Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, January 16, 2012

ဓါတ်ပုံတွေကို သီချင်းတွေနဲ့ slide show လုပ်ချင်သူများ

ကျွန်တော့်ဆိုက်ကို လာလည်ကြတဲ့ဘော်ဒါတို့အတွက် ကျွန်တော် software ကောင်းလေးတစ်ခုပေးချင်ပါတယ်.ဒီ software လေးကတော့ ဓါတ်ပုံတွေနဲ့ သီချင်းတွေကိုတွဲပြီး သီချင်းခွေလုပ်ချင်တဲ့သူများအတွက်ပါ.Photo Slide Show software လေးတစ်ခုပါဘဲ.နာမည်ကတော့ ProShow.Gold.v3.2.2040 တဲ့.ရှိတဲ့သူတွေကတော့ ဒီကောင်လေးအစွမ်းထက်ပုံကိုတော့ သိပြီးကြမှာပါ.မရှိတဲ့သူတွေကလည်း မြန်မြန်လေး................ နောက်ကျနေဦးမယ်.
ကို့ကောင်မလေးကိုဘဲဖြစ်ဖြစ် ကောင်လေးကိုဖြစ်ဖြစ် လုပ်ပေးလိုက်ကြဦး.အဆင်ပြေရင်တော့ ကျွန်တော့်ကို သတိရကြဦးနော်.ရွှေမန်းသားလေးကြောင့်လို့.
မလုပ်တတ်မှာလည်း မပူနဲ့.ဘယ်လိုလုပ်ရလဲဆိုတာ ပုံနဲ့တကွ ရှင်းပြထားတဲ့ စာအုပ်ပါတစ်ခါတည်း ထည့်ပေးလိုက်တယ်နော်.Ready Ready Made Software.ဘယ်နိုင်ငံကမှ အဲလိုမထုတ်ပေးဘူး.Made in Shwe Man Tar ပေါ့ဗျာ ဟဲ......ဟဲ........
ဒါကြောင့် ကျွန်တော်ရှာပြီးတင်လိုက်တာနော်.လိုတဲ့သူများ ယူသွားလိုက်ကြပါ.ဆိုက်ဒ်ကတော့ 16MB ကျော်ကျော်လောက်ဘဲ ရှိပါတယ်.အားလုံးပျော်ရွှင်ကြပါစေ.
အကယ်၍ Password တောင်းလာပါက waiyanlinnmdy လို့သာ ရိုက်ပေးလိုက်ပါ.အဆင်ပြေသွားပါလိမ့်မယ်.

Download လုပ်ရန် လင့်များ

http://ifile.it/75t42uo

အားလုံးကိုကျေးဇူးတင်လျက်........
ရွှေမန်းသားလေး(နည်းပညာ)

G talk အကြောင်းစုံစုံလင်လင်လေ့လာရအောင်

ကျွန်တော်တို့လို internet ကိုအသုံးပြုနေတဲ့သူတိုင်းမှာတော့ gmail အကောင့်တစ်ခုလောက်တော့ ရှိကောင်းရှိပါလိမ့်မယ်.ဒါပေမယ့် ဘယ်လိုစနစ်ကျစွာ အသုံးပြုရမလဲဆိုတာတော့ သိတဲ့သူရှားပါတယ်.အခုကျွန်တော်လည်း Gtalk နဲ့ ပတ်သက်တဲ့ စာအုပ်တော်တော်များများကို ရှာပြီးတင်ပေးလိုက်ပါတယ်.
Gtalk ကိုစနစ်တကျ သုံးစွဲတတ်စေချင်တဲ့စေတနာနဲ့ပါ.ကျွန်တော်လည်း ဒီစာအုပ်တွေကိုလေ့လာရင်း တတ်မြောက်ခဲ့လို့ ဘော်ဒါတို့ကိုလည်း ကျွမ်းကျင်စေချင်လို့ပါ.လိုချင်ရင်ကတော့ ယူသွားလိုက်ကြပါ.ဆိုက်ဒ်ကတော့ 5MB ကျော်ကျော်ဘဲ ရှိပါတယ်.အားလုံးပျော်ရွှင်ကြပါစေ.
အကယ်၍ Password တောင်းလာပါက waiyanlinnmdy လို့သာ ရိုက်ပေးလိုက်ပါ.အဆင်ပြေသွားပါလိမ့်မယ်.

