Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, May 27, 2012

Password များကို ရွေးချယ်ခြင်းနှင့် ကာကွယ်ခြင်း



Photo
Password တွေဟာ စစ်မှန်ကြောင်း အထောက်အထား ပြသခြင်းအတွက် ဘုံနည်းလမ်း တစ်ခုဖြစ်သလို အသုံးပြုသူနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကြားမှာရှိတဲ့  အဟန့်အတား တစ်ခုလည်း ဖြစ်ပါတယ်။ တိုက်ခိုက်သူ (attacker) များဟာ ပရိုဂရမ်တချို့ကို အသုံးပြုပြီး password များကို ခန့်မှန်းခြင်း သို့မဟုတ် စကားဝှက် ဖော်ထုတ်ခြင်းတို့ကို ပြုလုပ်နိုင်တာကြောင့် စိတ်ချရတဲ့ password များကို ရွေးချယ်အသုံးပြုခြင်းနဲ့ ၎င်းလျှို့ဝှက် အချက်အလက်တို့ကို လုံခြုံစွာ ကာကွယ်ထိန်းသိမ်းထားခြင်းဖြင့် စာဖတ်သူရဲ့ အချက်အလက်များကို အခွင့်မရှိတဲ့ လူတစ်ဦးတစ်ယောက်မှ အသုံးပြုခြင်းအား ပိုမိုခက်ခဲအောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။


Password တစ်ခု ဘာကြောင့် လိုအပ်သလဲ

ATM စက်တစ်ခုမှ ပိုက်ဆံထုတ်ခြင်း၊ စတိုးတစ်ခုတွင် debit card အသုံးပြုခြင်း၊ ကွန်ပျူတာနဲ့ အီးမေးလ်တွင် log in လုပ်ခြင်း၊ အွန်လိုင်း ဘဏ်တစ်ခုတွင် sign in လုပ်ခြင်း၊ အွန်လိုင်းတွင် ဈေးဝယ်ခြင်းစတဲ့ လုပ်ဆောင်ချက်တွေမှာ personal identification number (PIN) များ၊ password များနဲ့ passphrase များကို အသုံးပြုကြရပါတယ်။ Password ဟာ အချက်အလက်များနဲ့ ပစ္စည်းဥစ္စာတွေကို အခွင့်ရှိသူသာ အသုံးပြုနိုင်စေရန်အတွက် အကောင်းဆုံးသော နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ တစ်စုံတစ်ဦးအား မှန်ကန်ကြောင်း အတည်ပြုနိုင်မှသာ နောက်အဆင့်တစ်ဆင့်သို့ ရောက်ရှိနိုင်စေမှာ ဖြစ်ပြီး ယင်းကဲ့သို့ စစ်မှန်ကြောင်း အထောက်အထားပြသခြင်း လုပ်ငန်းစဉ်ဟာ ပိုပြီးအရေးကြီးသလို အချက်အလက် နည်းပညာလောကမှာ အခက်အခဲဆုံး လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။


Password အများစုကို စစ်မှန်ကြောင်း အထောက်အထား ပြသခြင်းအတွက် အသုံးပြုကြတာကြောင့် စိတ်ချရတဲ့ password များကို ရွေးချယ်အသုံးပြုခြင်း ဒါမှမဟုတ် လုံခြုံအောင် ထိန်းသိမ်းမထားခြင်းတို့က password ကို လုံးဝ အသုံးမပြုထားခြင်းသကဲ့သို့ အရာမရောက်တာမျိုး ဖြစ်နိုင်ပါတယ်။ စနစ်အများစုနဲ့ ဝန်ဆောင်မှု အများစုမှာ လုံခြုံမှုမရှိခြင်းနဲ့ စိတ်မချရတဲ့ password တွေကို ရွေးချယ် အသုံးပြုခြင်းတို့ကြောင့် ချိုးဖောက် ဝင်ရောက်မှုတွေ ဖြစ်ပွားနိုင်သလို တချို့ virus တွေနဲ့ worm ကလည်း အားနည်းတဲ့ password တွေကို ခန့်မှန်းပြီး စနစ်အတွင်းသို့ ချိုးဖောက် ဝင်ရောက်နိုင်ပါတယ်။


