Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, April 1, 2012

ဧပြီလ (၇)ရက်သားသမီး ဗေဒင်ဟောစာတမ်း


.
တနင်္ဂနွေသားသမီးများ
တနင်္ဂနွေ သားသမီးများအတွက် ယခုလမှာ ကံဇာတာ အကောင်းအဆိုး ရောနှောနေတာကို တွေ့ရပါတယ်။ အိုးအိမ် ခြံမြေ ကိစ္စ ၊ အလုပ်အကိုင် တိုးတက်ရေး အခွင့်အလမ်း ကိစ္စတွေမှာတော့ ကံကောင်းမှုများကို ရရှိနိုင်ပါတယ်။ အိုးအိမ် ခြံမြေ အသစ် ၀င်ရောက်ကိန်း (သို့) ၀ယ်ယူပြီး အိုးအိမ်ခြံမြေမှ အကျိုးအမြတ်ရကိန်းများ ရှိတယ်။
ပညာရေးကံကောင်းနေတာမို့ စာမေးပွဲ ဖြေဆိုထားသူများ ၊ ဖြေဆိုမည့်သူများ အဆင်ပြေချောမွေ့နိုင်တယ်။ တနင်္ဂနွေ ၊ အင်္ဂါ နဲ့ ကြာသပတေး သက္ခတ်များအတွင်း ရောက်နေသူများ လုပ်ငန်းများ တိုးတက်ခြင်း ၊ တိုးချဲ့ရခြင်းများ ကြုံရနိုင်တယ်။
ဒါပေမယ့် ဒီလမှာ တနင်္ဂနွေသားသမီးများအတွက် လက်အောက်ငယ်သားများရဲ့ မရိုးသားမှုများကြောင့်၎င်း ၊ သစ္စာမရှိမှုများကြောင့်၎င်း ၊ ကိုယ်ပါ ရောပြီး နာမည်ပျက်ကိန်းရှိတယ်။ ဒီလမှာ လက်အောက်လူ ၊ လူမျိုးခြား ၊ ဘာသာခြားတွေ ဒုက္ခပေးနိုင်တယ်။ ကိုယ့်ရဲ့ နာမည်သတင်းနဲ့ ဂုဏ်သိက္ခာများ ကျဆင်းနိုင်တဲ့ ကံကြမ္မာမျိုး ရှိနေတယ်။
ငွေကြေးကတော့ အ၀င်များရင်လည်း များမယ်။ ဒါပေမယ့် အဖတ်မတင်တတ်ဘူး။ အိတ်ပေါက်နဲ့ ဖားကောက်ရသလို ဖြစ်တတ်တယ်။ မကောင်းတဲ့ သက္ခတ်များအတွင်း ရောက်နေသူများ ငွေကြေး အဆုံးအရှုံး များတတ်ပါတယ်။ ဒီလမှာ တနင်္လာနံတွေဖြစ်တဲ့ ငွေ ၊ မိခင် ၊ ကား နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကံမကောင်းဘဲ ဖြစ်နေတတ်တယ်။
နဂိုကတည်းက ကိုယ့်မိသားစု နဲ့ အေးအေးချမ်းချမ်း နေလိုသူများ ၊ တင်းတိမ်ရောင့်ရဲ လွယ်သူများအတွက်တော့ ဒီလဟာ မိသားစုနဲ့အတူ အေးချမ်းသာယာစွာဖြင့် အနားယူနိုင်ပြီး စိတ်ချမ်းသာရမယ့် လ, တစ်လဖြစ်လိမ့်မယ်။ သူတို့အတွက်တော့ အကောင်းဟောရမယ်။
နဂိုကတည်းက အလုပ်ကြီးအကိုင်ကြီးတွေနဲ့ မနိုင်ဝန် ထမ်းနေကြသူတွေ ၊ လောဘသက္ကာယ ကြီးမားတတ်ကြတဲ့ တနင်္ဂနွေသားသမီးများအတွက်တော့ ဒီလဟာ ဖင်မနိုင် ခေါင်းမနိုင်ဖြစ်ပြီး စိတ်ပင်ပန်းရမယ့် လ,ဖြစ်တယ်။ အလုပ်ကြီးအကိုင်ကြီး လုပ်သူများ ဒီလထဲမှာ လူယုံ သစ္စာဖောက်တတ်လို့ သတိအထူးပြုရမယ်။
.
ယခုလအတွက်- နာမည်မှာ

- တနင်္ဂနွေ စ,ပြီး တနင်္ဂနွေ ၊ ကြာသပတေး နဲ့ ဆုံးထားသူများ ကံဇာတာကောင်းမွန်မှုများကို အထူးရရှိခံစားရပါလိမ့်မယ်။
- တနင်္ဂနွေ စ,ပြီး အင်္ဂါ နံနဲ့ ဆုံးထားသူများ လူပင်ပန်း ၊ စိတ်ပင်ပန်းမှု များလိမ့်မယ်။
- တနင်္ဂနွေ စ,ပြီ ဗုဒ္ဓဟူး(ရာဟု)ဆုံးထားသူများ အိမ်ထောင်ရေးပြဿနာ ၊ အိမ်ရှင်အိမ်ငှားပြဿနာ ၊ အိုးအိမ်နဲ့ ပတ်သက်တဲ့ အမှုအခင်းများ ကြုံရဖွယ် ရှိတယ်။ “ရေ” နဲ့ ပတ်သက်ပြီး ဥပဒ်ပေးနိုင်လို့ သင်္ကြန်တွင်း ရေကစားလျှင် သတိပြုပါ။
- တနင်္ဂနွေ စ,ပြီး တနင်္လာ (သို့) သောကြာနံများနှင့် ဆုံးထားသူများ ဂုဏ်သိက္ခာကျဆင်းခြင်း ၊ အလုပ်နေရာ အပြောင်းအလဲ ဖြစ်ခြင်း၊ ကျန်းမာရေး ထိခိုက်ခြင်းများ အထူးကြုံတွေ့နိုင်တယ်။
- တနင်္ဂနွေ စ,ပြီး စနေနံ ဆုံးသူများ လက်အောက်လူ ၊ လူမျိုးခြား ဘာသာခြား နဲ့ ပတ်သက်ပြီး ထိခိုက်နစ်နာစရာ ကိစ္စတွေ ကြုံရနိုင်တယ်။ နာမည်ပျက်ကိန်း ရှိတတ်တယ်။
.
