Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label နည်းပညာ သတင်း. Show all posts
Showing posts with label နည်းပညာ သတင်း. Show all posts

Saturday, March 9, 2013

မြန်မာမှာမမြင်ဘူးသော Phone ရဲ့ internet Speed ကို မြင့်မယ်

 Photo: မြန်မာမှာမမြင်ဘူးသော Phone ရဲ့ internet Speed ကို မြင့်မယ်

ပထမဦးစွာ မိမိဖုန်းကို “WCDMA only” mode ကိုပြောင်းပါ
Settings -> Wireless and networks -> Mobile Networks -> Network Preferences -> WCDMA only
ဒါမှမဟုတ်
*#*#4636#*#* dialer မှာနှိပ်ပါ prefferd network ကို WCDMA only mode ပြောင်းပါ

၁)3g/4g speed optimizer ကိုဒေါင်းပါ
၂)Script manager ကိုဒေါင်းပါ
၃)3G turboCharger script
မိမိ speed ကိုစမ်းချင်ရင် google play ကနေ Speedtest app ကိုဒေါင်းပြီးစမ်းနိုင်ပါတယ်

ဦးစွာ 3g/4g speed optimizer ကို ဖွင့်ပါ
-network speed ကို 12/28/7-max speed လို့ရွေးပါ
-down speed increase ကို check လုပ်ပေးလိုက်ပါ
-ပြီးရင် apply tweak ကို နှိပ်ပါ

စက်ကို restart ပြန်လုပ်ပြီး Script Manager ကိုဖွင့်ပါ
-ဒေါင်းလုပ်လုပ်ထားတဲ့ 3G turboCharger ဖိုင်ကို ရှာပါ
-superuser icon ကို check လုပ်ပါ
-script အလုပ်စဖို့ run ကိုနှိပ်ပါ၊ တစ်ခုခုရွေးခိုင်းတဲ့အထိစောင့်ပါ

-fast, faster, fastest ဆိုပြီးရွေးခိုင်းပါလိမ့်မယ် fastest ကိုရွေးပါ
-reboot နောက်တစ်ခါလုပ်လိုက်ပါကဲ reboot လုပ်လို့ပြီးသွားရင်တော့ 3G speed ကတိုးလာပါပြီသတိ။ user အားလုံးအတွက်အလုပ်ဖြစ်ချင်မှဖြစ်မယ်၊ မရရင်သင်ဟာ သင့် network operator ကနေ max speed ရနေပြီးဖြစ်လိမ့်မယ်

မှတ်ချက်- မိမိဖုန်းကို root လုပ်ထားဖို့ တော့လိုပါမယ်

(ဘေးထွက်ဆိုးကျိုး=> ဒီ နည်းလမ်းနဲ့အဆင်ပြေသွားသော ဖုန်းများသည် မြန်နှုန်းအလွန်မြင့်လာမည်ဖြစ်ပါသည်..သို့သော် ဒီ Software ကို
အချိန်ကြာမြင့်စွာ ဥပမာ - ၂ နာရီနှင့်အထက် မသုံးသင့်ပါ.. Network IC လောင်သွားနိုင်ပါသည်...အရေးပေါ်ဖိုင်အကြီးစားများကို Download
ရယူလိုသည့်အချိန်များတွင်သာ သုံးသင့်ပါသည်..ဒီ Software သုံးနေသော ဖုန်းသည် အနည်းငယ် စက် ဟန်း ( Hang ) ဖြစ်နိုင်ပါသည်)

Download >>> http://adf.ly/KSB8q or http://adf.ly/KSArp

From: ကို မောင်ပေါက်

အေးချမ်းမွန်မှ ( ၊ သတင်းစုံလင် ဖေ.ဘုတ်တခွင် ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
GSM
ပထမဦးစွာ မိမိဖုန်းကို “WCDMA only” mode ကိုပြောင်းပါ
Settings -> Wireless and networks -> Mobile Networks -> Network Preferences -> WCDMA only

