Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label သိထားသမျှ. Show all posts
Showing posts with label သိထားသမျှ. Show all posts

Wednesday, June 6, 2012

Registry Mechanic အတွက် Crack နဲ့ Krygen မျိုးစုံ

ကိုဆန်းသစ်အောင် (characteristics92@gmail.com) က c-box မှာတောင်းထားတာမို့လို့ ကျွန်တော် Registry Mechaic နဲ့သက်ဆိုင်တဲ့ Crack တွေရော၊ Keygen တွေရှိတဲ့ လင့်တွေ ရှာပြီးတင်ပေးလိုက်ပါတယ်ဗျာ. လိုအပ်သလိုသာ အသုံးပြုနိုင်ပါတယ်ဗျာ...

Saturday, May 26, 2012

WiFi ကို နားလည်ကြည့်ခြင်း



Photo
အင်တာနက်ရတဲ့ ကော်ဖီဆိုင်တွေ မြို့ပြရဲ့ ယဉ်ကျေးမှု တစ်ခုသဖွယ် ဖြစ်လာပါတယ်။  ကော်ဖီဆိုင်ကို ကွန်ပျူတာလေးကိုင် ဝင်လာ၊ ဆိုင်ရှင်ဆီမှာ password တောင်းပြီး ကော်ဖီတစ်ခွက် ကျပ် ၅၀၀ နဲ့ မှာသောက်ကာ တစ်နေကုန်နီးပါးလောက် အင်တာနက် ထိုင်ကြည့်ရတာ တွက်ချေကိုက်တယ်လို့ ယူဆတဲ့ လူငယ်တွေကြားမှာ ကော်ဖီဆိုင် အင်တာနက်ဟာ ရေပန်းစားလာတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့ လေဆိပ်၊ ကော်ဖီဆိုင်၊ စာကြည့်တိုက်၊ ဟိုတယ် တစ်ခုခုထဲကို ကိုယ်ရောက်နေပြီဆိုရင် ကြိုးမဲ့ကွန်ရက် ဆက်သွယ်ရေးစနစ် (wireless network) ထဲ ရောက်နေပြီလို့ သတ်မှတ်နိုင်ပါတယ်။

Friday, May 25, 2012

ကွန်ပျူတာအတွင်းရှိ ဗလာဖြစ်နေသော Folder များကို စစ်ဆေးနိုင်သော RED (Remove Empty Directories ) Windows Utility

ကွန်ပျူတာ အသုံးပြုနေသူများသည် နေ့စဉ်နှင့်အမျှ Application များကို Install ပြုလုပ်ခြင်း၊ Uninstall ပြုလုပ်ခြင်းများကို ဆောင်ရွက်နေကြရသည်။  အသုံးပြုနေသော PC ထဲရှိ Program Files တွင် Uninstall ပြုလုပ်ပြီး application များစွာရှိသည်။ desktop.ini နှင့် thumbs.db file များပါဝင်သော Folder များကိုလည်း တွေ့မြင်ရတတ်သည်။

Online ပေါ်ကနေ Video Format ပြောင်းကြမယ်...

www.videotoolbox.com

ဗီဒီယိုဖိုင် ဖော်မက်ပြောင်းတာ၊ ဖြတ်တောက်တာမျိုး လုပ်ဆောင်ချက်တွေကို ဘာဆော့ဖ်ဝဲမှ မလိုဘဲ အွန်လိုင်းမှာ လုပ်လို့ရတဲ့ဆိုက် ရှိပါတယ်။  အရင်ဆုံးဒီဆိုက်မှာ ရီဂျစ်စတာ လုပ်ရပါတယ်။ ဗီဒီယိုတင်ဖို့ ပမာဏ 300MB ရပါမယ်။

Wednesday, May 23, 2012

Cobian Backup (Free)



Photo
ဆော့ဖ်ဝဲအမျိုးအစား              - Backup Software
ထုတ်လုပ်လိုက်သည့် ဗားရှင်း    - 11.2.0.556
ဖိုင်အရွယ်အစား                  - 18.68 MB
အသုံးပြုနိုင်သည့် OS            - Windows XP/2003/Vista/Server 2008/7
ဒေါင်းရန်လင့် -

http://download.cnet.com/Cobian-Backup/3000-2242_4-10071828.html

Cygwin



Photo
Cygwin tool ဟာ GNU development tool တွေနဲ့ utilities တွေကို စုပေါင်း ထည့်သွင်းပေးထားတာ ဖြစ်ပြီး UNX system တွေအတွက် လိုအပ်တဲ့ စနစ်တွေကို  ယင်းရဲ့ library ကနေတစ်ဆင့် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

Toolwiz Care (Free)



Photo
Toolwiz Care ဟာ ကွန်ပျူတာစနစ်တွေကို လျင်မြန်စွာ အသုံးပြုနိုင်စေဖို့ ဖန်တီး ထုတ်လုပ်ထားတဲ့ tool တစ်ခုဖြစ်ပြီး စနစ်အားလုံးကိုလည်း ထိန်းသိမ်းပေးမှာ ဖြစ်ပါတယ်။ 

TrulyMail Portable (Free)



Photo
TrulyMail Portable ဟာ အလွယ်တကူနဲ့ အခမဲ့ အသုံးပြုနိုင်တဲ့ tool တစ်ခုဖြစ်ပြီး  အီးမေးလ်တွေနဲ့ voice mail တွေကို လုံခြုံစွာ ပို့ဆောင်ပေးမှာဖြစ်သလို built-in encryption စနစ်လည်း ထည့်ပေးထားပါတယ်။

Monday, April 2, 2012

Open source မသုံးခင် သိသင့်သည်များ


Opensource နဲ့ business setting ထိုင်ဖို့ကို အိပ်မက်မက်ခဲ့တဲ့အချိန်ကို ပြန်သတိရမိတယ်။ သေးသေးလေး လုပ်မယ်ဆိုရင်တော့ ဟုတ်ပါပြီ။ တစ်ဖြည်းဖြည်း ထပ်ချဲ့လာရင် အဆင်ပြေပါမလားစဉ်းစားရင်းနဲ့ကို မသုံးဖြစ်ဘူးပေါ့။  အခုအချိန်မှာတော့ Opensource က အပယ်ခံ မဟုတ်တော့ပါဘူး။ တစ်ခုခုလုပ်မယ် စဉ်းစားလိုက်ရင် Opensource နဲ့ စထိုင်မယ်ပဲ စဉ်းစားကြတဲ့ခေတ် ရောက်နေပါပြီ။ ဥပမာ။ website တစ်ခုလွင့်တင်မယ်ဆိုပါတော့။ အရင်ဆုံး wordpress နဲ့ အရင်ထိုင်ကြည့်လိုက်မယ်။ ပြီးတော့မှ တစ်ဖြည်းဖြည်း ကိုယ်ပိုင် ရေးယူမယ်ပေါ့။ အဲဒီလိုပါပဲ။ opensource ကို ပြောင်းချင်တဲ့ စိတ်ပဲ အဓိကလိုပါတယ်။ ပြောင်းပြီဟေ့ ဆိုတာနဲ့  မယုံနိုင်စရာတွေ အများကြီးတွေ့လာမှာဖြစ်ပါတယ်။ အဲဒီတော့ Opensource ကို စသုံးပြီး မကြာခင်ပဲ စိတ်ပျက်ပြီး ထွက်မပြေးရလေအောင် သိသင့်တဲ့ အချက်လေးတွေလေ့လာကြည့်ကြရအောင်။

Open source ဆိုတာ Linux တစ်ခုတည်းအတွက်မဟုတ်ပါဘူး။
Opensource သုံးမယ်ဆိုတာနဲ့ Linux နဲ့ တွဲသုံးမှ ရမယ်လို့ ထင်ကြေးတွေနဲ့လည်း Open Source ကို မြည်းရမှာ လန့်မနေပါနဲ့။ Open source project တော်တော်များများကတော့ ဘယ် OS မှာသုံးသုံးရတာတွေကော Windows မှာပဲ သုံးလို့ ရအောင် လုပ်ထားတာတွေကော ရှိပါတယ်။  ဒီ webiste ကတော့ Windows ပေါ်မှာသုံးလို့တဲ့ Open source တွေပါ။ အဲဒီဆိုက် မှာ Opensource တွေ အကုန်မပါသေးပါဘူး။ ဥပမာ၊ Apache, Mysql, Drupal.

အမြဲတမ်းတော့ အခမဲ့ မဟုတ်ပါဘူး။
Open source ဆိုလိုက်တာနဲ့  Source code တွေ လိုချင်ရင် အခမဲ့ရမယ်။ ဒါပေမယ့် Application ကတော့ အခမဲ့ ဖြစ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူးဆိုတာ သဘောပေါက်ရပါ့မယ်။ တော်တော်များများကုမ္ပဏီတွေကတော့ open source နဲ့ ပိုက်ဆံရှာနေကြတာပါပဲ။ ဘယ်လို ပိုက်ဆံတောင်းသလဲ ဆိုတော့ support တွေ ဒါမှမဟုတ် features အသစ်တွေ ထပ်လုပ်ပေးတာမျိုးပေါ့။ ဒါပေမယ့်လည်း Community version (free version) ကိုလည်း အလေးထားပြီး update တွေ လုပ်ပါတယ်။ commerical version လို့တော့ အပြည့်အစုံမဟုတ်ဘူးပေါ့။ ဒါပေမယ့် အခြေခံ လိုအပ်ချက်တွေ အကုန်လုံး ပါပါတယ်။ ဥပမာ၊ Zimbra  ဥပမာ၊ wordpress,Joomla themes/plugins/modules လုပ်ရောင်းသလိုမျိုး။

support ပေးတာလည်းရှိတယ်။ မပေးတာလည်း ရှိတယ်။
Support ပေးတဲ့ တစ်ချို့ကတော့ ပိုက်ဆံ တောင်းပါတယ်။ တစ်ချို့ကလည်း မတောင်းပါဘူး။ corporate version တွေလို့ 24/7 support တို့ hotline to call တို့တော့ မရှိဘူးပေါ့။ အဲဒါကလည်း support လုံးဝမရှိဘူးလို့ ပြောလို့ မရပါဘူး။ များသောအားဖြင့် forums တွေ နဲ့ mailing Lists for support တွေ ရှိပါတယ်။ တစ်ခြားနည်းက Developer တွေဆီလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Source code တွေကို အကုန်လုံးကို လိုသလို သုံးလို့ရပါတယ်။
အကုန်ပေးထားလို့လည်း source code ထဲဝင်လုပ်မှ အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။ ဘာမှသွားမလုပ်လည်း သုံးလို့ရပါတယ်။ တစ်ချို့တွေကတော့ နည်းနည်းပါးပါး ပြင်သုံးချင်တယ်ဆိုပါတော့။ အဲဒါဆိုရင် Source code က အသုံးတည့်ပြီပေါ့။

Programmers တွေ သုံးဖို့တင်လုပ်ထားတာမဟုတ်ပါဘူး။
ရိုးရိုးကွန်ပြူတာ အသုံးပြုသူတွေထင်တာက Open source ဟာ Programmers တွေအတွက်ပဲတဲ့။ ဘာလို့လည်းဆိုတော့ Source code တွေပါ ပါတယ်လေတဲ့။ Source code ပေးထားပေမယ့်လည်း ဘာတွေမှန်းမသိ ဘယ်လိုပြင်ရမှန်းမသိတဲံ သူတွေအတွက်မဟုတ်ပါဘူး။ ဖတ်တတ်တယ်၊ ပြင်တတ်တယ်။ ပြန်ပြီး ပိုကောင်းအောင် လုပ်ချင်သူတွေ အတွက်ပါ။ အသုံးပြုဖို့ကတော့  တတ်တတ် မတတ်တတ် သုံးလို့ရပါတယ်။ ရိုးရိုးတန်းတန်း အသုံးပြုသူအတွက်ကတော့ ဘယ် programming မှာမတက်လည်း ကောင်းတာပဲ။ မဟုတ်ရင် သွားကလိပြီး ဘာတွေ ဖြစ်မှန်း မသိနဲ့ ဒုက္ခရောက်နေအုံးမယ်။

