Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, May 27, 2012

သင့်ရဲ့ Web Browser Firefox ကို ဘယ်လိုမြန်အောင် ပြုပြင်မလဲ



Photo
Web Browser တွေဟာ Internet ထဲကို ဝင်ရောက်ဖို့အတွက် တံခါးပေါက်များ ဖြစ်ပါတယ်။  ဒီလို တံခါးပေါက်တွေနဲ့ ဆင်တူတဲ့ Web Browser  တွေဟာ အချိန်တိုအတွင်းမှာ လိုရင်းနေရာတွေကို ရောက်ရှိနိုင်ဖို့အတွက် မြန်ဆန်မှုတွေ လိုအပ်ပါတယ်။ ဒီတစ်ပတ်ရဲ့ Ten Things ကိုတော့ လူသုံးများတဲ့ Firefox Web Browser ကို ဘယ်လို မြန်ဆန်အောင် အသုံးပြုနိုင်မယ်ဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
 

Password များကို ရွေးချယ်ခြင်းနှင့် ကာကွယ်ခြင်း



Photo
Password တွေဟာ စစ်မှန်ကြောင်း အထောက်အထား ပြသခြင်းအတွက် ဘုံနည်းလမ်း တစ်ခုဖြစ်သလို အသုံးပြုသူနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကြားမှာရှိတဲ့  အဟန့်အတား တစ်ခုလည်း ဖြစ်ပါတယ်။ တိုက်ခိုက်သူ (attacker) များဟာ ပရိုဂရမ်တချို့ကို အသုံးပြုပြီး password များကို ခန့်မှန်းခြင်း သို့မဟုတ် စကားဝှက် ဖော်ထုတ်ခြင်းတို့ကို ပြုလုပ်နိုင်တာကြောင့် စိတ်ချရတဲ့ password များကို ရွေးချယ်အသုံးပြုခြင်းနဲ့ ၎င်းလျှို့ဝှက် အချက်အလက်တို့ကို လုံခြုံစွာ ကာကွယ်ထိန်းသိမ်းထားခြင်းဖြင့် စာဖတ်သူရဲ့ အချက်အလက်များကို အခွင့်မရှိတဲ့ လူတစ်ဦးတစ်ယောက်မှ အသုံးပြုခြင်းအား ပိုမိုခက်ခဲအောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Laptop Computer ကိုပျော်ပျော်ပါးပါး သုံးစွဲနိုင်ဖို့



Photo
Laptop ကို ပျော်ပျော်ပါးပါး သုံးဖို့ဆိုတဲ့ နေရာမှာ Windows OS သုံးတဲ့ Laptop တွေနဲ့ပဲ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပြောသွားမှာ ဖြစ်ပါတယ်။ အားလုံး အကြောင်းအရာ ၁၀ ချက် ရှိပါတယ်။

G-mail ကို စတိုင်ကျကျ သုံးကြစို



Photo
ကျွန်တော် ဂျီမေးလ် သုံးလာတာ ဆယ်နှစ်ဝန်းကျင် ရှိပါပြီ။  ဒါပေမဲ့ Inbox ကတော့ ထုံးစံအတိုင်း ဖရိုဖရဲ။ ရာနဲ့ချီနေတဲ့ ဝင်စာတွေထဲက လိုချင်တဲ့ စာတစ်စောင်ရှာရတဲ့ ကိစ္စကလည်း တစ်ခါတစ်ခါတော့ ခေါင်းအတော်ကိုက်ပါတယ်။ ကျွန်တော့်လို ခေါင်းမကိုက်ချင်ရင် ဂျီမေးလ်ကို စနစ်လေးတစ်ခုခုနဲ့ စတိုင်ကျကျ သုံးကြပါစို့လား။ စတိုင်ကျကျ သုံးချင်ရင် အောက်မှာ ပြောထားတဲ့ အချက်ကလေးတွေကို လိုက်နာဖို့တော့ လိုပါမယ်။