Download လုပ်ရန် လင့်များ

http://ifile.it/6bsk3v5

အားလုံးကိုကျေးဇူးတင်လျက်........
ရွှေမန်းသားလေး(နည်းပညာ)

အချစ်ရေးပြန်အဆင်ပြေစေဖို့

ချစ်သူ(ရည်းစား)ဘ၀မှာ မကြာခဏ စကားများ၊ ခိုက်ရန်ဖြစ်၊ စိတ်ကောက်၊ မခေါ်မပြော၊ အဆင်မပြေဖြစ်ရလို့ စိတ်ညစ်နေရသူတွေ ဖြစ်စေ၊ လတ်တလော အချိန်မှာ အကြောင်းတစ်မျိုးကြောင့် ချစ်သူနဲ့ အဆင်မပြေဖြစ်ပြီး အမြန်ဆုံး ပြန်အဆင်ပြေ စေချင်သူတွေဖြစ်စေ ဒီအစီအမံကို လုပ်ကြည့်ပါ။ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ ဘယ်နေ့ဖွားဖြစ်ဖြစ် လုပ်လို့ရပါတယ်။
ဒီ အစီအမံမှာ အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ သပြေရွက် အရွယ်ညီနှစ်ရွက် ဖြစ်ပါတယ်. ပန်းအိုးထိုးတဲ့ သပြေပန်းရဲ့ အရွက်ပဲဖြစ်ဖြစ် စားလို့ရတဲ့သပြေသီး သီးတဲ့ သပြေပင်က အရွက်ပဲဖြစ်ဖြစ် အဆင်ပြေရာ သုံးနိုင်ပါတယ်..
သပြေရွက်တစ်ရွက်ရဲ့ အတွင်းဘက် မျက်နှာပြင် ရွက်ကြော အပေါ်ဘက်နေရာမှာ အညှာဘက်မှ အဖျားဘက်ကို အမျိုးသားနာမည် ရေးပါ..ရွက်ကြော(အလယ်ကြော)ရဲ့ အောက်ဘက်မှာ အမျိုးသမီးနာမည်ကို ရေးပါ..
နောက် အရွက်တစ်ရွက်မှာတော့ ရွက်အလယ်ကြောရဲ့ အပေါ်ဘက်ခြမ်းမှာ “အချစ်ရေး အဆင်ပြေစေ” (သို့မဟုတ်)“အချစ်ရေး ပြန်အဆင်ပြေစေ” ဆိုတဲ့ စာတန်းရေးပါ..အရွက်အလယ်ကြောရဲ့ အောက်ဘက်ခြမ်းမှာတော့ “ အချစ်ရေးမှာ စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ” ဆိုတဲ့ စာတန်းရေးပါ..
သတိပြုရမှာက ချစ်သူ သက်တမ်း(၁)နှစ် မပြည့်သေးရင် သပြေရွက် နည်းနည်းနုတာကို သုံးပါ..ချစ်သူသက်တမ်း (၁)နှစ်ကျော်ရင် သပြေရွက် ခပ်ရင့်ရင့်ကို သုံးပါ..
အဲဒီ စာရေးပြီး သပြေနှစ်ရွက်ကို အရင်းအချင်းချင်း၊ အဖျားအချင်းချင်း တည့်ဖြစ်အောင် မျက်နှာချင်းဆိုင် ထပ်လိုက်ပါ..သပြေရွက်စုံတွဲ ဖြစ်သွားမယ်..ပန်းရောင်ပ၀ါ(သို့မဟုတ်)အဖြူရောင် ပ၀ါတစ်ထည်နဲ့ သပြေရွက်စုံတွဲကို ထည့်ထုပ်ပြိး အင်္ကျီအိတ်ထဲမှာဖြစ်စေ၊ ပိုက်ဆံအိတ်ထဲမှာဖြစ်စေ ထားရမယ်..
နေ့စဉ် နေ့ရော ညပါ ဘယ်အချိန်မဆို အဲဒီ သပြေရွက်ထည့်ထားတဲ့ ပ၀ါခေါက်ကို ညာလက်မှာ ကိုင်ပြီး အောက်ပါအတိုင်း နှုတ်က နှစ်ခေါက်ရွတ်ပါ..“ အချစ်ရေး အဆင်ပြေပါစေ၊ စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ(သို့မဟုတ်)အချစ်ရေး အမြန်ဆုံးပြန်အဆင်ပြေပြီး စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ ”
အချိန်ရတိုင်း ခဏခဏ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်..သပြေရွက်နှစ်ရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်ကတော့ တနင်္လာနေ့ မွန်းလွဲ(၃)နာရီမှ (၄)နာရီခွဲအတွင်း ဖြစ်ရပါမယ်..
(၁၁)ရက်မှ (၁၁)ပတ်အတွင်း အောင်မြင်တတ်ပါတယ်..
ဝန်ခံချက်။ ။ဆရာကြီးဦးအောင်မြိုင်ရေးသားသော “အချစ်ရေးအတွက် ယတြာနည်းလမ်းကောင်းများ”စာအုပ်မှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်..

