Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 11, 2012

Earth အတွက် full 3D feature နှင့် Maps အတွက် offline mode တို့ကို Google ပွဲထုတ်မိတ်ဆက်



Photo
အင်တာနက် ချိတ်ဆက်မှုမလိုဘဲ မိုဘိုင်းဖုန်းမှ မြေပုံကြည့်နိုင်မည့် Google Maps offline mode နှင့် မြေပုံများကို full 3D နှင့် ကြည့်ရှုနိုင်မည့် Google Earth full 3D ဗားရှင်းတို့ကို Google ကုမ္ပဏီက ပွဲထုတ်  မိတ်ဆက်ပေးခဲ့သည်။
Android ပေါ်တွင်သာ အသုံးပြုနိုင်မည့် Google Maps offline ဗားရှင်းသည် အင်တာနက် ချိတ်ဆက်မှုမလိုဘဲ ဖုန်းပေါ်တွင် အသုံးပြုနိုင်သည့်အတွက် ဖုန်းလိုင်း မမိသည့်နေရာများတွင် အသုံးပြုရာ၌ အလွန် အသုံးတည့်စေမည် ဖြစ်ကြောင်း Google Maps မိုဘိုင်းမှ ထုတ်ကုန်မန်နေဂျာ ဖြစ်သူ Rita Chen က ပြောကြားသည်။

ကွန်ရက်ချိတ်ဆက်မှု မလိုအပ်သော်လည်း device တွင် ပါဝင်သည့် GPS ဖြင့် မြေပုံပေါ်ရှိ တည်နေရာများကို အပြာရောင်အစက်တစ်ခုဖြင့် ဖော်ပြပေးမည်ဖြစ်ပြီး သံလိုက်အိမ်မြှောင် feature ကို enable လုပ်ထားပါကလည်း တွဲဖက် အသုံးပြုနိုင်မည်ဟု သိရသည်။ iOS အတွက် Google Maps ကိုမူ မကြာမီ ကျင်းပမည့် WWDC ပွဲတွင် မိတ်ဆက်ပေးဖွယ် ရှိသည်။ Google Earth full 3D ဗားရှင်းကိုမူ Android နှင့် iOS ပေါ်တွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းသည် မြို့များကို 3D ပုံရိပ်များဖြင့် ဖော်ပြပေးမည် ဖြစ်ကာ ပုံရိပ်များကို ပတ်ပတ်လည်ကြည့်ခြင်း၊ လှည့်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။ ပုံရိပ်များကို ဖန်တီးခြင်းအတွက် အဆင့်မြင့် 3D rendering နည်းပညာကို အသုံးပြုထားပြီး ၎င်းနည်းပညာသည် လက်ရှိ အသုံးပြုနေသည့် နည်းပညာထက် ကွဲပြား ခြားနားကာ တိကျသည့် ပုံရိပ်များကို ဖော်ပြပေးနိုင်မည်ဟု သိရသည်။

-နောင်နောင်
Ref: CNET

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account