ယတြာပြုလုပ်လိုပါက - မိမိနေအိမ်ဘုရားမှာဖြစ်ဖြစ် ၊ တန်ခိုးကြီးဘုရားမှာဖြစ်ဖြစ် - တနင်္ဂနွေနေ့ နံနက်စောစောမှာ “ပြောင်းဖူးပေါက်ပေါက်ပွင့်” ကို ဆီဆမ်းပြီး ကပ်လှူပူဇော်လိုက်ပါ။
.

တနင်္လာ သားသမီးများ

ယခုလအတွက် တနင်္လာသားသမီးများ ကံဇာတာ သိပ်ကောင်းလှတယ် မဆိုနိုင်ပါ။ သက္ခတ်အညံ့များအတွင်း ရောက်နေသူများ အလုပ်နေရာ အပြောင်းအလဲဖြစ်နိုင်တယ်။ အကြီးအကဲ ဖြစ်စေ ၊ ဖခင် မှာဖြစ်စေ ဘေးဒုက္ခတွေ့ရဖွယ် ရှိတယ်။

မိမိရဲ့ လုပ်ကိုင် ဆောင်ရွက်မှုများ မအောင်မမြင်ဖြစ်တတ်တယ်။ ဂုဏ်သိက္ခာကျဆင်းရဖွယ် ရှိတယ်။ မိမိရဲ့ လျှို့ဝှက်ချက်များ ပေါ်ပေါက်တတ်တယ်။ လူလည်းပင်ပန်း ၊ စိတ်လည်း ပင်ပန်းဖြစ်မယ်။ စိတ်နှစ်ခွဖြစ်မယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်များကို မချနိုင်ဘဲ ရှိနေတတ်တယ်။
လက်အောက်လူများနဲ့ မသင့်မတင့်ဖြစ်မယ်။ လူမျိုးခြား ဘာသာခြားများနဲ့ မသင့်မမြတ်ဖြစ်မယ်။ လူမှုဆက်ဆံရေးပိုင်းတွေမှာ မပြေမလည်ဖြစ်နိုင်တယ်။ သားသမီးရှိသူများ သားသမီးအတွက် စိတ်သောကရောက်စရာ ကိစ္စများ ကြုံရဖွယ် ရှိတယ်။
ငွေကြေးကြေးရေးပိုင်းမှာတော့ ပြဿနာ သိပ်မရှိနိုင်ဘူး။ ပုံမှန်ဝင်ငွေ (သို့) ပုံမှန်ဝင်ငွေထက် ပိုပြီး ၀င်နိုင်ချေရှိတယ်။ စစ်မှုလက်မှု လုပ်ငန်း ၊ ဆေးဝါးပစ္စည်းလုပ်ငန်း များ ထုတ်လုပ် ရောင်းဝယ်သူများ အကျိုးများနိုင်တယ်။ ဒါပေမယ့် အိုးအိမ်ခြံမြေလုပ်ငန်း ၊ ယာဉ်ကားလုပ်ငန်း လုပ်ကိုင်သူများ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ရှိနေလိမ့်မယ်။
နိုင်ငံခြား ခရီး ၊ ပြည်တွင်းခရီးများ သွားလာရဖွယ်ရှိပြီး ခရီးနဲ့ ပတ်သတ်တဲ့ ကိစ္စတွေမှာတော့ ကံဇာတာ တိုးတက်ကောင်းမွန်ဖို့ များပါတယ်။ တနင်္လာသားသမီးများအတွက် ယခုလမှာ အိမ်မှာ သိပ်မနေဘဲ ခရီးများများထွက်ပေးခြင်းဖြင့် အဆိုး ၊ အညံ့များ အတော်အတန်ပြေပျောက်ဖွယ် ရှိပါတယ်။
.
ယခုလအတွက်- နာမည်မှာ
- တနင်္လာစ,ပြီး အင်္ဂါ နဲ့ သောကြာ ဆုံးသူများသာ ကံဇာတာ အကောင်းပိုများနိုင်ပြီး ကျန်နေ့နံများဖြင့် ပိတ်သူများ ကံဇာတာ ညံ့ဖျင်းဖွယ်ရှိတယ်။
- တနင်္လာစ,ပြီး ကြာသပတေးနံဖြင့် ဆုံးသူများ လူပင်ပန်း ၊ စိတ်ပင်ပန်းမှုများပြီး အခက်အခဲများပေမယ့် ကံဇာတာ သင့်မြတ်ပါတယ်။
- တနင်္လာစ,ပြီး တနင်္ဂနွေ ဆုံးထားသူများ ကံမကောင်းလှပါ။ အလုပ်နေရာ အပြောင်းအလဲ ၊ အိုးအိမ်ကိစ္စ ၊ လက်အောက်လူ ကိစ္စ များနဲ့ ပတ်သက်ပြီး ခေါင်းခဲရမယ်။
- တနင်္လာစ,ပြီး ဗုဒ္ဓဟူး(ရာဟု) နံများဖြင့် ဆုံးထားသူများ ဒီလမှာ ကံဇာတာ မကောင်းလှလို့ သတိထားပါ။ ကျန်းမာရေး နှင့် မတော်တဆ ထိခိုက်မှုများ သတိထားပါ။
- တနင်္လာစ,ပြီး စနေနံ ဆုံးသူများ ယခုလမှာ Accident တစ်ခုခု ကြုံနိုင်တယ်။ မိမိဂုဏ်သိက္ခာကျဆင်းအောင် လုပ်ကြံဖန်တီးခံရတတ်တယ်။ စနေသက္ခတ်ထဲဆိုရင် ယတြာကို များများလုပ် ၊ ကုသိုလ်ကောင်းမှု များများလုပ်ပါ။
ယတြာပြုလုပ်လိုပါက- အုန်းသီးတစ်လုံးကို တနင်္ဂနွေနေ့ညတွင် မိမိခြေရင်းတွင် ထားအိပ်ပြီး နောက်နေ့နံနက်စောစောတွင် နေအိမ်၏ တောင်အရပ်သို့ စွန့်ပစ်လိုက်ပါ။ ယခုလတစ်လလုံး ၊ အုန်းသီး ၊ ၀က်သား အထူးရှောင်ပါ။ ခိုက်စာများဖြစ်နေသည်။
.
