Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

Sunday, February 17, 2013

အမြဲမပြတ် လုပ်သင့်သော အလုပ်


သွားရင်းလာရင်း မြင်တွေ့ရသည့် မြင်ကွင်း တစ်ခုကြောင့် အတွေးတစ်စ ရခဲ့ပါသည်။ ထိုမြင်ကွင်းမှာ ရေစကြိုမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ ဝန်ထမ်းများ ညနေ ရုံးဆင်းချိန်တွင် ရုံးတွင်း၊ ရုံးပြင် သန့်ရှင်းရေးများ ဆောင်ရွက်နေမှု မြင်ကွင်း တစ်ခု ဖြစ်ပါသည်။ သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အမှိုက် စွန့်ပစ်ခြင်းသည် ကောင်းသော အလုပ် ဖြစ်သလို ဂုဏ်ယူဖွယ်ရာ ဖြစ်ပါသည်။

Wednesday, January 9, 2013

အရေပြားပေါ်က ဖက်ရှင်


ရေးသားသူ- ဥက္ကာကိုကို

“သေရင်ကိုယ့်နောက်ပါတာ ဒါပဲရှိတယ်” ဟု လူငယ်အချို့က သူတို့ခန္ဓာကိုယ်ပေါ်ရေးထိုးထားသော ဆေးမင်
ရုပ်ပုံများကို ညွှန်ပြ၍ ပြောတတ်ကြသည်။

Friday, January 4, 2013

မျဉ်းကျားပေါ်မှာ စဉ်းစားဖော်ရှာ


ဒေါက်တာဝင်းအောင် (U.K)

ကျွန်တော်သည် U.K မှ အမိမြေသို့ ပြန်လာတိုင်း နံနက်ခင်းတွင် အင်းလျားကန်ဘောင်ပေါ် လမ်းလျှောက် ပါသည်။ နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်းသစ် ဘက်မှ ကမ္ဘာအေးဘုရားလမ်းမကြီးကို လူကူးမျဉ်းကျားပေါ်မှဖြတ်ပြီး အင်းလျား ကန်ဘောင်ပေါ်သို့ တက်ပါသည်။

Sunday, May 27, 2012

G-mail ကို စတိုင်ကျကျ သုံးကြစို



Photo
ကျွန်တော် ဂျီမေးလ် သုံးလာတာ ဆယ်နှစ်ဝန်းကျင် ရှိပါပြီ။  ဒါပေမဲ့ Inbox ကတော့ ထုံးစံအတိုင်း ဖရိုဖရဲ။ ရာနဲ့ချီနေတဲ့ ဝင်စာတွေထဲက လိုချင်တဲ့ စာတစ်စောင်ရှာရတဲ့ ကိစ္စကလည်း တစ်ခါတစ်ခါတော့ ခေါင်းအတော်ကိုက်ပါတယ်။ ကျွန်တော့်လို ခေါင်းမကိုက်ချင်ရင် ဂျီမေးလ်ကို စနစ်လေးတစ်ခုခုနဲ့ စတိုင်ကျကျ သုံးကြပါစို့လား။ စတိုင်ကျကျ သုံးချင်ရင် အောက်မှာ ပြောထားတဲ့ အချက်ကလေးတွေကို လိုက်နာဖို့တော့ လိုပါမယ်။

Facebook မှာ ထပ်ဖြည့်သုံးနိုင်သော Application များ



Photo
Facebook ထဲမှာ Application များအသင့်ပါပြီး ဖြစ်သည်။  Status update လုပ်ခြင်းသည် လည်းကောင်း၊ Link Share ပေးခြင်းသည် လည်းကောင်း အသင့်ပါပြီးသော Application တစ်ခုကို အသုံးပြုလိုက်ခြင်း မည်ပါသည်။ သို့သော် Facebook အသုံးပြုသူများသည် အသင့်ရှိပြီး Application များကိုသာ လွယ်လင့်တကူ သုံးတတ်ကြပါသည်။ Application များ ရှာဖွေ၍ ထပ်ထည့်ခြင်း အလွန်နည်းပါးပါသည်။ ယင်း Application များ ထပ်ထည့် အသုံးပြုခြင်းသည် Facebook ကို ပို၍ အားကောင်းစေပါသည်။ Browser တွင် Plug-in များ ထပ်ချိတ်၍ အသုံးပြုသကဲ့သို့ ဖြစ်ပါသည်။ Application ဟုခေါ်သော ခေါင်းစဉ်အောက်၌ Application နှင့် Game များကို စာမျက်နှာတစ်ခုတည်း အောက်တွင် ရောနှော၍ ထည့်သွင်းထားပါသည်။ Home page ၏ Game and application နေရာတွင် ဘယ်ကလစ်နှိပ်ပြီး Application နှင့် Game directory နေရာသို့ ဝင်ရောက်နိုင်ပါသည်။ Application ဟူသော tab ကို ရှာပြီး ဘယ်ကလစ် နှိပ်ခြင်းအားဖြင့် Application များကို မြင်တွေ့နိုင်ပါသည်။ အကယ်၍ Application အမည်ကို တိုက်ရိုက်သိလျှင် Facebook Home Page ဖွင့်စဉ်တွင် တွေ့ရသော Search box တွင် Game  အမည်ကို ရိုက်ထည့်၍ ရှာဖွေနိုင်ပါသည်။ အကယ်၍ မိတ်ဆွေသူငယ်ချင်းများက သူတို့သုံးသော Application များနှင့် Game များအား ကစားကြည့်ရန် မိမိကို ပန်ကြားလာခဲ့သည် ရှိသော် ယင်းနေရာမှ နေ၍လည်း သုံးနိုင်ပါသည်။ သူတို့ သုံးစွဲရခြင်းအကြောင်းကိုလည်း သိနိုင်ပါလိမ့်မည်။ Browser Search box တွင် www.facebook.com/ Apps ရိုက်ထည့်ပြီးလည်း Application များ ရှိရာသို့ တိုက်ရိုက် သွားရောက်နိုင်ပါသည်။ Facebook သည် Third-party Application developer တို့အား Facebook platform ထဲသို့ ဝင်ရောက် ချိတ်ဆက်နိုင်ရန် ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် Third party Application များ ရာနှင့်ချီ၍ Directory ထဲတွင် တွေ့မြင်နေရခြင်းလည်း ဖြစ်ပါသည်။

ပရိုဂရမ်ဘာသာစကား တတ်ကျွမ်းပြီး ဆော့ဖ်ဝဲရေးနိုင်သူ မည်သူမဆို Facebook တွင် Application များ ဝင်ရောက် ရေးသားနိုင်ပါသည်။ Facebook account တစ်ခုအတွက် directory ထဲတွင် ပေးထားသော Application များ (Game များ အပါအဝင်) ကို မိမိဆန္ဒရှိသလောက် ထည့်သွင်းနိုင်ပါသည်။ သို့သော် မိမိ၏ Facebook Profile data များအား Application က ရယူ အသုံးပြုမည်ဖြစ်၍ Authorization ပြုလုပ်ပေးရန် လိုအပ်ပါသည်။ အဆိုပါ Application များသည် စွန့်ပယ်ခြင်း မပြုသရွေ့ ကာလပတ်လုံး Facebook Acoount ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ရှိနေပါလိမ့်မည်။ နေရာအတော်များများတွင် ယင်း application တို့သည် ယင်းတို့နှင့် ပတ်သက်၍ မိမိ၏ လုပ်ဆောင်ချက်များကို Profile Page နှင့် newsfeed များပေါ်တွင် ထုတ်ပြန်ဖော်ပြပါမည်။ သို့ဖြစ်ရာ မိမိသည် မည်သည့် application များ သုံးနေသည်ကို သူငယ်ချင်းများပါ သိရှိပြီး သူတို့ပါ လိုက်၍ သုံးစွဲချင်စိတ် ပေါ်လာပါမည်။ Facebook ပေါ်မှ application များသည် တစ်ဦးသုံးစွဲမှုကို ကျန်သူများက မြင်တွေ့ပြီး လိုက်လံ သုံးစွဲသော သဘောသဘာဝ (Viral nature) ရှိသောကြောင့် ဖြစ်ပါသည်။ မိမိထပ်မံ ထည့်သွင်းလိုက်သော Application တစ်ခုခုသည် အမှန်တကယ် အသုံးများမည်ဟု ဆိုလျှင် မိမိ၏ Profile Page ထဲတွင် သီးခြား Tab တစ်ခုအဖြစ် ထားနိုင်ပါသည်။ မိမိအလိုရှိသည့်အခါ အလွယ်ကူ လှမ်း၍ ယူနိုင်စေရန် ဖြစ်သည်။ အချို့သော Application များကမူ မိမိ၏ Profile Page ထဲတွင် ယင်းတို့၏ သီးခြား Box များဖြင့် လာရောက် နေရာယူပါမည်။ ဥပမာအားဖြင့် ဆိုသော် Birthday calendar ကဲ့သို့သော application မျိုး ဖြစ်ပါ သည်။