မိမိချစ်သူက မိမိတစ်ဦးတည်းကိုသာ ချစ်ခင်စွဲလမ်း သစ္စာရှိနေဖို့.


အချို့ကတော့ ပင်ကို ဗီဇကောင်းပေမယ့် အခြေအနေနဲ့ ပတ်ဝန်းကျင်ကြောင့် ချစ်သူ(ရည်းစား)တစ်ယောက်ထက် ပိုထား မိတာမျိုး ကြုံတတ်ပါတယ်.
ဘယ်လိုပဲဖြစ်ဖြစ်လေ မိမိချစ်သူ(ရည်းစား)က မိမိတစ်ဦးတည်းကိုသာ ချစ်ခင်စွဲလမ်းပြီး ထာဝရ သစ္စရှိနေဖို့ လိုအပ်တယ်ဆိုရင် ဒီ အစီအမံ ကို လုပ်ကြည့်ပါ.
အဓိက လိုအပ်တဲ့ပစ္စည်းကတော့ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်တစ်ရွက်သာဖြစ်ပါတယ်. စွယ်တော်ရွက်ရဲ့ အတွင်းဘက်မျက်နှာမှာ ဘောလ်ပင်နဲ့ အောက်ပါအတိုင်း စာရေးရပါမယ်.
အညှာဘက် စတင်ရေးရမယ်.စာရေးပြီးရင် အဲဒီနှစ်လွှာကို ပိတ်လိုက်ပါ စာရေးထားတဲ့ အတွင်းမှာ ရှိနေရမယ်.
“ ချစ်ခင်စွဲလမ်း” ဆိုတဲ့ စာသားအပေါ်က အစက်ကလေးတွေ ပြထားတဲ့နေရာမှာတော့ မိမိရဲ့နာမည်ကိုရေးရမယ်.“ သစ္စာရှိစေ”ဆိုတဲ့ စာသားအပေါ်က အစက်ကလေးတွေပြထားတဲ့ နေရာမှာတော့ မိမိချစ်သူရဲ့ နာမည်ကို ရေးရပါမယ်. စာရေးပြီး နှစ်လွှာပြန်ပိတ်ထားတဲ့ စွယ်တော်ရွက်ကို ပလတ်စတစ်အကြည်အိတ်ကလေးထဲ သေချာထည့်၊ ရေမွှေးနည်းနည်းဖျန်းပြီးမှ မိမိရဲ့ ခေါင်းအုံးအောက်(သို့မဟုတ်) မွေ့ရာ အောက်မှာ ထည့်ပါ.
နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်အဲဒီ စွယ်တော်ရွက်အိတ်ကလေးကို ညာလက်နဲ့ အုပ်ထားပြီး အောက်ပါအတိုင်း နှုတ်က နှစ်ခေါက်ရွတ်ပါ.
“ ချစ်သူ(--)မှ ကျွန်ုပ်အပေါ် သစ္စရှိပြီး ကျွန်ုပ်တစ်ဦးတည်းကိုသာ ချစ်ခင် စွဲလမ်းနေဖို့ ကူညီပေးပါ”
ကျွန်ုပ်ဆိုတဲ့ နာမ်စားနေရာမှ မိမိနာမည်ကို ထည့်နိုင်ပါတယ်.ဒါမှမဟုတ် ကျွန်တော်(သို့မဟုတ်)ကျွန်မကိုလဲ ထည့်နိုင်တယ်.အစက်ကလေးတွေ ပြထားတဲ့နေရာမှာတော့ မိမိချစ်သူရဲ့ နာမည်ကို ထည့်ရွတ်ရမယ်.(ညအိပ် ခရီးဝေးတွေသွားရင် ယူသွားပြီး ရောက်တဲ့နေရာမှာ လုပ်လို့ရတယ်.)
စွယ်တော်ရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်အခါက ဗုဒ္ဓဟူးနေ့ ညနေပိုင်း (၆)နာရီမှ (၈)နာရီအတွင်း ဖြစ်စေရမယ်.ဘယ်နေ့ဖွား မဆို လုပ်နိုင်ပါတယ်.