အင်္ဂါ သားသမီးများ

ယခုလမှာ အင်္ဂါသားသမီးများအတွက် - ကံကောင်း ကံညံ့ ရောထွေးနေဖွယ်ရာ ရှိပါတယ်။ အပြောင်းအလဲ တစ်ခုခုဖြစ်ဖွယ် (သို့) အပြောင်းအလဲတစ်ခုခုတွင် ပါဝင်ပတ်သက်ရဖွယ် ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု များနိုင်တယ်။ စိတ်ဓာတ်တက်ကြွမှု ရော ၊ စိတ်ဓာတ်ကျဆင်းမှုများကိုပါ ရောနှောခံစားရဖွယ် ရှိပါတယ်။
ငွေကြေးကံ ကောင်းတတ်သလို ငွေဆုံးရှုံးမှုကံလည်း များနိုင်တယ်။ “ကုလားခပ်တဲ့ရေ ကုလားဖင်ဆေးတာနဲ့ကုန်” ဆိုတာလို ဖြစ်နိုင်တယ်။ ဘ၀အောင်မြင်ရေးအတွက် အကြိတ်အနယ် ကြိုးစားပြီးမှ အောင်မြင်နိုင်မယ်။ လက်အောက်ငယ်သား ၊ တပည့်တပန်းများရဲ့ ၀ိုင်းဝန်းကူညီမှုကြောင့် အောင်မြင်မှုများ ရရှိမယ်။
အိမ်ထောင်ပြုရန် ကြံရွယ်ထားသူများ အိမ်ထောင်ကျကိန်း ရှိတယ်။ ပညာရေးကံ တိုးတက်ကောင်းမွန်နိုင်တယ်။ ၀န်ထမ်းဖြစ်ပြီး သက္ခတ်ကောင်းများတွင် ရောက်နေသူများ ရာထူးတိုးတက်ကိန်း ရှိတယ်။ အထူးသဖြင့် အစိုးရ၀န်ထမ်းဆိုရင် ပိုပြီး အခွင့်အလမ်းများနိုင်တယ်။ ယာဉ်ကား ၀င်ကိန်းသော်၎င်း ၊ ယာဉ်ကားနဲ့ ပတ်သက်ပြီး အကျိုးခံစားခွင့်သော်၎င်း ရှိလိမ့်မယ်။ အိုးအိမ်ခြံမြေနှင့် ပတ်သက်ပြီး ကံကောင်းမှုကို ရရှိနိုင်တယ်။
ခရီးသွားလာမှုနှင့် ပတ်သက်ပြီး ကံဇာတာ သိပ်မကောင်းနိုင်သေးပါ။ ခရီးစဉ်များ ပျက်ပြားခြင်း ၊ ခရီးသွားလာမှု အဆင်မပြေခြင်း၊ ထိခိုက်မှုများဖြစ်ခြင်းများ ဖြစ်နိုင်ပါတယ်။
မိမိဟာ အရေးပါ အရာရောက်တဲ့ ပုဂ္ဂိုလ်ြဖစ်ရင် ဒီလ, ထဲမှာ “စကား” နဲ့ ပတ်သက်ပြီး သတိထားပါ။ “စကားများ ၊ အမှားပါ” ဆိုတာလို မိမိအနေနဲ့ မရည်ရွယ်ဘဲ မှားယွင်းတဲ့စကား ၊ မပြောသင့်တဲ့ စကားပြောမိပြီး မိမိအဖွဲ့အစည်းအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်တတ်ပါတယ်။ မိမိအပေါ် ယုံကြည်မှု ပျက်ပြားနိုင်ပါတယ်။ ပြောသင့်သလောက်သာ ထိန်းထိန်းသိမ်းသိမ်းပြောပါလို့ အကြံပြုလိုပါတယ်။ (စကားတစ်ခွန်းကြောင့် ဒုက္ခရောက်တတ်တဲ့ လ, ဖြစ်ပါတယ်)
ယခုလအတွက်- နာမည်မှာ
- အင်္ဂါ စ,ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေးနံများနဲ့ ဆုံးထားသူများ ကံကောင်းမှု ၊ တိုးတက်အောင်မြင်မှုများကို ရရှိနိုင်မယ်။ အထူးသဖြင့် တနင်္လာနဲ့ နာမည်ကို အဆုံးသတ်ထားသူများ ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုမျိုး ရရှိနိုင်မယ်။
- အင်္ဂါ စ,ပြီး စနေနံနဲ့ ဆုံးထားသူများ အခက်အခဲ၊ အတိုက်အခံများပေမယ့် နောက်ဆုံးမှာ အောင်မြင်မှု ရရှိနိုင်ပါတယ်။ လူပန်း စိတ်ပန်းမှု များရတတ်တဲ့ လ, မျိုးဖြစ်ပါတယ်။
- အင်္ဂါ စ,ပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ သောကြာ နေ့နံ တစ်လုံးလုံးနဲ့ ဆုံးထားသူများ ယခုလ ကံဇာတာ နိမ့်ဖွယ်ရှိပါတယ်။ ကျန်းမာရေး ၊ မတော်တဆ ထိခိုက်မှု ၊ ဂုဏ်သိက္ခာကျဆင်းမှုများကို ကြုံဆုံရဖွယ်ရှိပါတယ်။
ယတြာပြုလုပ်လိုပါက - သံဃာတော်(အရေအတွက် မိမိတတ်နိုင်သလောက်) ဆွမ်းဆန်စိမ်း လောင်းလှူလိုက်ပြီး မိမိနေအိမ် ဘုရားတွင် ကံ့ကော်ပန်း မပြတ်ကပ်လှူပေးပါ။
.
