Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!
Monday, June 11, 2012
Microsoft ၏ လုံခြုံရေး အထောက်အထားအတုများ အသုံးပြု၍ Flame ဗိုင်းရပ်စ် ပျံ့နှံ့နေ
အရှေ့အလယ်ပိုင်းဒေသတွင် ကူးစက် ပြန့်ပွားနေသည့် Flame ဗိုင်းရပ်စ်သည် Microsoft ၏ လုံခြုံရေးဆိုင်ရာ အထောက်အထား (security certificate) အတုများကို အသုံးပြုပြီး ပြန့်ပွားနေခြင်း ဖြစ်ကြောင်း Microsoft ကုမ္ပဏီမှ ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ဖော် ပြောကြားလိုက်သည်။
2020 ခုနှစ်တွင် Facebook ပျောက်ကွယ်နိုင်ကြောင်း သုတေသီတစ်ဦး ပြောကြား
မိုဘိုင်း ဝက်ဘ်စနစ်ကို ပိုမို အသုံးပြုလာကြခြင်းနှင့်အတူ Facebook မှလည်း ယင်းနယ်ပယ်အတွင်း ဝင်ရောက်ရန် ကြိုးစားအားထုတ် နေခြင်းကြောင့် Facebook အမည်ရှိ လူမှုကွန်ရက်ဆိုက်တစ်ခုမှာ လာမည့် ၂၀၂၀ ခုနှစ်တွင် လုံးဝပျောက်ကွယ်သွားနိုင်ကြောင်း သုတေသီတစ်ဦးက ခန့်မှန်း ပြောကြားလိုက်သည်။
အင်တာနက် ကုမ္ပဏီများက IPv6 အင်တာနက် လိပ်စာသစ်များကို ပြောင်းလဲအသုံးပြုခဲ့
မျိုးဆက်သစ် အင်တာနက် နည်းပညာဖြစ်သည့် IPv6 ကို ကမ္ဘာ့ IPv6 စတင်အသုံးပြုသည့်နေ့ (World IPv6 Launch Day) ဖြစ်သည့် ဇွန်လ ၆ ရက်က အင်တာနက် ကုမ္ပဏီများမှ ပြောင်းလဲ အသုံးပြုခဲ့ကြသည်။ အဆိုပါနေ့တွင် ကုမ္ပဏီအချို့က Internet Protocol version 6 (IPv6) ကို ပြောင်းလဲ အသုံးပြုခဲ့ကြပြီး အဆိုပါ ကုမ္ပဏီများတွင် Microsoft, Facebook, Google နဲ့ Yahoo စသည့် ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။
Earth အတွက် full 3D feature နှင့် Maps အတွက် offline mode တို့ကို Google ပွဲထုတ်မိတ်ဆက်
အင်တာနက် ချိတ်ဆက်မှုမလိုဘဲ မိုဘိုင်းဖုန်းမှ မြေပုံကြည့်နိုင်မည့် Google Maps offline mode နှင့် မြေပုံများကို full 3D နှင့် ကြည့်ရှုနိုင်မည့် Google Earth full 3D ဗားရှင်းတို့ကို Google ကုမ္ပဏီက ပွဲထုတ် မိတ်ဆက်ပေးခဲ့သည်။