Facebook မှာ ထပ်ဖြည့်သုံးနိုင်သော Application များ



Photo
Facebook ထဲမှာ Application များအသင့်ပါပြီး ဖြစ်သည်။  Status update လုပ်ခြင်းသည် လည်းကောင်း၊ Link Share ပေးခြင်းသည် လည်းကောင်း အသင့်ပါပြီးသော Application တစ်ခုကို အသုံးပြုလိုက်ခြင်း မည်ပါသည်။ သို့သော် Facebook အသုံးပြုသူများသည် အသင့်ရှိပြီး Application များကိုသာ လွယ်လင့်တကူ သုံးတတ်ကြပါသည်။ Application များ ရှာဖွေ၍ ထပ်ထည့်ခြင်း အလွန်နည်းပါးပါသည်။ ယင်း Application များ ထပ်ထည့် အသုံးပြုခြင်းသည် Facebook ကို ပို၍ အားကောင်းစေပါသည်။ Browser တွင် Plug-in များ ထပ်ချိတ်၍ အသုံးပြုသကဲ့သို့ ဖြစ်ပါသည်။ Application ဟုခေါ်သော ခေါင်းစဉ်အောက်၌ Application နှင့် Game များကို စာမျက်နှာတစ်ခုတည်း အောက်တွင် ရောနှော၍ ထည့်သွင်းထားပါသည်။ Home page ၏ Game and application နေရာတွင် ဘယ်ကလစ်နှိပ်ပြီး Application နှင့် Game directory နေရာသို့ ဝင်ရောက်နိုင်ပါသည်။ Application ဟူသော tab ကို ရှာပြီး ဘယ်ကလစ် နှိပ်ခြင်းအားဖြင့် Application များကို မြင်တွေ့နိုင်ပါသည်။ အကယ်၍ Application အမည်ကို တိုက်ရိုက်သိလျှင် Facebook Home Page ဖွင့်စဉ်တွင် တွေ့ရသော Search box တွင် Game  အမည်ကို ရိုက်ထည့်၍ ရှာဖွေနိုင်ပါသည်။ အကယ်၍ မိတ်ဆွေသူငယ်ချင်းများက သူတို့သုံးသော Application များနှင့် Game များအား ကစားကြည့်ရန် မိမိကို ပန်ကြားလာခဲ့သည် ရှိသော် ယင်းနေရာမှ နေ၍လည်း သုံးနိုင်ပါသည်။ သူတို့ သုံးစွဲရခြင်းအကြောင်းကိုလည်း သိနိုင်ပါလိမ့်မည်။ Browser Search box တွင် www.facebook.com/ Apps ရိုက်ထည့်ပြီးလည်း Application များ ရှိရာသို့ တိုက်ရိုက် သွားရောက်နိုင်ပါသည်။ Facebook သည် Third-party Application developer တို့အား Facebook platform ထဲသို့ ဝင်ရောက် ချိတ်ဆက်နိုင်ရန် ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် Third party Application များ ရာနှင့်ချီ၍ Directory ထဲတွင် တွေ့မြင်နေရခြင်းလည်း ဖြစ်ပါသည်။