ယင်းကဲ့သို့ မှတ်မိရလွယ်တဲ့ password တွေကို အသုံးပြုခြင်းဟာ တိုက်ခိုက်သူများမှ password ကို ခန့်မှန်းရလွယ်စေသလို ဖော်ထုတ်ရတာလည်း လွယ်ကူစေပါတယ်။ ဥပမာအနေနဲ့ ဂဏန်း လေးလုံးပါတဲ့ PIN နံပါတ်တစ်ခု ရွေးချယ်အသုံးပြုမယ် ဆိုပါစို့။ စာဖတ်သူအနေနဲ့ မွေးနေ့ကို ရွေးချယ်အသုံးပြုခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် social security နံပါတ်တစ်ခုကို ရွေးချယ်အသုံးပြုခဲ့မယ် ဆိုရင်၊ ဒါမှမဟုတ် လိပ်စာ၊ ဖုန်းနံပါတ် စတာတွေကို အသုံးပြုမယ်လို့ စဉ်းစားထားမယ်ဆိုရင် အဲ့ဒီ အချက်အလက်တွေဟာ တစ်စုံတစ်ဦးရဲ့ အလွယ်တကူ ရှာဖွေမှုကို ခံရနိုင်ပါတယ်။ နောက်ပြီး အဘိဓာန်မှာ ရှာဖွေနိုင်တဲ့ စကားလုံးကို အီးမေးလ် password အဖြစ် အသုံးပြုခြင်းဟာလည်း dictionary တိုက်ခိုက်မှုလို့ခေါ်တဲ့ အဘိဓာန်က စကားလုံးများကို အခြေခံပြီး password ခန့်မှန်းခြင်းကို အလွယ်တကူ ပြုလုပ်နိုင်စေပါတယ်။

ဒါပေမဲ့ "date" ဆိုတဲ့ စကားလုံးကို "daytt" ဆိုပြီး စာလုံးပေါင်းမှားယွင်း အသုံးပြုခြင်းကလည်း dictionary တိုက်ခိုက်မှုများကနေ ကာကွယ်နိုင်စေသလို စကားစုများ အသုံးပြုခြင်း၊ မှတ်ဉာဏ်ကူနည်းလမ်းများ အသုံးပြုခြင်းကလည်း password ခိုးယူခံရခြင်းမှ ကာကွယ်နိုင်စေပါတယ်။ ဥပမာအနေနဲ့ "hoops" ဆိုတဲ့ password အစား "[I] [l]ike [T]o [p]lay [b]asket[b]all"  ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ စာလုံး အသေးနဲ့ စာလုံးအကြီး နှစ်မျိုးစလုံးကို အသုံးပြုခြင်းဟာလည်း လုံခြုံမှုကို ထပ်မံပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ အကောင်းဆုံး ကာကွယ်မှုကတော့ ဂဏန်းများ၊ အထူးအက္ခရာများအပြင် စာလုံးအသေးနဲ့ စာလုံးအကြီးတို့ကို ပေါင်းစပ် အသုံးပြုထားခြင်းပါ။ ဥပမာအနေနဲ့ ဆိုရရင် IlTpb အစား Il!2pBb  ကို အသုံးပြုခြင်းက password  ခန့်မှန်းခြင်းကို ပိုပြီး ရှုပ်ထွေးစေနိုင်ပါတယ်။ ရှည်လျားတဲ့ password  များဟာ ခန့်မှန်းရ ခက်ခဲစေတဲ့အတွက် တိုတောင်းတဲ့ password များထက် ပိုပြီးလုံခြုံမှု ရှိစေတာကြောင့် password တစ်ခုကို ရွေးချယ်အသုံးပြုဖို့ စဉ်းစားတဲ့အခါမှာ passphrase တွေ ကို အသုံးပြုဖို့ စဉ်းစားသင့်ပါတယ်။

ဥပမာအနေနဲ့ "This passwd is 4 my email!" ဆိုတဲ့ password မှာ စာလုံးအကြီး၊ စာလုံးအသေးနဲ့ အထူး အက္ခရာတွေ ပါဝင်တာကြောင့် လုံခြုံစိတ်ချရတဲ့ password တစ်ခုလို့ဆို ရမှာပါ။ စာဖတ်သူအနေနဲ့ ကွဲပြားခြားနားတဲ့ passphrase တွေကို ရွေးချယ် အသုံးပြုနိုင်ပေမယ့် တချို့ application တွေမှာ စာလုံးအရေအတွက် ကန့်သတ်ထားခြင်း၊ space တွေကို လက်မခံခြင်း စတာတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ Passphrase တွေကို ရွေးချယ်အသုံးပြုတဲ့အခါမှာ အများသုံးစကားစုတွေ၊ နာမည်ကျော် ကောက်နုတ်ချက် စာသားတွေနဲ့ သီချင်းစာသားတွေကို ရွေးချယ်အသုံးပြုခြင်းမှ ရှောင်ကြဉ်ရပါမယ်။ Password တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် အထက် ဖော်ပြချက်များအတိုင်း လိုက်နာဖို့ လိုအပ်သလို အောက်ဖော်ပြပါ နည်းလမ်းတွေကိုလည်း လိုက်နာဖို့လိုပါတယ်။

- အလွယ်တကူရယူပြီး ခန့်မှန်းနိုင်စေမယ့် ကိုယ်ရေးကိုယ်တာ အချက်အလက်ကို အခြေခံထားတဲ့ password တွေကို အသုံးမပြုပါနဲ့။