ဗုဒ္ဓဟူး သားသမီးများ
ယခုလမှာ ဗုဒ္ဓဟူးသားသမီးများအတွက် - ကံကောင်းမှုတွေ အလွန်များပြားနိုင်တဲ့ လ, တစ်လဖြစ်နိုင်တယ်။ အောင်မြင်ခြင်း သရဖူကို ရယူပိုင်ဆိုင်နိုင်တယ်။ လုပ်သမျှ ကိုင်သမျှ အောင်မြင်တတ်ပြီး “ဆေးစက်ကျရာ အရုပ်ထင်” နေတတ်တဲ့ လ, မျိုး ဖြစ်နိုင်တယ်။
အလွန် ညံ့သော သက္ခတ်များအတွင်း ကျရောက်နေများသူပင် ယခုလမှာ သင့်တင့်တဲ့ ကံကောင်းမှုကို ခံစားရနိုင်တယ်။ နာမည်နှင့် အသက်မွေးဝမ်းကျောင်းပြုသူများ နာမည်အလွန်ကြီးနိုင်တယ်။ ကောင်းသော ဂုဏ်သတင်းကျော်ကြားမှုများကို ရနိုင်ပါတယ်။
ငွေကြေးနဲ့ ပတ်သက်ပြီးရင်တော့ ငွေစုငွေပုံ ထွက်ကိန်း ရှိတာကြောင့် “တစ်ချက်ခုတ် နှစ်ချက်ပြတ်” ဆိုတာလိုဖြစ်အောင် ဒီလထဲမှာ အလှူဒါန ကြီးကြီးမားမားပြုလုပ်လိုက်ခြင်းဖြင့် ငွေထွက်ကိန်းလည်း ကျိန်းကျေပြီး တစ်ဖက်က ကောင်းမှုကုသိုလ်လည်း ပြုလုပ်ရာကျသွားနိုင်ပါတယ်။
ခရီးသွားလာမှု ကိစ္စများနှင့် ပတ်သက်ပြီး “သောင်မတင်၊ ရေမကျ” ဖြစ်ပြီးမှ သွားဖြစ်တတ်တယ်။ ခရီးသွားလာမှုနှင့် ပတ်သက်ပြီး စိတ်ရှုပ်ထွေးစရာများ ကြုံရတတ်တယ်။
ဝန်ထမ်းများ ၊ ရာထူးတက်ဖို့ နှောင့်နှေးကြန့်ကြာနေသူများ ယခုလမှာ ရာထူးတက်ဖို့ ကံအလွန်များပါတယ်။ အဆင့်မြင့် ရာထူးဖြစ်လျှင် ပိုပြီး ရာထူးတက်ဖို့ အခွင့်အလမ်းများပါတယ်။
အိုးအိမ် ၊ တိုက်ခန်း၊ အဆောက်အဦး ၀င်ကိန်းသော်၎င်း ၊ အိုးအိမ် ၊ တိုက်ခန်း နဲ့ ပတ်သက်ပြီးသော်၎င်း အကျိုးခံစားရဖို့အလွန်များပါတယ်။
လက်အောက်ငယ်သား ၊ ဆွေမျိုးသားခြင်းများနှင့် ပတ်သက်ရင်တော့ ကံမကောင်းလှဘူး။ စိတ်မချမ်းသာ စရာ ကိစ္စတွေ ကြုံနိုင်တယ်။ ခြုံပြောရင် ဒီလထဲမှာ ဗုဒ္ဓဟူးသားသမီးများအတွက် ကံကောင်းမှုတွေ သိသိသာသာ များနိုင်တဲ့ လ,ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
.
ယခုလအတွက်- နာမည်မှာ
- ဗုဒ္ဓဟူး စ,ပြီး တနင်္ဂနွေနံ (သို့) ဗုဒ္ဓဟူး(ရာဟု) နံများနဲ့ ပြန်ပိတ်သူများ ကံကောင်းမှု ၊ တိုးတက်အောင်မြင်မှုများကို သိသာစွာ ခံစား ရရှိနိုင်ပါတယ်။
- ဗုဒ္ဓဟူး စ,ပြီး သောကြာနံ နဲ့ ပိတ်ထားသူများလည်း အခက်အခဲ များပြားတတ်ပေမယ့် ကံကောင်းတိုးတက်နိုင်ပါတယ်။
- ဗုဒ္ဓဟူး စ,ပြီး စနေနံ နဲ့ ပိတ်ထားသူများ လက်အောက်လူ ၊ ဆွေမျိုးသားခြင်း ၊ လူမျိုးဘာသာခြားများ နဲ့ ပတ်သက်ပြီး ကံမကောင်းဖြစ်တတ်ပါတယ်။
- ဗုဒ္ဓဟူး စ,ပြီး တနင်္လာ (သို့) အင်္ဂါ (သို့) ကြာသပတးနဲ့ ပိတ်ထားသူများ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ရပါမယ်။ ငွေကြေး အဆုံးအရှုံး သတိပြုရပါမယ်။ ဒီနေ့နံ ()ခုပိတ်ကတော့ နည်းနည်း ညံ့လိမ့်မယ်။
ယတြာပြုလုပ်လိုပါက - ရွှေချထားသော (သို့) ရွှေမှင် သုတ်ထားသော “အုန်းသီး” တစ်လုံးကို ရခိုင်ငှက်ပျော ()ဖီး နှင့်အတူ ပွဲတစ်ပွဲ ထိုးပြီး မိမိနေအိမ် ဘုရားခန်းတွင် မွေးနေ့ နံနက် (၁၀)နာရီတွင် (သိကြားမင်း နှင့် သာသနာစောင့် နတ်မင်းကြီး ၄ပါးအား ရည်စူး၍) သာသနာပွဲထိုးလိုက်ပါ။ ကွမ်းယာ ()ယာ ၊ အမွှေးတိုင် ()တိုင် ၊ ဖယောင်းတိုင် ()တိုင်ပါ ထည့်ရမည်။ ငှက်ပျောသီး အားလုံး မှည့်ပြီး နွမ်းသွားလျှင် စွန့်ပစ်ရမည်။ (ယခုလ တစ်လထဲအတွက်သာ)
.
