Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, May 27, 2012

လောကကြီးကို အပြောင်းအလဲ ဖြစ်စေတဲ့ နည်းပညာများ (Blade Server)



Photo
Server ကွန်ပျူတာတစ်လုံးရဲ့ ရုပ်ဝတ္ထု သဘာဝကို ချုံ့ပေးလိုက်ပြီး စွမ်းအင် သုံးစွဲမှုကိုလည်း အနည်းဆုံး ဖြစ်နေစေဖို့ မော်ဂျူလာ ဒီဇိုင်းတစ်ခုနဲ့ တည်ဆောက်ထားတာကို Blade Server လို့ ခေါ်လိုက်ကြတယ်။ 
စင်နဲ့တင်ထား လုပ်ကိုင်ရတဲ့ Standard server တစ်ခု အနေနဲ့ power card တစ်ခုတို့ ကွန်ရက်ချိတ်ဆက်တဲ့ ကြိုးတို့နဲ့ လုပ်ကိုင် ဆောင်ရွက်နိုင်တယ် ဆိုပေမယ့် blade servers တွေမှာတော့ အစိတ်အပိုင်း တော်တော်များများကို လျှော့ချ ဖယ်ထုတ်နိုင်ပြီး စွမ်းအင်သုံးစွဲမှုကိုလည်း အနည်းဆုံး ရှိနေစေတယ်။ Blade enclosure တစ်ခုမှာ Blade Servers တွေ အများအပြားနဲ့ လုပ်ကိုင်ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ပါဝါသုံးစွဲမှုတွေ၊ ကွန်ရက် ချိတ်ဆက်မှုတွေ၊ အအေးခံပေးရတာတွေ စီမံ ကွပ်ကဲပေးရတာတွေ ရှိလာတယ်။ Blade Servers တွေရှိလာတဲ့အတွက် web hosting ကိစ္စ virtualization ကိစ္စ၊ Cluster computing ကိစ္စတွေကို လုပ်ကိုင်နိုင်ခွင့်ရကြတယ်။ တစ်နည်းပြောရရင် အင်မတန်ကျယ်ဝန်းတဲ့ ကွန်ပျူတာလုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ရလာကြတယ်။ နေရာကျဉ်းကျဉ်းနဲ့ အလုပ်များများ လုပ်ရမယ့် ကိစ္စမှန်သမျှ အားလုံး အဆင်ပြေသွားတယ်။
 
ဒီနည်းပညာ ပေါ်ထွန်းလာတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉၇၀ ခုနှစ်တွေဆီက ၁၉ လက်မ အရွယ်အစားရှိတဲ့ Standard racks တွေနဲ့ စလုပ်တဲ့ အချိန်ကစပြီး ပြောကြရမှာ ဖြစ်တယ်။ 8-bit microprocessor တွေ မိတ်ဆက်ပြီး မကြာခင်မှာပဲ ပေါ်ထွန်းလာနိုင်ခဲ့တယ်။ လုပ်ငန်းကြီးတစ်ခုကို လုပ်ငန်းစဉ် အဆင့်ဆင့်ထိန်းချုပ်ရာမှာ မီနီကွန်ပျူတာလေးရဲ့ ထိန်းချုပ်မှုစနစ်ပုံစံနဲ့ လုပ်ကိုင်စေတဲ့သဘော ဖြစ်တယ်။ ရှေးကျတဲ့ မော်ဒယ်တွေအတွက် EPROM ထဲမှာ ပရိုဂရမ်တွေကို သိမ်းထားစေပြီး လက်ငင်း ထိန်းချုပ်မှုတစ်ခုနဲ့အတူ လုပ်ငန်းစဉ်တစ်ခုကိုသာ ကန့်သတ် လုပ်ကိုင်စေနိုင်ခဲ့တယ်။ ၁၉၈၁ ခုနှစ် ရောက်တဲ့အခါ VMEbus architecture နဲ့ Computer interface တစ်ခုကို သတ်မှတ် ပြဋ္ဌာန်းစေတယ်။ ယေဘုယျသဘောအရ ဆယ်စုနှစ်တွေ ဖြတ်ကျော်ရင်း Blade Server ရဲ့ တည်ဆောက်မှု သဘာဝကအစ လုပ်ကိုင်နိုင်စွမ်းတွေ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာခဲ့တယ်။
 