Open Source သုံးတာ ဥပဒေချိုးဖောက်တာ မဟုတ်ပါဘူး။
Open Source သုံးလို့  ဘယ် Intellectual property laws ကိုမှ ချိုးဖောက်တာမဟုတ်ပါဘူး။ Open soruce သုံးတာ ဥပဒေဘောင်တွင်း နေထိုင်ခြင်း လို့သာမှတ်ထားလိုက်တော့။

အသုံးပြုဖို့အတွက် computer expert ဖြစ်စရာ မလိုပါဘူး။
Open source ပြောင်းသုံးပါလားဆို တစ်ချို့က ပြန်ပြောတယ်။ အဲလောက်လည်း ကွန်ပြူတာ မကျွမ်းသေးပါဘူးတဲ့။ တစ်ချို့ကျတော့ မေးတယ်။ Griphic driver ကို Linux မှာ သုံးဖို့ ကိုယ့်ဘာသာကို ကုဒ်တွေ ရေးရတာလားတဲ့။ ရေးစရာလား။ သေရောပေါ့။ တစ်ခြားလုပ်စရာတွေ အများကြီး ရှိသေးနေတာကို။  တော်တော်များများ အခုထိ ထင်နေတာကတော့ Open source သုံးတဲ့လူဟာ ညည အိပ်နေတုန်း source code တွေ ကို ကွန်ပြူတာနဲ့ compile လုပ်နိုင်တဲ့သူလို့ ထင်တာ။ ကျွန်တော်လည်း Gentoo သုံးတုန်းက အဲလိုပဲ ထင်ခဲ့တာ။ :D

စိတ်ချလက်ချသုံးနိုင်တယ်။ တစ်ခြားဟာတွေနဲ့ ယှဉ်နိုင်တယ်။
Open source တွေ ဘယ်နားဖြစ်ဖြစ် ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ Download.com, Android market, နဲ့ ဘယ် linux အမျိုးအစားဖြစ်ဖြစ် Add/Remove software ပါပြီးသားပါ။ Internet မှာ ရှာမယ်ဆိုလည်း နာမည်သာ သိပစေ။ Google က ပြောပြလိမ့်မယ်။ Microsoft  တောင်မှာ Open source site လုပ်ထားသေးတယ်။

Freeware, Shareware ဟာ open source မဟုတ်ဘူး။
တော်တော်များများကတော့ Freeware, shareware တွေသိပြီးသားပါ။ အဲဒီ နှစ်ခုဟာ Open source နဲ့ မတူနိုင်ပါဘူး။ Software တစ်ခုဟာ Source code ဒေါင်းလုပ် မရနိုင်ရင် ဘယ်လိုမှ Open source မဖြစ်နိုင်ပါဘူး။

သင်လည်း Open source တစ်ခုခုသုံးနေပါပြီ။
Firefox သုံးလား။ ဒါဆိုရင်တော့ Open source သုံးဖူးတာ သေချာပြီပေါ့။ အဲဒီတစ်ချက်ပဲကြည့်။ Open source ကို ကိုယ်ကိုတိုင် မသိပဲ သုံးနေတာတွေ ရှိနေပြီလေ။ OpenOffice, LibreOffice, Thunderbird, Pidgin, Drupal, WordPress, GnuCache, Notepad++,Bluefish, နဲ့ တစ်ခြားတော်တော်များများ ကို  သုံးကောင်းကောင်း နဲ့ သုံးနေကြတာ အများကြီးပါပဲ။

အများကြီး ဖွံ့ဖြိုးဖို့ ဦးတည်နေပါပြီ။ 
Open source တစ်ချိန်ကရှိခဲ့တဲ့ နာမည်ပျက် အမဲစက်တွေလည်း အခုအချိန်မှာ မရှိတော့သလောက်ဖြစ်နေပါပြီ။ software တော်တော်များများ ကလည်း တစ်ခြား အလားတူ commerical Software တွေနဲ့ ယှဉ်လာနိုင်နေပါပြီ။ သေချာတာကတော့ အဲလိုပဲ ရှေ့ဆက်တိုးတက်နေဦးမှာပဲ။ အထူးသဖြင့် traditional Desktop ကနေပြီးတော့  clud-based တွေ virtualized solutions တွေကို တဖြည်းဖြည်း ပြောင်းသုံးလာတာတွေ များလာပါပြီ။

အခုအချိန် တကယ်လို့ Open source ကို ပြောင်းသုံးချင်လာပြီ ဆိုရင်တော့ သိသင့်တဲ့ အချက်အလက် နည်းနည်းလေးကိုပဲ ဘယ်နေရာ ရှာရှာ ရနေနိုင်တဲ့ အနေအထားပါ။ ပြောင်းသုံးဖြစ်ရင်တော့ ဒုက္ခသုက္ခ နည်းပြီး စိတ်ရှင်းရှင်း ထားလာနိုင်ပါလိမ့်မယ်။
Ref: Techrebublic
ကိုဘလိတ်

Tuesday, March 13, 2012

ဝလုံးရိုက်နည်းလေးပါ(မသိသေးတဲ့သူတွေအတွက်ပါ)

ဒါကတော့ ကျွန်တော်တို့ Zawgyi နဲ့မြန်မာလိုရိုက်တဲ့အခါမှာ ကျွန်တော်အပါအဝင်တော်တော်များများက ဝလုံးကိုရိုက်တဲ့အခါမှာ အလွယ်တကူ သုည(၀)ကိုလှမ်းရိုက်ပြီးသုံးကြပါတယ်.အဲဒါက တကယ်တန်းပြောရရင် ရိုက်တဲ့နည်းမှားနေတာပါ. အဲလိုရိုက်လိုက်တာ သုည(၀)ကိုရိုက်တာနဲ့အတူတူပါဘဲ. ဝလုံးက ဝလုံးသက်သက် ရှိပါတယ်.သတိထားမိတဲ့သူတွေကတော့ သိကြမှာပါ. ဝလုံးအမှန်က Shift+, ပါ.ရိုးရိုး , ကိုရိုက်တဲ့အခါ ယ ပေါ်ပါလိမ့်မယ်.အဲဒါကိုမှ Shift တွဲပြီးနှိပ်လိုက်ပါက ဝလုံးပေါ်လာပါလိမ့်မယ်. အဲဒါက ရိုက်နည်းအမှန်ပါ.
မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်.

အားလုံးကိုကျေးဇူးတင်ရှိလျက်....
ရွှေမန်းသားလေး ဝေယံ(နည်းပညာ)

Monday, March 12, 2012

Internet ကနေ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဖုန်းတွေကို SMS ပို့ရအောင်



ဒီပိုစ့်လေးကတော့ ကျွန်တော်အမြဲတမ်းလိုလိုရောက်နေတဲ့ Kp-3 နည်းပညာဆိုက်က တွေ့လာတာပါ. တစ်ကမ္ဘာလုံးကို SMS ပို့လို့ရတယ်တဲ့.လုပ်ကြည့်လိုက်ကြပါဗျာ.ရမရတော့ ကျွန်တော်လည်း မစမ်းရသေးဘူးနော်.



ဒီမှာ သွားပြီးပို့ချင်တဲ့နိုင်ငံကိုသွားပို့လိုက်ကြပါတော့နော...
အားလုံးကိုခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ(နည်းပညာ)

Thursday, March 8, 2012

Ubuntu OS ပေါ်တွင် Wine Application ထည့်သွင်းအသုံးပြုပုံ



Photo
Wine Application ဆိုတာကတော့ Linux Platform ပေါ်မှာ Windows Application တွေကို ထည့်သွင်း အသုံးပြုချင်တဲ့ သူတွေအတွက် အသုံးဝင်တဲ့ Application ဖြစ်ပါတယ်။  Ubuntu OS ပေါ်မှာ Pagemaker Application ကဲ့သို့လိုမျိုး Photoshop တို့လို Application တွေ ထည့်သွင်း အသုံးပြုချင်သူတွေအတွက် အသုံးဝင်တဲ့ Application ဖြစ်ပါတယ်။ Wine Application ကို ထည့်သွင်း အသုံးပြုလို့ရတဲ့ OS တွေကတော့ Ubuntu, Red Hat, Fedora, SUSE, Solaris အစရှိတဲ့ Linux Platform အခြေခံထားတဲ့ OS တွေ သာမက Mac ပေါ်မှာပါ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Wine Application ကို ရယူလိုတယ်ဆိုရင် www.winehq.org/download ဆိုတဲ့ အင်တာနက် စာမျက်နှာမှာ သွားရောက် ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။
 
 
ယခုတစ်ပတ်မှာတော့ Ubuntu အသုံးပြုသူတွေအတွက် Wine Application ကို Graphic Intercace မှ ထည့်သွင်း အသုံးပြုပုံနဲ့ Command Line Mode မှ ထည့်သွင်း အသုံးပြုပုံတို့ကို ရွေးချယ် တင်ပြလိုက်ပါတယ်။ Wine Application ကို Official Website ပေါ်မှာ Offline Package ကို ဒေါင်းလုပ်လုပ်ယူပြီး ထည့်သွင်း အသုံးပြုနိုင်သလို၊ Online ချိတ်ဆက်ပြီးလည်း ဒေါင်းလုပ်လုပ်ယူ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Wine Application ကို Graphic Mode ကနေ ထည့်သွင်း အသုံးပြုဖို့အတွက် Unity Launcher မှာ ရှိတဲ့ Ubuntu Software Centre ကို ကလစ်နိုင်ပြီး Wine လို့ ရိုက်ထည့်လိုက်ရင် Wine နဲ့ ပတ်သတ်တဲ့ Application တွေ ကျလာမှာ ဖြစ်ပါတယ်။ အဲဒီကမှ Wine Windows Program Loader ဆိုတာကို ရွေးချယ်ပြီး Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Graphic MOde မှ Install မပြုလုပ်ချင်ဘဲ Command Line Mode မှ Install ပြုလုပ်ချင်သူများ အတွက် Ctrl+Alt+T ကို နှိပ်ပြီး Terminal မှ တစ်ဆင့် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Terminal ကိုရောက်ရင် sudo aptget install wine ဆိုတဲ့ Command ကို ရိုက်ထည့်ပြီး Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Install ပြုလုပ်ပြီးပြီ ဆိုရင်တော့ Wine Application ကို အသုံးပြုဖို့ အတွက် Dash Home Button ကို ကလစ်နှိပ်လိုက်ပြီး Wine လို့ ရိုက်ထည့်လိုက်ရင် Wine Application ကို တွေ့ရမှာ ဖြစ်ပါတယ်။ Wine Application ကို ဖွင့်ပြီးပြီ ဆိုရင်တော့ Windows မှာ ရှိတဲ့ Application ရဲ့ Setup File ကို Wine Loader နဲ့ ဆွဲတင်ပြီး Ubuntu OS ပေါ်မှာ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Touchpal Dialer စနစ် အသုံးပြုနည်း



Photo
Black List စနစ်ကို ဆော့ဖ်ဝဲ သက်သက်ထည့်ပြီး အသုံးပြုဖို့ မလိုအပ်ဘဲနဲ့ တစ်ခါတည်းနဲ့ ကီးဘုတ်ဆော့ဖ်ဝဲထဲမှာတင် အသုံးပြုနိုင်ပါတယ်။  Touchpal Dialer ဆော့ဖ်ဝဲရဲ့ Setting ထဲမှာ Block Call ဆိုတဲ့ စနစ် ရှိနေပါတယ်။ အဲဒီစနစ်ထဲကို ဝင်လိုက်မယ် ဆိုရင်တော့ စနစ်တွေကို အများကြီး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Only Block Black List, Block Non, Only Allow Contact, End Call, Turn Silence, Book History, Black List, White List အစရှိတဲ့ စနစ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ကိုယ်အသုံးပြုချင်တဲ့ ပုံစံအတိုင်း ပြုပြင်ပြောင်းလဲပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
 