ကြာသပတေး သားသမီးများ

ကြာသပတေးသားသမီးများအတွက် - ကံဇာတာ အကောင်းအဆိုး ရောနှောနေမည့် လ, တစ်လဖြစ်နိုင်ပါတယ်။ ကောင်းသတင်းဖြစ်စေ မကောင်းသတင်းဖြစ်စေ ကျော်စောနိုင်တဲ့ လ, ဖြစ်နိုင်တယ်။ မိမိ၏ လုပ်ရပ် အပေါ်တွင် မူလည် လိမ့်မယ်။ ဒီလတစ်လလုံး ကိုယ်ပင်ပန်း စိတ်ပင်ပန်း ဖြစ်မယ်။ အလုပ်ဒဏ် ပိမယ်။ ဖခင်ဖြစ်သူ (သို့) အကြီးအကဲဖြစ်သူ နှင့်လည်း စိတ်သဘောထားခြင်း မတိုက်ဆိုင်ဘဲ ရှိတတ်တယ်။
ငွေရေး ကြေးရေးကံကတော့ သိပ်မဆိုးဘူး ပြောရမယ်။ တစ်ချို့ ငွေစုငွေပုံ ၀င်နိုင်တယ်။ ခရီးသွားလာရေးနှင့် ပတ်သက်သော လုပ်ငန်း လုပ်ကိုင်နေသူများ အားလုံး အကျိုးများနိုင်တယ်။
ကိုယ်တိုင်လည်း ခရီးထွက်ရတတ်တယ်။ ပြည်တွင်းအပန်းဖြေခရီး ၊ ဘုရားဖူးခရီး နှင့် နိုင်ငံခြား ခရီးများ သွားလာရဖွယ် ရှိပါတယ်။ နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ ထွက်မည့်သူများလည်း အဆင်ပြေချောမွေ့စွာ ထွက်ရကိန်း ရှိပါတယ်။
ဒီလထဲမှာ - စက်ပစ္စည်း ၊ ချွန်ထက်သောပစ္စည်း များ ကိုင်တွယ်ရာမှာ သတိထားပါ။ သွေးထွက်သံယိုကိန်း ရှိပါတယ်။ နောက်ပြီး လျှပ်စစ် ၊ မီး များကို ကိုင်တွယ်ရာမှာလည်း သတိပြုပါ။ မတော်တဆ ထိခိုက်ဒဏ်ရာ ရမှုတွေ တနည်းနည်းနဲ့ ကြုံနိုင်လို့ (အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ စနေ) သက္ခတ်များအတွင်း ရောက်နေလျှင် သတိထားပါ။
ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ကံကောင်းတယ်ဆိုပေမယ့် စိတ်သောက မအေးစရာ ကိစ္စတွေလည်း ကြုံနိုင်တယ်။ အထူးသဖြင့် လျှို့ဝှက်ငွေကြေးများနဲ့ ပတ်သက်ပြီး အရှုပ်အရှင်းပြဿနာ ဖြစ်တတ်ပါတယ်။
ဒီလထဲမှာ လက်အောက်လူ ၊ တပည့်တပန်းများ နဲ့ ပတ်သက်ပြီး အတော် ကံမကောင်းဘူး ဆိုရမယ်။ မိမိအပေါ် ကျေးဇူးကန်းသူ တွေပေါ်မယ်။ မိမိအပေါ် အကောက်ကြံသူတွေပေါ်မယ်။ နောက်ဆုံး ဘာမှ မလုပ်ရင်တောင် မိမိစကား ၊ မိမိ သြဇာ မတည်နိုင်ဘဲ ရှိနေတတ်တယ်။ ဆိုဆုံးမလို့ မရဘဲ ဖြစ်နေတတ်တယ်။
ဆွေမျိုးသားခြင်းများနဲ့ ပတ်သက်ပြီး သာရေးသော်၎င်း ၊ နာရေးသော်၎င်း ကိစ္စများပေါ်ပေါက်ခြင်းကြောင့် မိမိမှာ အလုပ်ပျက် ၊ အကိုင်ပျက် ငွေကုန် လူပန်း ဖြစ်ရဖွယ် ရှိပါတယ်။ မိမိကိုယ်တိုင် မကျန်းမာလို့သော်၎င်း ၊ ဆွေမျိုးမိတ်ဆွေများ မကျန်းမာလို့သော်၎င်း ဆေးရုံဆေးခန်း ရောက်ရဖွယ် ရှိပါတယ်။
.
