Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, April 4, 2012

ကျပ်နှစ်သိန်းတန် GSM ဖုန်းများ အင်တာနက် လျှောက်ထားခွင့်ကို ထပ်မံ ကြေညာမည်

လက်တလော ချထားပေးမည့် ကျပ်နှစ်သိန်းတန် GSM ဖုန်းများကို အင်တာနက်လိုင်း ပါဝင်မည် မဟုတ်ဘဲ အင်တာနက်လိုင်း လျှောက်ထားခွင့်ကို ထပ်မံ ကြေညာမည် ဖြစ်ကြောင်း  ၂၈-၃-၂ဝ၁၂ ရက်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “အခု ချထားပေးမယ့် ကျပ်နှစ်သိန်းတန် GSM ဖုန်းတွေမှာ အင်တာနက်က တစ်ခါတည်း မပါသေးဘူး၊ ဘယ်ဖုန်းမှာမှ အင်တာနက်က တစ်ခါတည်း ပါတာ မဟုတ်ဘူး။ အင်တာနက် သုံးစွဲခွင့်ကို ထပ်လျှောက်မှ သုံးလို့ရတာ၊ အခု လောလောဆယ်တော့ အင်တာနက် သုံးစွဲခွင့်တွေကို ခေတ္တ ရပ်ဆိုင်းထားတယ်၊ လက်ရှိ ချထားပေးမယ့် ကျပ်နှစ်သိန်းတန် GSM ဖုန်းတွေအတွက် အင်တာနက်လိုင်း သုံးစွဲခွင့်ကို ထပ်ပြီး ကြေညာသွားမှာပါ။ WCDMA ဖုန်းမှာတော့ အင်တာနက် သုံးစွဲခွင့်ပေးဖို့ စီစဉ်ထားတယ်။ ကျန်တဲ့ ကျပ်ငါးသိန်းတန် GSM ဖုန်းတို့၊ အရင်က အင်တာနက် သုံးစွဲခွင့်ရခဲ့တဲ့ ဖုန်းတွေကိုတော့ အင်တာနက် သုံးစွဲခွင့်တွေ ပြန်ချပေးရင် သုံးခွင့်ပေးသွားမှာပါ” ဟု ယင်းက ပြောကြားသည်။

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ ကျပ်ငါးသိန်းတန် CDMA 800၊ ကျပ် ၁၅ သိန်း ငါးသောင်းတန် ဂျီအက်အမ်ဖုန်းများနှင့် ကျပ်ငါးသိန်းတန် ဂျီအက်အမ်ဖုန်းများတွင် အင်တာနက် သုံးစွဲခွင့်ပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့၌ ဧပြီလ ၉ ရက်တွင် GSM မိုဘိုင်းဖုန်းများ စတင် ရောင်းချမည်ဖြစ်ပြီး WCDMA ဖုန်းများကို ဧပြီလ ၂၃ ရက်တွင် စတင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် GSM/ UMTS network အား ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ Transmission လမ်းကြောင်းများနှင့် Gateway များ တိုးချဲ့ ဆောင်ရွက်ခြင်း လုပ်ငန်းများ ပြီးစီးမည့် ၂၀၁၂ ခုနှစ်၊ မေလပထမပတ်တွင် နေရာဒေသမရွေး၊ မိုဘိုင်းဖုန်းများ ယူဆောင်ဆက်သွယ် ပြောဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အင်တာနက် လုံလုံလောက်လောက် သုံးစွဲနိုင်ရန်အတွက် စက်ပစ္စည်းများ စတင် ငှားရမ်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။     

ဘောလုံးပွဲတိုက်ရိုက်ကြည့်ရန် (http://www.freefootball.org)



Photo


Premier league, la liga, Series A စတာတွေအပြင် ဥရောပနဲ့ နိုင်ငံတကာ ဘောလုံးပွဲစဉ်တွေကို အွန်လိုင်းကနေ  တိုက်ရိုက် ကြည့်ရှုနိုင်စေမယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ဘောလုံးပွဲတွေကို တိုက်ရိုက် ကြည့်ရှုနိုင်စေမယ့်အပြင် ဘောလုံး သတင်းတွေကိုလည်း စုံလင်စွာနဲ့ update ဖြစ်စွာ သိရှိရမှာပါ။ တိုက်ရိုက်ဘောလုံးပွဲ အစီအစဉ်တွေနဲ့ အချိန်ဇယားတွေကို အချိန်၊ နေ့ရက် အတိအကျနဲ့ ဖော်ပြပေးထားသလို နောက်ဆုံးရရှိတဲ့ ဘောလုံးပွဲ သတင်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။