 
စီးပွားဖြစ်ရောင်းချနိုင်တဲ့ Blade Server ဆိုတာကိုတော့ Christopher Hipp နဲ့ David Kirkey တို့က တီထွင်ပေးခဲ့ကြတယ်။ Houston - based RLX နည်းပညာကို အသုံးချနိုင်စေပြီး US 6411506 နဲ့ Patent မှတ်ပုံတင် ပြုလုပ်ထားခဲ့တာကို တွေ့နိုင်ပါလိမ့်မယ်။ ဟတ်စတန်အခြေစိုက် RLX အဖွဲ့ရဲ့ နည်းပညာလို့ နားလည်နိုင်ပါတယ်။ RLX မှာ အများဆုံး ပါဝင်တာကတော့ Compaq Computer ရဲ့ ဝန်ထမ်းတွေ ဖြစ်တယ်။ Hipp နဲ့ kinkey တို့ကလည်း Compaq က ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ စီးပွားဖြစ် ရောင်းချတဲ့ Blade Server တွေနဲ့ တင်ပို့ရောင်းချတဲ့အဆင့် ရောက်သွားတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းကြီးအားလုံးကို ၂၀၀၅ ခုနှစ်မှာ Hewlett Packard (HP) က ဝယ်ယူ သိမ်းပိုက်လိုက်တယ်။ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း Blade org ဆိုပြီး တည်ထောင်ဖြစ်တယ်။

ဘလိတ်ပလက်ဖောင်း အရေအတွက် ကျယ်ပြန့် တိုးတက်လာစေရေးအတွက်နဲ့ ဈေးကွက်တွင်ကျယ်ရေးအတွက်လို့ အကြောင်းပြခဲ့တယ်။ နောက်ဆုံး အိုင်ဘီအမ်ရဲ့ ဘလိတ်ဆာဖာပလက်ဖောင်း ဆိုတာကို လက်ခံ ကျင့်သုံးတဲ့အဆင့် ရောက်သွားရတယ်။ Blade Server လို့ အမည်ပေးထားတဲ့ နေရာမှာ Processor/memory/volatile program sterape/I/O တို့ ပါဝင်ထားတဲ့ ကတ်တစ်ခုလို့ နားလည်နိုင်ပါတယ်။ Volatile, program storage ဆိုတဲ့ နေရာမှာလည်း Flash memory ဖြစ်နိုင်သလို hard disk လည်း ဖြစ်နိုင်ပါတယ်။ Blade Server တွေ ပေါ်ထွန်းလာတဲ့အတွက် ကြီးကျယ်တဲ့ ကွန်ပျူတာစနစ်ကြီးတွေကို ကိုင်တွယ် ဖြေရှင်းပေးနိုင်စွမ်း ရှိလာတယ်။ IDC ဆိုတဲ့ အဖွဲ့အစည်းကြီးကတော့ blade server လောကမှာ HP/IBM/Dell/Cisco တို့ကို အဓိကမဏ္ဍိုင်တွေအနေနဲ့ ညွှန်းဆိုထားခဲ့တယ်။ ဒုတိယအဆင့်အနေနဲ့ ပါဝင်ထားကြတာက AVA Direct/Oracle/Egnera/ Supermicro/Hitachi/Fujtsu/Rackabe (Hybrid Blade)/ Cirrascale/ Intel တို့ ဖြစ်တယ်။
 