ယခုလအတွက်- နာမည်မှာ

- ကြာသပတေး စ,ပြီး အင်္ဂါ (သို့) ဗုဒ္ဓဟူး (သို့) စနေ နံများနှင့် ဆုံးထားသူများ ကံဇာတာ အလွန်ညံ့ဖွယ် ရှိပါတယ်။ မကျန်းမာခြင်း ၊ မတော်တဆ ထိခိုက်ခြင်း ၊ မိမိ အလုပ်အကိုင်များ မအောင်မြင်ခြင်း ၊ နာမည်ပျက်ခြင်း ၊ အရှက်တကွဲ အကျိုးနည်းဖြစ်ခြင်းများ ဖြစ်ရဖွယ် ရှိပါတယ်။ အထူးသဖြင့် နာမည်မှာ စနေ (သို့) အင်္ဂါ ပိတ်သူများ အလွန်ညံ့လို့ ဘာသာတရားများများလုပ်ခြင်း (သို့) ယတြာချေခြင်းများ ကို ထိထိရောက်ရောက်လုပ်ပေးပါ။ ရန်သူပေါ်ပေါက်တတ်ပြီး မိမိနာမည်ကို၎င်း ၊ လူကိုသော်၎င်း ထိခိုက်အောက် လုပ်ကြံခံရတတ်ပါတယ်။ သတိပြုပါ။
- ကြာသပတေး စ,ပြီး ကြာသပတေးဘဲ ပြန်ဆုံးသူများမှာ မကောင်းသတင်း ကျော်စောတတ်ပါတယ်။ နာမည်ပျက်ကိန်းရှိပါတယ်။ မိမိဂုဏ်သိက္ခာကျဆင်းစရာ ကိစ္စတွေ ပေါ်ပေါက်တတ်ပါတယ်။
- ကြာသပတေး စ,ပြီး တနင်္ဂနွေ (သို့) တနင်္လာ (သို့) သောကြာ နံများဖြင့် ပိတ်ထားသူများ (သက္ခတ်လည်းကောင်းရင်) ကံကောင်းမှုကို ခံစားရနိုင်ပါတယ်။ ကံအညံ့ နည်းနိုင်ပါတယ်။
ယတြာပြုလုပ်လိုသူများအတွက် - ပျက်နေသော ကျောင်းကန်ဇရပ် တစ်ခုခုကို ပြုပြင်ရာတွင် အလှူငွေ ပါဝင်လှူဒါန်းလိုက်ပါ။ ထို့နောက် ခရီးသွားရန် အခက်အခဲဖြစ်နေသော သံဃာတစ်ပါးကို ဖြစ်စေ ၊ လူတစ်ဦးကို ဖြစ်စေ ခရီးစားရိတ် လှူဒါန်းလိုက်ပါ။ မိမိ အသိုင်းအ၀ိုင်းထဲမှ နာရေးကိစ္စပေါ်ပေါက်လျှင် ကိုယ်ထိလက်ရောက် အကူအညီ ပေးလိုက်ပါ။
.
သောကြာ သားသမီးများ
သောကြာသားသမီးများ ယခုလမှာ သပွတ်အူလို ရှုတ်ထွေးလှတဲ့ ပြဿနာ အရှုပ်အထွေး များနဲ့ ကြုံတွေ့ ဖြေရှင်းရဖွယ် ရှိပါတယ်။ အပြောင်းအလဲ တစ်ခုခု ကြုံရခြင်း ၊ အပြောင်းအလဲ တစ်ခုခုတွင် ပါဝင်ပတ်သက်ရခြင်းများ ဖြစ်ဖွယ်ရှိပါတယ်။ အတွင်းလူ ၊ လူယုံ သစ္စာဖောက်တာကို ခံရတတ်ပါတယ်။
အိမ်ထောင်ရေး ကိစ္စတွေမှာ အဆင်မပြေမှုတွေ ကြုံရနိုင်ပါတယ်။ များသောအားဖြင့်တော့ လိင်ကိစ္စ ဖောက်ပြန်မှုတွေကြောင့် ဖြစ်ရတဲ့ အရှုတ်အထွေးဖြစ်ဖို့များပါတယ်။ အိမ်ထောင်ရှင်များသာမက ချစ်သူရှိသူများမှာလည်း လိင်ကိစ္စအရှုတ်အထွေးတွေ ကြုံရဖွယ် ရှိပါတယ်။
နဂိုကတည်းက တစောင်းစေးနဲ့ မျက်ချေး ဖြစ်နေတဲ့ အိမ်ထောင်ရေးများမှာတော့ ဒီလ,ထဲမှာ အကွဲအပြဲဖြစ်တတ်တာကို အထူးသတိပြုပါ။
မတော်တဆ ထိခိုက်မှုများ နဲ့ သွေးထွက်သံယိုမှုများ ၊ မမျှော်လင့်ဘဲ ခွဲစိတ်ကုသခံရမှုများကိုလည်း သတိထားရပါမယ်။ အထူးသဖြင့် ယခုလမှာ စီးပွားရေး၊ အလုပ်အကိုင်တွေမှာ လျှမ်းလျှမ်းတောက် အောင်မြင်လာရင် ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ အဲဒီ နောက်ကနေ ဘေးဥပဒ် တစ်ခုခု လိုက်လာတတ်ပါတယ်။
မီး နဲ့ လျှပ်စစ် ဘေးဥပဒ်များ ရှိနိုင်ပြီး မီးအန္တရာယ် အထူးသတိထားပါ။ မိမိနေအိမ်ကနေ စ,ပြီး မီးလောင်မှုများ ဖြစ်ပွားစရာ ရှိတတ်ပါတယ်။
ငွေကြေးကံကတော့ သိပ်မဆိုးပါဘူး။ ငွေစုငွေပုံ ၀င်ကိန်းလည်း ရှိနေပါတယ်။ ထီပေါက်ကိန်းလည်း ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ငွေဝင်တိုင်းလည်း မကောင်းပြန်ဘူး။ ငွေများများဝင်လေ ပြဿနာ များလေလေဖြစ်ရဖွယ်ရှိလို့ ဒီလ, သောကြာ သားသမီးများအတွက် ကံကောင်းတယ်ပြောရမလား ၊ ကံမကောင်းဘူးပြောရမလား ပြောမရတဲ့ “အူကြောင်ကြား” လ, တစ်လ ဖြစ်ဖို့များပါတယ်။
အဖွဲ့အစည်များ ၊ လူမှုရေးအသင်းများ ၊ အစုစပ်လုပ်ငန်းများ ၊ နိုင်ငံရေးပါတီများ စတဲ့ နေရာတွေမှာ အကြီးအကဲနေရာ ၊ အရေးပါတဲ့ နေရာများကို ရယူထားသူဖြစ်ရင်တော့ ဒီလထဲမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းရဖွယ်ရှိပြီး ပဋိပက္ခမှုများ ၊ မိမိအား ဆန့်ကျင် တိုက်ခိုက်မှုများကို တွေ့ကြုံရဖို့ သေချာသလောက် ရှိတဲ့ လ, တစ်လဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။
.