Application များနှင့် ပတ်သက်ပြီး သတိပြုသင့်သည့်အချက်မှာ ယင်းတို့အား မိမိ၏ profile ကို အသုံးပြုခွင့် ပေးလိုက်ချိန်တွင် မိမိ၏ သတင်းအချက်အလက်များ သာမက သူငယ်ချင်းများ၏ သတင်းအချက်အလက်များကို အသုံးပြုခွင့်ရသွားပြီး Story များအနေဖြင့် အချိန်မရွေး ထုတ်ပြန်နိုင်ခြင်းမျိုး ရှိပါသည်။ မိမိသည် သာမန်လူ တစ်ယောက်ဖြစ်ပါက ကိစ္စမရှိပါ။ နာမည်ကျော် လူသိများသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့လျှင်မူ ယင်းကို သတိပြုရပါမည်။ ထို့ကြောင့်ပင်လျှင် Facebook ပေါ်၌ personal information များ လိုသည်ထက်ပို၍ ထည့်သွင်းခြင်းကို ရှောင်ကြဉ် သင့်ပါသည်။ သို့တည်းမဟုတ် application ၏ setting မှနေ၍ ယင်းအား ခွင့်ပြုမှု အတိုင်းအတာကို ကန့်သတ် လျှော့ချနိုင်ပါသည်။ ၂၀၁၂ ဧပြီလအတွင်း တွေ့ရှိရသော အနေအထားအရ directoryသည် Application နှင့် ဂိမ်းများကို ရောနှောထားပြီး ဂိမ်းအများစု ကြီးစိုးလာသည်ကို တွေ့ရပါသည်။ ဂိမ်းများထဲတွင် Angry Bird လို ခပ်ရွယ်ရွယ်ဂိမ်းမျိုးမှသည် EA မှ ထုတ်လုပ်သော Fifa Superstar football ဂိမ်းကြီးများအထိ ပါဝင်လာပါသည်။  Directory အတွင်းသို့ ရောက်ရှိသည့်အခါ Apps and Games ခေါင်းစဉ်အောက်တွင် Top Apps ဟူသော Tab တစ်ခု တွေ့ရပါမည်။ ယင်းကို ဘယ်ကလစ် နှိပ်လိုက်လျှင် ရရှိနိုင်သော Apps List ကျလာပါမည်။ ၂၀၁၂ ခုနှစ် ဧပြီလအတွင်းတွင် ရှိနေသော Application များမှာ Norton Safeweb, Status Shuffle, God wants you to know, Skype, Sound Cloud, picnik, pizap, Photo Editor, Astrology, Wattpad, Spotify, Muzy.com, My mood, Daily Bible Quotes, Path, The mood weather reports, Steam, Baby gaga, Couchsurfing, Stumbleupon, Castleville Bonus, Someecards, God's daily message, Daily Horoscope, Meetup စသည်တို့ ဖြစ်ပါသည်။ Facebook ၏ အစောပိုင်း ကာလများတွင် ပါဝင်ခဲ့သည့် The Guardian, Washington post social reader, Graffiti စသည့် application များ မပါတော့ကြောင်း ဝမ်းနည်းဖွယ် တွေ့ရှိရပါသည်။

Facebook ထဲမှာ ဓာတ်ပုံတစ်ခါတည်း တည်းဖြတ်လိုလျှင် Picnik နှင့် Pizap Photo Editor တို့က အသုံးတည့်ပါမည်။ Story Sharing အတွက် walt pad ကို သုံးနိုင်ပြီး status message များဖတ်လိုလျှင် Status Shuffle က အသုံးတည့်ပါမည်။ ဗေဒင် ဝါသနာအိုးများအတွက် Astrology နှင့် Daily Horoscope တို့က စောင့်ကြိုနေပါမည်။ Application များ သုံးစွဲရန်မှာ ခက်လှသည် မဟုတ်ပါ။ အကယ်၍ မိမိ၌ သူငယ်ချင်း အတော်များများရှိပြီး သူတို့က ဂိမ်းနှင့် Application များ ထည့်သွင်း အသုံးပြုရန် ဝါသနာထုံသည်ဟု ဆိုလျှင် မိမိ၏ Home Page တွင်ရှိသော request area တွင်  application request များ လာပြလေ့ ရှိပါသည်။ အကယ်၍ application request တစ်ခုရလာပြီဟု ဆိုလျှင် request နေရာ၌ ဘယ်ကလစ် နှိပ်ခြင်းဖြင့် သော်လည်းကောင်း၊ see all ကို ဘယ်ကလစ်နှိပ်ခြင်းဖြင့် သော်လည်းကောင်း request page တစ်ခုလုံးကို မြင်တွေ့ရပါမည်။ မိမိအနေဖြင့် Join, accept, participate တစ်ခုခုကို ရွေးချယ်ပြီး လက်ခံနိုင်သလို ignore ကို ရွေးချယ်ပြီးလည်း ငြင်းပယ်နိုင်ပါသည်။ မိမိဖာသာသွားမည်ဆိုလျှင် Home Page ဘယ်ဘက်ခြမ်းရှိ Game andapplication နေရာတွင်နှိပ်ပြီး directory ထဲဝင်ကာ Install လုပ်ရပါမည်။ ယင်းစာမျက်နှာတွင် Application တစ်ခုစီအကြောင်း အကျဉ်းဖော်ပြထားပြီး ညာဘက်ဘေးတွင် View app စာသားကို လေးထောင့်ကွက်ဖြင့် တွေ့ရပါမည်။ ယင်းနေရာတွင် ဘယ်ကလစ်နှိပ်ပါ။ သက်ဆိုင်ရာ application ၏ page သို့ ရောက်သွားပါမည်။ အပေါ်ညာဘက်တွင် မြင်နေရသော Go to App နေရာတွင် ဘယ်ကလစ်နှိပ်ပါ။

ထိုအခါ Request permission dialogue box ပေါ်လာပါမည်။ Application အားမိမိ၏ wall တွင် ရေးလိုရာ ရေးသားနိုင်ရန် ခွင့်ပြုသည့်သဘော၊ မိမိထံ email ပို့ခွင့်ပြုသည့်သဘော ဖြစ်ပါသည်။ မိမိအတွက်သာမက မိမိနှင့် ပတ်သက်သော သူငယ်ချင်းများအတွက်ပါ ခွင့်ပြုပေးရခြင်းလည်း မည်ပါသည်။ ယင်း Box ၏ အောက်ဘက်မှ Allow တွင် ဘယ်ကလစ်နှိပ်ပါ။ နောက်အဆင့်သည် application ကို အမှန်တကယ် Install လုပ်သည့်အဆင့် ဖြစ်ပါသည်။ Installation Wizard က ခိုင်းစေသည်များကို အလိုက်သင့် လုပ်ဆောင်ပေးသွားရန် လိုအပ်ပါသည်။ ယင်း application သည် Home page ၏ application ခေါင်းစဉ်အောက်တွင် ပေါ်နေပါမည်။ ဘယ်ကလစ် နှိပ်၍ အသုံးပြုနိုင်ပါသည်။ အသုံးမပြုတော့၍ ဖျက်ထုတ်လိုသည် ဆိုပါက Home Page ထဲဝင်၍ application  တွင် ဘယ်ကလစ်နှိပ်ပါ။  Install လုပ်ထားသော Application များ ညာဘက်အကွက်ထဲတွင် ပေါ်လာပါမည်။ သက်ဆိုင်ရာ Application ၏ ညာဘက်ရှိ ခဲတံနေရာတွင် ဘယ်ကလစ်နှိပ်ပါ။ Dialogue box တစ်ခု ကျလာပါမည်။ Remove App ဆိုသော နေရာတွင် ဘယ်ကလစ်နှိပ်ပါ။ Remove  ကို အတည်ပြုခိုင်းသော နောက်ထပ် dialogue box  တစ်ခု ထပ်ကျလာပါမည်။ Remove တွင် ဘယ်ကလစ် ထပ်နှိပ်ရုံသာ ဖြစ်ပါသည်။ မိမိကိုယ်တိုင် ထည့်သွင်းထားသော App များကိုသာ ဖယ်ထုတ်၍ ရနိုင်ပြီးFacebook ၌ default ပါဝင်သော App များကို ဖယ်ထုတ်၍ မရပါ။ (Facebook သည် တစ်နှစ် တစ်ကြိမ်လောက် ပြောင်းလဲနေသည် ဖြစ်၍ App List သည် အမြဲတစေ အတိုးအလျော့ ရှိနိုင်ပါသည်။)