Black List စနစ်အပြင် White List စနစ်လည်း ပါဝင်ပါတယ်။ ကိုယ်အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ Black List စနစ်ကို အသုံးပြုချင်တယ် ဆိုရင်တော့ Black List ကို နှိပ်လိုက်ပါ။ ဒါဆိုရင် အပေါင်းလက္ခဏာ ပုံလေး ပါတဲ့ Interface တစ်ခုကို မြင်တွေ့ရမှာပါ။ ဒီအပေါင်းလက္ခဏာလေးက ထပ်ပေါင်းမယ် ဆိုတဲ့ သဘောပါပဲ။ ဒါကို နှိပ်လိုက်ရင်တော့ Box တစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီထဲမှာတော့ Add From Phone နဲ့ Add  From Call Log ဆိုတဲ့ စနစ်နှစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပြီး ကိုယ် အသုံးပြုချင်တဲ့ စနစ်နဲ့ ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Black List စနစ်ထဲမှာ ကိုယ်ကကိုယ် တိုက်ရိုက်နှိပ်ပြီး အသစ် ထည့်သွင်းလို့တော့ မရပါဘူး။ အသစ်ထည့်သွင်းချင်တယ် ဆိုရင်တော့ ဖုန်းရဲ့ Call Log ထဲကို အရင်ဆုံး ထည့်သွင်းပြီး အသုံးပြုတာ အကောင်းဆုံးပါပဲ။ ဒါကတော့ Black List  စနစ် အသုံးပြုပုံပဲ ဖြစ်ပါတယ်။ နောက်ထပ် စနစ်တစ်ခုဖြစ်တဲ့ White List စနစ်ပဲ ဖြစ်ပါတယ်။ White List စနစ်မှာလည်း ဒီလိုပဲ ဖြစ်ပါတယ်။ White List စနစ်မှာလည်း Add From Phone နဲ့ Add From Call Log ဆိုတဲ့ စနစ်နှစ်ခုပဲ ပါဝင်မှာ ဖြစ်ပါတယ်။ ကိုယ်အသုံးပြုချင်တဲ့ White List နံပါတ်တွေကို ဖုန်းထဲမှာ ရွေးချယ်ပြီး ဖြည့်စွက် ထည့်သွင်းနိုင်ပါတယ်။ Black List စနစ်နဲ့ White List စနစ်တွေမှာ ကိုယ်ထည့်သွင်းထားတဲ့ နံပါတ်တွေကို ပယ်ဖျက်ချင်တယ် ဆိုရင်တော့ ကိုယ်မှတ်သားထားတဲ့ နံပါတ်ကို လက်နဲ့ ခဏလေး ဖိထားလိုက်မယ် ဆိုရင် Box တစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ Box ထဲမှာတော့ No Block နဲ့ Add To Black  List နဲ့ Add To White List ဆိုတာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဖျက်ချင်တယ် ဆိုရင်တော့ No Block ကို နှိပ်နိုင်ပြီး တခြားစာရင်း တစ်ခုမှာ ဖြည့်စွက်ချင်တယ် ဆိုရင်တော့ Add To Black List နဲ့ Add To White List  ဆိုတာတွေကို အသုံးပြုနိုင်ပါတယ်။ ဒါကတော့ ကိုယ်မှတ်ထားတဲ့ White List ထဲမှာဆိုရင် Blacck List ထဲကို ပြောင်းရွှေ့နိုင်ပြီး Black List ဆိုရင်လည်း White List ထဲကို ရွှေ့ပြောင်းနိုင်ပါတယ်။

Touchpal  Dialer ထဲက နောက်ထပ်စနစ် တစ်ခုကတော့ Update ဆိုတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ Update ဆိုတဲ့ စနစ်ထဲမှာတော့ Touchpal Diale စတင် ထည့်သွင်းထားတဲ့ ရက်ကို ဖော်ပြထားမှာဖြစ်ပြီး ကိုယ်တင်ထားတဲ့ နောက်ဆုံး ဗားရှင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အောက်ဘက် မှာ Auto Update Setting ဆိုတာ ရှိပါတယ်။ အဲဒါကို နှိပ်လိုက်မယ် ဆိုရင်တော့ Manual, Every Three Day, Every Seven Day, Every Fourteen Day အစရှိတာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ဆော့ဖ်ဝဲရဲ့ Update စနစ်ကို ကိုယ်တိုင်လုပ်ချင်တဲ့ အချိန်ကျမှ Manual  လုပ်မလား၊ ဒါမှမဟုတ် ၃ ရက်တစ်ခါ၊ ၇ ရက်တစ်ခါ၊ ၁၄ ရက်တစ်ခါ အစရှိသဖြင့် အချိန် ဘယ်လောက်ကြာကြာမှာ တစ်ခါ Update လုပ်မယ်ဆိုတာကို မှတ်သားထားနိုင်ပါတယ်။ နောက်ထပ် စနစ်တစ်ခုကတော့ Share With Your Friend ဆိုတဲ့ စနစ်ပါပဲ။ ဒီစနစ်ကတော့ ကိုယ့်ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲကို တခြား ဖုန်းတစ်လုံးကို ပြောင်းရွှေ့ပေးချင်တယ် ဆိုရင် ပေးနိုင်ဖို့အတွက် ထည့်သွင်းထားပေးတာပါ။ ဒီစနစ်ကို နှိပ်လိုက်မယ် ဆိုရင်တော့  Bluetooth နဲ့ ပို့မလား၊ မေးလ်နဲ့ပို့မလား၊ Message နဲ့ ပို့မလား အစရှိတာတွေကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ ဒါကတော့ ဒီဆော့ဖ်ဝဲတွေထဲမှာ အသုံးပြုနိုင်တဲ့ စနစ်တွေပဲ ဖြစ်ပါတယ်။

Wednesday, March 7, 2012

အစိုးရဌာန အော်တိုတယ်လီဖုန်းများ၏ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုခများ ပြောင်းလဲ သတ်မှတ်လိုက်ပြီဟုဆို

Photo
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အစိုးရဌာနများအတွက် ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုခများကို တိုးမြှင့် သတ်မှတ်ပေးလိုက်ပြီဟု ပြောပါတယ်၊ အစိုးရဌာနများ အနေနဲ့ အဲဒီလို ပြည်ပနိုင်ငံ အသီးသီးကို ဖုန်းခေါ်ဆိုခများ သတ်မှတ်ရာမှာ ယခုတိုးမြှင့် သတ်မှတ်တဲ့ နှုန်းထား အသစ်များကတော့ အစိုးရဌာနများအတွက် အာဆီယံနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၉၆၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၉၆.) ကျပ်၊ အာရှတိုက် အရှေ့ပိုင်းနဲ့ တောင်ပိုင်း နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၁၂၀.) ကျပ်နဲ့၊ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၁၂.) ကျပ်၊ အာရှတိုက်အလယ်ပိုင်း နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၄၄၀.) ကျပ်နဲ့၊ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၄၄.) ကျပ်၊ ဥရောပ၊ အာဖရိက၊ သြစတြေးလျ၊ အမေရိက နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၉၂၀.) ကျပ်နဲ့၊ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၉၂.) ကျပ်၊ အင်မာဆက်၊ အီရီဒီယမ် ဂြိုလ်တုဆက်ကြောင်း ခေါ်ဆိုခကတော့ (၂၈၀၀) ကျပ်မှ (၅၅၆၀) ကျပ်သို့ အသီးသီး တိုးမြှင့် သတ်မှတ်လိုက်တယ်လို့ ပြောပါတယ်။

ယခုလက်ရှိ အစိုးရဌာနများ အနေနဲ့ ပြည်ပနိုင်ငံ အသီးသီးသို့ ဖုန်းခေါ်ဆိုကြရာမှာ ခေါ်ဆိုခများအဖြစ် ကျသင့်ငွေ ပေးဆောင်ကြရာမှာ အစိုးရဌာနများ အနေနဲ့ ထိုင်းနိုင်ငံသို့ ခေါ်ဆိုရာမှာ ပထမတစ်မိနစ် ခေါ်ဆိုခ (၆၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၆.) ကျပ်၊ ဘရုနိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဟောင်ကောင်၊ ပါကစ္စတန် နိုင်ငံများအတွက် ခေါ်ဆိုခ ပထမတစ်မိနစ် (၇၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၇.) ကျပ်၊ အိန္ဒိယနိုင်ငံကိုတော့ ပထမတစ်မိနစ် ခေါ်ဆိုခ (၈၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၈.) ကျပ်၊ နီပေါနိုင်ငံနဲ့ တရုတ်နိုင်ငံကိုတော့ ပထမတစ်မိနစ် ခေါ်ဆိုခ (၉၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၉.) ကျပ်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ တိုင်ပေ၊ ဂျပန်၊ မြောက်ကိုရီးယား၊ လာအို၊ မကာအို၊ မော်ဒလိုက်၊ မွန်ဂိုလီးယား၊ ဗီယက်နမ် နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၀၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၀.) ကျပ်၊ အရှေ့တီမော၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံများ အတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၁၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၁.) ကျပ်၊ သီရိလင်္ကာနဲ့ အင်္ဂလန် နိုင်ငံတို့အတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၂၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၂.) ကျပ်၊ ဥရောပ၊ သြစတြေးလျ နိုင်ငံတို့အတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၃၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၃.) ကျပ်၊ အင်မာဆက်၊ အီရီဒီယမ် ဂြိုလ်တုဆက်ကြောင်း ခေါ်ဆိုခ ကတော့ (၁၆၀.) ကျပ်ဖြစ်တယ်လို့ သိရပါတယ်။

Monday, March 5, 2012

Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက်




ကျွန်တော် အခု Laptop အသုံးပြု သူတွေအနေနဲ့ မိမိရဲ့ Laptop မှာအသုံးပြုနေတဲ့ Internet Connection ကို Connectify Pro  ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး Wifi လွတ်ကာ တစ်ခြား အသုံးပြုချင်သူများအား Internet Connectionအား Wifi မှတဆင့် ပြန်ပြီး Share ပေးလို့ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. အများစုကတော့ သိပြီးသား ဖြစ်ပါလိမ့်မယ် .. မသိသေးတဲ့ သူများကို ရည်ရွယ်ပါတယ် .. အခုလို Connectify Pro  ကိုအသုံးပြုပြီး Share ပေးခြင်းဖြင့် မိမိလွတ်ထားတဲ့ Wifi ကို Hotspot Password ကိုမသိပဲ ၀င်ရောက် အသုံးမပြုနိုင်ခြင်း မရှိတဲ့ အတွက် .. မိမိတို့ ပေးသုံးချင်တဲ့ သူများကိုသာ Client Users များအနေနဲ့ အသုံးပြု ခိုင်းလို့ရမှာ ဖြစ်ပါတယ် .. နောက်ပြီး မိမိတို့ Share ပေးထားတဲ့ Connection ထဲကို မိမိမသိပဲ ၀င်ရောက် အသုံးပြု နေသူများ ရှိမရှိကိုလည်း Clients မှာ ကြည့်ခြင်းဖြင့် အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ် ..

ကျွန်တော် အရင်ဆုံး အခုတင်ပေးလိုက်တဲ့ Connectify Pro v3.25  ကို Full Version လေးရအောင် ဘယ်လို လုပ်ရမယ် ဆိုတာကို အရင် ပြောပြပေးပါမယ် .. အရင်ဆုံး Connectify Pro v3.25 ကို မိမိတို့ Share ပေးချင်တဲ့ လက်တော့မှာ Install လုပ်လိုက်ပါ .. ပြီးရင် Connectify Pro v3.25 ကိုမဖွင့် ပါနဲ့အုံး .. ကျွန်တော် အထဲမှာ ထည့်ပေးလိုက်တဲ့ Patch File လေးကို My Computer >> Local Disk ( :C ) >> Program ထဲမှာ ရှိတဲ့ Connectify ဆိုတဲ့ Folder ထဲမှာ ထည့်လိုက်ပါ .. ပြီးရင် Patch File လေးကို Right Click ထောက်လိုက်ပါ .. ပြီးရင် Run as administrator နဲ့ ဖွင့်လိုက်ပါ .. ပြီးရင် Patch ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ပါ .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..
အပေါ်က အဆင့်အတိုင်း Full Version လေးရအောင်လုပ်ပြီးသွားပြီ ဆိုရင်တော့ အောက်မှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို ရေးပေးပါမယ် .. သုံးရတာ လွယ်ပါတယ် ..အရင်ဆုံး Hotspot Name နေရမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ အမည်တစ်ခု ပေးလိုက်ပါ .. ပြီးရင် Password တစ်ခုခု ပေးလိုက်ပါ ..
နောက်တစ်ဆင့်Internet မှာ မိမိတို့ လက်ရှိသုံးနေတဲ့ Connection အမျိုးအစားကို ရွေးပေးလိုက်ပါ .. ပြီးရင်တော့ Start Hotspot ကိုနှိပ်ပြီး စတင် Sharing လုပ်လို့ ရသွားပါပြီ .. 
တကယ်လို့ မိမိတို့ Sharing ပေးထားတဲ့ Network ထဲမှာ ဘယ်သူတွေ  Client Users များအဖြစ်နဲ့ အသုံးပြု နေလည်း ဆိုတာ သိချင်ယင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Clients မှာကြည့်ရှုနိုင်ပါတယ်..
ဒီလောက်ဆိုရင်တော့ Connectify Pro v3.25  ကိုအသုံးပြုပြီး Latop မှ Internet Connection ကို ဘယ်လို Sharing လုပ်လို့ရမလည်း ဆိုတာကို သိသွားမယ်လို့ ထင်ပါတယ် .. 


အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

ဝက်ဘ်ဆိုက်တစ်ခုကို လုံခြုံစိတ်ချစွာ အသုံးပြုခြင်း

အွန်လိုင်းပေါ်မှာ ဘဏ်လုပ်ငန်းကိစ္စများ ပြုလုပ်ခြင်း၊ ဈေးဝယ်ခြင်းစတဲ့ ဘဏ္ဍာရေးဆိုင်ရာ  လုပ်ငန်းကိစ္စရပ်တွေကို ပြုလုပ်ရာမှာ အင်တာနက်ဟာ တကယ့်ကို အဆင်ပြေစွာနဲ့ လုပ်ဆောင် နိုင်စေပေမယ့် အသုံးပြုသူရဲ့ ငွေကြေးတွေကိုတော့ လုံခြုံမှုရှိစေဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာ အင်တာနက်ပေါ်တွင် အရောင်းအဝယ် ပြုလုပ်ရာ၌ ပြုလုပ်သည့် နည်းလမ်းများ အပါအဝင် ဝက်ဘ်ဆိုက်ကို လုံခြုံမှုရှိစေအောင် ပြုလုပ်ခြင်းနဲ့ SSL Security Certificate စစ်ဆေးခြင်းတို့ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များအတွက် ဝက်ဘ်ဆိုက်ကို လုံခြုံအောင် ပြုလုပ်ခြင်း အရေးကြီးတဲ့ အချက်အလက် ဒါမှမဟုတ် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို အွန်လိုင်းတွင် ပေးပို့ခြင်း မပြုလုပ်မီ ချိတ်ဆက် အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်ဟာ လုံခြုံမှု ရှိ၊ မရှိ သိထားဖို့ လိုပါတယ်။ လုံခြုံမှုရှိတဲ့ ဆိုက်တွေဟာ အချက်အလက်တွေကို စာဝှက်အဖြစ် ပြောင်းလဲကာ (encrypt) ကာကွယ်ပေးပါတယ်။ ဝက်ဘ်ဆိုက်တစ်ခု လုံခြုံမှုရှိ၊ မရှိ ဆိုတာကို https နဲ့ browser ရဲ့ Security Symbol တို့က ညွှန်ပြပေးနိုင်ပါတယ်။

Https

ဝက်ဘ်ဆိုက်လိပ်စာရဲ့ အစကို http နဲ့ https တို့နဲ့ စတင်ပါတယ်။ အကယ်၍ ဝက်ဘ်ဆိုက်လိပ်စာကို https နဲ့ စတင်တဲ့အခါမှာ အချက်အလက်တွေကို encrypt လုပ်ကာ ပေးပို့ပါတယ်။ သို့မှသာ ဆိုက်ဘာ ဒုစရိုက်သမားတွေကနေ အဆိုပါ အချက်အလက်တွေကို ကြားဖြတ်ရယူတဲ့အခါ အသုံးပြုသူရဲ့ အချက်အလက်တွေကို မသိရှိနိုင်မှာ ဖြစ်ပါတယ်။

Security Symbol

အသုံးပြုသူရဲ့ browser ဟာ ဝက်ဘ်ဆိုက်တစ်ခု လုံခြုံမှု ရှိ၊ မရှိဆိုတာကို လုံခြုံမှုသင်္ကေတ (Security Symbol) ဒါမှမဟုတ် သော့ခလောက် ပုံစံဖြင့် ဖော်ပြပေးပါတယ်။ သော့ခလောက် ပုံစံတွေကတော့ browser အပေါ်မူတည်ပြီး တည်နေရာနဲ့ ပုံစံကွဲပြားပါတယ်။

လုံခြုံရေး သတိပေးချက်များနှင့် SSL Certificate

လုံခြုံမှုရှိတဲ့ ဆိုက်တွေမှာ SSL Certificate တစ်ခုစီ ရှိပါတယ်။ SSL Certificate တစ်ခုဟာ ကိစ္စရပ် ၂ ခုကို လုပ်ဆောင်ပါတယ်။ ပထမ အနေနဲ့ကတော့ SSL Certificate ဟာ virtual passport တစ်ခု ဒါမှမဟုတ် ကားမောင်း လိုင်စင်တစ်ခုနဲ့ ဆင်တူပြီး မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖော်ပြပေးပါတယ်။ ဒုတိယအနေနဲ့ကတော့ ၎င်းဟာ စာဝှက်အဖြစ် ပြောင်းလဲခြင်း (encryption) ကို လုပ်ဆောင်ပါတယ်။ SSL Certificate မရှိတဲ့ ဝက်ဘ်ဆိုက်ဟာ https အစား http နဲ့သာ စတင်လေ့ရှိပြီး browser ကလည်း သော့ခလောက်ပုံစံနဲ့ ဖော်ပြခြင်း မရှိပါဘူး။ SSL Certificate ရှိတယ်ဆိုရင်တော့ browser ကဖော်ပြထားတဲ့ သော့ခလောက်ကို နှစ်ချက်နှိပ်ပြီး အသုံးပြုနိုင်ပါတယ်။

SSL Certificate ကို ဘာကြောင့် ရှာဖွေရသလဲ။

(၁) SSL Certificate ကို စစ်ဆေးခြင်းဟာ ဝက်ဘ်ဆိုက်ပေါ်မှာရှိတဲ့ certificate နဲ့ အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်တို့ ကိုက်ညီခြင်း ရှိ၊ မရှိကို သိရှိနိုင်ပါတယ်။

(၂) ယုံကြည်စိတ်ချရတဲ့ ဝက်ဘ်ဆိုက်အတွက် SSL Certificate တွေကို Certificate Authority တွေကနေ ထုတ်ပေးပါတယ်။ မှန်ကန်ကြောင်း အတည်ပြု စစ်ဆေးပေးတဲ့ SSL Certificate Authority ကုမ္ပဏီတွေထဲမှာ VeriSign,  RSA  Data  Security, Thawte,  Geotrust,  GoDaddy  နဲ့ Combo  တို့လို ကုမ္ပဏီတွေ ပါဝင်ပါတယ်။ အဲ့ဒီကုမ္ပဏီတွေက ထုတ်ပေးထားတဲ့ SSL Certificate ရှိ၊ မရှိကို စစ်ဆေးခြင်းဖြင့် ဝက်ဘ်ဆိုက်ဟာ ယုံကြည်စိတ်ချရမှု ရှိ၊ မရှိ သိနိုင်ပါတယ်။

(၃) SSL Certificate ရဲ့သက်တမ်း ကုန်ဆုံးခြင်း ရှိ၊ မရှိကို စစ်ဆေးပါ။ သက်တမ်းကုန်နေပြီဆိုရင်တော့ အသုံးပြုသူရဲ့ အချက်အလက်တွေကို encrypt လုပ်ပေးဖို့အတွက် အာမခံချက်ရှိမှာ မဟုတ်ပေ။

လုံခြုံရေး သတိပေးချက်များ

Internet Explorer, Firefox နဲ့ Chrome တို့ရဲ့ လက်ရှိဗားရှင်းတွေဟာ အသုံးပြုသူများအတွက် SSL Certificate ကို အတည်ပြု စစ်ဆေးပေးနိုင်ပါတယ်။ အကယ်၍ Certificate တွေဟာ up to date မဖြစ်တဲ့အခါ ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ Certificate Authority တွေကနေ ထုတ်ပေးထားခြင်း မဟုတ်တဲ့အခါမှာ browser တွေကနေ အောက်ဖော်ပြပါ သတိပေးမှုတွေကို ပြုလုပ်ပေးပါတယ်။ Internet Explorer 8 ဟာ Certificate မှန်ကန်မှု ရှိ၊ မရှိကို four-level color system ကိုအသုံးပြုပြီး သတိပေးမှု ပြုလုပ်ပါတယ်။ Firefox ကတော့ One-Click Site ID နဲ့ Certificate မှန်ကန်မှု ရှိ၊ မရှိကို စစ်ဆေးပါတယ်။ Chrome ကတော့ အခြေခံသတိပေး စာတန်းအပြင် Certificate နဲ့ ပတ်သက်တဲ့ သတိပေးမှုကို color-coded domain highlighting ဖြင့် ပြုလုပ်ပါတယ်။

Phishing Scam များကို ဘယ်လိုကာကွယ်မလဲ

လုံခြုံစိတ်ချရတဲ့ ဆိုက်တွေဟာ အချက်အလက်တွေကို ဆိုက်ဘာ ဒုစရိုက်သမားတွေကနေ ကြားဖြတ်ရယူခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆိုက်ဘာ ဒုစရိုက်သမားတွေကနေ phishing scam တိုက်ခိုက်မှုတွေနဲ့ တိုက်ရိုက် ပြုလုပ်နိုင်တာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။ Phishing scam အများစုဟာ ဘဏ်၊ အကြွေးဝယ်ကတ် ကုမ္ပဏီနဲ့ တခြား ဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ တရားဝင် သတိပေးချက်များကဲ့သို့ ပြုလုပ်ကာ အသုံးပြုသူရဲ့ အကြွေးဝယ်ကတ်နံပါတ်များနဲ့ တခြား account အချက်အလက်တွေကို လိမ်လည် ရယူသွားနိုင်ပါတယ်။ ဒါကြောင့် ဘဏ်၊ အကြွေးဝယ်ကတ် ကုမ္ပဏီနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကနေ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို တောင်းခံလာတဲ့ email များ၊ pop-up များ၊ text message များနဲ့ ဖုန်းခေါ်ဆိုမှုများကို ပြန်လည် တုံ့ပြန်ခြင်း မပြုပါနဲ့။ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာတဲ့အခါမှာ အသုံးပြုသူမှ ဖုန်းခေါ်ခြင်းဖြင့်သာ စုံစမ်းအတည်ပြုသင့်ပါတယ်။

အွန်လိုင်းပေါ်တွင် ဈေးဝယ်ခြင်းကို လုံခြုံစိတ်ချစွာ  ပြုလုပ်ခြင်း

အွန်လိုင်းပေါ်မှာ ဈေးဝယ်ခြင်းဟာ ပြည်တွင်းမှာ မရရှိနိုင်တဲ့ ထုတ်ကုန်တွေကို ဝယ်ယူခွင့် ရရှိစေတဲ့အတွက် အဆင်ပြေစေတဲ့ နည်းလမ်းတစ်ခုလို့ ဆိုရမှာပါ။ ဒါပေမဲ့ အွန်လိုင်းပေါ်ကနေ ငွေပေးချေမှု ပြုလုပ်တဲ့အခါမှာတော့ လိမ်လည်မှုတွေ ဖြစ်ပွားလာနိုင်ပါတယ်။ အွန်လိုင်းဈေးဝယ် ဆိုက်တစ်ခုကို အသုံးပြုတဲ့အခါမှာ အသုံးပြုနေတဲ့ဆိုက် လုံခြုံမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ဝက်ဘ်ဆိုက်မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို သေချာစွာဖတ်ခြင်း၊ လုံခြုံရေးပရိုဂရမ်များကို အသုံးပြုခြင်းစတဲ့ ပုံမှန်ကြိုတင် ကာကွယ်မှုများကို ပြုလုပ်တဲ့ အလေ့အကျင့် ရှိရပါမယ်။