Sunday, February 17, 2013

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲမှာ Red Link ကုမ္ပဏီနဲ့ ရွှေသံလွင် ကုမ္ပဏီတို့ WiFi Free လွှင့်ခွင့် တရားဝင် ရရှိဟုဆို



Photo
ဖေဖေါ်ဝါရီလ ၁၃ ရက်။    ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲများတွင် Red Link ကုမ္ပဏီနှင့် ရွှေသံလွင် ကုမ္ပဏီတို့ WiFi Free လွှင့်ခွင့်တရားဝင် ရရှိထားကြောင်း  သတင်း ရရှိသည်။ "ဆီးဂိမ်းပြိုင်ပွဲမှာ အင်တာနက် အသုံးပြုခွင့်ကို ကျွန်တော်တို့ အခမဲ့ လှူပေးတာလည်း ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အနေနဲ့ ကြော်ငြာခွင့်တွေလည်း ရရှိမှာ ဖြစ်ပါတယ်" ဟု Red Link ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Wednesday, January 9, 2013

CDMA 450 ဖုန်းများမက်ဆေ့ခ်ျ အခမဲ့ပို့နိုင်ခြင်း မရှိကြောင်းသိရ



Photo
CDMA 450MHz ဖုန်းများတွင် မက်ဆေ့ခ်ျပေးပို့ရာ၌ အခမဲ့ပေးပို့နိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်မှာ မဟုတ်ကြောင်း သိရသည်။  အဆိုပါဖုန်းများတွင် မက်ဆေ့ခ်ျ အခမဲ့ပေးပို့နိုင်ကြောင်း ထုတ်ပြန် ကြေညာခြင်း မရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ “ကြေညာထားခြင်း မရှိပါဘူး။ အခမဲ့ မက်ဆေ့ခ်ျ ပေးပို့နိုင်တယ်ဆိုတာ error တစ်ခုခုကြောင့်လည်း မဟုတ်ပါဘူး။ error ကြောင့် ဖြစ်တယ်ဆိုရင် ပိုက်ဆံအများကြီး ဆုံးရှုံးသွားနိုင်ပါတယ်။  လက်ရှိလည်း CDMA 450MHz ဖုန်းများမှာ မက်ဆေ့ခ်ျ အခမဲ့ပေးပို့လို့မရပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လူသိနည်းနေသေးသည့် မိုဘိုင်းဖုန်း၏ လျှို့ဝှက်ချက်များ

၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင်မိုဘိုင်းဖုန်း (ဆယ်လူလာဖုန်း အမျိုးအစား) ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည် ပေးထားပါတယ်။

၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံတွင် အသုံးပြုသည့် မိုဘိုင်းဖုန်း အရေအတွက် နိုင်ငံလူဦးရေထက် ကျော်လွန်

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက် အသုံးပြုနှင့် Facebook သုံးစွဲမှုတွင် တိုးတက်မှု လျင်မြန်သည့် နိုင်ငံတစ်ခု ဖြစ်သော်လည်း နိုင်ငံ၏ အဓိကတိုးတက်မှု အရှိဆုံး အပိုင်းမှာ မိုဘိုင်းကဏ္ဍ ဖြစ်ကြောင်း  သိရသည်။ ဗီယက်နမ်နိုင်ငံတွင် လူဦးရေ ၁၀၀ လျှင် ပျှမ်းမျှ မိုဘိုင်းဖုန်း ၁၄၅ လုံး ရှိသည်။ နိုင်ငံ၏ လူဦးရေသည် သန်း ၉၀ ကျော်ရှိရာ နိုင်ငံအတွင်း အသုံးပြုသည့် မိုဘိုင်းဖုန်း အလုံးရေ စုစုပေါင်းမှာ သန်း ၁၃၀ ကျော် ရှိသည်။