ဆောင်းပါးရှင် - ဧဧသက်

လောကကြီးကို အပြောင်းအလဲဖြစ်စေတဲ့ နည်းပညာများ (BIOMETRIC)



Photo
ဇီဝဗေဒပညာရပ်ကို အသုံးချပြီး သက်သေခံ အထောက်အထားယူကာ အသုံးချစေတဲ့နည်းကို biometric လို့ ခေါ်လိုက်ကြတယ်။  လူရဲ့မွေးရာပါ ရုပ်လက္ခဏာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အပြုအမူတစ်ခုခု ဖြစ်ဖြစ် တစ်ခုထက်မကဖြစ်ဖြစ် အခြေပြုထားချက်ကို အသိအမှတ်ပြုပြီး စစ်ဆေးယူတဲ့ နည်းလမ်း ဖြစ်တယ်။

လောကကြီးကို အပြောင်းအလဲ ဖြစ်စေတဲ့ နည်းပညာများ (Blade Server)



Photo
Server ကွန်ပျူတာတစ်လုံးရဲ့ ရုပ်ဝတ္ထု သဘာဝကို ချုံ့ပေးလိုက်ပြီး စွမ်းအင် သုံးစွဲမှုကိုလည်း အနည်းဆုံး ဖြစ်နေစေဖို့ မော်ဂျူလာ ဒီဇိုင်းတစ်ခုနဲ့ တည်ဆောက်ထားတာကို Blade Server လို့ ခေါ်လိုက်ကြတယ်။ 

လောကကြီးကို အပြောင်းအလဲဖြစ်စေတဲ့ နည်းပညာများ (ADSL)



Photo
မူလ အသုံးပြုနေတဲ့ တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို ပိုပြီး ထိထိရောက်ရောက် အသုံးပြုနိုင်စေတဲ့ ADSL (Asymmetrical Digital Subscriber Line) နည်းပညာ broadband အင်တာနက် ဆက်သွယ်ရေး စနစ်ကို တစ်ခေတ် ပြောင်းစေခဲ့တယ်။  တယ်လီဖုန်း ဆက်သွယ်ရေးစနစ်မှာ တစ်နေရာကနေ တစ်နေရာကို စကားသံတွေနဲ့ ဆက်သွယ် ပြောဆိုနိုင်တဲ့ အနေအထားက စခဲ့ကြတယ်။

Mobile Broadband အကြောင်း သိကောင်းစရာ



Photo
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက အင်တာနက်ဆိုတာ ကျွန်တော်တို့ဘဝမှာ မရှိမဖြစ် အရေးပါလာတယ်။  တစ်နေ့တစ်နေ့ အီးမေးလ်မှ မစစ်ရရင် မနေနိုင်သူတွေ၊ သိချင်တာတွေကို အင်တာနက်ထဲမှာ Google ကို ဖွင့်ပြီးတော့ မရှာရရင် စိတ်မချချင်တဲ့ သူတွေ၊ အွန်လိုင်းမှာ ဗီဒီယိုနဲ့ ရုပ်သံကြား စကားမှ မပြောရရင် မနေနိုင်သူတွေ၊ YouTube နဲ့ Facebook ကိုမှ တစ်နေ့ တစ်နာရီလောက် မထိုင်ရရင် ဘဝင်မကျချင်သူတွေ ပေါလာတယ်။

အထက်မှာ ကျွန်တော်ဖော်ပြခဲ့တဲ့ ဆန္ဒတွေအားလုံးဟာ broadband လို့ခေါ်တဲ့ မြန်နှုန်းမြင့် ဆက်သွယ်ရေးစနစ်နဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေပါတယ်။ ၂၀၀၇ ခုနှစ်လောက်ကတည်းက ဆန်းစစ်ချက်တစ်ခုမှာ အမေရိကန်နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းသော အင်တာနက်သုံးတဲ့ လူကြီးတွေဟာ broadband စနစ်ကို အိမ်မှာ သုံးနေကြတယ်လို့ ဆိုတယ်။

အင်တာနက်က ဉာဏ်ပိုကောင်းစေသလား



Photo
လက်ပ်တော့များ၊ စမတ်ဖုန်းများကြား၌ မွေးဖွားလာသည့် လူငယ်များ အားလုံးကို ဒစ်ဂျစ်တယ် ဒေသခံများ (Digital Natives) ဟု တင်စားလေ့ရှိ၏။  လူငယ်များ၏ ဦးနှောက်သည် ဖွံ့ဖြိုးကြီးထွားမှုနှုန်း မြန်၏။

မော်နီတာပေါ်က ရင်မောစရာများ



Photo
မြန်မာပြည်တွင် Desktop ကွန်ပျူတာသည် အိမ်သုံး၊ ရုံးသုံး၊ လုပ်ငန်းသုံးအတွက် အဓိကနေရာတွင် ရှိနေဆဲ ဖြစ်ပါသည်။  ကွန်ပျူတာဟု ဆိုသော်လည်း မော်နီတာ (ဖန်သားပြင်) က ကောင်းကောင်း အလုပ်မလုပ်လျှင် ကွန်ပျူတာကို ကောင်းကောင်း အသုံးပြုနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မော်နီတာတွင် ပြဿနာ ပေါ်ရခြင်းအကြောင်းနှင့် ဖြေရှင်းနည်းများကို ပြောပြလိုပါသည်။

Saturday, May 26, 2012

လောကကြီးကို အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ နည်းပညာများ (Blog)



Photo
Weblog ဆိုတာကို ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ Jorn Barger ဆိုသူက ဝေါဟာရအဖြစ် စတင်သုံးစွဲခဲ့တယ်။  ဒါကို Peter Merholz ဆိုသူက We Blog လို့အပြောင်အပျက် ပြောဆိုပြီး သူ့ရဲ့ကိုယ်ပိုင် Peterme.com မှ ရေးသားရင်း အတိုကောက် ဝေါဟာရအဖြစ် Blog လို့ ဖော်ပြခဲ့ရာက စခဲ့ရင်း နောင်အခါ အင်တာနက်ပေါ်မှာ ဝါသနာတူတွေ ရေးသားကြလေ့ ရှိတဲ့ နေရာကို Blog ဆိုတာကို ပြောလိုက်တာနဲ့ အားလုံးနားလည် သိရှိတဲ့အရာ ဖြစ်သွားတော့တယ်။ ဒီလို ရေးသားကြသူတွေကိုလည်း Blogger လို့ ပြောဆို သတ်မှတ်လိုက်ကြတယ်။ လုပ်ဆောင်စရာ လုပ်ငန်းတစ်ခုကို လုပ်ကိုင်ခွင့်ရနိုင်ဖို့ ပထမဆုံး နည်းပညာအနေနဲ့ ရှိခဲ့ရတယ်။ ဒီနည်းပညာကို အကြောင်းပြုပြီး လူမှုဘဝမှာ တိုးတက်ပြောင်းလဲမှုတွေ ရှိသွားတယ်။ Blog လုပ်ငန်းစဉ်တွေ ပေါ်ပြူလာ မဖြစ်လာမီမှာ ဒီဂျစ်တယ် အသိုင်းအဝိုင်းတွေမှာ Usenet အပါအဝင် ပုံစံအနေအထား တော်တော်များများ ပေါ်ထွန်းခဲ့ပါသေးတယ်။ ဒါကို GEnie/ BiX/ Compu Serve/ e-mail list/ Bulletin Board System (BBS) တို့လို အွန်လိုင်းဆားဗစ်တွေက လုပ်ကိုင်ခွင့် ပေးခဲ့တယ်။ ၁၉၉၀ ခုနှစ်တွေ ရောက်တဲ့အခါ Internet forum တွေနဲ့ အပြန်အလှန် ပြောဆိုခွင့်ရှိတဲ့ Threads ဆိုတာတွေ ဖန်တီးယူခဲ့ကြတယ်။ Virtual Cardboard တစ်ခုပေါ်မှာ သတင်းအတိုအထွာလေး အကြောင်းအရာအလိုက် ဝင်ရောက်ရေးသား ပြောဆိုနိုင်တယ်။

