Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label ဘ၀ အပိုင်းအစများ. Show all posts
Showing posts with label ဘ၀ အပိုင်းအစများ. Show all posts

Thursday, February 14, 2013

Valentine အမှတ်တရ

သြော်......ချစ်သူများနေ့ ချစ်သူများနေ့

အတွဲရှိတဲ့သူတွေက မိမိချစ်သူနဲ့ လျှောက်လည်လို့
ကျွန်တော်တို့လို ပရဟိတ စိတ်ဝင်စားတဲ့သူတွေကတော့
ပရဟိတ သွားလုပ်ကြလို့....

Tuesday, January 1, 2013

Happy New Year 2013!


ချစ်ခင်လေးစားရပါသော ပရိသတ်ကြီးရေ...
၂၀၁၂ကုန်ဆုံးလို့ ၂၀၁၃ခုနှစ်ကိုရောက်ရှိလို့လာပါပြီ...
၂၀၁၂မှာ ၀မ်းနည်းမှု၊ကြေကွဲမှုအစုံစုံကို ထားရှိခဲ့ကာ ၂၀၁၃နှစ်သစ်မှာ ငြိမ်းချမ်းစွာ ပျော်ရွှင်နိုင်ကြပါစေလို့
ကျွန်တော် ရွှေမန်းသား ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ဗျာ...
ကျွန်တော့်အပေါ် ချစ်ခင်ကြတဲ့ ပရိသတ်ကြီးလည်း ကျွန်တော်နဲ့ထပ်တူစွာ ရင်ခုန်ပျော်မြူးရင်းနှစ်သစ်ကို ကြိုဆိုလိုက်ကြပါစို့...

H a p p y  N e w  Y e a r  2 0 1 3 ! ! !

အားလုံးကိုခင်မင်လေးစားလျက်...
နှစ်သစ်မှာ ပျော်ရွှင်ကြပါစေသား။။။။
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)
ဖုန်း 09-910 42 825.

Saturday, December 15, 2012

တစ်နှစ်သား ရွှေမန်းသားလေး

http://i4.minus.com/j3H5FYwWqyRfe.jpg
အားလုံးဘဲ မင်္ဂလာပါဗျာ...
ဒီနေ့ကတော့ ကျွန်တော့်အတွက် ပျော်စရာကောင်းတဲ့ နေ့လေးထဲက တစ်ရက်ပါဘဲ... ဘာလို့လဲဆိုတော့ ဒီရွှေမန်းသားလေးဆိုက်ဟာ ဒီကနေ့မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်လို့ပါဘဲ...

Thursday, December 6, 2012

ငယ်ဘဝ အမှတ်တရများ (၁)

 
ကျွန်တော့်အခန်းထဲ စာအုပ်စင်ကြီးရှင်းတော့ ငယ်ငယ်တုန်းက ကျောင်းသားကဒ်လေးတွေ တွေ့တော့ ကလေးဘဝကို ပြန်တမ်းတမိတယ်။ ကျွန်တော်ဘဝမှာ ပထမဆုံးစတက်ရတဲ့ ပညာနို့ရည် သောက်စို့ရတဲ့ နေရာလေးတွေက မူကြိုတုန်းကဆိုရင် အမှတ်(၂) ယခင်ထွန်းလှေ
ဟ်ာတယ် နားကပေါ့...

Tuesday, December 4, 2012

ရွှေမန်းသားလေး နှစ်ပတ်လည်

 http://g38.picoodle.com/ltd/img38/5/1/9/waiyanlinn/f_nkof_8fe_ucml5.jpg

ကျွန်တော် ဒီရွှေမန်းသားလေး ဘလော့ဂ်လေးကို ရေးလာခဲ့တာဆိုရင် တစ်နှစ်ပြည့်မြောက်တော့မယ်။အခြား ဘလော့ဂ်တွေအများကြီးရေးခဲ့ပေမယ့် ဒီဘလော့ဂ်လေးကျမှ မြဲခဲ့တာပါ။  ဒီတော့ အမှတ်တရလေးဖြစ်အောင် လာရောက်သူများအတွက် တစ်ခုခုလုပ်ပေးဖို့ စဉ်းစားထားတယ်။ ဒီကြားထဲ ကျွန်တော်က မအားတာတွေများနေလို့ အထူးပြုလုပ်ထားတဲ့ဟာလေးကတော့ မှီမယ် မထင်ဘူးဗျာ... ဒါပေမယ့် ဒီဇင်ဘာလ(၁၅)ရက်ရောက်ရင်တော့ ကျွန်တော့်ရဲ့ ဒီရွှေမန်းသားလေး ဘလော့ဂ်လေးကို မပျက်မကွက်လာရောက်ပေးဖို့ ဖိတ်ကြားပါတယ်ဗျ..

