Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label မန္တလေးသတင်း. Show all posts
Showing posts with label မန္တလေးသတင်း. Show all posts

Sunday, February 17, 2013

နှစ်နိုင်ငံ ဆေးပညာ ဖလှယ်ပွဲနှင့် အိမ်တွင်းမှု အနုပညာ ပြပွဲ အိန္ဒိယ- မြန်မာ ပူးပေါင်း ကျင်းပမည်

Photo: နှစ်နိုင်ငံ ဆေးပညာ ဖလှယ်ပွဲနှင့် အိမ်တွင်းမှု အနုပညာ ပြပွဲ အိန္ဒိယ- မြန်မာ ပူးပေါင်း ကျင်းပမည်
Sunday, February 17, 201

မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် အိန္ဒိယ ကောင်စစ်ဝန် ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ပထမ အကြိမ် အိန္ဒိယ- မြန်မာ အိမ်တွင်းမှု အနုပညာ ပြပွဲကို ဖေဖော်ဝါရီ ၂ဝ ရက်မှ ၂၄ ရက် အထိ ငါးရက်တိုင်တိုင် နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီ အထိ အမျိုးသား ပြဇာတ်ရုံ၌ ခင်းကျင်း
ပြသမည် ဖြစ်သည်။

အိန္ဒိယ ကောင်စစ်ဝန်ချုပ် မစ္စတာ Dr.Madam Mohan Sethi က နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးတက် စေရန်နှင့် နှစ်နိုင်ငံ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ အိန္ဒိယ နိုင်ငံ အထည်အလိပ် ဝန်ကြီးဌာန မဏိပူရ မြို့နယ် စီးပွားကူးသန်း ဦးစီးဌာန စက်မှု အထည်နှင့် လက်မှု အနုပညာ ဖွံ့ဖြိုး တိုးတက်ရေး ကော် ပို ရေးရှင်းမှ အိမ်တွင်း အနုပညာ ပစ္စည်းများ၊ အထည်အလိပ် ပစ္စည်းများ ပြသမည်
ဖြစ်ပြီး မြန်မာ နိုင်ငံမှ ကုန်စည် များကိုလည်း အိန္ဒိယ နိုင်ငံ မဏိပူရ မြို့နယ်တွင် ဧပြီလ၌ သွားရောက် ပြသခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

http://bit.ly/15lL8P8

မြ၀တီ
Sunday, February 17, 201

မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် အိန္ဒိယ ကောင်စစ်ဝန် ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ပထမ အကြိမ် အိန္ဒိယ- မြန်မာ အိမ်တွင်းမှု အနုပညာ ပြပွဲကို ဖေဖော်ဝါရီ ၂ဝ ရက်မှ ၂၄ ရက် အထိ ငါးရက်တိုင်တိုင် နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီ အထိ အမျိုးသား ပြဇာတ်ရုံ၌ ခင်းကျင်း ပြသမည် ဖြစ်သည်။

Sunday, January 20, 2013

ကြာနီကန်နှင့် မြောက်အင်းသုသာန်များကို ပန်းဥယျာဉ်ပုံစံပြောင်းကာ အရိုးပြာများသာ မြှုပ်နှံခွင့်ပြုမည်

Photo: ကြာနီကန်နှင့် မြောက်အင်းသုသာန်များကို ပန်းဥယျာဉ်ပုံစံပြောင်းကာ အရိုးပြာများသာ မြှုပ်နှံခွင့်ပြုမည်

မန္တလေး၊ ဇန်န၀ါရီ - ၁၁

မန္တလေးမြို့ရှိ ကြာနီကန်သုသာန် နှင့် တောင်အင်း မြောက်အင်းသုသာန်များကို ထောက်ကြံ့ စစ်သင်္ချိုင်းကဲ့သို့ ပန်းဥယျာဉ်ပုံသဏ္ဌာန်ရှိသည့် သုသာန်မျိုးအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းအစီအစဉ်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် စတင်ရာ ဧပြီလမှ စတင်ဆောင်ရွက်နိုင်ရန် စီစဉ် ထားကြောင်း မန္တလေးမြို့စည်ပင်သာယာရေးကော်မတီ သန့်ရှင်း ရေးဌာန ဌာနစုမှူးက ပြောသည်။ ပန်းဥယျာဉ် ပုံသဏ္ဌာန် ပြောင်းပြီးချိန်မှစ၍ အရိုးပြာများ ကိုသာ နှစ်ပေပတ်လည်ဂူပြုလုပ် ကာ မြှုပ်နှံခွင့်ပြုတော့မည်ဟု ဌာနစုမှူးက ပြောသည်။