Monday, April 2, 2012

ကမ္ဘာကြီးကို ပြန်လည်ဖန်တီးခဲ့သူများ



ပါရမီရှင်များ၊ ဘီလီယံနာကြီးများ၊ စိတ်ကူးကောင်းသူများက ကမ္ဘာကြီးကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ သူတို့ဟာ နည်းပညာနဲ့ ကမ္ဘာကိုပြုပြင်ပြောင်းလဲခဲ့တယ်။ နည်းပညာလက်နက်ကို ကိုင်စွဲပြီးတော့ တော်လှန်ရေးတစ်ရပ် ဆင်နွှဲကာ ကမ္ဘာကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပါတယ်။
သူတို့ဟာ အများနဲ့မတူ တစ်မူထူးပြီး ခပ်ကြောင်ကြောင်လူစားတွေလည်း ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် တီထွင်ထိုးဖောက်နိုင်တဲ့ စွမ်းအားတွေကတော့ အများနဲ့မတူတာကြောင့်လည်း ထင်ရှားလာခဲ့သူတွေဖြစ်တယ်။ တီထွင်မှု သမိုင်းမှာ သူတို့စွမ်းဆောင်ချက်တွေကို ပယ်ဖျက်လို့မရနိုင်လောက်အောင် ချန်ထားခဲ့ပါလိမ့်မယ်။
တီထွင်ဖန်တီးမှုဆိုတာ အလုပ်၊ စီးပွားရေး၊ ကြီးပွားရေးတွေနဲ့လည်း တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေတတ်ပါ တယ်။ တကယ်တော့ သူတို့တီထွင်ခဲ့တာတွေကို ကျွန်တော်တို့က အလွယ်လေးသုံးနိုင်ကြပေမယ့် သူတို့ အားထုတ်ခဲ့ရတာတွေကတော့ ဘ၀နဲ့ရင်းခဲ့ကြရတာတွေ အများကြီးရှိပါလိမ့်မယ်။

နည်းပညာနှင့် ၂၁ ရာစု စာသင်ခန်း



ကျွန်တော်တို့ အမေရိကန်ရဲ့ တက္ကသိုလ်ဝင်းအတွင်းက မြင်ကွင်းတစ်ခုကိုကြည့်ရအောင်။ ကျောင်းသားတစ်စု နားကြပ်တွေ ကိုယ်စီတပ်ထားကြတယ်။ ပြီးတော့ သူတို့လက်ထဲမှာ ကိုင်ထားတဲ့ တက်ဘလက်တွေကို ငုံ့ကြည့်နေကြတယ်။
အားလုံး Facebook ထဲဝင်သူဝင်၊ Twitter ထဲ ချက်သူ ချက်၊ စာရိုက်ပြီး ပို့သူပို့၊ ဘလော့ဂ်တွေ ဖတ်သူဖတ်၊ သီချင်းတွေ ဒေါင်းလုတ် လုပ်သူတွေလုပ် သူတို့ဟာနဲ့သူတို့ ဟုတ်နေတော့တယ်။ သူတို့စကားနဲ့ပြောရရင် အားလုံး “လိုင်းမိ” နေကြတာပေါ့။ “လိုင်းဝင်” “လိုင်းစွဲ” တယ်လို့လည်းပြောကြတယ်။ ခေတ်အမြင် ကျောင်းသားတွေအားလုံး ဒီအတိုင်းပဲ တက်ဘလက်နဲ့ မျက်နှာမခွာ ဖြစ်ကုန်ကြတယ်။
အထက်တန်းကျောင်းတွေမှာလည်း အင်မတန်ဆင်းရဲပါတယ်ဆိုတဲ့ ကျောင်းတွေတောင် နည်းပညာကို တစ်ခု မဟုတ် တစ်ခုတော့ သုံးလာကြတာပဲ။ လူထု လူတန်းစားတွေကြားမှာ ဒစ်ဂျစ်တယ်ကွာဟချက် ဘယ်လောက် ရှိတယ်ပြောပြော ပညာရေးလောကမှာ ထဲထဲဝင်ဝင် သူ့အလိုလို ရောက်လာတာကိုတော့ တားဆီးလို့ ရမယ် မဟုတ်ပါဘူး။
ဆရာတွေက နည်းပညာကို အကျွမ်းမဝင်၊ တပည့်က ဆရာထက်ပိုတော်ပြီး နည်းပညာကို အဖော်လုပ်၊ အပျော်လုပ် နေချိန်မှာ၊ ကွန်ပျူတာတောင် မကိုင်ဘူးသေးတဲ့ ဆရာတွေနဲ့တော့ ခက်ပါသေးတယ်။ ၂၁ ရာစုမှာ အိမ်တွင်းမှာပညာရှာ၊ အိမ်တွင်းမှစာသင်၊ အိမ်ထဲကဘွဲ့တွေရဖို့ ဦးစားပေးလာတာကိုလည်း သတိပြုမိဖို့လို တယ်။
ကျောင်းတွေမှာ နည်းပညာကို မသုံးဖို့ တားမြစ်သူတွေက တားမြစ်နေတယ်။ ဥပမာ ကျောင်းကိုဖုန်းယူမလာရ ဆိုတာမျိုးတွေပေါ့။ ဖုန်းတစ်လုံးမှာ အင်တာနက်နဲ့ ကမ္ဘာပတ်နိုင်တယ်ဆိုတာ ဆရာလည်း လက်ခံ ကျောင်းသား ကလည်း အကျိုးရှိအောင် အသုံးချနိုင်ကြရင်ကောင်းမယ်။
ဒါကြောင့် တိုးတက်တဲ့နိုင်ငံကြီးတွေမှာ နိုင်ငံတော်အစိုးရက နည်းပညာကို ကျောင်းတွေမှာ မထောက်ပံ့ရင် တောင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ တပ်ဆင်ပြီး သုံးနိုင်အောင် ကြိုးပမ်းလာကြတာတွေ့ရတယ်။
နည်းပညာဟာ ကမ္ဘာ့နေရာအနှံ့ကို ပျံ့နှံ့နေပါပြီ။ ဒါပေမယ့် ပညာရေးမှာ ကျောက်သင်ပုန်း (တက်ဘလက် မဟုတ်) သုံးနေတဲ့ နေရာတွေ ရှိနေကြသေးတယ်။ ဆရာတွေက ဂဏန်းပေါင်းစက်တောင် မကိုင်ဘူးသေးချိန် မှာ အင်တာနက်ကဖေးသွားပြီး ချက်တင်ဝင်နေတဲ့ကျောင်းသားတွေ၊ အိမ်မှာ ကွန်ပျူတာနဲ့ ဖုန်းတွေကို သုံးနေ တဲ့ ကျောင်းသားတွေ အများကြီးရှိနေတယ်။
ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအရှိန်နောက်ကို ပညာရေးလည်း လိုက်ပါဖို့အချိန်ရောက်နေပါပြီ။ နည်းပညာကို သုံးတတ်အောင် သင်ခြင်း၊ သင်ရအောင် သုံးခြင်းဟာ ၂၁ ရာစုနဲ့ အံဝင်အောင်ပြင်ဆင်ခြင်းလို့ သတ်မှတ် နိုင်ပါတယ်။