Monday, October 29, 2012

ဝါလကင်းလွတ် သီတင်းကျွတ်မှာ ပျော်ရွှင်ကြပါစေ...

အားလုံးဘဲ မင်္ဂလာပါဗျာ....
မကြာမီရက်များကာလမှာ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ ပွဲတော်ကာလတစ်ခုဖြစ်တဲ့ သီတင်းကျွတ်ကာလရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို သီတင်းကျွတ်ကာလအချိန်ကာလမှာ ကျွန်တော့်ရဲ့ ရွှေမန်းသားလေးဆိုက်ကို ရောက်ရှိလာသူ အသက်ကြီးငယ် အရွယ်အရွေးအပေါင်း

Friday, October 12, 2012

ကျွန်တော် ခရီးထွက်ပါဦးမယ်ဗျာ......

အားလုံး မင်္ဂလာရှိသော နံနက်ခင်းလေးပါ...!!!

ကျွန်တော် ဒီနေ့နေ့လည်ကျရင် ရှမ်းပြည်နယ် မြောက်ပိုင်းက ရွာလေးတစ်ရွာကို ခရီးထွက်ပါမယ်ဗျာ.... အဲဒီရွာလေးမှာရှိတဲ့ စာသင်ကျောင်းလေးမှာ ကလေးငယ်တွေကို အာဟာရ ကျွေးရင်းနဲ့ စာအုပ်နဲ့ခဲတံ သွားလှူမလို့ပါ။ နှစ်ရက်လောက်တော့ ကြာမယ်ထင်ပါတယ်။ ပြန်လာမှ ပုံတွေကို မျှဝေပေးမယ်ဗျာ... နှစ်ရက်လောက် Online ပေါ် မတက်ဖြစ်လောက်ပါဘူးလို့ ကြိုတင်အကြောင်းကြားလိုက်ပါတယ် သူငယ်ချင်းတို့ရေ....

ရွှေမန်းသားလေး ဝေယံ (နည်းပညာ)
၁၂၁၀၁၂ ၀၉၃၂

Thursday, March 15, 2012

အားလုံးပျော်ရွှင်ကြပါစေ...!!!

ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ မိတ်ဆွေအပေါင်းတို့ခင်ဗျာ...
ဒီနေ့ဟာ ကျွန်တော်ကမ္ဘာပေါ်မှာ ရပ်တည်လာခဲ့တာ ၁၇နှစ်ပြည့်မြောက်တဲ့ နှစ်ပါ. ကျွန်တော့်ကို Facebook မှာရော၊ Google+ မှာရော၊ Mail ပေးပို့ပြီးတော့ မွေးနေ့ဆုတောင်းမေတ္တာ ပို့သပေးတဲ့သူတွေ အများကြီးပါ. ဒီအတွက်လည်း ကျွန်တော်အရမ်းဝမ်းသာပါတယ်.ဒီကနေ့ကျရောက်တဲ့ မွေးနေ့ကလေးမှာ ဆုတောင်းမေတ္တာ ပို့သပေးကြသော ကမ္ဘာသူကမ္ဘာသားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် လိုရာဆန္ဒပြည့်ဝကာ လောကီလောကုတ္တရာ နှစ်ဖြာအကျိုးထမ်းဆောင်နိုင်ကြပါစေလို့... ဆုတောင်းမင်္ဂလာ ပို့သလိုက်ပါတယ်ဗျာ.အားလုံး ကျွန်တော်နဲ့ထပ်တူ ပျော်ရွှင်ကြပါစေ....


သူငယ်ချင်းတို့အတွက် Wine နဲ့ Birthday Cake




Happy Birthday...!!!
အားလုံးကျွန်တော်နဲ့ထပ်တူပျော်ရွှင်ကြပါစေ...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Wednesday, February 15, 2012

ဝါခင်းကုန်းမှ ပန်းမွေ့ရာပွဲတော်


ကျွန်တော်လည်း ပို့စ်အသစ်မတင်ဖြစ်တာ ကြာခဲ့ပြီဗျာ.ဒီအတွက်လည်း စာဖတ်သူတို့ကို နားလည်ပေးစေချင်ပါတယ်.အခုတလောမှာလည်း ပွဲတွေကလည်းများ၊ အလုပ်ကလည်းမအားတော့ စာရေးဖို့ဘက်ကိုမလှည့်ဖြစ်ဘူး.နောက်ပြီး နည်းပညာပို့စ်တွေဘဲအတင်များနေတော့ အပြောင်းအလဲလေးဖြစ်အောင်လို့ ကျွန်တော်သွားရောက် ခဲ့တဲ့ အတွေ့အကြုံလေးတစ်ခုကို ရေးလိုက်ပါတယ်ဗျာ.အခုရေးမယ့် ပို့စ်ကတော့ ဝါခင်းကုန်းမှ ပန်းမွေ့ရာပွဲတော်အကြောင်းပေါ့ဗျာ.
မန္တလေးမှာနေတဲ့သူ တော်တော်များများကတော့ ဝါခင်းကုန်းဘုရားကိုသိကြမယ်ထင်တယ်.မြန်မာမင်းဆက်နောက်ဆုံးမင်းဖြစ်တဲ့ သီပေါမင်းတည်ခဲ့တာပါ.မန္တလေးမြို့ရဲ့ အရှေ့ဘက်မှာတည်ရှိပါတယ်. အဲဒီမှာက နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်ကျော်(၂)ရက်ရောက်တိုင်း ပန်းမွေ့ရာပွဲတော်ကျင်းပပြုလုပ်လေ့ ရှိပါတယ်.တစ်ခါမှမရောက်ဖူးတာနဲ့ သွားခဲ့ရင်းနဲ့ မှတ်တမ်းတင်လာခဲ့တာပါ. ကဲ.... ခံစားကြည့်ကြဦးပေါ့ဗျာ......