ဘောလုံးအပြင် တခြား အားကစားသတင်းတွေနဲ့ ပွဲစဉ်တွေကိုလည်း ထည့်သွင်း ဖော်ပြပေးထားပြီး တိုက်ရိုက် ကြည့်ရှုနိုင်တဲ့အပြင် ရေဒီယိုကနေလည်း တိုက်ရိုက် နားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပွဲစဉ်အမျိုးအစားအလိုက် တစ်ခုစီတိုင်းက နောက်ဆုံးထွက်ရှိလာတဲ့ ရမှတ်စရင်းတွေကို သီးသန့်ခွဲခြား ဖော်ပြပေးထားကာ forum ကဏ္ဍလည်း ထည့်သွင်း ဖော်ပြပေးထားတာကြောင့် ဝင်ရောက်ပြီး ဖတ်ရှု ကြည့်နိုင်ပါသေးတယ်

ဧပြီ ၉ ရက်တွင် ရောင်းချမည့် ဖုန်းလိုင်းများအတွက် အင်တာနက်လိုင်း 10 Gb အထိ ထပ်မံ တိုးမြှင့်ပြီ

ဧပြီ ၉ ရက်တွင် ရောင်းချပေးမည့် ဖုန်းများအတွက် အင်တာနက်လိုင်း ကောင်းမွန်စေရန်နှင့် တစ်နိုင်ငံလုံး၏ အင်တာနက်လိုင်းများ တိုးချဲ့နိုင်ရန်အတွက် လက်ရှိ သုံးစွဲနေမှုထက် 10 Gb ကို ထပ်မံ တိုးမြှင့်သွားတော့မည် ဖြစ်ကြောင်း  ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ၂၈-၃-၂၀၁၂ ရက်တွင် သိရသည်။ ယင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင့်လွင်၏ အဆိုအရ လက်ရှိတွင် အင်တာနက် ဝန်ဆောင်မှု 3 Gb အထိ တိုးမြှင့်ပေးထားပြီး ဖြစ်ကာ ထပ်မံ၍ 10 Gb အထိ တိုးမြှင့်သွားရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ “မကြာမီ အင်တာနက်လိုင်းတွေ ပိုပြီး ကောင်းမွန်လာတော့မှာပါ။ အခု လောလောဆယ် 3 Gb အထိ တိုးမြှင့်ပေးထားသလို 10 Gb အထိ ထပ်မြှင့်ဖို့ စီစဉ်ထားပြီးပါပြီ” ဟု ဒုတိယဝန်ကြီး ဦးတင့်လွင်က ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေး၏ သတင်းထုတ်ပြန်ချက်အရ ဧပြီလ ၉ ရက် မတိုင်မီအတွက် အင်တာနက် ဝန်ဆောင်မှုကို 10 Gb ထပ်မံ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရကာ Se-Me-We 3 မှ 3.2 Gb ကို ပြီးခဲ့သည့် တစ်ပတ်က ရရှိခဲ့ကြောင်း သိရကြောင်း သိရသည်။ “၂၀၁၅ မတိုင်မီ လုပ်ဆောင်ရမှာတွေ အများကြီးပါပဲ။ ဒီမတိုင်မီ လုပ်ရမယ့် အပိုင်းကဏ္ဍအလိုက် အပြီးလုပ်ဖို့ ပြင်နေကြတာပါ” ဟု ဒုတိယဝန်ကြီးက ဆက်လက် ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးက ဧပြီလ ၉ ရက်တွင် ရန်ကုန်နှင့် မန္တလေး၌ ချထားပေးမည်ဖြစ်သော GSM, WCDMA နှင့် CDMA ဖုန်းများတွင် WCDMA သာလျှင် အင်တာနက် သုံးစွဲခွင့်ရမည်ဖြစ်ကာ ယင်းအတွက် အင်တာနက်လိုင်းများ ကျပ်နေခြင်း မဖြစ်အောင် 10 Gb ကို ထပ်မံ တိုးချဲ့နေကြခြင်း ဖြစ်သကဲ့သို့ လာမည့် ဆီးဂိမ်းအတွက်လည်း ကြိုတင် ပြင်နေကြသည့် သဘောတွင် ရှိနေကြောင်း သိရသည်။