၂၁ ရာစု မြီးကောင်ပေါက်
တိုးတက်တဲ့နိုင်ငံကြီးတွေကအစ နည်းပညာကို ပညာရေးမှာ သုံးဖို့အများကြီး လိုနေပါသေးတယ်။ နည်းပညာကို သုံးတယ်ဆိုတဲ့ နေရာမှာလည်း Facebook နဲ့ YouTube လောက်ကို ဝင်တာပြောတာမဟုတ်ဘူး။ နည်းပညာကို အကျိုးရှိအောင်သုံးဖို့ လမ်းဖွင့်ပေးခြင်း၊ သုံးတတ်အောင် ဆွဲခေါ်ခြင်း၊ သုံးနိုင်အောင် စီစဉ်ပေးခြင်း၊ မသုံးမဖြစ် သုံးလာအောင် ဖန်တီးပေးခြင်းတွေဟာ အရေးကြီးတယ်။
လက်ရှိ နည်းပညာအသုံးပြုမှုကို လေ့လာကြည့်ရင်
- ကျောင်းသား ၆၅ ရာခိုင်နှုန်းက ဂိမ်းကို ပုံမှန်ကစားတယ်
- ၈၀ ရာခိုင်နှုန်းက အင်တာနက်ထဲဝင်ပြီး လူမှုရေးကွန်ရက်ဆိုက်တွေနဲ့ပျော်မွေ့တယ်
- ၇၀ ရာခိုင်နှုန်းက အင်တာနက်ကို ကျောင်းသင်ခန်းစာတွေအတွက် သုံးကြတယ်။
- အွန်လိုင်းပေါ်မှာ ဘလော့ဂ်တွေ ကိုယ်ပိုင် ရေးနေတဲ့ ကျောင်းသားပေါင်း သန်း ၂၀၀၀ ရှိတယ်။
- ၃၀ ရာခိုင်နှုန်းက ဖုန်းပဲသုံးသည်ဖြစ်စေ၊ အင်တာနက်ထဲဝင်သည်ဖြစ်စေ၊ တီဗွီကြည့်သည်ဖြစ်စေ ပျော်ချင်လို့ သုံးတယ်လို့ ပြောကြတယ်။
ယနေ့ခေတ်လူငယ်တွေကို “ဒစ်ဂျစ်တယ်လူသားများ” လို့ခေါ်ဝေါ်ကြတယ်။ မွေးကတည်းက ကင်မရာနဲ့ မွေးလာကြတယ်။ အမှတ်တရဓာတ်ပုံနဲ့ မှတ်တမ်းတင်ခြင်းခံလိုက်ရတယ်။ အရွယ်ရောက်လာတော့လည်း အိမ်ကတီဗွီကအစ ကွန်ပျူတာအဆုံး မဖြစ်မနေသုံးကြတယ်။ အနည်းဆုံး တောရောမြို့ပါ နားကြပ် ကလေးတွေနဲ့ အမ်ပီ သရီးလောက်တော့ သုံးတတ်နေကြတယ်။

နည်းပညာလမ်းကြောင်း
ဒစ်ဂျစ်တယ်လူသားလေးတွေမှာ ပါဝါဟာ အီလက်ထရောနစ်အသုံးအဆောင်တွေပဲ။ သူတို့ပါဝါတွေကို ကျောင်းတွေမှာ မသုံးကြရ သုံးခွင့်မရှိတော့ အင်တာနက်ကဖေးတွေထဲရောက်ကုန်တယ်။ ဒါကြောင့် တရားဝင် လုပ်သင့်တာတွေကို အကျိုးရှိစွာ လုပ်ခွင့်မရတဲ့အတွက် တရားမဝင် ကွယ်ရာမှာ မဟုတ်တာတွေ သွားလုပ်နေ တာကို အပြစ် တင်သင့်သလား ပြန်စဉ်းစားစေချင်တယ်။

ဂိမ်းကစားတော့ ဘာဖြစ်သလဲ
အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြားလူငယ် တိုင်းလိုလိုမှာ ဗီဒီယိုကွန်ဆိုးတွေ ပိုင်ဆိုင်ကြတယ်။ ၅၈ ရာခိုင်နှုန်းက တစ်ပတ်ကို အနည်းဆုံး တစ်နာရီလောက်ကစားနေကြတယ်။ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာဂိမ်းနှစ်ခုစလုံး လူငယ်ထု ကြားမှာ ပျံ့နှံ့နေပါပြီ။
ခေတ်ပေါ်ဂိမ်းတွေကလည်း အဆင့်ကမြင့်လာပြီး၊ လူကြီးတွေ လိုက်မမီအောင် ရှုပ်ထွေးလာတယ်။ ဥပမာ RPG (role playing games) တွေဆိုရင် (Second Life and World of War Craft) လို ဂိမ်းမှာ လက်တွေ့ဘ၀နဲ့ နီးစပ်မှုရှိတာတွေ အများကြီးထည့်သွင်းထားတယ်။ စိန်ခေါ်နိုင်တယ်၊ ပြိုင်ဆိုင်လို့ရတယ်၊ နိုင်ချင်မှ လည်းနိုင်မယ်။ တုံ့ပြန်မှုတွေနဲ့ရင်ဆိုင်ရမယ်။ ဆုချီးမြှင့်ခံရတာတွေရှိမယ်။ လုပ်ပိုင်ခွင့်အတွက် တိုက်ယူမယ်။ ပါဝါတွေရမယ်။
ဒီတော့ ကလေးတွေမှာ အခက်အခဲတွေ အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရပေမယ့် ရင်ဆိုင် တိုက်ပွဲဝင်လိုစိတ်၊ အနိုင်မခံ အရှုံးမပေးလိုစိတ်တွေ ရှိအောင် လေ့ကျင့်ပေးထားပြီးသားဖြစ်နေတယ်။ ဒါကြောင့် ကျောင်းသင်ခန်းစာတွေမှာ အခက်အခဲဆိုတာ သူတို့အတွက် ဂိမ်းသင်ခန်းစာတွေအတိုင်း ကျော်လွှားဖြေရှင်း ချင်စိတ်တွေကို လေ့ကျင့်ပေးသလိုဖြစ်နိုင်တယ်။
ဂိမ်းဆိုတာကို ပညာရှင်တွေက ခေတ်သစ်စာသင်ခန်းတွေနဲ့ နှိုင်းယှဉ်ပြီး ဒီလိုသုံးသပ်ကြတယ်။
- စွဲမြဲစွာလုပ်ကိုင်လိုစိတ်ကို ဖြစ်စေတယ်။ ဂိမ်းကစားရင် မထတမ်းကစားစိတ်တွေကို စာလုပ်ရင် မထတမ်း လုပ်လိုတဲ့စိတ်ဖြစ်အောင် ကူးပြောင်းပေးနိုင်ဖို့လိုတယ်။
- အသိတရားဖွံ့ဖြိုးမှုက ဘ၀အောင်မြင်ဖို့ အထောက်အကူပြုနိုင်တယ်။ ဂိမ်းတွေထဲမှာ အပေးအယူ၊ အရောင်း အဝယ်၊ အပြန်အလှန်သဘောတရားတွေ အများကြီးပါတယ်။ စောစီးစွာ ဘ၀အကြောင်းကို ကောင်းကောင်း သဘောပေါက်နိုင်တယ်။
- ဘ၀မှာ အရှုံးတွေနဲ့ရင်ဆိုင်ရလည်း ကြံ့ကြံ့ခံနိုင်စိတ်ရှိတယ်။ ဂိမ်းဆော့ရင် အမြဲ အနိုင်ချည်းမရှိဘူး။ အချင်းချင်းပဲကစားသည်ဖြစ်စေ၊ စက်နဲ့ကစားသည်ဖြစ်စေ၊ သူ့ level တိုင်းမှာ ခက်ခဲသွားတာကို ကျော်ဖြတ် ရတယ်။ ဂိမ်းဆော့သူတွေအတွက် အရှုံးဆိုတာ ပြဿနာမဟုတ်ဘူး။
- ပေါင်းသင်းဆက်ဆံရေး၊ လှုမှုရေးတိုးတက်စေတယ်။ ခေတ်သစ်ဂိမ်းတွေက တစ်ဦးကောင်းထက် အဖွဲ့လိုက် ကောင်းမှုကို ဦးစားပေးလာတယ်။ ကိုယ့်အချင်းချင်း ခံစားချက် မျှဝေရတာကို သူတို့နားလည်ကြတယ်။
- ဖြစ်နိုင်ခြေပေါင်းများစွာကို တွက်ဆတတ်တယ်။
ဂိမ်းမကောင်းမြင်တာတွေရှိသလို၊ အကောင်းဘက်ကလှည့်တွေးပေးနိုင်တာတွေလည်း အများကြီးရှိပါတယ်။ ဂိမ်းကစားသူတစ်ယောက်ဟာ ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်တယ်။ သင်ယူလိုစိတ်၊ ကြိုးစားလို စိတ်တွေ ရှိတယ်။ ဒါကြောင့် ကိုယ့်သင်ကြားမှုတစ်ခုကို ဂိမ်းစတိုင်၊ ဂိမ်းပုံစံနဲ့ ပြောင်းလွဲသင်ကြားနိုင်မယ်ဆိုရင် ကျောင်းသားနဲ့ ဆရာကြားမှာ နားလည်မှုတွေ ပိုပြီးတိုးပွားနိုင်လိမ့်မယ်။