Google VOIP စနစ်ကို ၂၀၁၃ တွင်လည်း အခမဲ့ သုံးစွဲနိုင်



Photo
Google ကုမ္ပဏီဟာ ၎င်းတို့ရဲ့ နာမည်ကျော် VOIP (Voice Over Internet Protocol) ဝန်ဆောင်မှုကို အမေရိကန်နဲ့ ကနေဒါနိုင်ငံများ၌ ၂၀၁၃ ခုနှစ်မှာလည်း အခမဲ့ သုံးစွဲစေဦးမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။  Google ရဲ့ မေးလ်ဝန်ဆောင်မှုဖြစ်တဲ့ Gmail မှတစ်ဆင့် ဝင်ရောက် အသုံးပြုရတဲ့ အခမဲ့ ခေါ်ဆိုမှုစနစ်ကို ၂၀၁၃ ခုနှစ်မှာလည်း အခကြေးငွေ ယူသွားမှာ မဟုတ်ကြောင်း ကုမ္ပဏီရဲ့ Blog Post မှာ တရားဝင် ပြောကြားခဲ့ပါတယ်။

ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော အဘိဓာန်ထွက်ရှိ

နိုင်ငံခြားသို့ ပညာသင်သွားကြသော ကျောင်းသားကျောင်းသူများ၊ စကားပြန်များ ဧည့်လမ်းညွှန်များ သင်္ဘောသားများ နိုင်ငံခြားသို့ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများ နိုင်ငံတကာသို့  ခရီးသွားနေသူများအတွက် ရည်ရွယ်၍ ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော အဘိဓာန်တစ်မျိုးကို ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း KMD Computer Group မှ သိရသည်။ အဆိုပါ အဘိဓာန်ထဲတွင် အင်္ဂလိပ် ဘာသာစကား၊ ဂျာမန် ဘာသာစကား၊ ဒတ်ခ်ျ ဘာသာစကား၊ ဒိန်းမာ့စ် ဘာသာစကား၊ ရုရှား ဘာသာစကား၊ ဟင်ဒီ ဘာသာစကား၊ တူရကီ ဘာသာစကား၊ အာရေဗျ ဘာသာစကား၊ ကိုရီးယား ဘာသာစကား၊ ဖိလစ်ပိုင် ဘာသာစကား၊ ထိုင်း ဘာသာစကား၊ စပိန် ဘာသာစကား၊ အီတလီ ဘာသာစကား၊ ဆွီဒင် ဘာသာစကား၊ နော်ဝေ ဘာသာစကား၊ ပါကစ္စတန် ဘာသာစကား၊ ဘင်္ဂါလီ ဘာသာစကား၊ တမိုဝ်းလ် ဘာသာစကား၊ ဗီယက်နမ် ဘာသာစကား၊ ဂျပန် ဘာသာစကား၊ နီပေါလ် ဘာသာစကား၊ ပြင်သစ် ဘာသာစကား၊ ပေါ်တူကီ ဘာသာစကား၊ အင်ဒိုနီးရှား ဘာသာစကား၊ မြန်မာ ဘာသာစကား၊ တရုတ် ဘာသာစကား၊ လာအို ဘာသာစကား၊ မမာတာ ဘာသာစကား စသည့် ဘာသာစကား ၃၂ မျိုးကို ထည့်သွင်းထားကြောင်း သိရသည်။

Tuesday, October 2, 2012

အွန်လိုင်း ဖုန်းခေါ်နိုင်သော Viber စနစ်ကို အင်တာနက် အသုံးမပြုနိုင်သည့် CDMA 450MHz ဖုန်းများတွင်ပါ အသုံးပြုနိုင်

Viber စနစ်ကို အင်တာနက် အသုံးပြုနိုင်သည့် ဖုန်းများတွင်သာ အသုံးပြုနိုင်ခဲ့သော်လည်း၊ ယခုအခါ အင်တာနက် အသုံးမပြုနိုင်သေးသည့် CDMA 450 MHz ဖုန်းများတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း  သိရသည်။ ထိုကဲ့သို့ အသုံးပြုနိုင်ရန်အတွက် အင်တာနက်ချိတ်ဆက်ထားသည့် ကွန်ပျူတာ လိုအပ်မည် ဖြစ်သည်။ အဆိုပါ ကွန်ပျူတာဖြင့် Viber application ကို ကွန်ပျူတာတွင် အသုံးပြုနိုင်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

