Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label ဒဿနများ. Show all posts
Showing posts with label ဒဿနများ. Show all posts

Saturday, March 9, 2013

Photo: သူ့ဘက်က ဘယ်လောက်ပင် 
စိတ်ထားယုတ်ညံ့နေပါစေ
ကိုယ်ကသာ စိတ်ကောင်းထားနိုင်ရင်
ကမ္မနိယာမသဘောတရားအရ
သူ့ယုတ်မာမှုတွေက သူ့ဘဝကိုပဲ
 တိုက်စားပါလိမ့်မယ်။
(ရွှေကြာအင်းဆရာတော်)
Credit- Honey Lay
သူ့ဘက်က ဘယ်လောက်ပင်
စိတ်ထားယုတ်ညံ့နေပါစေ
ကိုယ်ကသာ စိတ်ကောင်းထားနိုင်ရင်
ကမ္မနိယာမသဘောတရားအရ
သူ့ယုတ်မာမှုတွေက သူ့ဘဝကိုပဲ
တိုက်စားပါလိမ့်မယ်။
(ရွှေကြာအင်းဆရာတော်)

ကုသိုလ်ဆိုသည်မှာ ယူတတ်လျှင် ရသည်။ နည်းသည်, များသည် ပဓာန မဟုတ်။
လမ်းသွားနေခိုက် စေတီပုထိုး ရဟန်း မြင်လိုက်ရလျှင် လက်အုပ်ချီ ကန်တော့ရမယ်။
ဆာလောင်သူကို မုန့်ကျွေးရမယ်။
ဗဟုသုတရှာသူကို ဗဟုသုတပေးနိုင်တယ်။
ကားစီးနေခိုက် မေတ္တာဘာဝနာအလုပ် လုပ်နိုင်တယ်။
လမ်းလျှောက်နေစဉ် ၀ိပဿနာသတိပဋ္ဌာန် ပွားနိုင်တယ်။
အဓိဋ္ဌာန်ပြု၍ အိပ်ရာဝင် အိပ်ရာထမှာ တနေ့ ၂-ကြိမ် ဘုရားဝတ်ပြု၍ ပရိတ်ရွတ်နိုင်ကြတယ်။
စိတ်ဝီထိ ဇောများ စေတနာများ အလွန်မရေတွက်နိုင်အောင် ဖြစ်ပေါ်နေ၍ . .
ခဏကလေး ကိလေသာချုပ်ငြိမ်းမှုကို အထင်မသေးသင့်ပေ။ ရသောအချိန်မှာ ကုသိုလ်စိတ်ဖြစ်အောင် နေသင့်လှပေသည်။

( မစိုးရိမ်ဆရာတော်ဘုရားကြီး )

Wednesday, March 6, 2013

Simone de Beauvoir

ရှင့်ကို ကျွန်မတွေ့ချင်တယ်။ ဒါပေမယ့် ရှင်နဲ့တွေ့နိုင်ဖို့ ကျွန်မတောင်းဆိုမှာမဟုတ်ဘူး။
ဒါ ကျွန်မရဲ့မာနမဟုတ်ဘူး။ ရှင့်ရှေ့မှာ ကျွန်မအဖို့ မာနဆိုတာမရှိဘူး ဒါကို ရှင်သိပါတယ်။
ရှင်လည်း ကျွန်မကိုတွေ့ချင်တယ်ဆိုတဲ့အချိန်ကျမှ ကျွန်မတို့ရဲ့တွေ့ဆုံခြင်းက အဓိပ္ပာယ်ရှိမှာမို့ပါ။

အချစ်မှာလည်း ဒီအတိုင်းပဲ
ရှင်လည်းကျွန်မကိုချစ်၊ ကျွန်မကလည်း ရှင်ကိုချစ်မှ ဒီအချစ်က အဓိပ္ပာယ်ရှိတယ်
---- ပြင်သစ်စာရေးဆရာမ Simone de Beauvoir (Jan 9, 1908-- April 14, 1986)

Photo: အဲဒီကျားကြီးက တကယ်မရှိခဲ့ပါဘူး...ဒါ ကျွန်တော်ရဲ့စိတ်ကူးအတွေးသက်သက်ပါ။

ကျားကြီးထက်ပိုကြောက်ဖို့ကောင်းတာက ပင်လယ်ပြင်ထက်မှာ စိတ်ပျက်လက်လျော့သွားခြင်းပါပဲ။ 

ဒီကျားကြီးက ကျွန်တော်တို့ရဲ့လိုအင်ဆန္ဒဖြစ်သလို ကျွန်တော်တို့ရဲ့ကြောက်ရွံ့ခြင်းလည်းဖြစ်တယ်။ သူက ကျွန်တော်တို့ကို အန္တရာယ်ပေးနိုင်သလို ကျွန်တော်တို့ကို စိတ်တထင့်ထင့်နဲ့လည်း ပူပင်သောကရောက်စေတယ်။

ဒါပေမယ့် သူရှိနေခဲ့လို့လည်း ကျွန်တော်တို့မှာ အသိတရားတွေနှိုးကြားခဲ့တယ်။ တက်ကြွတဲ့ခွန်အားတွေနဲ့ ရပ်တည်နေနိုင်ခဲ့ပါတယ်။ --- လီအန်
.