ဘလော့ဂ်၊ ဆိုရှယ်မီဒီယာနဲ့ ပြည်သူ့နီတိ
၂၁ ရာစုကျောင်းသားတွေကို ၂၀ ရာစုအမြင်နဲ့ မကြည့်ဖို့လိုတယ်။ စာရေးဆရာ ဝေး ရစ်ချတ်ဆန်က “စာပေကို နည်း ပညာနဲ့ လှုံ့ဆော်ပေးနိုင်ရမယ်” လို့ရေးဖူးတယ်။၂၁ ရာစုပညာရေးလမ်းကြောင်းမှာ “တွန်းခြင်း” ထက် “ဆွဲခေါ်ခြင်း” ကို ပိုပြီး အလေးပေးလာကြတယ်။ ကလေးကို ကိုယ်သင်ချင်တာမသင်ဘူး။ သူလိုချင်တာ သင် ပေးနိုင်တဲ့ ပညာရေးမျိုးကို ဦးတည်လာကြတယ်။ သူတို့ဘာလိုအပ်နေသလဲ ပထမဦးဆုံး သိအောင်လုပ်မယ်၊ ပြီးတော့မှာ သူတို့အတွက် အသိုင်းအဝိုင်းတစ်ခုကို ဖန်တီးပေးမယ်။ ဆိုရှယ်ထက် ဂလိုဘယ်ဖြစ်ရေးကို ဦးတည် ထားရမယ်။
လူငယ်တွေအတွက် အကောင်းဆုံး ဆိုရှယ်ဆိုတာ အွန်လိုင်းပေါ်မှာရှိတဲ့ ဘလော့ဂ်တွေပဲ။ ဥပမာ တစ်ခုပြောရရင် ခုတစ်လော အွန်လိုင်းမှာခေတ်စားနေတဲ့ ဘလော့ဂ်ပို့စ်တစ်ခုမှာ ၁၀ နှစ်သမီးလေး လော်ရာက သူ့အဖိုးအကြောင်းရေးထားတဲ့ ဘလော့ဂ် (၂၅ ရက်အကြာ ပြောင်းလဲမှုတစ်ခုပြုလုပ်ခြင်း) မှာ မှတ်မိသမျှ သူ့အဖိုး အကြောင်းရေးထားတာ အရမ်းဖတ်လို့ကောင်းတယ်။ အဲဒီ ဘလော့ဂ်နာမည်ကျော်သွားပြီး လော်ရာလည်း တစ်နှစ်လောက် စာတွေ ဆက်တိုက်ရေးနေရတယ်။ လော်ရာရဲ့ ဘလော့ဂ်က ငွေတွေ သောက်သောက်လဲရပြီး ရသမျှငွေတွေကိုလည်း အလှူအတန်းတွေအများကြီးလုပ်နိုင်ခဲ့တယ်။
လူငယ်တွေ တစ်ဦးနဲ့ တစ်ဦးဆက်ဆံရေးသားပုံတွေဟာ ယခင်ကထက်စာရင် ပိုပြီးတော့ ယဉ်ကျေးလာတယ်။ တစ်နည်း ပြောရရင် ပိုပြီး ပြည်သူ့နီတိကို နားလည်လာတယ်လို့ပြောနိုင်တယ်။ ကျောင်းတွေမှာ စာစီစာကုံး ညံ့တယ်လို့ အပြောခံရတဲ့သူတွေ ဘလော့ဂ်ထဲမှာ တကယ့်ကို နာမည်ကျော်ကြီးတွေ ဖြစ်နေကြတာအများကြီး။ ဒါကြောင့် ဘလော့ဂ်နဲ့ စာသင်ခန်းကို ပေါင်းစပ်ပေးနိုင်အောင် ဆရာတွေ စဉ်းစားခဲ့ကြဖူးသလား။