Monday, October 1, 2012

ခရီးသွားလမ်းညွှန် မိုဘိုင်း Application ကို အခမဲ့ ဖြန့်ချိ

iPhone နှင့် Android ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်သော ခရီးသွားလမ်းညွှန် မိုဘိုင်း application ကို ရွှေပြည်သုခ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ အများပြည်သူ ထည့်သွင်း အသုံးပြုနိုင်ရန်အတွက် အခမဲ့ဖြန့်ချိလျက် ရှိကြောင်း  သိရသည်။ အဆိုပါ application ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များတွင် အသုံးပြုနိုင်ပြီး မြို့နယ်အလိုက်၊ အမျိုးအစားနှင့် ကဏ္ဍအလိုက် စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်း၊ စတိုးဆိုင်၊ ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်စသည်တို့၏ ဖုန်းနံပါတ်များ၊ လိပ်စာများ၊ မြေပုံများ၊ ကားမှတ်တိုင်များနှင့် စီးရမည့် ကားနံပါတ်များကို အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်သည်။

Saturday, September 15, 2012

Hosting ကုမ္ပဏီ GoDaddy အား Anonymous hacker အုပ်စု တိုက်ခိုက်ဟုဆို

လူသိများထင်ရှားသော ဝက်ဘ်ဆိုက် Hosting ကုမ္ပဏီတစ်ခုဖြစ်သည့် GoDaddy အား hack လုပ် တိုက်ခိုက်ခဲ့ကြောင်း  Anonymous က ထုတ်ပြန် ပြောကြားခဲ့သော်လည်း GoDaddy က ငြင်းဆိုခဲ့သည်။ Anonymous hackers အုပ်စုက အဆိုပါ Hosting ကုမ္ပဏီ၏ ဆာဗာများကို မိမိတို့ hack လုပ် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားထားသော်လည်း ကုမ္ပဏီက ယခုချွတ်ယွင်းမှုသည် နည်းပညာပိုင်း ပြဿနာသာဖြစ်ကြောင်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ဗဟိုပြု မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး ကျင်းပ



Photo
မြန်မာနိုင်ငံအတွင်းရှိ ကွန်ပျူတာ ပညာရှင်များ အသိပညာ တိုးတက်ရေး၊ နိုင်ငံတဝှမ်း ကွန်ပျူတာ နည်းပညာ ပြန့်ပွားရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက်  ကွန်ပျူတာ ပညာရှင်များမှ ပါဝင် ဆောင်ရွက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရာတွင် ကွန်ပျူတာပညာနှင့် သတင်း အချက်အလက်၊ ဆက်သွယ်ရေး နည်းပညာများကို မောင်းနှင်အား တစ်ရပ်အဖြစ် အသုံးချနိုင်ရေး စသော ရည်ရွယ်ချက်များဖြင့် တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း နှစ်ပတ်လည် အထိမ်းအမှတ် တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက မြန်မာအင်ဖိုတက် အဆောက်အအုံ နိုင်ငံတစ်ဝှမ်း ဝင်းအတွင်းရှိ အစည်းအဝေး ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့သည်။ ၂၀၁၁-၁၂ ခုနှစ် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးတွင် ရှေ့ဦးစွာ MCPA မှ ကျင်းပပြုလုပ်သော စာမေးပွဲများ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသားများအား ဆုချီးမြှင့် ပေးအပ်သည့် အခမ်းအနားကိုလည်း ထည့်သွင်း ကျင်းပခဲ့သည်။

နိုင်ငံတစ်ဝန်းလုံး၌ ကွန်ပျူတာပညာရှင် အသင်းဝင်ပေါင်း ၁၁၀၀၀ ကျော်ရှိ

၂၀၁၂ ခုနှစ် သြဂုတ်လ ကုန်ဆုံးချိန်အထိ နိုင်ငံအသင်းနှင့် ပြည်နယ်တိုင်း၊ ဒေသကြီး ကွန်ပျူတာပညာရှင် အသင်းများ၌ ဝင်ရောက်ထားသည့် အသင်းဝင်ဦးရေမှာ ၁၁၂၄၁ ဦးအထိ ရှိကြောင်း၊  မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးမှ သိရသည်။ ကွန်ပျူတာပညာရှင် အသင်းဝင်များအား ဒေသအလိုက် ဖွဲ့စည်း တည်ထောင်ခဲ့ရာတွင် Student Member၊ Associate Member၊ Professional Member နှင့် Fellow Member ဟူ၍ ၄ မျိုးခွဲခြားကာ