ကျန်တဲ့ပုံတွေကိုတော့ အောက်ပါလင့်မှာ ဒေါင်းနိုင်ကြောင်းပါ......




လာရောက်လည်ပတ်သူအားလုံးကိုကျေးဇူး အထူးတင်ရှိလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)
www.shwemantarlaywaiyan.blogspot.com

ဦးပိန်တံတားပေါ်မှ အနုပညာ

အားလုံး မင်္ဂလာပါ....
ဒီတစ်ခါတော့ အနုပညာပို့စ်လေးတစ်ပုဒ်ကို ကျွန်တော်ဖော်ပြချင်ပါတယ်. မန္တလေးမြို့ရဲ့ ဂုဏ်ဆောင်တစ်ခုဖြစ်တဲ့ ဦးပိန်တံတားကြီးမှာရှိနေတဲ့ အနုပညာရပ်ဝန်းလေးတစ်ခုကို ကျွန်တော်မှတ်တမ်းတင်ခဲ့တာပါ.ပန်းချီကိုစိတ်ဝင်စားသူများ လာရောက်ခံစားနိုင်ကြောင်းပါလို့ ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ဗျာ....











ပန်းချီဆရာနှင့် သူ၏လက်ရာ


သူရဲ့ပန်းချီဆိုင်ကလေး


ကျန်တဲ့ပုံတွေကိုတော့ အောက်ပါလင့်မှာ ဒေါင်းနိုင်ကြောင်းပါ......



လာရောက်လည်ပတ်သူအားလုံးကိုကျေးဇူး အထူးတင်ရှိလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)
www.shwemantarlaywaiyan.blogspot.com

Wednesday, January 18, 2012

ရွှေမန်းမြို့၏ ဂုဏ်ကျက်သရေ (သို့)ရာဇ၀င်ထဲက သတို့သား

ကျွန်တော်ကတော့ မန်းလေးမှာမွေးလို့ မန်းလေးမှာ ကြီးပြင်းခဲ့တဲ့ မန်းလေးသားတစ်ယောက်ပါ.တစ်ခါတစ်လေ အလုပ်ကိစ္စ တစ်ချို့နဲ့ ခရီးသွားရင်တောင်မှ မွေးရပ်မြေဖြစ်တဲ့ မန်းလေးမြို့ကြီးကို လွမ်းမိပါတယ်.တကယ်လို့သာ မန်းလေးသားစစ်စစ်တစ်ယောက်က ရေခြားမြေခြားတိုင်းတစ်ပါးကို ရောက်နေခဲ့ရင်.......
ဒါကြောင့် မန်းလေးသားပီပီ ကျွန်တော်ရွှေမန်းသားလေးကရင်ဘက်ကြီးနဲ့ခံစားလို့ ရပ်ဝေးရောက်နေတဲ့ မန်းလေးသူ၊မန်းလေးသားတွေအတွက် အလွမ်းပြေ ရွှေမန်းမြို့၏ ဂုဏ်ကျက်သရေဆောင် မြနန်းစံကျော် ရွှေနန်းတော်ကြီး (သို့) ရာဇ၀င်ထဲက သတို့သားကို ခံစားကြည့်ရအောင်ဗျာ.















လွတ်လပ်စွာ ကူးယူခံစားခွင့်ပြုသည်.

ဒီပုံတွေကို တစ်စုတစ်စည်းထဲလိုချင်ပါက ဒီမှာ ယူသွားလိုက်ပါ.

အားလုံးပျော်ရွှင်ကြပါစေ.
အကယ်၍ Password တောင်းလာပါက waiyanlinnmdy လို့သာ ရိုက်ပေးလိုက်ပါ.အဆင်ပြေသွားပါလိမ့်မယ်.

အားလုံးကိုကျေးဇူးတင်လျက်........
ရွှေမန်းသားလေး(နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account