Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, March 23, 2012

တောင်ကြီးမြို့တွင် ဘားကမ့်တောင်ကြီး ၂၀၁၂ ကျင်းပပြုလုပ်မည်



Photo
တောင်ကြီးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် Barcamp Taunggyi 2012 ဘားကမ့်တောင်ကြီး ၂၀၁၂ အား  ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ကျင်းပပြုလုပ်မည့် နေရာမှာ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင်ဖြစ်ပြီး မတ် ၂၄၊ မတ် ၂၅ နေ့ရက်များတွင် စိတ်ဝင်စားသူ မည်သူမဆို ဘားကမ့်စ်တောင်ကြီးတွင် ပါဝင်နိုင်ကြောင်း ပွဲစီစဉ်သူများ၏ ပြောပြချက်အရ သိရသည်။ ဘားကမ့်ဆိုတာ လွတ်လပ်ပေါ့ပါးပြီး အားလုံး ပါဝင်ဆင်နွဲနိုင်တဲ့ အတတ်ပညာ၊ နည်းပညာ၊ အသိပညာ ဖလှယ်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘားကမ်းပွဲတွေမှာ ပုံမှန်ဆွေးနွေးပွဲ၊ အစည်းအဝေးတွေ့ဆုံပွဲ စတာတွေကို ကြိုတင်စီမံထားတဲ့ ခေါင်းစဉ်တွေ သတ်မှတ်ထားခြင်း မရှိဘဲ၊ ဘားကမ်းရဲ့ အသက်ကတော့ (Participating) ကိုယ်တိုင်ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။ ဘားကမ့်ပွဲတွင် ပါဝင်လိုသူများအနေဖြင့် မိမိဆွေးနွေးပါဝင်လိုသည့် အကြောင်းအရာအား ကန့်သတ်ချက်မထားဘဲ အတတ်ပညာ၊ နည်းပညာပိုင်း အစစအရာရာ ပါဝင်ကြောင်း သိရသည်။

Related Posts Plugin for WordPress, Blogger...

My Account