မိုဘိုင်းဖုန်း အင်တာနက်သုံးခ ပိုမိုဖြတ်တောက်မှု ရှိနေသည်ဟု သုံးစွဲသူအချို့ ယူဆ



Photo
မိုဘိုင်းအင်တာနက် သုံးစွဲခ သတ်မှတ်နှုန်းထားထက် ပို၍ နုတ်ယူမှု ရှိနေသည်ဟု ဖုန်းသုံးစွဲသူ အချို့က သံသယရှိကြသည်။  လက်ရှိတွင်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများ အင်တာနက် သုံးစွဲခွင့်ကို ဂျီဖုန်းများအား ၁ မိနစ် ၂ ကျပ် နှုန်းဖြင့် လည်းကောင်း၊ WCDMA ဖုန်းနှင့် CDMA 800 MHz ဖုန်းများအား ၁ မိနစ် ၄ ကျပ် နှုန်းဖြင့် ကောက်ခံမည်ဟု ထုတ်ပြန်ထားသည် ဆိုသော်လည်း မိုဘိုင်းဖုန်းအချို့တွင် သတ်မှတ်နှုန်းထက် ပိုသော ကောက်ခံမှုများ မကြာခဏ ဖြစ်ပေါ်နေသည်ဟု ထင်ကြောင်း ၎င်းတို့က ပြောသည်။

Thursday, September 6, 2012

အစ္စရေး သမိုင်းဝင်ပန်းခြံတွင် မြည်းများပေါ်၌ Wi-Fi အင်တာနက် တပ်ဆင်ထား



Photo
ခရစ်ယာန် ဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ နေရာဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်ရာတွင် အလွန်နာမည်ကြီးသည့် အစ္စရေးနိုင်ငံ တောင်ဘက်ရှိ သမိုင်းဝင်ပန်းခြံ K far Kedem တွင်  ယခုအခါ Wi-Fi အင်တာနက်ကို တစ်ပါတည်း ချိတ်ဆက်ပေးထားသည့် မြည်းများကို စီးနိုင်ပြီဖြစ်ကြောင်း ဆက်ပေးထားသည့် မြည်းများကို စီးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဟက်ကာများ၏ DDOS နည်းပညာဖြင့် ကွန်ပျူတာ တိုက်ခိုက်မှုများကို ကာကွယ်ရန် ကြိုတင် ပြင်ဆင်ထားသင့်ဟု ဆို



Photo
ပြည်ပ ဟက်ကာများ၏  DDOS နည်းပညာဖြင့် ဆိုက်ဘာ တိုက်ခိုက်မှုများ ထပ်မံ မဖြစ်ပွားစေရန်အတွက် အစိုးရ ဝန်ကြီးဌာနများ အနေဖြင့် အင်တာနက် ကွန်ရက်များကို ကြိုတင်ကာကွယ် ပြင်ဆင်ထားသင့်ကြောင်း  ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သြဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် လက်ရှိ ထုတ်လွှင့်နေသော Analog ရုပ်သံလိုင်းများအစား ဒီဂျစ်တယ် ရုပ်သံစနစ်ကို ပြောင်းလဲ ထုတ်လွှင့်မည်

၂၀၁၅ ခုနှစ်တွင် Analog ရုပ်သံလိုင်းများအစား ဒီဂျစ်တယ် ရုပ်သံစနစ်ကို ပြောင်းလဲ ထုတ်လွှင့်ရန်ရှိကြောင်း  ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးဝင်းက ၂၂-၈-၂၀၁၂ ရက်တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားခြင်းမှာ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က လက်ရှိ ကျင်းပလျက်ရှိသော လွှတ်တော် အစည်းအဝေးများကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
 