အေဝိုင်အီး

Account Activity report feature ကို Google မိတ်ဆက်



Photo
Account Activity ဟုခေါ်သော အသုံးပြုသူများအတွက် Google account နှင့် ပတ်သက်သည့် အစီရင်ခံစာများကို ဖော်ပြပေးနိုင်မည့် feature သစ်ကို Google က မိတ်ဆက်ပေးခဲ့သည်။  Opt-in feature သစ်ဖြစ်သည့် Account Activity သည် Google user များအား ကွဲပြားခြားနားသည့် Google ထုတ်ကုန်များပေါ်တွင် လုပ်ဆောင်မှုများအား ဖော်ပြပေးမည် ဖြစ်သည်။ Account Activity အစီရင်ခံစာတွင် Google ထုတ်ကုန် အသုံးပြုမှုနှင့် ပတ်သက်သည့် လေ့လာဆန်းစစ်ချက်များ အားလုံး ပါဝင်မည် ဖြစ်သည်။ ဥပမာအနေဖြင့် အီးမေးလ် အသုံးပြုမှု၊ ဆက်သွယ်မှု အများဆုံး အီးမေးလ် လိပ်စာများနှင့် တခြားအချက်အလက်များ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် user များအနေဖြင့် ၎င်းတို့၏ account များကို sign-in ပြုလုပ်သည့် တည်နေရာများ၊ sign-in ပြုလုပ်သည့် browser များနှင့် အသုံးပြုသည့် operating system တို့ကိုပါ ကြည့်ရှုနိုင်မည် ဖြစ်သည်။
 
Google ၏ အဆိုအရ account နှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို သိထားခြင်းဖြင့် အသုံးပြုသူများ၏ Google account များကို ကာကွယ်ရန်အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် အသုံးပြုသူ၏ Google account ကို အသုံးပြုသူ မရောက်ဖူးသည့်နိုင်ငံမှ အသုံးပြုထားသည်ကို တွေ့ရှိပါက တစ်စုံတစ်ခု လွဲမှားနေသည်ဟု ဆိုနိုင်ကြောင်း၊ ထို့အပြင် Google Account ကို ပိုမိုလုံခြုံစေရန် အတွက် Google ၏ two-step verification ဖြင့် sign up လုပ်နိုင်ကြောင်း သိရသည်။ အဆိုပါ Account Activity report feature ကို Google ကုမ္ပဏီက ထုတ်ကုန် အားလုံးအတွက် privacy policy ကို သတ်မှတ်ပေးခဲ့ပြီး တစ်လအကြာတွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ၎င်း feature ကို အသုံးပြုလိုသူများသည် https://www.google.com/settings/activity ထံသို့ သွားရောက်ပြီး အသုံးပြုနိုင်သည်။

နောင်နောင်
Ref: Digital Trends

ခဲပန်းချီဆွဲရန် (http://www.sketchmyphoto.com)



Photo


 
ဓာတ်ပုံတွေကို ခဲပန်းချီအဖြစ် လျင်မြန်စွာ ပြောင်းလဲ ဖန်တီးနိုင်စေမယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။  ပုံတူခဲပန်းချီကို ကိုယ်တိုင်အတွက် သာမက အဆောက်အဦတွေ၊ ရှုခင်းပုံတွေ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေ၊ ဘိုးဘွားတွေရဲ့ အမှတ်တရ ပုံတွေကိုလည်း ဖန်တီးပြုလုပ်နိုင်ပြီး အဖြူအမည်း ခဲပန်းချီသာမက ကာလာနဲ့လည်း ပြုလုပ်နိုင်ပါတယ်။ ကွန်ပျူတာထဲကနေ ဓာတ်ပုံတွေကို တိုက်ရိုက် upload ပြုလုပ်ကာ အလွယ်တူ ဖန်တီးနိုင်မှာ ဖြစ်ပြီး digital sketch, digital color sketch, digital sketch + retouch, sketch printing, color sketch printing, sketch printing + frame အစရှိတဲ့ အမျိုးအစားတွေ အဖြစ် ပြုလုပ်နိုင်ပါတယ်။ နှစ်သက်ရာ အမျိုးအစားကို ရွေးချယ်ပြီး ခဲပန်းချီဖန်တီးကာ ပထမဦးဆုံးအနေနဲ့ ဒီဆိုက်ကနေပြီး နမူနာပုံစံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မိမိလိုချင်တဲ့ ပုံစံအမျိုးအစား ခဲပန်းချီကိုတော့ paypal ဆိုက်နဲ့ ချိတ်ဆက်ပြီး အခကြေးငွေ ပေးချေကာ ရယူနိုင်မှာ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account