ပရိုဂရမ်ဘာသာစကား တတ်ကျွမ်းပြီး ဆော့ဖ်ဝဲရေးနိုင်သူ မည်သူမဆို Facebook တွင် Application များ ဝင်ရောက် ရေးသားနိုင်ပါသည်။ Facebook account တစ်ခုအတွက် directory ထဲတွင် ပေးထားသော Application များ (Game များ အပါအဝင်) ကို မိမိဆန္ဒရှိသလောက် ထည့်သွင်းနိုင်ပါသည်။ သို့သော် မိမိ၏ Facebook Profile data များအား Application က ရယူ အသုံးပြုမည်ဖြစ်၍ Authorization ပြုလုပ်ပေးရန် လိုအပ်ပါသည်။ အဆိုပါ Application များသည် စွန့်ပယ်ခြင်း မပြုသရွေ့ ကာလပတ်လုံး Facebook Acoount ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ရှိနေပါလိမ့်မည်။ နေရာအတော်များများတွင် ယင်း application တို့သည် ယင်းတို့နှင့် ပတ်သက်၍ မိမိ၏ လုပ်ဆောင်ချက်များကို Profile Page နှင့် newsfeed များပေါ်တွင် ထုတ်ပြန်ဖော်ပြပါမည်။ သို့ဖြစ်ရာ မိမိသည် မည်သည့် application များ သုံးနေသည်ကို သူငယ်ချင်းများပါ သိရှိပြီး သူတို့ပါ လိုက်၍ သုံးစွဲချင်စိတ် ပေါ်လာပါမည်။ Facebook ပေါ်မှ application များသည် တစ်ဦးသုံးစွဲမှုကို ကျန်သူများက မြင်တွေ့ပြီး လိုက်လံ သုံးစွဲသော သဘောသဘာဝ (Viral nature) ရှိသောကြောင့် ဖြစ်ပါသည်။ မိမိထပ်မံ ထည့်သွင်းလိုက်သော Application တစ်ခုခုသည် အမှန်တကယ် အသုံးများမည်ဟု ဆိုလျှင် မိမိ၏ Profile Page ထဲတွင် သီးခြား Tab တစ်ခုအဖြစ် ထားနိုင်ပါသည်။ မိမိအလိုရှိသည့်အခါ အလွယ်ကူ လှမ်း၍ ယူနိုင်စေရန် ဖြစ်သည်။ အချို့သော Application များကမူ မိမိ၏ Profile Page ထဲတွင် ယင်းတို့၏ သီးခြား Box များဖြင့် လာရောက် နေရာယူပါမည်။ ဥပမာအားဖြင့် ဆိုသော် Birthday calendar ကဲ့သို့သော application မျိုး ဖြစ်ပါ သည်။

Application များနှင့် ပတ်သက်ပြီး သတိပြုသင့်သည့်အချက်မှာ ယင်းတို့အား မိမိ၏ profile ကို အသုံးပြုခွင့် ပေးလိုက်ချိန်တွင် မိမိ၏ သတင်းအချက်အလက်များ သာမက သူငယ်ချင်းများ၏ သတင်းအချက်အလက်များကို အသုံးပြုခွင့်ရသွားပြီး Story များအနေဖြင့် အချိန်မရွေး ထုတ်ပြန်နိုင်ခြင်းမျိုး ရှိပါသည်။ မိမိသည် သာမန်လူ တစ်ယောက်ဖြစ်ပါက ကိစ္စမရှိပါ။ နာမည်ကျော် လူသိများသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့လျှင်မူ ယင်းကို သတိပြုရပါမည်။ ထို့ကြောင့်ပင်လျှင် Facebook ပေါ်၌ personal information များ လိုသည်ထက်ပို၍ ထည့်သွင်းခြင်းကို ရှောင်ကြဉ် သင့်ပါသည်။ သို့တည်းမဟုတ် application ၏ setting မှနေ၍ ယင်းအား ခွင့်ပြုမှု အတိုင်းအတာကို ကန့်သတ် လျှော့ချနိုင်ပါသည်။ ၂၀၁၂ ဧပြီလအတွင်း တွေ့ရှိရသော အနေအထားအရ directoryသည် Application နှင့် ဂိမ်းများကို ရောနှောထားပြီး ဂိမ်းအများစု ကြီးစိုးလာသည်ကို တွေ့ရပါသည်။ ဂိမ်းများထဲတွင် Angry Bird လို ခပ်ရွယ်ရွယ်ဂိမ်းမျိုးမှသည် EA မှ ထုတ်လုပ်သော Fifa Superstar football ဂိမ်းကြီးများအထိ ပါဝင်လာပါသည်။  Directory အတွင်းသို့ ရောက်ရှိသည့်အခါ Apps and Games ခေါင်းစဉ်အောက်တွင် Top Apps ဟူသော Tab တစ်ခု တွေ့ရပါမည်။ ယင်းကို ဘယ်ကလစ် နှိပ်လိုက်လျှင် ရရှိနိုင်သော Apps List ကျလာပါမည်။ ၂၀၁၂ ခုနှစ် ဧပြီလအတွင်းတွင် ရှိနေသော Application များမှာ Norton Safeweb, Status Shuffle, God wants you to know, Skype, Sound Cloud, picnik, pizap, Photo Editor, Astrology, Wattpad, Spotify, Muzy.com, My mood, Daily Bible Quotes, Path, The mood weather reports, Steam, Baby gaga, Couchsurfing, Stumbleupon, Castleville Bonus, Someecards, God's daily message, Daily Horoscope, Meetup စသည်တို့ ဖြစ်ပါသည်။ Facebook ၏ အစောပိုင်း ကာလများတွင် ပါဝင်ခဲ့သည့် The Guardian, Washington post social reader, Graffiti စသည့် application များ မပါတော့ကြောင်း ဝမ်းနည်းဖွယ် တွေ့ရှိရပါသည်။