အဲဒီကျားကြီးက တကယ်မရှိခဲ့ပါဘူး...ဒါ ကျွန်တော်ရဲ့စိတ်ကူးအတွေးသက်သက်ပါ။

ကျားကြီးထက်ပိုကြောက်ဖို့ကောင်းတာက ပင်လယ်ပြင်ထက်မှာ စိတ်ပျက်လက်လျော့သွားခြင်းပါပဲ။ 

ဒီကျားကြီးက ကျွန်တော်တို့ရဲ့လိုအင်ဆန္ဒဖြစ်သလို ကျွန်တော်တို့ရဲ့ကြောက်ရွံ့ခြင်းလည်းဖြစ်တယ်။ သူက ကျွန်တော်တို့ကို အန္တရာယ်ပေးနိုင်သလို ကျွန်တော်တို့ကို စိတ်တထင့်ထင့်နဲ့လည်း ပူပင်သောကရောက်စေတယ်။

ဒါပေမယ့် သူရှိနေခဲ့လို့လည်း ကျွန်တော်တို့မှာ အသိတရားတွေနှိုးကြားခဲ့တယ်။ တက်ကြွတဲ့ခွန်အားတွေနဲ့ ရပ်တည်နေနိုင်ခဲ့ပါတယ်။ --- လီအန်

Photo: လူတွေဘယ်လိုပြောပြောပေါ့.. ကျွန်တော်ခံစားတဲ့ ခံစားချက်ကမှအမှန်လို့ ကျွန်တော်ယူဆတယ်
လူတွေဘယ်လိုအကြည့်နဲ့ပဲ ကြည့်ပါစေ... ကျွန်တော်ရဲ့စည်းဝါးကျချက်တွေကိုတော့ ကျွန်တော်ဖြတ်တောက်ပျက်စီးစေမှာမဟုတ်ဘူး
ကျွန်တော်ကြိုက်နှစ်သက်တဲ့အရာကို ဇွဲရှိရှိနဲ့ ကျွန်တော်လုပ်ကိုင်နိုင်တယ်
ကျွန်တော်မကြိုက်နှစ်သက်တာကိုတော့ ဘယ်လိုမှ တာရှည်ထားမှာမဟုတ်ဘူး ----  Haruki Murakami (ဂျပန်စာရေးဆရာ၊ ဘာသာပြန်သူ)
.
လူတွေဘယ်လိုပြောပြောပေါ့.. ကျွန်တော်ခံစားတဲ့ ခံစားချက်ကမှအမှန်လို့ ကျွန်တော်ယူဆတယ်
လူတွေဘယ်လိုအကြည့်နဲ့ပဲ ကြည့်ပါစေ... ကျွန်တော်ရဲ့စည်းဝါးကျချက်တွေကိုတော့ ကျွန်တော်ဖြတ်တောက်ပျက်စီးစေမှာမဟုတ်ဘူး
ကျွန်တော်ကြိုက်နှစ်သက်တဲ့အရာကို ဇွဲရှိရှိနဲ့ ကျွန်တော်လုပ်ကိုင်နိုင်တယ်
ကျွန်တော်မကြိုက်နှစ်သက်တာကိုတော့ ဘယ်လိုမှ တာရှည်ထားမှာမဟုတ်ဘူး ---- Haruki Murakami (ဂျပန်စာရေးဆရာ၊ ဘာသာပြန်သူ)
.

မာရီရင်မွန်ရိုးရဲ့စကား

Photo: တကယ်လို့ ကျွန်မရဲ့ချွတ်ယွင်းချက်၊ အညံ့ဆုံးတွေကို ရှင် မကိုင်တွယ်နိုင်ရင်
ကျွန်မရဲ့အကောင်းဆုံးတွေကလည်း ရှင်နဲ့ထိုက်တန်မှာမဟုတ်ဘူး -----  မာရီရင်မွန်ရိုး

“I'm selfish, impatient and a little insecure. I make mistakes, I am out of control and at times hard to handle.
But if you can't handle me at my worst, then you sure as hell don't deserve me at my best.” ― Marilyn Monroe
.
တကယ်လို့ ကျွန်မရဲ့ချွတ်ယွင်းချက်၊ အညံ့ဆုံးတွေကို ရှင် မကိုင်တွယ်နိုင်ရင်
ကျွန်မရဲ့အကောင်းဆုံးတွေကလည်း ရှင်နဲ့ထိုက်တန်မှာမဟုတ်ဘူး ----- မာရီရင်မွန်ရိုး

“I'm selfish, impatient and a little insecure. I make mistakes, I am out of control and at times hard to handle.
But if you can't handle me at my worst, then you sure as hell don't deserve me at my best.” ― Marilyn Monroe

Related Posts Plugin for WordPress, Blogger...

My Account