၂၀၁၁ ခုနှစ်မှာ နောက်ဆုံး ကောက်ယူခဲ့တဲ့ စစ်တမ်းအရ blade ဈေးကွက်ရှယ်ယာကို HP က ၅၀% IBM က ၂၀.၂% Cisco က ၉.၄ % Dellက ၈.၄% တို့က ရယူထားပြီး Oracle နဲ့ Fujtsu တို့က ဒုတိယအဆင့် ဈေးကွက်ရှယ်ယာ ပိုင်ရှင်တွေ ဖြစ်နေကြတာကို တွေ့နိုင်တယ်။ Standard Server rack တစ်ခုမှာ 1U လို့ ဆိုလိုက်တာနဲ့ rack unit တစ်ခုလို့ နားလည်နိုင်ပါတယ်။ ၁၉ လက်မ အကျယ်ရှိပြီး ၁.၇၅ လက်မ အရှည်ရှိတယ်။ တကယ်တမ်း ပြောကြစတမ်းဆိုရင် blade computing စနစ်တစ်ခုရဲ့ အဓိကအကျိုးဆက်က အရွယ်အစားသေးသေးငယ်ငယ်နဲ့ လုပ်နိုင်စွမ်းအား များများရစေဖို့လို့ ဆိုနိုင်တယ်။ အများဆုံး ယေဘုယျ ပုံစံအနေနဲ့ မြင်တွေ့နိုင်တာကတော့ 42U အမြင့်နဲ့ Form  factor ထားပြီး တည်ဆောက်ယူကြတာပဲ ဖြစ်တယ်။ ဒီအတွက် blade enclosure ဆိုတာကို ဘလိတ်ကွန်ပျူတာစနစ်ရဲ့ ကိုယ်ထည်ကြီးအဖြစ် နားလည်ထားနိုင်ပါတယ်။
 
ပါဝါသုံးစွဲမှုအပိုင်းကို ကြည့်မယ်ဆိုရင် ဒီစီကနေ အေစီပုံစံကို ပြောင်းသုံးစေတယ်။ ဒီအတွက် PSU တစ်ခုထက်မက လိုအပ်နေတယ်။ ဒီနေရာမှာ Blade UPS လို့ ခွဲခြားသတ်မှတ်ကြတာကို သတိပြုမိကြပါလိမ့်မယ်။ rack အတွင်းမှာ ရှိနေတဲ့ units တွေ အားလုံးကို အဆက်မပြတ် လျှပ်စစ်ပါဝါ ရရှိနေစေမှာ ဖြစ်တယ်။ ဒီလိုပဲ အအေးခံစနစ်ကိုလည်း အလေးထား တည်ဆောက်ပေးရတယ်။ နောက်ပိုင်းခေတ်မှာ ပန်ကာနဲ့ သာမက Liquid Coolig system တွေကိုပါ အသုံးပြုလာကြတယ်။ Blade Servers တွေရဲ့ ကွန်ရက်စနစ်မှာ ethernet အတွက် network interface controllers ဒါမှမဟုတ် fibre channel storage system အတွက် host  adapter ဒါမှမဟုတ် FCoE interface တစ်ခုက တစ်ဆင့် လုပ်ကိုင်မှုအတွက် Converged Network Adapter တို့ ပါဝင်ချိတ်ဆက် အသုံးပြုကြရတယ်။ သိုမှီးစနစ်မှာတော့ hard disks တွေနဲ့ ဆောင်ရွက်စေပေမယ့် ဆက်သွယ်မှုနည်းကတော့ အမျိုးစုံ အသုံးပြုနိုင်တယ်။ ဧရာမကွန်ပျူတာကြီးတွေနဲ့ တည်ဆောက် အသုံးပြုရမယ့်အစား နေရာယူကျဉ်းကျဉ်းနဲ့ လုပ်ငန်းပမာဏ ကြီးကြီးတွေကို မျိုးစုံအောင် လုပ်ကိုင်ခွင့်ရကြရတဲ့အတွက် Blade Server ဆိုတဲ့ နည်းပညာ ပေါ်ထွန်းလာမှုက လောကကြီးကို အပြောင်းအလဲ ဖြစ်စေတာ အမှန်ဖြစ်ကြောင်း တင်ပြပေးလိုက်ရပါတယ်။

စမ်းဝေသူ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account