Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

၂၀၁၅ ခုနှစ်တွင် လက်ရှိ ထုတ်လွှင့်နေသော Analog ရုပ်သံလိုင်းများအစား ဒီဂျစ်တယ် ရုပ်သံစနစ်ကို ပြောင်းလဲ ထုတ်လွှင့်မည်

၂၀၁၅ ခုနှစ်တွင် Analog ရုပ်သံလိုင်းများအစား ဒီဂျစ်တယ် ရုပ်သံစနစ်ကို ပြောင်းလဲ ထုတ်လွှင့်ရန်ရှိကြောင်း  ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးဝင်းက ၂၂-၈-၂၀၁၂ ရက်တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားခြင်းမှာ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က လက်ရှိ ကျင်းပလျက်ရှိသော လွှတ်တော် အစည်းအဝေးများကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
 

ယင်းသို့ ဖြေကြားရာတွင် “လက်ရှိအချိန်မှာ လွှတ်တော် အစည်းအဝေးတွေရဲ့ ဆွေးနွေးချက်တွေကို နိုင်ငံပိုင် မီဒီယာတွေမှ တိုက်ရိုက် ထုတ်လွှင့်ပေးဖို့ အစီအစဉ် မရှိသေးပါဘူး။ ရုပ်သံစနစ်တွေကို ၂၀၁၅ ခုနှစ် ဒီဂျစ်တယ်စနစ် ပြောင်းလဲ ကျင့်သုံးတဲ့အခါကျမှ တိုက်ရိုက်ထုတ်လွှင့် ပေးနိုင်ပါလိမ့်မယ်၊ Free to air ရုပ်သံလိုင်း ၁၅ လိုင်းကိုလည်း တိုးချဲ့ ထုတ်လွှင့်သွားဖို့ အစီအစဉ် ရှိပါတယ်” ဟု ယင်းက ပြောကြားသည်။ လက်ရှိ ကျင်းပလျက်ရှိသော လွှတ်တော် အစည်းအဝေး၏ ဆွေးနွေးချက် အခင်းအကျင်းများကို Sky Net ရုပ်သံလိုင်းများနှင့် ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်များတွင် အများပြည်သူ ကြည့်ရှုနိုင်ရန် ထုတ်လွှင့် ပြသလျက် ရှိသည်။

မန္တလာသား

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account