“ကြာနီကန်သုသာန်က ဧက ၁၀၀ ကျော်ရှိတာ ခု ၅၀ ကျော် လောက်က ပြည့်နေပြီ။ ဒီလိုပုံစံနဲ့ ဆို နောက်ကျရင် မြေအတွက် အ အခက်အခဲဖြစ်လာနိုင်တာကြောင့် ခုလိုစီစဉ်ရတာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ဂျပန်မြက်ခင်းများနှင့် အရိပ် ရအပင်များ၊ အလှပန်းပင်များ လည်း စိုက်ပျိုးသွားမည်ဟုဆိုသည်။လက်ရှိတွင် ကြာနီကန်သု သာန်၌ မီးသဂြုင်္ိဟ်ခြင်းနှင့် ဂူသွင်း မြှုပ်နှံခြင်းကို ဆောင်ရွက်ခွင့်ပြု ထားပြီး တောင်အင်းမြောက်အင်း သုသာန်တွင် မီးသဂြုင်္ိဟ်ခြင်းကို သာ ခွင့်ပြုထားသည်။မီးသဂြုင်္ိဟ်စရိတ်မှာ လူကြီး တစ်ဦးလျှင် ၁၆၀၀၀ ကျပ်၊ ကလေးတစ်ဦးလျှင် ၈၀၀၀ ကျပ်ဖြစ်သည်။ မြေမြှုပ်ရာတွင် မြေငှားခ ကျပ်နှစ်သိန်းယူပြီး အုတ်ဂူအတွက်ကုန်ကျစရိတ်ကို နာရေးရှင်ကကျခံရသည်။

မီးသဂြုင်္ိဟ် စရိတ်များရခြင်းမှာ မီးသဂြုင်္ိဟ်စက်အသစ်များဖြင့် တည်ဆောက်ထား ခြင်းနှင့် ကလေးတစ်ဦးလျှင် ဒီဇယ်ဆီသုံးဂါလန်၊ လူကြီးတစ်ဦးလျှင်ငါးဂါလန်၊ ခန္ဓာကိုယ် အရွယ်အစား၊ ရောဂါ အခြေအနေနှင့် လောင်ကျွမ်းချိန်ပေါ်မူတည်ကာ ကုန်ကျစရိတ်တို့ကြောင့်ဖြစ်ကြောင်း မန်းစည်ပင် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူကဆိုသည်။ ထိုသို့ အရိုးပြာအိုးအတွက် နှစ်ပေပတ်လည်စီသာ ပေးသောကြောင့် ယခင်ရုပ်အ လောင်းမြေမြှုပ်စဉ်က ငွေကြေး ချမ်းသာသူများက အုတ်ဂူများ ခမ်းနားစွာလုပ်ခြင်းကြောင့် မြေအကျယ်များစွာကုန်ခြင်းမျိုး လျော့နည်းသွားနိုင်ကြောင်း မြို့ခံအချို့ ကပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံထုတ် မီးသဂြုင်္ိဟ် စက်သစ်များကို ကြာနီကန်သုသာန်တွင်နှစ်လုံး၊ တောင်အင်းမြောက်အင်းသုသာန်တွင် လေးလုံးအသုံးပြုနေကြောင်း သတင်းရရှိသည်။

____________________________________
Reference and Credit to -သတင်း-The Voice Weekly
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
မန္တလေး၊ ဇန်န၀ါရီ - ၁၁

မန္တလေးမြို့ရှိ ကြာနီကန်သုသာန် နှင့် တောင်အင်း မြောက်အင်းသုသာန်များကို ထောက်ကြံ့ စစ်သင်္ချိုင်းကဲ့သို့ ပန်းဥယျာဉ်ပုံသဏ္ဌာန်ရှိသည့် သုသာန်မျိုးအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Friday, January 4, 2013

သတိပေးဆေးရေးပန်းချီများ လမ်းမများထက်တွင်ရေးဆွဲလာ


မန္တလေး၊ဇန်န၀ါရီ၁

မန္တလေးမြို့၏အဓိကလမ်းမကြီး တချို့၌ မော်တော်ဆိုင်ကယ်များ လမ်းလယ်တွင်မစီးရန် ဆေးရေး ပန်းချီပုံများဖြင့်လမ်းမပေါ်၌ သတိပေးကြေညာ ရေးဆွဲထားသည်ကို တွေ့ရသည်။

Related Posts Plugin for WordPress, Blogger...

My Account