Apple ၏ နည်းပညာကို Samsung ပုံတူကူးချခြင်း မရှိဟု ဂျပန်တရားရုံး ဆုံးဖြတ်



Photo
Apple ၏ နည်းပညာများကို မူပိုင်ခွင့် ချိုးဖောက်၍ ကူးယူခဲ့မှုဖြင့် Samsung အား အမေရိကန်တရားရုံးက ဒေါ်လာ ၁ ဘီလျံ ပေးဆောင်ရန် စီရင်ချက် ချမှတ်ခဲ့သည်။ သို့သော် အမေရိကန်တရားရုံး၏ အဆိုပါ စီရင်ချက် ချမှတ်အပြီး တစ်ပတ်အကြာတွင်မူ ဂျပန်နိုင်ငံ တိုကျိုတရားရုံးက Apple နှင့် Samaung တို့ ဖြစ်ပွားသည့် အလားတူ အမှုကိစ္စတွင် Samsung အနေဖြင့် Apple မူပိုင်ခွင့် ချိုးဖောက်၍ ပုံတူကူးချ ခိုးယူခဲ့ခြင်းမရှိကြောင်း ဆုံးဖြတ်လိုက်သည်။

သမဝါယမဘဏ် အွန်လိုင်းဖုန်းဘီလ်စနစ် (Giro Account) အကောင့်တစ်ခုတွင် ဖုန်းအလုံးရေ ဆယ်လုံးအထိ ပေးဆောင်နိုင်မည်

ယခုလအတွင်း စတင်အကောင်အထည်ဖော်လိုက်သည့် သမဝါယမဘဏ်၏ အွန်လိုင်းဖုန်းဘီလ်စနစ် (Giro Billing Payment System) တွင် အကောင့်တစ်ခု၌ ဖုန်းအလုံးရေ ၁၀ လုံးအထိ ပေးဆောင်နိုင်မည်ဖြစ်ကြောင်း သမဝါယမဘဏ်၏ တာဝန်ရှိသူက ပြောကြားသည်။

စိတ်ကူးပုံဖော် ဦးထုပ်



Photo
စိတ်ကူးယဉ်ဆန်ဆန် ရုပ်သံဇာတ်လမ်းတွေကို တကယ်ဖြစ်နေသလို ခံစားနိုင်မယ့် စိတ်ကူးပုံဖော်စက်ကို ဂျပန်နိုင်ငံမှာရှိတဲ့ ဦးနှောက်ဆိုင်ရာ သိပ္ပံဓာတ်ခွဲခန်းက တီထွင်ပြလိုက်ပါပြီ။  ဒီဦးထုပ်ကို ဆောင်းပြီး၊ စိတ်ကူးယဉ် ရုပ်ရှင်တွေကို ကြည့်လိုက်တဲ့အခါ ရုပ်ရှင်ဇာတ်လမ်းတွေဟာ လက်တွေ့ဘဝမှာ ဖြစ်နေသလို ခံစားရတယ်လို့ သုတေသီတွေက ဆိုကြပါတယ်။

ကမ္ဘာပေါ်ရှိ ရုပ်ပုံများအား ခွဲခြားနိုင်သည့် နည်းပညာသစ်ကို Google မှတ်ပုံတင်



Photo
Google ကုမ္ပဏီသည် ၎င်းတို့၏ အွန်လိုင်းရှာဖွေရေး ဝန်ဆောင်မှုကို ပိုမိုထူးခြား ကောင်းမွန်အောင် အစဉ်မပြတ် လုပ်ဆောင်နေရာ ယခုအခါ၌  ဓာတ်ပုံများ၊ ဗီဒီယိုများကို Scan ပြုလုပ်၍ ကမ္ဘာပေါ်ရှိ အရာဝတ္ထုများအား ခွဲခြားနိုင်သည့် နည်းပညာကို  အွန်လိုင်း ရှာဖွေရေးစနစ်တွင် အသုံးပြုရန် နည်းပညာ မှတ်ပုံတင်နိုင်ခဲ့ပြီ ဖြစ်သည်။

Related Posts Plugin for WordPress, Blogger...

My Account