ဝန်ခံချက်။ ။ဆရာကြီးဦးအောင်မြိုင်ရေးသားသော “အချစ်ရေးအတွက် ယတြာနည်းလမ်းကောင်းများ”စာအုပ်မှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်..

ဘားကဲ့မ်ပ် မန္တလေး ၂၀၁၂



ဘားကဲ့မ်ပ် ဆိုတဲ့ဝေါဟာရ ပေါ်လာတာ ဆယ်စုနှစ်တစ်ခု မပြည့်သေးပါဘူး။ ပုံမှန်ကျင်းပရတဲ့ ထုံးတမ်းစဉ်လာ ညီလာခံတွေလို မဟုတ်တဲ့ ဆွေးနွေးပွဲ၊ မျှဝေပွဲ၊ ဖလှယ်ပွဲ၊ နှီးနှောပွဲ တစ်ခုသာ ဖြစ်ပါတယ်..ဒီနေ့ နည်းပညာခေတ်ကြီးထဲမှာ နေ့စဉ်နှင့်အမျှ နည်းပညာအသစ်အသစ်တွေ ပေါ်ထွက်လာနေပါတယ်..အဲဒီ ပေါ်လာသမျှ အသစ်တွေကို လူတိုင်း လက်လှမ်းမီဖို့ မလွယ်ပါဘူး။ နည်းပညာကို ရှာဖွေ စူးစမ်းတဲ့ လူကလည်း ဈာန်ဝင်ပြီး စူးစမ်းတယ်..ရသွားတဲ့ အခါမှာ မျှဝေချင်လာတယ်..လူတိုင်းကို အိမ်ခေါ်သင်ပေးဖို့ကလည်း မဖြစ်နိုင်။ ဒီတော့ နဲနဲစီ စုပြီး မျှဝေရရင်တော့ ကောင်းမှာပဲဆိုတဲ့ အကြံပေါ်လာတယ်..ဒီလိုနဲ့ပဲ ဘားကဲ့မ်ပ် ဆိုတာ ဖြစ်လာတာပါ..

Related Posts Plugin for WordPress, Blogger...

My Account