ခြေရာခံနိုင်တဲ့ အချက်အလက်တွေ မကျန်ပါစေနဲ့

ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်တွေကို ပြုလုပ်တဲ့အခါမှာ private browsing  session  ကနေ ပြုလုပ်သင့်ပါတယ်။ ဒါမှသာ browsing history, password တွေနဲ့ တခြား private data တွေကို သိမ်းဆည်းထားခြင်း မရှိသလို အသုံးပြုသူရဲ့ ကွန်ပျူတာကို တခြားသူတစ်ဦးမှ အသုံးပြုတဲ့အခါမှာလည်း ၎င်းတို့ကို အသုံးပြုနိုင်မှာ မဟုတ်ပေ။ နောက်ပြီး အသုံးပြုမှု ပြီးဆုံးသွားတဲ့အခါမှာ ဝက်ဘ်ဆိုက်ကို log off လုပ်ခြင်း ဒါမှမဟုတ် browser window အားလုံးကို ပိတ်ပစ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ ဖြစ်နိုင်ပါက ဘဏ္ဍာရေး လုပ်ငန်းကိစ္စတွေကို ဝေမျှအသုံးပြုနေတဲ့ ကွန်ပျူတာပေါ်ကနေ ပြုလုပ်ခြင်း ဒါမှမဟုတ် public wireless  Internet  connection ပေါ်ကနေ ပြုလုပ်ခြင်းတို့ကို ရှောင်ရပါမယ်။

Back ခလုတ်ကို နှိပ်တဲ့အခါ သတိထားပါ

အွန်လိုင်းစတိုးတစ်ခုကနေ ဝယ်ယူမှုတစ်ခုကို ပြုလုပ်လိုက်တဲ့အခါမှာ အဆိုပါဆိုက်ဟာ အသုံးပြုသူ ဝယ်ယူလိုက်တဲ့ အချက်အလက်တွေကို စုဆောင်းထားပါတယ်။ အကယ်၍ အချက်အလက်တွေကို ထည့်သွင်းပြီးတဲ့နောက် Back ခလုတ်ကို နှိပ်လိုက်မိတဲ့အခါမှာ အချက်အလက်ကို နောက်တစ်ကြိမ် ပေးပို့မိသလို ဖြစ်သွားနိုင်တဲ့အတွက် ငွေပေးချေတဲ့အခါမှာ နှစ်ဆ ပေးချေရနိုင်ပါတယ်။ ဘဏ်ဝက်ဘ်ဆိုက်ပေါ်ကနေ ငွေလွှဲပြောင်းမှု ပြုလုပ်စဉ်အတွင်း Back ခလုတ်ကို နှိပ်မိတဲ့အခါမှာလည်း အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်နိုင်ပါတယ်။ အကယ်၍ Back ခလုတ်ကို မတော်တဆ နှိပ်မိလိုက်ပြီဆိုရင်တော့ အသုံးပြုသူရဲ့ browser ကနေ "send the form again" ဆိုပြီး မေးပါလိမ့်မယ်။ "Cancel" ကိုနှိပ်မှသာ အချက်အလက်တွေကို နောက်တစ်ကြိမ် ပေးပို့ခြင်းမှ ကာကွယ်နိုင်ပါလိမ့်မယ်။ 

Sunday, February 12, 2012

Laptop Computer ကိုပျော်ပျော်ပါးပါး သုံးစွဲနိုင်ဖို့



Photo
Laptop ကို ပျော်ပျော်ပါးပါး သုံးဖို့ဆိုတဲ့ နေရာမှာ Windows OS သုံးတဲ့ Laptop တွေနဲ့ပဲ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပြောသွားမှာ ဖြစ်ပါတယ်။ အားလုံး အကြောင်းအရာ ၁၀ ချက် ရှိပါတယ်။

(၁) အလိုအလျောက် Logon ဝင်ပါ

အလိုအလျောက် Logon ဝင်တယ်ဆိုတာ ကွန်ပျူတာက User account ထဲဝင်တာ ဖြစ်နိုင်သလို Online သုံးနေတုန်း Website ထဲ တစ်ခုခုထဲ ဝင်တာလည်း ဖြစ်နိုင်ပါတယ်။ Online မှာ Website တစ်ခုထဲဝင်ဖို့ User Account နဲ့ Password ရိုက်ထည့်ပြီးရင် Browser ကို မှတ်ခိုင်းထားနိုင်ပါတယ်။ ကွန်ပျူတာက User account ထဲ Password မရိုက်ဘဲ အလိုအလျောက် ဝင်ချင်တယ်ဆိုရင် Windows ထဲမှာ ဝှက်ထားတဲ့ Tool တစ်ခုကို သုံးနိုင်ပါတယ်။ User account ထဲ အလိုအလျောက် ဝင်နိုင်တဲ့ Tool ဆီ သွားမယ်ဆိုရင် Start Menu ကို ဖွင့်ပါ။ Search box ထဲမှာ Setplwiz ဒါမှမဟုတ် Control userpassword 2 ကို ရိုက်ထည့်ပါ။ Win 7 မှာဆိုရင် Setplwiz ကို သုံးရပါမယ်။
 
ပြီးရင် Search box ရဲ့ အပေါ်နားမှာ မြင်နေရတဲ့ Setplwiz ကို ဘယ်ကလစ်နှိပ်ပါ။ User account windows တစ်ခု ပေါ်လာပါမယ်။ Users ဆိုတဲ့ Tab ကိုရွေးပါ။ အောက်မှာ မြင်နေရတဲ့ Users must enter a user name and password to use this computer စာသားဘေးက လေးထောင့်ကွက်ထဲမှာ အမှန်ခြစ်ပြုတ်အောင် ဘယ်ကလစ်နှိပ်ပါ။ ပြီးရင် အလိုအလျောက် Logon ဝင်ချင်တဲ့ Account ကို ရွေးပေးပါ။ ပြီးရင် Apply နေရာမှာ ဘယ်ကလစ်နှိပ်ပါ။ ကိုယ်သတ်မှတ်တဲ့ User account နဲ့ သက်ဆိုင်တဲ့ Automatically Logon ဆိုတဲ့ Window တစ်ခု တက်လာပါမယ်။ အဲဒီအထဲမှာ User name သတ်မှတ်ထားပါတယ်။ Password နဲ့ Confirm password ကို ရိုက်ထည့်ပေးပြီး OK နှိပ်ရပါမယ်။
 
ဒါဆိုရင် သက်ဆိုင်ရာ Account အတွက် Password ရိုက်ထည့်ရတဲ့ နေ့တွေ ကုန်ဆုံးသွားပါပြီ။ Account ကို ဘယ်ကလစ်နှိပ်ပြီး တိုက်ရိုက် ဝင်ရောက်ရုံပါပဲ။ ဒီနည်းက တရားဝင် Windows သုံးစွဲနေပြီး Windows live mesh လို online tool ထဲ ဝင်ဖို့အတွက် အဆင်ပြေလှပါတယ်။ ဒါပေမဲ့ ကွန်ပျူတာကို မျှဝေသုံးစွဲရတဲ့ အခါမျိုးမှာ ကွန်ပျူတာထဲမှာ အထိအခိုက်မခံတဲ့ Data တွေ ရှိနေတဲ့ အခါမျိုးမှာ မသုံးစွဲမိဖို့ သတိထားစေချင်ပါတယ်။ ကိုယ်တစ်ယောက်တည်း သုံးတဲ့ ကွန်ပျူတာ ဖြစ်မယ်။ အရေးကြီး Data လည်း မရှိဘူးဆိုရင် တိုက်ရိုက်ဝင်တဲ့နည်းက မြန်ဆန်ပြီး ခေါင်းပေါ့ပါတယ်။ Account မထားဘဲ သုံးတာနဲ့ အတူတူပဲ မဟုတ်လားလို့ မေးနိုင်ပါတယ်။ ဟုတ်ကဲ့။ ကိုယ့်စိတ်ကြိုက် သတ်မှတ်ချက်လေးတွေ လုပ်ချင်လို့ Account ထားတာပါ။

(၂) ဘက်ထရီနဲ့ ကြာကြာ သုံးနိုင်ပါစေ။

Laptop တွေမှာ ဘက်ထရီစားတာ အကြောင်းတစ်ချက်တည်းကြောင့်တော့ မဟုတ်ပါဘူး။ ဘာအကြောင်းတွေက ဘက်ထရီ စားရသလဲဆိုတဲ့ ကိစ္စကို ရှာဖွေရာမှာ Windows က အကူအညီ ပေးနိုင်ပါတယ်။ ဒီကိစ္စကို ရှာဖွေနိုင်ဖို့ Admin command prompt ဆီကို ဝင်ရပါမယ်။ Start menu ကို ဘယ်ကလစ်ခေါက်ပြီး ပေါ်လာတဲ့ Search box ထဲမှာ CMD ကို ရိုက်ထည့်ပါ။ အပေါ်ဘက်နားမှာ cmd.exe ဆိုတဲ့ စာသားလေးကို တွေ့ရပါမယ်။ အဲဒီနေရာမှာ ညာကလစ်နှိပ်ပါ။ ပေါ်လာတဲ့ အကွက်ထဲက Run as administrator ဆိုတာ ရွေးပါ။
 
Administrator:C:/Windows/System32/cmd.exe ဆိုတဲ့ ခေါင်းစဉ်နဲ့ Window တစ်ခု ပေါ်လာပါမယ်။ အောက်ခံအမည်းမှာ အဖြူရောင် စာသားတွေကို တွေ့နိုင်ပါတယ်။ C:/Windows/System32> နောက်မှာ powercfg-energy ဆိုတဲ့ စာသား ရိုက်ထည့်ပြီး enter ခေါက်ပါ။ Windows ဟာ ကိုယ့်စက်ရဲ့ ပါဝါ စားသုံးမှုကို စက္ကန့် ၆၀ စောင့်ကြည့်ပါမယ်။ ပြီးရင် ဘယ်အရာတွေက ပါဝင် ဘယ်လောက် စားသုံးနေသလဲ ဆိုတဲ့ Report ထုတ်ပေးပါမယ်။ ဘက်ထရီနဲ့ အချိန်ပိုပြီး သုံးစွဲနိုင်စေဖို့ ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတဲ့ ထောက်ခံချက်တွေကိုလည်း ပေးပါမယ်။ Report ကို အေးအေးဆေးဆေး ဖတ်ချင်ရင် C:/energy.report.html မှာ ဖတ်နိုင်ပါတယ်။

(၃) Shutdown မလုပ်ပါနဲ့ Sleep လုပ်ပါ။

ကွန်ပျူတာဘေးကနေ တခြား တစ်နေရာကို နာရီဝက် တစ်နေရာလောက် ထသွားမယ်ဆိုရင် ဘက်ထရီအစား သက်သာဖို့ ဒါမှမဟုတ် မီတာအစား သက်သာဖို့ ကျွန်တော်တို့က စက်ပိတ်ပစ်လေ့ ရှိပါတယ်။ Laptop က ပါဝါ အစားသက်သာတယ်ဆိုတောင် ဝပ် (၁၀၀) အောက် ပျော့ပျော့တော့ စားသေးတာပဲ။ ဘက်ထရီ သီးသန့်နဲ့ သုံးမယ်ဆိုရင်လည်း မသုံးဘဲ ဖွင့်ထားရင် ဘက်ထရီ မခံနိုင်ဘူးလေ။ ပိတ်ထားရမယ် မဟုတ်လား။ မဟုတ်ပေါင် ခင်ဗျာ။ အကျင့်ပါနေလို့ ပိတ်တာပါ။ Windows တွေမှာ Sleep mode ဆိုတာ ရှိပါတယ်။ ကွန်ပျူတာ Shut down option တွေထဲမှာ တွဲပေးပြီးသားပါ။ Sleep ဆိုတာဟာ ကွန်ပျူတာကို ပိတ်တော့ ပိတ်လိုက်တာပါပဲ။ ဒါပေမဲ့ မဆိုစလောက် ပါဝါလေးကို ပေးထားပြီး ကိုယ်နောက်ဆုံး သုံးခဲ့တဲ့ အနေအထားဆီ အမြန် ပြန်ရောက်အောင် အထောက်အကူ ပေးပါတယ်။