Facebook ထဲမှာ ဓာတ်ပုံတစ်ခါတည်း တည်းဖြတ်လိုလျှင် Picnik နှင့် Pizap Photo Editor တို့က အသုံးတည့်ပါမည်။ Story Sharing အတွက် walt pad ကို သုံးနိုင်ပြီး status message များဖတ်လိုလျှင် Status Shuffle က အသုံးတည့်ပါမည်။ ဗေဒင် ဝါသနာအိုးများအတွက် Astrology နှင့် Daily Horoscope တို့က စောင့်ကြိုနေပါမည်။ Application များ သုံးစွဲရန်မှာ ခက်လှသည် မဟုတ်ပါ။ အကယ်၍ မိမိ၌ သူငယ်ချင်း အတော်များများရှိပြီး သူတို့က ဂိမ်းနှင့် Application များ ထည့်သွင်း အသုံးပြုရန် ဝါသနာထုံသည်ဟု ဆိုလျှင် မိမိ၏ Home Page တွင်ရှိသော request area တွင်  application request များ လာပြလေ့ ရှိပါသည်။ အကယ်၍ application request တစ်ခုရလာပြီဟု ဆိုလျှင် request နေရာ၌ ဘယ်ကလစ် နှိပ်ခြင်းဖြင့် သော်လည်းကောင်း၊ see all ကို ဘယ်ကလစ်နှိပ်ခြင်းဖြင့် သော်လည်းကောင်း request page တစ်ခုလုံးကို မြင်တွေ့ရပါမည်။ မိမိအနေဖြင့် Join, accept, participate တစ်ခုခုကို ရွေးချယ်ပြီး လက်ခံနိုင်သလို ignore ကို ရွေးချယ်ပြီးလည်း ငြင်းပယ်နိုင်ပါသည်။ မိမိဖာသာသွားမည်ဆိုလျှင် Home Page ဘယ်ဘက်ခြမ်းရှိ Game andapplication နေရာတွင်နှိပ်ပြီး directory ထဲဝင်ကာ Install လုပ်ရပါမည်။ ယင်းစာမျက်နှာတွင် Application တစ်ခုစီအကြောင်း အကျဉ်းဖော်ပြထားပြီး ညာဘက်ဘေးတွင် View app စာသားကို လေးထောင့်ကွက်ဖြင့် တွေ့ရပါမည်။ ယင်းနေရာတွင် ဘယ်ကလစ်နှိပ်ပါ။ သက်ဆိုင်ရာ application ၏ page သို့ ရောက်သွားပါမည်။ အပေါ်ညာဘက်တွင် မြင်နေရသော Go to App နေရာတွင် ဘယ်ကလစ်နှိပ်ပါ။