ယခုလအတွက်- နာမည်မှာ
- သောကြာစ,ပြီး အင်္ဂါနံ နှင့် ပိတ်ထားသူများ မိမိအဖွဲ့အစည်း ၊ မိသားစု ၊ အုပ်စုအတွင်း ကြီးမားသော ပဋိပက္ခကြီးများ ကြုံရဖွယ် ရှိပါတယ်။ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။
- သောကြာစ,ပြီး ကြာသပတေးနံ နှင့် ပိတ်ထားသူများ ဘေးဥပဒ် တစ်ခုခု ကြုံရဖွယ် ရှိပေမယ့် အောင်မြင်ရေးအတွက်တော့ ကောင်းတယ် ဆိုရပါတယ်။
- သောကြာစ,ပြီး သောကြာနံ (သို့) စနေနံ နဲ့ ပြန်ပိတ်ထားသူများအတွက်တော့ ဒီလထဲမှာ အကောင်းဘက်ကို ဟောရပါလိမ့်မယ်။ သူတို့ကတော့ ပြဿနာ ရှိပေမယ့် အောင်မြင်စွာ ကျော်လွှားသွားနိုင်ပါလိမ့်မယ်။
- သောကြာစ,ပြီး တနင်္ဂနွေ (သို့) တနင်္လာ (သို့) ဗုဒ္ဓဟူး(ရာဟု) နံများနဲ့ ပိတ်ထားသူများ အကျဉ်းအကျပ်မျိုးစုံကျရောက်ခြင်း၊ ကျန်းမာရေး ညံ့ခြင်း ၊ အလုပ်ရာထူး ထိခိုက်ခြင်းများ ကြုံရဖွယ် ရှိလို့ အထူးသတိပြုပါ။
ယတြာပြုလုပ်လိုသူများအတွက် - မိမိအိမ်မှာရှိတဲ့ ပျက်နေတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ စက်ပစ္စည်း ၊ လျှပ်စစ်ပစ္စည်းအားလုံးကို စွန့်ပစ်လိုက်ပါ။ အိမ်မှ ဘုရားတွင် “နာနတ်သီး” “နာနတ်ဖျော်ရည်” ကို မပြတ်ကပ်လှူပါ။ ထို့နောက် ဘုရားတည်၊ ကျောင်းဆောက်၊ တံတိုင်းတည်ခြင်းများ၌ “အုတ်” အလှူ လှူဒါန်းပေးပါ။
.
စနေ သားသမီးများ
စနေသားသမီးများ ယခုလမှာ လူပင်ပန်း ၊ စိတ်ပင်ပန်းမှုများပြားလွန်းပြီး ဖိအားများလွန်းနိုင်တဲ့ လ, ဖြစ်ပေမယ့် ကံဇာတာအနေနဲ့ သိပ်မဆိုးဘူးလို့ ပြောနိုင်ပါပြီ။ (ပြီးခဲ့တဲ့ လတုန်းက စနေသားသမီးတွေ ကံဇာတာ အညံ့များပါတယ်)
ငွေကြေးကံကောင်းနိုင်တယ်။ အစိုးရနဲ့ ဆက်စပ်ပတ်သက်ပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းများ အထူးတိုးတက်ကောင်းမွန်နိုင်တယ်။ အကျိုးကျေးဇူး ခံစားရနိုင်တယ်။
ရာထူးတက်ကိန်းရှိတာမို့ ရာထူးတက်ဖို့စောင့်နေသူများ ရာထူးတက်နိုင်တယ်။ အစိုးရ ၀န်ထမ်းဖြစ်ရင် ပိုပြီး အခွင့်အလမ်းများတယ်။
အိုးအိမ်ခြံမြေ နဲ့ ပတ်သက်ပြီး ကံကောင်းမှုများမယ်။ အိုးသစ်အိမ်သစ် ၀င်ကိန်းရှိတယ်။ ဒါမှမဟုတ် အိုးအိမ်ခြံမြေနဲ့ ပတ်သက်ပြီး အကျိုးခံစားခွင့်များမယ်။
ယာဉ်ကားနဲ့ ပတ်သက်ပြီးတော့လည်း ကံဇာတာကောင်းနေတာမို့ ယာဉ်သစ်ဝင်ကိန်း ၊ ယာဉ်ကားများမှ အကျိုးအမြတ်ရကိန်း များ ရှိနိုင်ပါတယ်။
ဒီလထဲမှာ တစ်ခုမကောင်းတာက “ခရီး ”ကိစ္စဘဲ ဖြစ်နိုင်တယ်။ ခရီးသွားလာမှုများ ပျက်ပြားခြင်း ၊ အဆင်မပြေသော ခရီးများကို သွားရခြင်း ၊ မတော်တဆ ထိခိုက်ခြင်း ၊ ယာဉ်ကားပျက်ပြီး ခရီးစဉ်နှောင့်နှေးခြင်းများ ကြုံနိုင်ပါတယ်။
မိမိပြောစကားများ မှားယွင်းတတ်ပြီး ဒီအတွက် တာဝန်ယူရတတ်ပါတယ်။ “အသွားမတော် တစ်လှမ်း ၊ အပြောမတော် တစ်ခွန်း” ဆိုတာ ဒီလမှာ စနေသားသမီးများ သတိပြုရမယ့် စကားပုံပါ။
ပညာရေးကံ ကောင်းနေပြီး ပညာရေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းကောင်းတွေ ရရှိနိုင်တယ်။ ဒါပေမယ့် ဒီလထဲမှာ အချစ်ရေး နဲ့ ပညာရေး နှစ်ခုက ဒွန်တွဲပြီး ၀င်တတ်လို့ သတိထားရမယ်။ တစ်ခုဘက်ကို အလေးသာလိုက်ရင် ကျန်တစ်ခုမှာ အားနည်းသွားမယ်။
ဒီလထဲမှာ ကိုယ့်ကို ဆန့်ကျင်တာ ၊ အလိုလိုနေရင်း ရန်ရှခံရတာ ၊ လူမုန်းများခံရတာတွေ ကြုံနိုင်တယ်။ ကြံ့ကြံ့ခံလိုက်ပါ။ အောင်မြင်ဖို့ တွန်းအားပေးတဲ့ ကိစ္စတွေ ဖြစ်လာမယ်။
.