ဒီလိုဆိုရင် အလွယ်တကူ Shutdown လုပ်မယ့်အစား Sleep ကို ဘာကြောင့် မသုံးရဲရမှာလဲ။ လွယ်ပါတယ်။ Start menu ကို နှိပ်လိုက်ပါ။ (Win 7 ကိုပဲ ဦးတည်ပြီး ပြောပါမယ်) Shutdown နေရာကိုရှာပါ။ ပြီးရင် အဲဒီပေါ်မှာ ညာကလစ်နှိပ်ပါ။ Properties ဆိုတဲ့ စာသား တွေ့ရပါမယ်။ ဘယ်ကလစ်နှိပ်ပြီး ရွေးလိုက်ပါ။ Taskbar and start menu properties ဆိုတဲ့ ခေါင်းစဉ်နဲ့ Windows တစ်ခု ပေါ်လာပါမယ်။ Start menu ဆိုတဲ့ Tab ကို ရွေးပါ။ Power button action ဘေးက အကွက်ထဲမှာ Option တွေ မြင်ရအောင် အောက်စိုက်မြားခေါင်းလေးမှာ ဘယ်ကလစ်နှိပ်ပါ။ ပြီးရင် Sleep ကို ရွေးပြီး OK နှိပ်ပါ။

Laptop က Power ခလုတ်ကို ခဏဖိထားရင် sleep mode ထဲ ဝင်သွားပါမယ်။ Power ခလုတ် ပြန်ဖိရင် နဂိုက ကိုယ်ထားခဲ့တဲ့ နေရာကို ပြန်ရောက်ပါမယ်။ Password ပေးထားခဲ့ရင် ထည့်ပေးဖို့တော့ လိုပါမယ်။ မထည့်နိုင်ရင် Control panel ရဲ့ Power option မှာ ဝင်ဖြုတ်ပါ။ Task bar ရဲ့ ဘယ်စွန်က Windows logo လေးကို နှိပ်ရင်လည်း ဦးစားပေး အစီအစဉ်မှာ Sleep က အရင်ပေါ်နေတာကို တွေ့ရပါမယ်။ အဲဒီကနေလည်း Sleep mode ထဲ ဝင်နိုင်ပါတယ်။ Control panel က ဝင်ပြီး စီမံချင်တယ် ဆိုရင်ဖြင့် Power option ထဲ ဝင်ပါ။ Left pane ထဲက Choose what power button does စာသားနေရာမှာ ဘယ်ကလစ်နှိပ်ပါ။ When I press the power button နေရာမှာ ကိုယ်ကြိုက်တဲ့ Option ကို ထည့်ပေးနိုင်ပါတယ်။ Laptop တွေမှာ What happens when you close the lid စာသားနံဘေးမှာ ကိုယ်ကြိုက်တဲ့ Option တစ်ခုကို ရွေးပေးနိုင်ပါသေးတယ်။

(၄) Natural Language Search ကို သုံးတတ်ပါစေ။

Search လုပ်တာ လွယ်ပါတယ်။ ဘယ်ဆီနေမှန်း မသိတော့တဲ့ ဖိုင်တစ်ဖိုင်ကို မှန်းဆပြီး ရှာမယ်ဆိုရင် Explorer windows ကို အရင်ဖွင့်ရမယ်။ (Win 7 မှာ) Desktop ပေါ်က Computer icon ပေါ်မှာ ဘယ်ကလစ် နှစ်ချက် နှိပ်လိုက်ပါ။ ပေါ်လာတဲ့ အကွက်ကြီးဟာ Explorer Window ပဲ (ကွန်ပျူတာ သုံးကာစ လူတွေမျက်စိထဲ မမြင်မှာစိုးလို့ ပြောတာပါ)။ ပြီးရင် ညာဘက် အပေါ်ထောင့်က Search box ဆီကို သွားပါ။ ကိုယ်ရှာချင်ရာကို ရိုက်ထည့်ပါ။
 
Win 7 မှာ ထူးတာက ကိုယ်ရှာမယ့် နေရာ (ဥပမာ - document / music/ picture / videos စတဲ့ အပေါ် မူတည်ပြီး ထည့်ပေးရမယ့် Filter တွေ ကွာသွားပါမယ်။ Filter ဆိုတာ အဆန်းတော့ မဟုတ်ပါဘူး။ ကိုယ်ရှာချင်တဲ့ နယ်ပယ်တစ်ခု သတ်မှတ်ပေးလိုက်တာပါ။ ဥပမာ ပြောရရင် Jpeg ဓာတ်ပုံကို ရှာမယ်လို့ပြောရင် အဲဒီ အမျိုးအစား ဓာတ်ပုံတွေကိုပဲ ရွေးပြီး ရှာပေးပါလိမ့်မယ်။ ဒါက ရိုးရိုး Search လုပ်တဲ့ အနေအထား။ (မှန်တာပြောရရင် WinXP ရဲ့ Search လောက် Win 7 မှာ လွယ်ကူရိုးရှင်းမှု မရှိပါဘူး)။ ဒါပေမဲ့ ကတ်တီးကတ်ဖဲ့ ဝေါဟာရ တစ်ခုခုနဲ့ ရှာမယ်ဆိုရင် ခက်ပြီ။ ဥပမာ ပြောရရင် Pictures created yesterday ဆိုတာမျိုးကို ရှာချင်ရင်ပေါ့။ ဒါပေမဲ့ ရိုးရိုးရှင်းရှင်း အင်္ဂလိပ်စာသားနဲ့ ရှာလို့လည်း ရပါတယ်။

အဲဒီအတွက် Natural language search ကို ရွေးပေးရပါလိမ့်မယ်။ ပထမဆုံး Explorer Window ကို ဖွင့်ပါ။ ပြီးရင် ဘယ်ဘက်အပေါ်နားက Organize ကို သွားပြီး ဘယ်ကလစ်နှိပ်ပါ။ ကျလာတဲ့ အကွက်ထဲက Folder and search options ကို ရွေးပေးပါ။ Folder option ခေါင်းစဉ်နဲ့ ကျလာတဲ့ အကွက်ထဲကနေ Search tab ကို ရွေးပေးပါ။ ပြီးရင် How to search ခေါင်းစဉ်အောက်က Use natrual language search အကွက်ထဲမှာ အမှန်ခြစ်ပေါ်အောင် ဘယ်ကလစ်နှိပ်ပါ။ ပြီးရင် OK ကိုနှိပ်ပြီး ထွက်လိုက်ပါ။ Windows ဟာ ရိုးရိုးရှင်းရှင်း အင်္ဂလိပ် စာလုံးအားလုံးကို သိနိုင်လောက်အောင် မပြည့်စုံသေးတာမို့ ကိုယ့်စိတ်ထဲ ရှိသမျှ ရိုက်ထည့်တာ အားလုံးကို သိမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ all videos / pictures created yesterday / huge zip files ဆိုတာတွေကိုဖြင့် နားလည်ပြီး ရှာဖွေပေးနိုင်ပါတယ်။ Windows က နားလည်လား၊ မလည်လား ဝေါဟာရတွေ စမ်းသပ်ရိုက်ထည့်ပြီး Search လုပ်ကြည့်ဖို့တော့ လိုပါမယ်။

(၅) Aero Snap  ကို ပိတ်ထားလိုက်ပါ။

ထွက်သမျှသော Win 7 အားလုံးမှာ (Starter အပါအဝင်) Aero Snap ပါပါတယ်။ XP ထက်စာရင် နည်းနည်း ထူးခြားပါတယ်။ Window တစ်ခုကို အပေါ်ခေါင်းစည်း အပြာလိုင်းနေရာမှာ ဘယ်ကလစ်ဖိပြီး Screen နဲ့ အပေါ်ဘောင်ကို ထိကပ်လိုက်ပါ။ Full Screen Winodw ဘဝကို ပြောင်းသွားပါမယ်။ တကယ်လို့ ဘေးဘက်ဘောင် တစ်ခုခုဆီ ဘယ်ကလစ်ဖိပြီး တွန်းလွှတ်လိုက်မယ်ဆိုရင် Window ဟာ Screen  တစ်ဝက်တိတိ နေရာယူပါမယ်။ Window နှစ်ခုကို ဘေးချင်းကပ်ပြီး နှိုင်းယှဉ်ကြည့်ရင် အသုံးတည့်ပါတယ်။ တစ်ခါတစ်ခါတော့ အသုံးတည့်ပါမယ်။ ဒါပေမဲ့ Window တွေ အများကြီး ဖွင့်သုံးတဲ့အခါ မတော်မတဲ့ Window တစ်ခုခုက Full Screen ဖြစ်လိုက်၊ Half screen ဖြစ်လိုက် ဖြစ်တတ်တာမို့ စိတ်ရှုပ်စရာလည်း ကောင်းပါတယ်။
 
Laptop ကို ဘက်ထရီနဲ့ သုံးနေတုန်း ဒီလို ခဏခဏ ဖြစ်နေရင် ဘက်ထရီ စားတော့မပေါ့။ မလိုတာတွေ မဖြစ်ရအောင် Aero Snap ကို ပိတ်ထားလို့ ရပါတယ်။ Control panel ထဲက Ease of access center ထဲဝင်ပါ။ ပြီးရင် Explore all settings ခေါင်းစဉ်အောက်က make the mouse easier to use  နေရာမှာ ဘယ်ကလစ်နှိပ်ပါ။ ထပ်ပေါ်လာတဲ့ အကွက်ထဲက Make it easier to manage windows ခေါင်းစဉ်ဆီသွားပါ။ Prevent Windows form being automatically arranged when moved to the edge of screen စာသားဘေးက လေးထောင့်ကွက်ထဲ အမှန်ခြစ်ပေါ်အောင် ဘယ်ကလစ်နှိပ်ပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါ။ Activate a window by hovering ဆိုတာလေးကိုတော့ ဒီအတိုင်းထားခဲ့ဗျ။ Taskbar ပေါ်က file and folder icon ပေါ်မှာ Mouse တင်ရင် ဖွင့်ထားတဲ့ Window thumnail တွေ မြင်ရတယ်။ တစ်ခုပေါ် mouse ဖြတ်တင်ရင် Window အကြီးကို မြင်ရမယ်။ အလွန် အသုံးတည့်ပါတယ်။

သင့်ရဲ့လုပ်ငန်း ပြီးမြောက်နိုင်စွမ်းကို တိုးတက်စေမယ့် အချက် ၁၀ ခု

သင့် business အတွက်ပဲ ဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာအတွက်ပဲ ဖြစ်ဖြစ် အလုပ်တွေကို ပိုပြီး တွင်ကျယ်တာကို မလိုချင်ဘူးလား၊  သင့်အလုပ်တွေကို ပိုမို ပြီးမြောက်စေမယ့် site (10) ခု (သို့) app (၁၀) ခုကို လမ်းညွှန်ပါရစေ။

(1) IMAGE USB
 
သင့် USB ကို အစေတလျင် multiple copy တွေ ပွားချင်ပါလား။ Image USB က သင့်ကို အကောင်းဆုံး ကူညီပါလိမ့်မယ်။ သူက သင့် USB ကို bit level တူညီတဲ့ ပုံတူ ပွားပေးမှာ ဖြစ်ပြီး clone တွေဟာ master boot record ရှိနေပြီး သူ့ကို Bootable pen drive တွေအဖြစ် ထပ်ပွားနိုင်ပါသေးတယ်။ လုပ်ရတာ လွယ်ကူပြီး သင် eject လုပ်ချင်ရင် USB ကို သင်ရှာပြီး rip လုပ်ရုံပါပဲ။ ဒီ app ကို သုံးရင် တစ်ခု သတိထားရမှာက size တူတဲ့ ပမာဏကိုပဲ duplicate လုပ်လိုက်လဲ copied drive တွေ အကုန်လုံးဟာ format ပြန်မချခင်အထိ 1GB capacity ပဲ ရှိနေမှာ မို့လိုပါပဲ။

