည့် Land Rover ဖုန်းအမျိုးအစားသစ်တစ်ခု ဝင်ရောက်လာကြောင်း သိရသည်။ ၎င်းဖုန်းမှာ GSM စနစ်နှင့် CDMA 450 MHz စနစ်နှစ်မျိုးစလုံးအား တွဲဖက်အသုံးပြုနိုင်မည့် ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး Dual Sim ဖုန်းအမျိုးအစားတစ်ခု ဖြစ်သည်။ ရေစိုခြင်းနှင့် ဖုန်းထိခိုက်ခြင်းတွေအား အကောင်းဆုံး ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး

Sony ၏ ပထမဦးဆုံး ၈၄ လက်မ XBR-84X900 4K TV



Photo
Sony ကုမ္ပဏီ၏ 2012 ခုနှစ်အတွက် အကြီးမားဆုံး ဆန်းသစ်တီထွင်မှုတစ်ခုအဖြစ် ၈၄ လက်မ အရွယ်အစားရှိ XBR-84X900 4K တီဗီကို စတင်မိတ်ဆက် ဖြန့်ချိလိုက်သည်။ ၎င်း XBR-84X900 သည် လက်ရှိအချိန်တွင် Sony ၏ အကြီးမားဆုံး ရုပ်မြင်ဖန်သားပြင်ဖြစ်ပြီး 4K resolution ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ၈၄ လက်မအရွယ်ဖြင့် ထုတ်လုပ်ထားပြီး

အရွယ်အစားသေးငယ်ပြီး အကြမ်းခံသည့် Sony Action Cam Camcorder



Photo
Sony ကုမ္ပဏီက super compact camcorder ဖြစ်သည့် Action Cam ကို မိတ်ဆက်ပေးခဲ့သည်။ အရွယ်အစားအနေဖြင့် အမြင့် ၂ လက်မ၊ အနက် ၂.၆ လက်မနှင့် အကျယ် ၀.၉ လက်မရှိပြီး CarlZeiss မှန်ဘီလူးနှင့် Exmor R BSI CMOS sensor နှင့် Bionz processor တို့ကို အသုံးပြုထားသည်။ 1080p30, 720p120 (4x slow-motion capture), 720p60 (2x slow-motion capture), 720p30 480p30 စသည့် MP4 recording option များနှင့် ရိုက်ကူးနိုင်သည်။ Digital image  stabillzation ပါဝင်ပြီး 16-megapixel ဓာတ်ပုံများကိုပါ ရိုက်ကူးနိုင်သည်။

Android OS ဖြင့် အသုံးပြုနိုင်မည့် Samsung Galaxy Camera



Photo
စမတ်ဖုန်းနည်းပညာ အသုံးပြု ထုတ်လုပ်ထားပြီး 3G နှင့် 4G ကွန်ရက်စနစ်များ ပါဝင်သည့် Galaxy ကင်မရာကို Samsung ကုမ္ပဏီမှ စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။ 16-megapixel  sensor တပ်ဆင်ထားသည့် အဆိုပါ Samsung Galaxy ကင်မရာကို Android 4.1 operating system ဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး ကင်မရာ၏ တစ်ဖက်ခြမ်းတွင် အရွယ်ကြီးမားသည့် touch screen ကို တပ်ဆင်ပေးထားကာ အခြားတစ်ဖက်တွင်မူ 21xzoom မှန်ဘီလူး တပ်ဆင်ထုတ်လုပ်ထားသည်။ 3G နှင့် 4G ကွန်ရက်စနစ်များ ပေါင်းစပ် ထည့်သွင်းပေးထားပြီး ရိုက်ကူးထားသည့် ဓာတ်ပုံများကို လူမှုကွန်ရက်ဆိုက်များတွင် ချက်ချင်း ဝေမျှနိုင်မည် ဖြစ်သည်။

Wednesday, August 29, 2012

LePhone K860 Android စမတ်ဖုန်းကို Lenovo မိတ်ဆက်



Photo
မကြာသေးမီက ဂျပန်မိုဘိုင်းဘလော့ဂ် တစ်ခုတွင် သတင်းများ ထွက်ပေါ်နေခဲ့သည့် LePhone K860 အမည်ရှိ Android စမတ်ဖုန်းကို Lenovo မှ တရားဝင် မိတ်ဆက်ပေးလိုက်ကြောင်း  သိရသည်။ LePhone K860 နှင့်ပတ်သက်၍ တရားဝင် ရောင်းချမည့် အချိန်နှင့် တန်ဖိုးတို့ကို အတိအကျ မသိရသေးသော်လည်း အဆိုပါ စမတ်ဖုန်းသည် စွမ်းဆောင်ရည် ကောင်းမွန်သည့် ဖုန်းတစ်မျိုး ဖြစ်သည်။ အရွယ်ကြီးမားသည့် ၅ လက်မအရွယ် HD display တပ်ဆင် ထုတ်လုပ်ထားပြီး quad-core Exynos 4412 ရုပ်ရှင်ရိုက်ကူးမှုများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ Android 4.0.4 Ice Cream  Sandwich operating system ဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး 2250 mAh ဘက်ထရီ ထည့်သွင်း တပ်ဆင်ထားသည်။

ဟေမာ
(Ref: GSM Arena)

OPTOMA ES529 ပရိုဂျက်တာ



Photo
မန်းဈေးကွက်ကို OPTOMA ES529 မော်ဒယ် ပရိုဂျက်တာ ဝင်ရောက်လာပါတယ်။  Native Resolution SVGA (800×600) ရှိပြီး Maximum Resolution မှာ UXGA (1600× 1200) အထိ ရရှိနိုင်မယ်လို့ သိရပါတယ်။ Brightness(Typical) 3000 ANSI Lumens အလင်းအားရှိပြီး Contrast Ratio 3000:1 (Full On/ Full Off ) အထိ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ မီးလုံး သက်တမ်းအနေနဲ့ နာရီ 6000 (Standard Time) နဲ့ Bright Time နာရီ 3000 အထိ သက်တမ်းရှိပြီး ပါဝါကတော့ 200W ရှိတယ်လို့ သိရပါတယ်။

IC Recorder



Photo
သတင်းသမားတွေ၊ လုပ်ငန်းသမားတွေ၊ ရုံးသမားတွေနဲ့ အခြား စိတ်ဝင်စားသူတွေ အဆင်ပြေစေမယ့် Sony ရဲ့ IC Recorder အသစ်တစ်မျိုး ဈေးကွက်ဝင်လာပါတယ်။  မော်ဒယ် ICD-PX 312M ဖြစ်ပြီး ဆိပ်ကမ်းသာလမ်းက F@X ကွန်ပျူတာဆိုင်မှာ ရနိုင်ပါတယ်။ Internal Memory 2 GB ပါဝင်ပြီး ထပ်တိုးချင်ရင် Micro SD နဲ့ M II ကတ် နှစ်မျိုးထည့်သုံးနိုင်ပါတယ်။

ပါးလွှာပြီး စတိုင်ကျတဲ့ Compact Stereo System



Photo
ပြည်တွင်းဈေးကွက်ကို အသစ်ဝင်ရောက်လာတဲ့ Panasonic အမှတ်တံဆိပ် Compact Stereo System ဖြစ်ပါတယ်။ Auto Sliding Dock ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့အတွက် ပါးလွှာပြီး နံရံကပ်အနေနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account