Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, January 12, 2012

၂၀၁၂ ခုနှစ် Facebook ဟက်ကာဖလား ပြိုင်ပွဲအတွက် စာရင်းပေးသွင်းနိုင်ပြီ.

By Popular News

Photo
Facebook က ၂၀၁၂ခုနှစ် အတွက် ဟက်ကာဖလား အစီအစဉ်ကို စတင်လိုက်ကြောင်း သိရသည်။   Facebook ကို ဖန်တီးခဲ့သူများအား ဂုဏ်ပြုသည့်အားဖြင့် ယင်းအစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်သည်။ အွန်လိုင်းမှပင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ငါးချီငါးလား ယှဉ်ပြိုင်ရမည့် အစီအစဉ် ဖြစ်ပါသည်။ ထိုပြိုင်ပွဲအတွက် ကမ္ဘာတစ်ဝန်းမှ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဇန်နဝါရီလ ၄ ရက်နေ့မှ စတင် စာရင်းပေးသွင်းနိုင်ကာ၊ ကွန်ပျူတာ အစီအစဉ် ရေးဆွဲခြင်းဖြင့် ပြဿနာများကို ဖြေရှင်းရာတွင် မြန်ဆန်မှု နည်းစနစ်ကျနမှုတို့ကို အဓိကထား၍ အနိုင်ပေးမည် ဖြစ်ကြောင်း သိရသည်။
 
နောက်ဆုံးအချီတွင် အနိုင်ရသူသည် Facebook 2012 ခုနှစ် ဟက်ကာဖလား ကမ္ဘာ့ချန်ပီယံဆုကို ရရှိမည်ဖြစ်၏။ အရည်အချင်း စစ်ဆေးခြင်း ပြိုင်ပွဲကို ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး အွန်လိုင်းမှ ယှဉ်ပြိုင်ရမည့် အချီများကိုမူ ဇန်နဝါရီ ၂၈၊ ဖေဖေါ်ဝါရီ ၄ နှင့် ဖေဖော်ဝါရီ ၁၁ နေ့များတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ နောက်ဆုံးအချီမှ ဆန်ကာတင် ၂၅ ဦးတို့ကိုမူ မတ်လ ၁၇ ရက်နေ့တွင် အပြီးသတ် ယှဉ်ပြိုင်ရန် အတွက် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ပါလိုအော်လ်တိုမြို့ရှိ Facebook ဌာနချုပ်သို့ ခေါ်ယူမည် ဖြစ်သည်။
 

ပထမဆု ရရှိသူမှာ မိမိနာမည် ရေးထွင်းထားသော ဟက်ကာဖလားနှင့်အတူ ကန်ဒေါ်လာ ငါးထောင်ဆုငွေ ရရှိမည်ဖြစ်ပြီး ဒုတိယဆု ရရှိသူမှာ ကန်ဒေါ်လာ နှစ်ထောင်နှင့် တတိယဆု ရရှိသူမှာမူ ကန်ဒေါ်လာ တစ်ထောင် ရရှိမည် ဖြစ်သည်။ စတုတ္တမှ အဆင့် ၂၅ အထိ ပုဂ္ဂိုလ်များမှာမူ ကန်ဒေါ်လာ တစ်ရာစီ ဆုရရှိမည် ဖြစ်သည်။ ယမန်နှစ်က ဟက်ကာဖလား ပြိုင်ပွဲမှာမူ အဆင်မပြေခဲ့ကြောင်း၊ ယှဉ်ပြိုင်ရသည်များမှာလည်း မရှင်းလင်းသည့် အပြင် အငြင်းပွားဖွယ်ရာများကို ကြုံခဲ့ရကြောင်း ပါဝင်ယှဉ်ပြိုင်ခဲ့သူများက ဆိုကြသည်။ ယမန်နှစ် ဟက်ကာဖလား ပြိုင်ပွဲနှင့် ပတ်သက်၍ လေ့လာလိုသူများသည် http://www.facebook.com/hackercup တွင် ကြည့်ရှုလေ့လာ နိုင်သည်။ ၂၀၁၂ ခုနှစ် ဟက်ကာဖလားပြိုင်ပွဲ အတွက် အသေးစိတ်ကိုမူ https://www.facebook.com/notes/facebook-engi-neering/announcing-facebooks-2012-hacker-cup/10150468260528920/  တွင် ဖတ်ရှုနိုင်သည်။

PN-002, Ref: fecebook

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account