- မည်သည့် ဘာသာစကားနဲ့မဆို ဖော်ပြထားတဲ့ အဘိဓာန်တွေမှာ ရှာဖွေနိုင်တဲ့ စကားလုံးတွေကို မသုံးပါနဲ့။

- ရှုပ်ထွေးတဲ့ password  များကို မှတ်မိရ လွယ်စေရန်အတွက် မှတ်ဉာဏ်ကူ ဆောင်ပုဒ်တစ်ခုနဲ့ မှတ်သားပါ။

- စာလုံးအသေးနဲ့ စာလုံးအကြီး နှစ်မျိုးစလုံးကို သုံးပါ။

- စာလုံး၊ ဂဏန်းနဲ့ အထူးအက္ခရာတို့ကို ပေါင်းစပ်အသုံးပြုပါ။

- Passphrase တွေကို တတ်နိုင်သမျှသုံးပါ။

- ကွဲပြားခြားနားတဲ့ စနစ်များအတွက် မတူညီတဲ့ password များ ကိုသုံးပါ။

Password ကို ဘယ်လို ကာကွယ်မလဲ

စာဖတ်သူအနေနဲ့ ခန့်မှန်းရခက်ခဲစေမယ့် password တစ်ခုကို ရွေးချယ်ပြီးပြီဆိုရင် ၎င်း password ကို အလွယ်တကူ ရှာဖွေနိုင်တဲ့ နေရာမှာ မထားမိဖို့ လိုပါတယ်။ Password ကို စာရွက်ပေါ်မှာရေးပြီး စားပွဲ ဒါမှမဟုတ် ကွန်ပျူတာဘေးမှာ ထားခြင်း၊ ကွန်ပျူတာပေါ်တွင် တိပ်နဲ့ကပ်ထားခြင်း စတာတွေဟာ ရုံးခန်းအတွင်းမှာရှိတဲ့ တစ်စုံတစ်ဦး ကနေ အလွယ်တကူရယူပြီး အသုံးပြုနိုင်စေပါတယ်။ မိမိရဲ့ password ကို တခြားသူများထံ ပြောပြခြင်းအား ရှောင်ကြဉ်ပြီး ဖုန်းခေါ်ဆိုမှုများနဲ့ အီးမေးလ် မက်ဆေ့ခ်ျများကနေ password တွေကို လိမ်လည်လှည့်ဖြားပြီး ရယူရန်ကြိုးစားသူ (attacker) များကို သတိပြုခြင်းဖြင့် password ကို ကာကွယ် ထိန်းသိမ်းနိုင်ပါတယ်။

ဒါ့အပြင် တချို့ ပရိုဂရမ်တွေဟာလည်း password တွေကို မှတ်သားထားနိုင်ပေမယ့် ဒီပရိုဂရမ်တွေမှာ အချက်အလက်တွေကို ကာကွယ်ဖို့အတွက် ကွဲပြားတဲ့ လုံခြုံမှု အဆင့်တွေရှိပါတယ်။ များသောအားဖြင့် email client တွေနဲ့ web browser တွေဟာ အချက်အလက်တွေကို ကွန်ပျူတာပေါ်မှာ ဖိုင်တစ်ခုအဖြစ် သိုလှောင်ထားပါတယ်။ အဆိုပါအချက်အလက်တွေကို ကွန်ပျူတာကို အသုံးပြုတဲ့ မည်သူမဆို အသုံးပြုနိုင်တာကြောင့် password များကို ရှာဖွေဖော်ထုတ်ပြီး အချက်အလက်တွေကို အသုံးပြုနိုင်စေပါတယ်။ ဒါကြောင့် အများသုံး ကွန်ပျူတာတစ်လုံး (စာကြည့်တိုက်၊ အင်တာနက်ဆိုင်၊ ရုံးသုံးကွန်ပျူတာ) ပေါ်မှာ အသုံးပြုခဲ့မယ်ဆိုရင် အမြဲ log out လုပ်ဖို့ မမေ့ရန် လိုအပ်ပါတယ်။

အခြားပရိုဂမ်တွေ ဖြစ်တဲ့ Apple ရဲ့ Keychain နဲ့ Palm ရဲ့ Secure Desktop တွေကတော့ အချက်အလက်တွေကို စိတ်ချရတဲ့ code အဖြစ်ပြောင်းလဲပြီး ကာကွယ်ပေးပါတယ်။ ဒီပရိုဂရမ်အမျိုးအစားတွေမှာ password တွေကို ကိုင်တွယ်ထိန်းချုပ်ဖို့အတွက် option တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ နည်းလမ်းတွေဟာ attacker တစ်ဦးရဲ့ ဘေးအန္တရာယ်ကနေ ကာကွယ် ပေးနိုင်ဖို့အတွက် အာမခံထားခြင်း မရှိပေမယ့် password တွေကို ခန့်မှန်း ရယူခြင်းအတွက်တော့ ပိုမိုခက်ခဲစေပါတယ်။

ဘမ္ဘီ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account