ယခုလအတွက်- နာမည်မှာ
- စနေ စ, ပြီး တနင်္လာ (သို့) ကြာသပတေး နံ ပိတ်ထားသူများ ကံကောင်းမှုတွေ များပြားစွာ ရရှိနိုင်တယ်။ ကံကောင်းတဲ့ နာမည်တွဲလုံးဖြစ်မယ်။
- စနေ စ, ပြီး စနေနံဘဲ ပြန်ဆုံးရင်တော့ ဖိအားများမယ့် လ,ဖြစ်တယ်။ လူပင်ပန်း ၊ စိတ်ပင်ပန်း ဖြစ်ရမယ်။ စိတ်နှစ်ခွဖြစ်မယ်။ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲတဲ့ ကိစ္စတွေကြုံမယ်။
- စနေ စ, ပြီး တနင်္ဂနွေနံနဲ့ ပိတ်သူများ ဆန့်ကျင်ကန့်ကွက်မှုများကြားက အောင်မြင်မှုရလိမ့်မယ်။
- စနေ စ, ပြီး အင်္ဂါ (သို့) ဗုဒ္ဓဟူး ပိတ်သူများ ကျန်းမာရေးညံ့ခြင်း ၊ အစွပ်အစွဲခံရခြင်း ၊ မကောင်းသတင်းဖြစ်ခြင်းများ ကြုံနိုင်တယ်။
- စနေ စ, ပြီး သောကြာနံ ဖြင့် ပိတ်သူများ ဒီလထဲမှာ မတော်တဆ ထိခိုက်မှု ၊ သွေးထွက်သံယိုမှု ၊ ဘေးဥပဒ်များကြုံနိုင်လို့ အထူးသတိထားစေလိုပါတယ်။
ယတြာပြုလုပ်လိုပါက - ဘုရားမှာ “မင်းဂွတ်သီး” ()လုံးကို စနေ ၊ တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေး နေ့များမှာ ကပ်လှူပေးပါ။ ဒီလထဲ ခရီးသွားလာမှု နှင့် အပျော်အပါးများကို တတ်နိုင်သရွေ့ ရှောင်ကျဉ်ပါ။
.
ရာဟု သားသမီးများ (ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမွေးသူများ)

ယခုလမှာ ရာဟုသားသမီးများအတွက် ဗုဒ္ဓဟူးသားသမီးများနှင့် ကံဇာတာ တစ်ခြားစီ ဖြစ်သွားနိုင်တဲ့ လ, ဖြစ်သွားပါတယ်။ ဒီလဟာ ရာဟုသားသမီးများအတွက် “မကောင်းသူကို ပယ် ၊ ကောင်းသူကို ကယ်” မည့် လ, တစ်လ ဖြစ်ဖွယ်ရှိပါတယ်။
ဒီလထဲမှာ ကောင်းသော အသက်မွေးမှု ရှိသူ ၊ မိမိထက် အားနည်းသူများကို ကူညီစောင့်ရှောက်တတ်သူ ၊ ကိုယ်ခြင်းစာတရားမြင့်မားပြီး စိတ်ထားကောင်းသူ ၊ မိသားစုအပေါ် တာဝန်ကျေပြီး အိမ်ထောင်ဘက်အပေါ် သစ္စာရှိသူ . . . စသည့် “လူကောင်း” များ အတွက် ဗုဒ္ဓဟူးသားသမီးများနှင့် မခြား ကံကောင်းနိုင်ပြီး အထက်ပါ အချက်များနှင့် ဆန့်ကျင်ဘက် စရိုက်လက္ခဏာများ ရှိသူများ ဘေးဥပဒ်ကြီးများ ကြုံတတ်သော လ, ဖြစ်သည်ဟုသာ ဆိုရပါလိမ့်မယ်။
သို့သော် နာမည်၏ အကျိုးသက်ရောက်မှုလည်း ရှိနိုင်သေးသောကြောင့် နာမည်တွဲလုံးများကို ဆက်ပြီး ဖတ်ကြည့်နိုင်ပါတယ်။
.
ယခုလအတွက်- နာမည်မှာ
- ဗုဒ္ဓဟူး(ရာဟု) စပြီး အင်္ဂါ (သို့) သောကြာ (သို့) စနေ နံများဖြင့် ပိတ်ထားသူများ ကံဇာတာကောင်းမွန်မှုကို ခံစားရရှိနိုင်ပါတယ်။
- ဗုဒ္ဓဟူး(ရာဟု) စပြီး တနင်္လာ (သို့) ကြာသပတေး နံဖြင့် ပိတ်ထားသူများ ဘေးဥပဒ်ကြီးများဖြင့် ကြုံနိုင်သောကြောင့် အထူးသတိထားရမည့် နာမည်တွဲလုံး ဖြစ်ဖွယ်ရှိပါတယ်။
- ဗုဒ္ဓဟူး(ရာဟု) စပြီး တနင်္ဂနွေနံဖြင့် ပိတ်ထားသူများကတော့ “ကော်ကောင်” တွဲလုံးဟု ခေါ်ရမှာဖြစ်ပြီး အခက်အခဲပြဿနာများ နှင့် ကြုံဆုံနိုင်သော်လည်း ကြံဖန်လွတ်မြောက်ပြီး ကောင်းစားသွားနိုင်သော တွဲလုံးဖြစ်ကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျား။
ယတြာပြုလုပ်လိုပါက
- မိမိနေအိမ်ဘုရားမှာ “နာနတ်သီး” “ပန်းသီး” “စပျစ်သီး” ()မျိုးတွဲပြီး မကြာခဏ ကပ်လှူပေးပါ။ မိမိလည်း စားသုံးပါ။
.
(၇)ရက် သားသမီးအားလုံး ကိုယ်ကျန်းမာခြင်း ၊ စိတ်ချမ်းသာခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေ။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

Related Posts Plugin for WordPress, Blogger...

My Account