မြန်မာပြည်တွင် Desktop ကွန်ပျူတာသည် အိမ်သုံး၊ ရုံးသုံး၊ လုပ်ငန်းသုံးအတွက် အဓိကနေရာတွင် ရှိနေဆဲ ဖြစ်ပါသည်။ ကွန်ပျူတာဟု ဆိုသော်လည်း မော်နီတာ (ဖန်သားပြင်) က ကောင်းကောင်း အလုပ်မလုပ်လျှင် ကွန်ပျူတာကို ကောင်းကောင်း အသုံးပြုနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မော်နီတာတွင် ပြဿနာ ပေါ်ရခြင်းအကြောင်းနှင့် ဖြေရှင်းနည်းများကို ပြောပြလိုပါသည်။