(2) STEAM MOVER

သင့် "C" ထဲမှာ space ကုန်သွားပြီးလား၊ ဒီ App က သင့်ကို uninstall တွေ၊ reinstall တွေလုပ်စရာ မလိုဘဲ freespace တွေ ဖန်တီးပေးပါလိမ့်မယ်။ "C" ထဲက software တွေ၊ game တွေကို အခြား drive တစ်ခုထဲကို ထည့်ပြီး free space ဖန်တီးတာ ဖြစ်တဲ့ အတွက် software တွေက drive ထဲမှာ အရွှေ့အပြောင်း လုပ်လို့ရပါတယ်။ ဒါပေမယ့် Steam mover က folder တွေကိုသာ ရွှေ့နိုင်ပြီး file တွေကို မရွှေ့နိုင်ပါဘူး။ ဒါကြောင့် data lost တွေ ဖြစ်နိုင်ပြီး ဒီ app ကို မသုံးခင် သင် data တွေကို back up အရင် လုပ်ထားသင့်ပါတယ်။ windows 7 စက်တွေမှာ သုံးနိုင်ပြီး drive တွေက NTFS format ချပြီးသား drive တွေ ဖြစ်ဖို့တော့ လိုပါတယ်။

(3) True Crypt
 
File တွေ၊ Folder တွေ၊ Hardisk တစ်ခုလုံးနဲ့ storage device တွေ တစ်ခုလုံး အတွက် encrypt လုပ်လို့ရတဲ့ app ပါ။ Encryption လုပ်ရတာ မြန်ပြီး အလိုအလျှောက် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Encrypt လုပ်တဲ့ အချိန်မှာ ရပ်တန့် နှောင့်နှေးမှုတွေ ရှိမှာ မဟုတ်ဘဲ file နဲ့ folder နာမည်တွေက file ထဲက content တွေနဲ့ အညီ encrypt လုပ်ပေးမှာ ဖြစ်ပါတယ်။ "AES 256, Blowfish (448-bit key), CAST 5, Serpent, Triple DES နဲ့ twofish" စတဲ့ encrypting algorithm တွေကို အသုံးပြုထားပြီး decrypt ပြန်လုပ်ချင်ရင် သင့် password (သို့) key ကို "crack" ဖြေရုံပါပဲ။

(4) ZEU APP
 
သင်က PC အသစ်၊ Laptop အသစ် လိုချင်တာပဲ ဖြစ်ဖြစ်၊ အခမဲ့ open source windows app တွေ လိုချင်ရင်ပဲ ဖြစ်ဖြစ် ZEU APP က အဆင်ပြေစေမှာပါ။ ZEU APP ဟာ application (82) ကို provide လုပ်ပေးနိုင်တဲ့ installer doshboard တစ်ခု ဖြစ်ပြီး text editing, graphics, audio, Video archiving, chat/IM, DVD burning, Programming, P2P File sharing, security နဲ့ utilities program တွေ ပါဝင်ပါတယ်။ ရှုပ်ထွေးမှု မရှိဘဲ အခမဲ့ သုံးစွဲနိုင်တဲ့ app ပါ။

(5) Soluto
 
သင့် PC တွေ၊ Laptop တွေ boot တက်ရင် သိပ်ကြာပြီး ဘာမှ လုပ်ကိုင်လို့ မရဘဲ ဖြစ်နေပါသလား။ Soluto ကို သုံးကြည့်ုလိုက်ပါ။ သူက boot process တစ်ခုလုံးကို tracking လုပ်ပေးမှာ ဖြစ်ပြီး တကယ်ကြာတဲ့အချိန် အတိအကျကို ပြပေးမှာ ဖြစ်ပါတယ်။ Soluto ကို သုံးခြင်းအားဖြင့် သင်ဟာ သင့် boot process ကို နှောင့်နှေးကြန့်ကြာ ရပ်တန့်စေတဲ့ အကြောင်းအရင်းကို သိရှိစေနိုင်မှာ ဖြစ်ပြီး နည်းပညာနဲ့ မဆိုင်တဲ့ အခက်အခဲတွေကို "No brainer"  (သို့) "Potentially removable" group တွေထဲ ထည့်ပေးထားမှာပါ။

(၆) SIW
 
Windows Freeware တွေ များစွာထဲကမှ အကောင်းဆုံး windows diagnostic tools ဖြစ်ပါတယ်။ သူက သင့် PC တစ်ခုလုံးရဲ့ hardware နဲ့ software inventory တစ်ခုလုံးကို ဖော်ပြမှာ မဟုတ်ပေမယ့် memory module timing, program hotfix, last password, program license detail, network informations နဲ့ traffic minutiae စတာတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Standalone app ဖြစ်လို့ install လုပ်စရာ မလိုဘဲ pen drive ထဲကနေ တန်း run နိုင်ပြီး detail report file ကိုလည်း text format တွေ အများကြီးနဲ့ ထုတ်ပေးနိုင်ပါတယ်။ SIW က သင့် system ချို့ယွင်းချက်တွေကို မပြင်ပေးနိုင်ပေမယ့် ဘာကြောင့် ဘယ်လိုဖြစ်ရတယ် ဆိုတာကို သေချာ ပြောပြမှာပါ။

(7) Free OCR
 
သင့်စက်ကြီး တော်တော် လေးနေပါပြီလား။ free OCR (optical character recognition) ဟာ သုံးရ လွယ်ကူ အဆင်ပြေတဲ့ program ဖြစ်ပြီး သူက multi page နဲ့ compressed TIFF တွေ အပါအဝင် fax document နဲ့ adobe PDF file စတဲ့ Image format တွေ အများကြီးကို support လုပ်ပေးနိုင်ပါတယ်။ Twain နဲ့ WIA scan driver တွေ သုံးပြီး scan ဖတ်မှာ ဖြစ်ပြီး ဖတ်ပြီးသား စာသားကိုလည်း "edit-ready" text အဖြစ် ပြောင်းလဲပေးမှာပါ။ Free OCR မှာ Tesseract OCR PDF engine ပါဝင်ပြီး Google က ဖြန့်ချိတဲ့ open source product တစ်ခု ဖြစ်ပါတယ်။

(8) Rainmeter
 
သင်က သင့် system resource တွေကို သင့် PC မှာ အလုပ်လုပ်ချိန်မှာတောင် မျက်စိဒေါက်ထောက် ကြည့်ချင်တဲ့သူ တစ်ယောက်ဆိုရင် Rainmeter က သင့်ကို ကူညီပါလိမ့်မယ်။ စက်ရဲ့ memory နဲ့ battery info စတာတွေ monitor မှာ ပြပေးမှာ ဖြစ်ပြီး Rain meter က Window sidebar applet နဲ့ dashboard တွေနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် သူက ပိုပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ desktop application ဖြစ်ပြီး email, to-dot list, Twitter, RSS စတာတွေလဲ အသုံးပြုနိုင်ပါတယ်။

(9) Media monkey
 
သင့် သီချင်းတွေနဲ့ playlist တွေ မနိုင်မနင်း ဖြစ်တဲ့အခါ သုံးရမယ့် app ပါ။ စွမ်းရည်မြင့် music library organiser နဲ့ Jukebox ဖြစ်ပြီး သူက hard disk, CD နဲ့ နောက်ဆုံး network ထဲက သီချင်းတွေအထိ အလုပ်လုပ်ပေးနိုင်တဲ့အပြင် iTunes အထိ သုံးလို့ရပါတယ်။ သီချင်း ဖြတ်ချင်တာ၊ ဖွင့်ချင်တာနဲ့ convert လုပ်ချင်တာတွေ အတွက်လဲ ကူညီနိုင်တဲ့ media monkey က iPhone, iPod တင်မက Android phone တွေ အထိ အသုံးပြုနိုင်ပါတယ်။ Latest version က window 7 ပေါ်မှာ အသုံးပြုနိုင်ပြီး အခွေကာဗာကို ကြည့်နေချိန်မှာပဲ အခွေက သီချင်းတွေကို သင် control လုပ်နိုင်ပါတယ်။

(10) Fences
 
သင့်စက်ပေါ်မှာ install လုပ်တာတွေ များရင် desktop ပေါ်မှာ icon တွေ ပွနေပြီပေါ့။ ဒါတွေက အလုပ် နှောင့်နှေးစေတဲ့အပြင် အချိန်ကုန်စေပါတယ်။ Fences က သင့်ကို icon တွေကို organise လုပ်ပြီး individual section သတ်သတ် ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဒီ container တွေကို သင့်စိတ်ကြိုက် အမည်ပေးနိုင်ပြီး quick hide feature ပါလို့ double-click ခေါက်လိုက်တာနဲ့ desktop icon အားလုံး ပျောက်သွားအောင် hide လုပ်ပေးနိုင်ပါတယ်။

အမေရိကန်ဖုန်းတစ်လုံး အခမဲ့ယူနည်း (အဝင်သီးသန့်)



Photo
စာဖတ်သူမှာ ကွန်ပျူတာရှိမယ်၊ အင်တာနက်ရှိမယ် ဆိုရင်တော့ အမေရိကန် ဖုန်းတစ်လုံး အခမဲ့ ပိုင်ဆိုင်နိုင်ပါပြီ။  စာဖတ်သူအတွက် ကိုယ်ပိုင်သီးသန့် အမေရိကန် ဖုန်းနံပါတ် တစ်ခုကို အခမဲ့ရရှိမှာပါ။ တစ်ကမ္ဘာလုံးကနေ ကိုယ့်ဆီကို ဖုန်းခေါ်နိုင်ပါလိမ့်မယ်။ သူငယ်ချင်းက ကိုယ့်ဖုန်းနံပါတ်ကို ခေါ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာမှာ ဖုန်းမြည်သံ ထွက်လာပါလိမ့်မယ်။ နားကျပ်လေးနဲ့ ပြောရုံပါပဲ။

ဘယ်လို လုပ်ရမလဲ ဆိုတာ မရေးသေးခင် သဘောတရားကို အရင် ရှင်းပြပါရစေ။ အင်တာနက်မှာ SIP Protocol ဆိုတာ ရှိပါသေးတယ်။ သူက အင်တာနက်ပေါ်မှာ အသံတွေ ကောင်းကောင်းမွန်မွန် ချောချောမောမော စီးဆင်းနိုင်အောင် အထူးပြုလုပ်ထားတဲ့ Protocol ဖြစ်ပါတယ်။ အဲဒီ SIP Protocol ကို အသုံးပြုထားတဲ့ Software တွေကို SIP Client လို့ ခေါ်ပါတယ်။ ဖုန်းခေါ်ဆိုနိုင်တဲ့ Software တွေ အားလုံးကိုတော့ Softphone (Software Phone) လို့ ခေါ်ပါတယ်။ အများသိတဲ့ Skype၊ Pfingo တို့ဟာလည်း Softphone တွေပါပဲ။ ဒါပေမဲ့ သူတို့က SIP Protocol ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ SIP Protocol ကို အသုံးပြုတဲ့ Software တွေကို နမူနာပြောရရင် Express Talk တို့ XLite တို့ ဖြစ်ပါတယ်။ သူတို့ကို အတိုကောက်အနေနဲ့ SIP Softphone လို့ ခေါ်ပါတယ်။ ကိုယ့်ကွန်ပျူတာမှာ SIP Softphone တင်ပြီးသွားရင် SIP account တစ်ခုကို အခမဲ့ ရယူနိုင်ပါတယ်။

