Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

ကြိုတင်ငွေဖြည့်ကတ် ငွေဖြည့်စဉ် ငွေဖြည့်သွင်းပြီးကြောင်း စာမပြသော်လည်း ငွေမဆုံးရှုံးနိုင်



Photo
GMS, WCDMA, CDMA 800MHz, CDMA 450MHz ဖုန်းများအား ကြိုတင်ငွေဖြည့်ကတ် ငွေဖြည့်သွင်းရာတွင် ငွေရောက်ရှိကြောင်း Message မပြသော်လည်း မိမိဖြည့်သွင်းသောငွေ မဆုံးရှုံးနိုင်ကြောင်း  သိရသည်။ ကြိုတင်ငွေဖြည့်ကတ်များအား ငွေဖြည့်ရာတွင် ငွေဖြည့်သူထံသို့ မိမိဖြည့်သွင်းငွေ ရောက်ရှိကြောင်း စာမပြသခြင်းမှာ ဖုန်းလိုင်းဆွဲအားနှင့် သက်ဆိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

၎င်းမှပြောပြရာတွင် “ကြိုတင်ငွေဖြည့်ကတ်တွေ ငွေဖြည့်တဲ့အခါမှာ ငွေဖြည့်တဲ့သူဆီကို ဖုန်းဘီလ် ဖြည့်သွင်းပြီးကြောင်း၊ ဘယ်လောက် ဖြည့်သွင်းပြီးကြောင်းနဲ့ ဘယ်နေ့ဘယ်ရက်မှာ ဖြည့်သွင်းထားတဲ့ ဖုန်းဘီလ်ဟာ သက်တမ်းကုန်ဆုံးမယ် ဆိုတဲ့စာကို ပြန်ပို့ပေးပါတယ်။ ငွေဖြည့်တဲ့သူတွေ အနေနဲ့ ငွေဖြည့်တဲ့အခါမှာ အဲဒီစာ ပြန်မပြဘူး ဆိုတာကတော့ ကိုယ်အသုံးပြုနေတဲ့ နေရာနဲ့ရော အသုံးပြုတဲ့ ဟန်းဆက်နဲ့လည်း သက်ဆိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ GSM တွေရဲ့ လှိုင်းတွေဟာ နံရံတွေ၊ အတားအဆီးတွေကို CDMA လိုမျိုး ဖောက်ထွင်းသွားနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ငွေဖြည့်တဲ့သူက လိုင်းအား အရမ်းနည်းနေတဲ့ နေရာမျိုးမှာ ငွေဖြည့်မိတယ်၊ ဒါမှမဟုတ် လိုင်းအား သိပ်မကောင်းတော့တဲ့ ဟန်းဆက်ကို အသုံးပြုမိတယ် ဆိုရင်တာ့ ကိုယ်ရိုက်နှိပ်ပြီး ဖြည့်သွင်းလိုက်တဲ့ ငွေဖြည့်ကတ် ကုဒ်နံပါတ်တွေဟာ Server ဆီကို ရောက်သွားပေမယ့် ကိုယ့်ဆီကို စာပြန်ပြနိုင်လောက်အောင် လိုင်းအားမရတဲ့ အခါမျိုးမှာ ပြန်မဝင်လာတာမျိုး ဖြစ်တတ်ပါတယ်” ဟုပြောပြခဲ့သည်။ ယင်းကဲ့သို့ ငွေဖြည့်သွင်းပြီးကြောင်း စာပြန်မပြသော်လည်း မိမိဖြည့်သွင်းသော ငွေဖြည့်ကတ်၏ ကုဒ်နံပါတ်များ၊ ဖြည့်သွင်းခြင်း လုပ်ဆောင်ချက်များ မှန်ကန်ပါက မိမိဖြည့်သွင်းငွေမှာ မဆုံးရှုံးနိုင်ကြောင်း သိရသည်။

ကိုသက်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account