ထိုအခါ Request permission dialogue box ပေါ်လာပါမည်။ Application အားမိမိ၏ wall တွင် ရေးလိုရာ ရေးသားနိုင်ရန် ခွင့်ပြုသည့်သဘော၊ မိမိထံ email ပို့ခွင့်ပြုသည့်သဘော ဖြစ်ပါသည်။ မိမိအတွက်သာမက မိမိနှင့် ပတ်သက်သော သူငယ်ချင်းများအတွက်ပါ ခွင့်ပြုပေးရခြင်းလည်း မည်ပါသည်။ ယင်း Box ၏ အောက်ဘက်မှ Allow တွင် ဘယ်ကလစ်နှိပ်ပါ။ နောက်အဆင့်သည် application ကို အမှန်တကယ် Install လုပ်သည့်အဆင့် ဖြစ်ပါသည်။ Installation Wizard က ခိုင်းစေသည်များကို အလိုက်သင့် လုပ်ဆောင်ပေးသွားရန် လိုအပ်ပါသည်။ ယင်း application သည် Home page ၏ application ခေါင်းစဉ်အောက်တွင် ပေါ်နေပါမည်။ ဘယ်ကလစ် နှိပ်၍ အသုံးပြုနိုင်ပါသည်။ အသုံးမပြုတော့၍ ဖျက်ထုတ်လိုသည် ဆိုပါက Home Page ထဲဝင်၍ application  တွင် ဘယ်ကလစ်နှိပ်ပါ။  Install လုပ်ထားသော Application များ ညာဘက်အကွက်ထဲတွင် ပေါ်လာပါမည်။ သက်ဆိုင်ရာ Application ၏ ညာဘက်ရှိ ခဲတံနေရာတွင် ဘယ်ကလစ်နှိပ်ပါ။ Dialogue box တစ်ခု ကျလာပါမည်။ Remove App ဆိုသော နေရာတွင် ဘယ်ကလစ်နှိပ်ပါ။ Remove  ကို အတည်ပြုခိုင်းသော နောက်ထပ် dialogue box  တစ်ခု ထပ်ကျလာပါမည်။ Remove တွင် ဘယ်ကလစ် ထပ်နှိပ်ရုံသာ ဖြစ်ပါသည်။ မိမိကိုယ်တိုင် ထည့်သွင်းထားသော App များကိုသာ ဖယ်ထုတ်၍ ရနိုင်ပြီးFacebook ၌ default ပါဝင်သော App များကို ဖယ်ထုတ်၍ မရပါ။ (Facebook သည် တစ်နှစ် တစ်ကြိမ်လောက် ပြောင်းလဲနေသည် ဖြစ်၍ App List သည် အမြဲတစေ အတိုးအလျော့ ရှိနိုင်ပါသည်။)

ဆောင်းပါးရှင် - ဧဧသက်

လောကကြီးကို အပြောင်းအလဲဖြစ်စေတဲ့ နည်းပညာများ (BIOMETRIC)



Photo
ဇီဝဗေဒပညာရပ်ကို အသုံးချပြီး သက်သေခံ အထောက်အထားယူကာ အသုံးချစေတဲ့နည်းကို biometric လို့ ခေါ်လိုက်ကြတယ်။  လူရဲ့မွေးရာပါ ရုပ်လက္ခဏာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အပြုအမူတစ်ခုခု ဖြစ်ဖြစ် တစ်ခုထက်မကဖြစ်ဖြစ် အခြေပြုထားချက်ကို အသိအမှတ်ပြုပြီး စစ်ဆေးယူတဲ့ နည်းလမ်း ဖြစ်တယ်။

လောကကြီးကို အပြောင်းအလဲ ဖြစ်စေတဲ့ နည်းပညာများ (Blade Server)



Photo
Server ကွန်ပျူတာတစ်လုံးရဲ့ ရုပ်ဝတ္ထု သဘာဝကို ချုံ့ပေးလိုက်ပြီး စွမ်းအင် သုံးစွဲမှုကိုလည်း အနည်းဆုံး ဖြစ်နေစေဖို့ မော်ဂျူလာ ဒီဇိုင်းတစ်ခုနဲ့ တည်ဆောက်ထားတာကို Blade Server လို့ ခေါ်လိုက်ကြတယ်။ 