ကိုယ့်သူငယ်ချင်း ဆီမှာလည်း SIP Softphone ရှိမယ်၊ SIP account ရှိမယ်ဆိုရင် သူနဲ့ကိုယ်နဲ့ ဖုန်းပြောလို့ ရပါပြီ။ Gtalk နဲ့ တစ်ယောက်နဲ့ တစ်ယောက် ဖုန်းပြောသလိုပါပဲ။ Gtalk ဆိုရင်လည်း သူ့ကွန်ပျူတာမှာ Gtalk တင်ထားမှ၊ သူ့မှာလည်း Gtalk account ရှိမှ၊ သူကလည်း Online ဖြစ်ဦးမှ၊ Connection ကလည်း ကောင်းဦးမှ ဖုန်းပြောလို့ ရသလိုပါပဲ။ SIP Softphone တွေဟာလည်း အဲဒီလိုပါပဲ။ SIP Phone တွေက အားနည်းချက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် ခေါ်ဆိုတဲ့အခါ username နဲ့သာ ခေါ်ဆိုခွင့်ရတာပါ။ အဲဒီလို username အစား ဖုန်းနံပါတ်တစ်ခု Free ပေးတဲ့ Service ကလည်း အွန်လိုင်းပေါ်မှာ ရှိနေပါပြီ။ တစ်နည်းအားဖြင့် username နဲ့ ဖုန်းနံပါတ်ကို တွဲပေးလိုက်တာပါပဲ။ နောက်ဆုံးတော့ ကိုယ့်အတွက် အမေရိကန် ဖုန်းနံပါတ် ရသွားမှာဖြစ်ပြီး အဲဒီဖုန်းနံပါတ်ကို တစ်ယောက်ယောက်က ခေါ်ဆိုလိုက်ရင် ကိုယ့်ကွန်ပျူတာမှာ တင်ထားတဲ့ SIP Softphone က Alarm ပေးပါလိမ့်မယ်။ နားကျပ်လေးနဲ့ ဖုန်းပြောရုံပါပဲ။

ကဲ စလိုက်ရအောင်-
၁။ www.callcentric.com ကိုသွားပြီး Sign Up လုပ်ပါ။ Sign Up လုပ်ပြီးသွားတဲ့ အခါမှာ ကိုယ့် email ဆီကို Verification mail ပို့ပေးပါလိမ့်မယ်။ အဲဒီ verification mail မှာပါတဲ့ link ကို နှိပ်ပေးပါ။ သူက အချက်အလက်တွေ ထပ်တောင်းပါလိမ့်မယ်။ City, Zip code စသဖြင့်ပါ။ U.S မှာရှိတဲ့မြို့၊ State, Zip code စတာတွေကိုပဲ ထည့်ပေးပါ။ အားလုံး ပြီးသွားပြီဆိုရင်တော့ ကိုယ့်မှာ callcentric account တစ်ခု ရသွားပါလိမ့်မယ်။ Register လုပ်တုန်းက ပေးခဲ့တဲ့ username နဲ့ call centric က ထုတ်ပေးတဲ့ call centric number call centric မှာ ဖော်ပြထားတဲ့ ကိုယ့်ရဲ့ IP တွေကို သေချာ မှတ်ထားပါဦး။

၂။ နောက်တစ်ဆင့် အနေနဲ့ phone.ipkall.com ကိုသွားပါ။ Register လုပ်လိုက်ပါ။ SIP username နဲ့ password မှာ အစောက callentric မှာပေးခဲ့တဲ့ username နဲ့ password ကိုပဲထည့်ပေးပါ။ email မှာလည်း call centric အတိုင်း ထည့်ပေးပါ။ hostname မှာတော့ callcentric.com လို့ ထည့်ပေးပါ။

၃။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ IPKall ကနေ အီးမေးလ်တစ်စောင် ပို့ပါလိမ့်မယ်။ အဲဒီ အီးမေးလ်ထဲမှာ Your IPKall Phone number is ဆိုပြီး ပါပါလိမ့်မယ်။ အဲဒီဖုန်းနံပါတ်က အမေရိကန် ဝါရှင်တန်ဒီစီ ဖုန်းနံပါတ် ဖြစ်ပါတယ်။ အဲဒီနံပါတ်ဟာ စာဖတ်သူအတွက် ကိုယ်ပိုင် သီးသန့်နံပါတ်တစ်ခု ဖြစ်ပါတယ်။ အဲဒီဖုန်းနံပါတ်ကို သူငယ်ချင်းဆီ ပေးလို့ရပါပြီ။

၎။ နောက်တစ်ဆင့်ကတော့ SIP Softphone ကို ကွန်ပျူတာမှာ ထည့်သွင်းဖို့ပါပဲ။ www.nch.com.au ကနေ Express Talk ကို download ဆွဲပြီး ကွန်ပျူတာမှာ install လုပ်လိုက်ပါ။

၅။ Express Talk ကို ဖွင့်လိုက်တဲ့အချိန်မှာ Wizard တစ်ခု ပေါ်လာပါလိမ့်မယ်။ Next တွေသာ နှိပ်သွားပါ။ SIP Setup ဆိုတဲ့နေရာ ရောက်ရင်တော့ Yes, I already have a SIP account ကိုရွေးပြီး Next နှိပ်ပါ။ SIP Proxy မှာ in.callcentric.com ဆိုပြီးထည့်ပါ။ SIP Number မှာ callcentric က ထုတ်ပေးထားတဲ့ number ကို ထည့်ပေးပါ။ password မှာလည်း callcentric တုန်းကပေးခဲ့တဲ့ password ကိုပဲ ထည့်ပေးပါ။ ပြီးရင် OK နှိပ်လိုက်ပါ။

၆။ Express Talk က Server နဲ့ ချိတ်ဆက်တာကို ခေတ္တစောင့်ပါ။ ပြီးဆုံးရင်တော့ ကိုယ့်ဖုန်းဟာ အဝင် call လက်ခံဖို့ အဆင်သင့် ဖြစ်နေပါပြီ။

၂၀၁၂ တွင် သင့်ရဲ့ USB ကို ဘယ်လို အသုံးချမလဲ



Photo
သင့်ရဲ့ ရိုးရိုးရှင်းရှင်း USB drive လေးဟာ data သယ်တဲ့ ပစ္စည်းဆိုတာထက် ပိုပါတယ်။  သူရဲ့ multi tasking abilities တွေက သူ့ကို data သယ်ယူတဲ့ device ဆိုတာထက် ပိုစေခဲ့တာပါ။ USB device တွေ မပေါ်ခင်က floppy disk တွေကို သုံးခဲ့ကြတာပေါ့ L44MB သာ ဆံ့ပြီး ခဏခဏ ပျက်တတ်တဲ့ floppy ကို အခုအချိန်မှာ storage 1GB မှတွေ အများကြီးနဲ့ USB သုံးနေတဲ့သူတွေက ရယ်ကြမှာပေါ့။ ကဲဒါဆို USB ကလဲ storage သက်သက်အတွက်ပဲ ရတာလား။ မဟုတ်ဘူးနော်။ အပေါ်မှာ ပြောခဲ့သလိုပဲ Pen drive က သင့်ဘဝအတွက် အသုံးဝင်အရေးပါတဲ့ tool တစ်ခုအနေနဲ့ portable OS တွေမှာ သုံးလို့ ရတယ်။

Portable App များအတွက် သုံးခြင်း

အခုနောက်ပိုင်း software တော်တော်များများမှာ portable version တွေ ပေါ်လာပါတယ်။ သင်လုပ်ရမှာက stick ကိုထည့် exe file ကိုရွေး၊ run ပြီးရင်း ပြီးပြီ၊ ဥပမာ- office ဆိုရင် office ကိုဖွင့်၊ word, excel, power point, image edition နဲ့ access တို့ portable application အနေနဲ့ ပါတာ တွေ့လိမ့်မယ်။ အခြား အလားတူ pre-packaged app တွေနဲ့ menu system တွေကို သုံးပြီးတော့လဲ app store တွေကနေတစ်ဆင့် သင့် flash drive ပေါ်မှာ install လုပ်လို့ ရပါသေးတယ်။

File တွေလည်း စီလို့ရတယ်

သင်က hard disk နဲ့ USB ကြား အပြန်အလှန် ဖိုင်တွေကူးမယ့်အစား USB ကို ဖိုင်တွေ အလိုအလျှောက်စီပေးတာ မလိုချင်ဘူးလား။ ဒီအတွက် ဘာမှော်စွမ်းအားတွေမှ မလိုဘူးနော်။ သင့် OS ရဲ့ built-in feature တစ်ချို့ကို သိရင်ရပြီ။ ဥပမာ-သင်အလုပ်လုပ်ဖို့ USB ထဲ ဖိုင်တွေ အထုတ်အသွင်း လုပ်ရတယ်ဆိုရင် window XP ရဲ့ Windows briefcase feature က ကူညီပါလိမ့်မယ်။ Brief case က သုံးရလွယ်တဲ့ document synchronisation tool တစ်ခုဖြစ်ပြီး သင့် document တွေအတွက် virtual container အဖြစ် ဆောင်ရွက်ပါလိမ့်မယ်။

PC ရဲ့ memory ကိုလည်း မြင့်တက်စေမည်

သင်က vista (သို့) windows7 ကို သုံးရင် သင်ရဲ့ flash drive ကို ready boost  နည်းပညာသုံးပြီး system ကို speed up လုပ်လို့ ရတယ်။ ဒီ feature က သင့် stick ထဲက free space တွေကို RAM လို အသုံးချမှာ ဖြစ်ပြီး သုံးမယ်ဆိုရင် သင့် USB drive ပေါ်မှာ Right-click နှိပ်ပြီး properties ကိုရွေးပါ။ ပြီးရင် Ready Boost tab ကို click နှိပ်ပြီး option တွေကို select လုပ်ပြီး USB free Space တွေ memory အသွင်ရောက်အောင် ဖန်တီးလို့ ရပါတယ်။

Portable OS လည်း Install လုပ်လို့ ရတယ်

သင့် OS ကြီး တစ်လုံးကိုလည်း Flash Drive ထဲ ထည့်လို့ရတယ်နော်။ အပြောထက်တောင် အလုပ်က ပိုလွယ်သေးတယ်။ အခုဆို Linux Ubuntu နဲ့ အခြား Portable OS တွေ အများကြီး ပေါ်နေပြီမို့ သင်ဘယ်သွားသွား desktop ကို ကိုယ်နဲ့မကွာ ယူသွားလို့ ရပြီနော်။ OS ရယ်၊ desktop application တွေနဲ့ file email တွေ၊ personal setting.favourite နဲ့ game တွေပါမကျန် သင့်အိတ်ကပ်ထဲ ထည့်လို့ ရပြီပေါ့။

PC ကိုလည်း Lock ချလို့ရတယ်

PC ကို USB နဲ့ Lock/unlock လုပ်လို့ရတာကို သင်သိပါလား။ သင် idea ကို ကြိုက်ပြီး windows7 နဲ့ vista ကို သုံးတယ်ဆိုရင် သင်အကောင်အထည်ဖော်လို့ ရပြီ၊ ဒါမှမဟုတ်ရင်တော့ သင့် USB Key ကို actual key ပြောင်းဖို့ third party software တစ်ခုခုလိုမှာ ဖြစ်ပြီး သင်ပုံမှန် အလုပ်လုပ်ဖို့ ရတယ်။ stick ဖြုတ်လိုက်ရင် စက်က lock ကျသွားပြီ။

Tool Kit တွေကိုလည်း အမှားရှာလို့ ရတယ်

Windows boot CD ကို pen drive ပေါ်မှာ install လုပ်လို့ရပါတယ်။ Boot CD ဟာ repair, restore, diagnose အကုန်လုပ်နိုင်တဲ့ powerful ဖြစ်ပါတယ်။ Temporary windows Lite desktop ကို booting လုပ်ပြီး အသုံးပြုရမှာပါ။ Disk deletion, Partiton, software & hardware diagnostics နဲ့ အခြား စက်အတွက် သေရေးရှင်ရေး ကိစ္စတွေကိုပါ stick ထဲက CD နဲ့ အသုံးပြုလို့ ရပါတယ်။

Password နဲ့လည်း ကာကွယ်လို့ ရတယ်

သင့် stick ထဲ password လိုမျိုး၊ bank account data လိုမျိုး အရေးကြီး data တွေ သိမ်းထားပါသလား။ ဒါဆို သင့် stick ကို password နဲ့ ကာကွယ်သင့်ပါတယ်။ Rohos Mini Drive (သို့) True Crypt စတဲ့ utility program တွေ သုံးလို့ ရပါတယ်။ ဒီ program တွေက သင့်ကို password ထည့်ခိုင်းပြီး သင့် drive ရဲ့ secret partition ကို ကာကွယ်ပေးပါလိမ့်မယ်။ ဒီ USB safeguard က သင်မသိဘဲ သင့် USB ကို တစ်ယောက်ယောက်က သုံးတဲ့အခါ သင့်လျှို့ဝှက်ဖိုင်တွေကို ဝှက်ထားပေးပါလိမ့်မယ်။

Related Posts Plugin for WordPress, Blogger...

My Account