ဂယက်တွင်ပါဝင်ပတ်သက်ခြင်း
ယနေ့လူငယ်တွေဟာ ယခင် မျိုးဆက်တွေထက် ပိုပြီးထဲထဲဝင်ဝင်ရှိလာကြတယ်။ အွန်လိုင်းပေါ်မှာ သူတို့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှန်း သိလာကြတယ်။ အွန်လိုင်းဟာ သူတို့အတွက် ထွက်ပေါက်တစ်ခုဖြစ်လာတယ်။ အွန်လိုင်းမှာ ဆရာတွေမပေးနိုင်တဲ့ပညာ၊ ဆရာတွေ သိတာလောက်ကို စိန်ခေါ်နိုင်တဲ့ ပညာရပ်တွေ သူတို့လေ့လာသင်ယူနိုင်တယ်။
မတ်တက်ချီဆိုသူက “ကျောင်းသားတွေကို ဝေဖန်ရှုမြင်တဲ့အကြည့်မျိုးတွေ ကြည့်ခွင့်ပေးသင့်တယ်။ ဆရာ ဆိုတာ ပေါက်ကွဲလာမှာကို ထိန်းချုပ်ဖို့ မဟုတ်ဘူး။ ကိုယ်တိုင်က ပေါက်ကွဲလာအောင် စနက်တံတွေကို မီးရှို့ပေးနေသူတွေ ဖြစ်နေရမှာ” လို့ ပြောဖူးပါတယ်။
၂၁ ရာစုဟာ အမှောင်ကျနေတဲ့ စာသင်ခန်းတွေကို နည်းပညာဆီမီးနဲ့ ထွန်းညှိပေးရမှာဖြစ်ပါတယ်။ နည်းပညာကို ကြောက်ရွံ့ပြီး မထိရဲ မကိုင်ရဲဖြစ်အောင် မလုပ်ဘဲ၊ လက်တွေ့ကိုင်တွယ် အသုံးချခွင့် တွေပေးလိုက်ပါ။ နည်းပညာဟာ စာသင် ခန်းတွေရဲ့ တံတိုင်းမဟုတ်ဘူး။ နည်းပညာဆိုတာ စာသင်ခန်းတွေမှာ လိုရာကို ဖော်ဆောင်နိုင်တဲ့ လက်နက်ဖြစ်နေရမယ်။ ကျောင်းမှာလည်းသုံး၊ အပြင်မှာလည်းသုံး၊ အားလပ်ချိန် တိုင်း သုံးနိုင်တဲ့ အခွင့်အရေးတွေကို ကျောင်းတွေကဖန်တီးပေးထားမှ ဖြစ်တော့မယ်။
ဒစ်ဂျစ်တယ်လူသားတွေအဖြစ် မွေးဖွားလာတဲ့ကျောင်းသားတွေကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ မကိုက်ညီတဲ့ သင်ကြားမှုတွေဟာ ထိရောက်တော့မှာမဟုတ်ဘူး။ အင်တာနက်ဆိုတာ သုတေသနပြုစရာ နေရာတစ်နေရာလို့ ခံယူနိုင်အောင် လေ့ကျင့်ပျိုးထောင်ပေးရတော့မယ်။ ဂိမ်းနဲ့ ကျောင်းသင်ခန်းစာတွေကို ပေါင်းစပ်ပေးရ တော့ မယ်။ ကျောင်းထဲကို အနည်းဆုံး လက်ပ်တော့နဲ့ တက်ဘလက်တွေ ယူလာကြအောင် ကြံဆောင်ကြရမယ်။ နည်းပညာကို ဆရာတွေကပါ လက်ခံကျင့်သုံးပြီး၊ တပည့်တွေကို လမ်းညွှန်နိုင်သူတွေ ဖြစ်ရတော့မယ်။
ယနေ့လူငယ်တွေဟာ “ဒစ်ဂျစ်တယ်လူသား” “ဂလိုဘယ်နိုင်ငံသား” တွေဖြစ်လာပြီ။ ကမ္ဘာအနှံ့ သူတို့ ဆက်သွယ်လို့ရတယ်၊ ဆက်သွယ်ခွင့်ရှိတယ်ဆိုတာလည်း သဘောပေါက်ထားရလိမ့်မယ်။ ဆရာတွေ အိပ်ပျော် မနေပါနဲ့။ ၂၁ ရာစုရောက်လာပြီ။ ဆရာတွေလည်း နည်းပညာနဲ့ရင်းနှီးကျွမ်းဝင် အောင်လုပ်ထားမှ အနာဂတ်နဲ့ အံဝင်ခွင်ကျ ဖြစ်လာပါလိမ့်မယ်။
ဆရာဆိုတာ မှောင်ကျနေတဲ့ စာသင်ခန်းကို “မီးထွန်းပေးသူတွေ” ဖြစ်ရပါလိမ့်မယ်။ ဆရာဆိုတာ စိတ်တံခါးကို နည်းပညာစွမ်းအားနဲ့ ဖွင့်ပေးနိုင်သူတွေ ဖြစ်ရပါလိမ့်မယ်။ ဆရာ ဆိုတာ ကလေးတွေရဲ့ ဆန္ဒကို အမှန်ဘ၀ရောက်အောင် နားလည်နိုင်စွမ်းရှိသူတွေ ဖြစ်ရပါလိမ့်မယ်။
နည်းပညာဆိုတာ ပျံ့နှံ့လွယ်၊ နေရာယူ လွယ်တတ်တယ်။ ၂၁ ရာစုဟာ ပညာလိုလားပြီး ပညာတတ် ဖြစ်ချင်သူတွေ ပေါနေဦးမှာပဲ။ သူတို့ကို ကျောင်းတွေမှာ ချုပ်ထားမလား၊ အွန်လိုင်းနဲ့ပေါင်းစပ်ပေးပြီး လွှတ် ပေးလိုက်မလား စဉ်းစားရတော့မယ်။ ကလေးတွေကို နည်းပညာတစ်ခုတည်း မိတ်ဆက်ပေးရုံနဲ့လည်း မလုံလောက်တော့ဘူး။ နည်းပညာကိုအသုံးချပြီး ရလဒ်တစ်ခုခုထွက်လာအောင်၊ ထွက်လာတဲ့ ရလဒ်နဲ့ သူတို့ ရပ်တည်နိုင်အောင် ဖန်တီးပေးရတော့မယ်။ ကျောင်းဆိုတဲ့ လေးဘက်နံရံကြီးထဲမှာ ကလေးတွေကို ပိတ်လှောင် ထားတာ ခေတ်မမီတော့ပါဘူး။ ကျောင်းမတက်တာ ပြဿနာမဟုတ်ဘူး။ အွန်လိုင်းထဲမဝင်တာ၊ အွန်လိုင်း ကနေ အိမ်စာမတင်တာ၊ အွန်လိုင်းကနေ ပရောဂျက်တစ်ခုခုအတွက် မပြင်ဆင်တာ၊ အွန်လိုင်းကနေ ရည်ညွှန်း ချက်တွေ မပေးပို့တာ ပြဿနာတစ်ခုပမာ ဖြစ်လာတဲ့ခေတ်နဲ့ ပညာရေးစနစ်မျိုးလိုအပ် လာပါတယ်။
ကွန်ပျူတာခန်းတွေ သော့ခတ်မထားပါနဲ့။ ကွန်ပျူတာတွေကို စောင်မခြုံထားပါနဲ့။ ယနေ့ ဒစ်ဂျစ်တယ လူသားလေးတွေဟာ အနာဂတ်မှာ နည်းပညာခေါင်းဆောင်တွေ ဖြစ်လာကြပါလိမ့်မယ်။ ကိုယ်တိုင်ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။ သူတို့ကို ဘာတွေလုပ် ပေးပြီးပြီလဲ။ သူတို့ကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ ၂၁ ရာစုရဲ့ စိန်ခေါ်ချက်တွေ ဖြစ်နေပါတယ်။
တင်ညွန့်

Sunday, February 19, 2012

ဘာကြောင့် တရားနာသလဲ? (ဘာသာရေးဆိုင်ရာ အမေးအဖြေဆောင်းပါး)