လောကကြီးကို အပြောင်းအလဲဖြစ်စေတဲ့ နည်းပညာများ (ADSL)



Photo
မူလ အသုံးပြုနေတဲ့ တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို ပိုပြီး ထိထိရောက်ရောက် အသုံးပြုနိုင်စေတဲ့ ADSL (Asymmetrical Digital Subscriber Line) နည်းပညာ broadband အင်တာနက် ဆက်သွယ်ရေး စနစ်ကို တစ်ခေတ် ပြောင်းစေခဲ့တယ်။  တယ်လီဖုန်း ဆက်သွယ်ရေးစနစ်မှာ တစ်နေရာကနေ တစ်နေရာကို စကားသံတွေနဲ့ ဆက်သွယ် ပြောဆိုနိုင်တဲ့ အနေအထားက စခဲ့ကြတယ်။

Mobile Broadband အကြောင်း သိကောင်းစရာ



Photo
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက အင်တာနက်ဆိုတာ ကျွန်တော်တို့ဘဝမှာ မရှိမဖြစ် အရေးပါလာတယ်။  တစ်နေ့တစ်နေ့ အီးမေးလ်မှ မစစ်ရရင် မနေနိုင်သူတွေ၊ သိချင်တာတွေကို အင်တာနက်ထဲမှာ Google ကို ဖွင့်ပြီးတော့ မရှာရရင် စိတ်မချချင်တဲ့ သူတွေ၊ အွန်လိုင်းမှာ ဗီဒီယိုနဲ့ ရုပ်သံကြား စကားမှ မပြောရရင် မနေနိုင်သူတွေ၊ YouTube နဲ့ Facebook ကိုမှ တစ်နေ့ တစ်နာရီလောက် မထိုင်ရရင် ဘဝင်မကျချင်သူတွေ ပေါလာတယ်။

အထက်မှာ ကျွန်တော်ဖော်ပြခဲ့တဲ့ ဆန္ဒတွေအားလုံးဟာ broadband လို့ခေါ်တဲ့ မြန်နှုန်းမြင့် ဆက်သွယ်ရေးစနစ်နဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေပါတယ်။ ၂၀၀၇ ခုနှစ်လောက်ကတည်းက ဆန်းစစ်ချက်တစ်ခုမှာ အမေရိကန်နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းသော အင်တာနက်သုံးတဲ့ လူကြီးတွေဟာ broadband စနစ်ကို အိမ်မှာ သုံးနေကြတယ်လို့ ဆိုတယ်။

အင်တာနက်က ဉာဏ်ပိုကောင်းစေသလား



Photo
လက်ပ်တော့များ၊ စမတ်ဖုန်းများကြား၌ မွေးဖွားလာသည့် လူငယ်များ အားလုံးကို ဒစ်ဂျစ်တယ် ဒေသခံများ (Digital Natives) ဟု တင်စားလေ့ရှိ၏။  လူငယ်များ၏ ဦးနှောက်သည် ဖွံ့ဖြိုးကြီးထွားမှုနှုန်း မြန်၏။

မော်နီတာပေါ်က ရင်မောစရာများ



Photo
မြန်မာပြည်တွင် Desktop ကွန်ပျူတာသည် အိမ်သုံး၊ ရုံးသုံး၊ လုပ်ငန်းသုံးအတွက် အဓိကနေရာတွင် ရှိနေဆဲ ဖြစ်ပါသည်။  ကွန်ပျူတာဟု ဆိုသော်လည်း မော်နီတာ (ဖန်သားပြင်) က ကောင်းကောင်း အလုပ်မလုပ်လျှင် ကွန်ပျူတာကို ကောင်းကောင်း အသုံးပြုနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မော်နီတာတွင် ပြဿနာ ပေါ်ရခြင်းအကြောင်းနှင့် ဖြေရှင်းနည်းများကို ပြောပြလိုပါသည်။

Related Posts Plugin for WordPress, Blogger...

My Account