စာဖတ်သူတို့ကို ဘာကြောင့်တရားနာသလဲမေးလျှင် တရားရချင်လို့ပေါ့၊ နိဗ္ဗာန်ရောက်ချင်လို့ပေါ့၊ ကုသိုလ်ရချင်လို့ပေါ့ စသည်ဖြင့် ဖြေကြပါလိမ့်မည်။ အမှန်စင်စစ်အားဖြင့် တရားနာသူတစ်ယောက်သည် ဗုဒ္ဓ တရားတော်အတိုင်း ကျင့်ကြံနေထိုင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဗုဒ္ဓဘုရားဟောကြားတော်မူခဲ့သည်မှာ စိတ်ကောင်းစိတ်မြတ်ထားရှိဖို့ပင် ဖြစ်သည်။ ထို့ကြောင့် အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီးကလည်း “စိတ်ကောင်းရှိဖို့ ပထမ” ဟုမိန့်ဆိုထားခဲ့ခြင်း ဖြစ်သည်။
                   စိတ်ကောင်းလျှင် လူကောင်းမည်၊စိတ်ညံ့လျှင် လူညံ့ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အခြေခံ ကျောင်းသားဘ၀ကတည်းက စိတ်ကောင်းထားရှိကြစေရန် “စိတ်ဓါတ်၊စည်းကမ်း၊ပညာ” ဟူသောဆောင်ပုဒ်က ညွှန်ပြနေပါသည်။ ပုထုဇဉ်လောကကြီးတွင် အများနည်းတူ လူတစ်ယောက်သည် အကြောင်းအမျိုးမျိုးကြောင့် စိတ်အခန့်မသင့်တာ၊စိတ်ဆိုးတာများ ရှိပေလိမ့်မည်။ ထိုအချိန်တွင် မိမိစိတ်ကို အတတ်နိုင်ဆုံးထိန်းကာ ရှိရမည်။ မိမိစိတ်တွင်ဖြစ်ပေါ်လာသော အစိုင်အခဲများ၊ အခုခံများကိုထိန်းချုပ်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ တရားထိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်သည် နေ့စဉ်နေ့တိုင်း အနည်းဆုံး(၁၅)မိနစ်လောက် ၀င်လေထွက်လေ ရှုမှတ်သင့်သည်။
                   ထိုအခါ မိမိစိတ်သည် စူးစိုက်မှုအားလောက်လာကာ မိမိပြုလုပ်သော အလုပ်အပေါ်တွင် အကျိုးဖြစ်ထွန်းရုံသာမက ပြဿနာများပေါ်ပေါက်လာလျှင်လည်း စိတ်ကိုချုပ်ထိန်းကာ ပြဿနာကိုလွယ်ကူစွာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ ထို့အပြင် မြတ်စွာဘုရား ဟောကြားခဲ့သော ဗြဟ္မစိုရ်တရား(၄)ပါးကို ကျင့်ကြံနေထိုင် အားထုတ်လျှင်လည်း ကောင်းကျိုးများစွာရရှိပေလိမ့်မည်။ ထို့ကြောင့် လူသားတိုင်းအပေါ် မေတ္တာထားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ မေတ္တာတရားသည် ကြေးမုံမုန်တစ်ချပ်နှင့်လည်း တူသည်။ မေတ္တာတရားသည် ပေး၍မကုန်နိုင်သော စမ်းရေနှင့်လည်း တူသည်။
          မိမိအပေါ်လူတစ်ယောက်သည် အဆုံးစွန်မကောင်းစေခဲ့ကာမူ မိမိသည် ထိုသူအပေါ် မေတ္တာတရား ပွားများနေသင့်သည်။ ထိုအခါ် မိမိပို့သအပ်သောမေတ္တာတရားကြောင့် အကယ်၍ မိမိအပေါ် မကောင်းကြံလာပါက ထိုသူသည် တန်ပြန်အကျိုးခံစားရလိမ့်မည်။ မေတ္တာထက် အဆင့်မြင့်သော ကရုဏာတရား ထားနိုင်လျှင်လည်း အကောင်းဆုံးဖြစ်မည်။ လူသားတိုင်း ကရုဏာတရားလက်ကိုင်ထားလျှင် ကမ္ဘာပေါ်တွင် စစ်ပွဲများထာဝရ ငြိမ်းချမ်းသွားလိမ့်မည်။ ထို့ကြောင့် သတ္တ၀ါတိုင်းအပေါ် ကရုဏာထားသင့်သည်။ မိမိပစ်လိုက်သော လောက်စာလုံးကြောင့်ငှက်ကလေး သေသွားမလား၊ မိမိရိုက်လိုက်သောတုတ်ချက်ကြောင့် ခွေးလေးတစ်ကောင် ခြေထောက်နာသွားမလား စသည်ဖြင့် မိမိဘာသာ စဉ်စားကြည့်သင့်သည်။
          ဘယ်အရာမဆိုလုပ်ဆောင်မည်ဆိုလျှင် ပထမဦးစွာစဉ်းစားသင့်သည်။ မိမိလုပ်သင့် မလုပ်သင့်။ မိမိကြောင့် တစ်ပါးသူ ဒုက္ခရောက် မရောက်။မိမိကြောင့် လူတစ်ယောက်လောကအလယ်မှာ မျက်နှာငယ် မငယ်
စသည်ဖြင့် မိမိကိုယ်ပိုင်အသိစိတ်ဖြင့် ဆုံးဖြတ်သင့်သည်။ ဥပမာဆိုရလျှင်- သင့်ကို မောင်မောင်က ရန်လာစလျှင် သင်က အပေါင်းအသင်းတွေကိုခေါ်ပြီး မောင်မောင်ကို ကလဲ့စားချေမှာလား? သို့မဟုတ် မောင်မောင့်အပေါ်ကို မေတ္တာထားကာ နေမလား? စာဖတ်သူတို့ကိုယ်တိုင် ဆုံးဖြတ်ကြည့်ကာ ပြန်လည်ဆန်းစစ်ကြည့်ပါ။
                   မိမိသည် ထိုသူအပေါ် မေတ္တာ၊ ကရုဏာ ထားသည့်တိုင်အောင် ထိုသူသည် မိမိအပေါ်တွင် မကောင်းကြံနေသည်ရှိသော် မုဒိတာတရားပွားများနေသင့်သည်။ မုဒိတာပွားနေခြင်းကြောင့် မိမိစိတ်တွင် အေးချမ်းမှု ရှိမည်။ မိမိပတ်ဝန်းကျင်တွင်လည်း အေးချမ်းမှုရှိလာမည်။ ဥပမာဆိုရသော် မိမိစိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော လူတစ်ယောက်သည် အကြောင်းတစ်ခုခုကြောင့် အောင်မြင်မှုများရရှိနေပါက ဖြူစင်သောစိတ်ဖြင့် ထိုသူနှင့်အတူ ၀မ်းသာစွာနေလိုက်ပါ။ မနာလိုစိတ်များ မထားရှိပါနှင့်။ ထိုအခါ ထိုသူ၏စိတ်တွင် “ မိမိသည်  သူ့အပ်ါမကောင်းကြံခဲ့တာတောင် ခွင့်လွတ်ပေးနိုင်ပါလား ” ဟုထင်မိလာကာ မေတ္တာတရား၏ တန်ပြန်အကျိုးကို ခံစားရရှိလာလိမ့်မည်။
                   အကယ်၍ မိမိသည် ထိုသူအပေါ် မေတ္တာ၊ ကရုဏာ၊ မုဒိတာတရား ထားသည့်တိုင်အောင် မိမိအပေါ်တွင် ဆက်လက်၍မကောင်းကြံစည်နေပါက အကောင်းဆုံးနည်းလမ်းမှာ ဥပက္ခာပြုထားလိုက်ပါ။ ဥပက္ခာ ပြုရန်ဆိုသည်မှာ သာမန်သူအဖို့လွယ်ကူသောအရာ မဟုတ်ပေ။ ထိုအခါ မိမိသည် ထိုသူနှင့်ပတ်သက်သော အကြောင်းအရာများကို စိတ်မှထုတ်ပစ်လိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထိုသူနှင့် အကယ်၍ ဆုံတွေ့လာခဲ့လျှင်တောင် မသိသလိုနေလိုက်ခြင်းဟာ အကောင်းဆုံးဖြစ်သည်။ထိုအခါ မိမိစိတ်သည်လည်း အေးချမ်းသွားပါလိမ့်မည်။
                   ထို့ကြောင့် တရားနာခြင်းဟာ ကုသိုလ်ရဖို့သက်သက်လား? သို့မဟုတ် ရှင်တော်ဘုရားဟောကြား ခဲ့သည့်အတိုင်း ကျင့်ကြံနေထိုင်ဖို့က အဓိကလား? ဆိုတာကို စာဖတ်သူတို့ကိုယ်တိုင် ဆန်းစစ်ကြည့်ကြပါ။ လောကဟူသည် နိမ့်တစ်ခါ မြင့်တစ်လှည့်၊ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ ဖြစ်သည်။ အကောင်း အဆိုး၊ အကြောင်း အကျိုး ဒွန်တွဲနေသည်။ မိမိထက်သာစဉ်က မိမိအပေါ်မည်မျှနှိပ်စက်ခဲ့သော်လည်း မိမိအသာစီးရနေသည့်အခါတွင် မူ ပြန်လည်မနှိပ်စက်သင့်ပေ။ ဒုက္ခရောက်နေသူကို ကူညီဖေးမစောင့်ရှောက်ပါ။ မိမိကစေတနာသက်သက် ကူညီသည့်တိုင်အောင် မကောင်းကြံစည်နေလျှင် ထိုသူကို ဥပက္ခာပစ်လိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် တရားနားခြင်းဟာ တရားပွဲသွားပြီး “ တင်ပါ့ဘုရား၊ မှန်ပါ့ဘုရား ” ဟု အော်နေရုံနဲ့ မပြီးပေ။ ဟောကြားတော်မူသော တရားတော်များကို အာရုံစိုက်နားထောင်ကာ လိုက်နာကျင့်သုံးရန်လည်း လိုအပ်သည်။
                   တရားတော်များနာကြားပြီး သတ္တ၀ါတိုင်းအပေါ် ဗြဟ္မစိုရ်တရားလက်ကိုင်ထားကာ မေတ္တာတရား ပွားများနိုင်ကြသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ ဖြစ်လာနိုင်ကြပါစေ။

                                                                                                          လင်းယံခ ( မြန်မာစာ)

{ ဒီဆောင်းပါးလေးကတော့ ဆေးတက္ကသိုလ် မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သော နံရံကပ်စာစောင်ပြိုင်ပွဲတွင် ရွေးချယ်ခံရသော ဆောင်းပါး တစ်ပုဒ်ဖြစ်သည်. }

Related Posts Plugin for WordPress, Blogger...

My Account