Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

ရေစို ဟန်းဆက်တစ်လုံးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ



Photo
“မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ရေကူးကန်ထဲသို့ ဟန်းဆက်လွတ်ကျခြင်း၊ ရေအိမ်ထဲသို့ ဟန်းဆက်ပြုတ်ကျခြင်း၊ အဝတ်လျှော်စက်ထဲ ဟန်းဆက်ပါသွားခြင်း စတဲ့  ဖြစ်ရပ်မျိုးတွေနဲ့ ကြုံတွေ့ရတဲ့ အခါမှာ အထိတ်တလန့် မဖြစ်ပါနဲ့။ အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ပြုလုပ်ခြင်းဖြင့် ရေစိုသွားတဲ့ ဟန်းဆက်ကို အကောင်းအတိုင်း ပြန်လည် အသုံးပြုနိုင်ဖို့အတွက် အကောင်းဆုံး  အခွင့်အရေး ရရှိနိုင်ပါတယ်။ ဒါကြောင့် ဟန်းဆက် ရေစိုသွားတဲ့ အခါမှာ လျင်မြန်စွာ ပြုလုပ်နိုင်တဲ့ ဖြေရှင်းနည်းများနဲ့ မပြုလုပ်သင့်တဲ့ လုပ်ဆောင်ချက်များကို ဖော်ပြလိုက်ပါတယ်”

လုပ်ဆောင်ရမည့် အချက်များ

ဟန်းဆက် ရေစိုသွားတဲ့အခါ တစ်စချင်းစီဖြုတ်ပြီး ခြောက်သွေ့အောင် ပြုလုပ်တာဟာ ထိရောက်ပေမယ့် tool တွေ လိုအပ်တဲ့အပြင် ဟန်းဆက်ကိုလည်း ထိခိုက်စေနိုင်ပြီး warranty လည်း ပျက်နိုင်ပါတယ်။ ဒါကြောင့် ဟန်းဆက် ရေစိုသွားတဲ့ အခါမှာ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်သင့်ပါတယ်။

(၁) ပထမဦးဆုံး အနေနဲ့ ရေထဲပြုတ်ကျသွားတဲ့ ဟန်းဆက်ကို ချက်ချင်း ဆယ်ယူပါ။ ရေထဲမှာ ကြာရှည်ရှိနေခြင်းဟာ ပျက်စီးမှုကို ပိုမို  ဖြစ်ပွားစေပါတယ်။

(၂) ဟန်းဆက်ရဲ့ ခလုတ်များကို နှိပ်ပြီး အလုပ်လုပ်ခြင်း ရှိ၊ မရှိ အလျင်အမြန် စစ်ဆေးပါ။

(၃) အကောင်းဆုံး အချက်ကတော့ ဘက်ထရီကို ချက်ချင်းဖြုတ်ပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် short circuit ဖြစ်စေနိုင်တဲ့ ဟန်းဆက်မှာ လျှပ်စစ်ဓာတ်အား လျော့နည်းသွားစေမှာပါ။

(၄) အကယ်၍ iPhone နဲ့ Nokia Lumia တို့လို ဘက်ထရီ ဖြုတ်လို့ မရတဲ့ ဟန်းဆက်ကို အသုံးပြုသူများအနေနဲ့ ဘက်ထရီကို ဖြုတ်တဲ့ နည်းလမ်းကို စဉ်းစားစရာ မလိုပါဘူး။ ခလုတ် အချို့ကို ဖိနှိပ်စစ်ဆေးပြီး ဖုန်းကို အလျင်အမြန်ပိတ်ပါ။ ဒီအခြေအနေမှာ ဖုန်းကို ကိုင်တွယ်တဲ့အခါ ဂရုတစိုက်နဲ့ ကိုင်တွယ်ပါ။

(၅) ဖုန်းမှာ တပ်ဆင်ထားတဲ့ case လိုမျိုး အရာတွေကို ဖယ်ရှားပါ။

(၆) SIM card နဲ့ SD card များကို ဆွဲထုတ်ပါ။ လေဝင်လေထွက် ဖြစ်စေရန်အတွက် ဟန်းဆက်ရှိ port များနဲ့ အဖုံးများကို ဖွင့်ထားပါ။

(၇) ဟန်းဆက် အပြင်ဘက် အပါအဝင် အရာအားလုံး ခြောက်သွေ့စေရန်အတွက် တဘက်နဲ့သုတ်ပါ။ သုတ်တဲ့အခါမှာ ဖုန်းအတွင်းသို့ ရေစီးဆင်းမှု မရှိစေရန်အတွက် သတိထားပြီး သုတ်ပါ။

(၈) တဘက်နဲ့ ခြောက်အောင် သုတ်ပြီးသွားပေမယ့် ဟန်းဆက်အတွင်းပိုင်းမှာ ရေငွေ့ရှိနိုင်ပါသေးတယ်။ ဒါကြောင့် ဟန်းဆက်ကို ဆန်အိုး/ဆန်ပုံး ဒါမှမဟုတ် ဆည်ထည့်ထားတဲ့ ပန်ကန်ခွက်ထဲမှာ ၂၄ နာရီကနေ ၄၈ နာရီအထိ ထည့်ထားပါ။ ဖိနပ်ဘူးတွေမှာပါတဲ့ silica gel အထုပ်တွေနဲ့ ဆိုရင်တော့ ပိုကောင်းပါတယ်။

(၉) ဟန်းဆက် လုံးဝ ခြောက်သွားပြီဆိုရင်တော့ ဘက်ထရီကို ပြန်ထည့်ပြီး ဖုန်းကိုဖွင့်ပါ။

သတိပြုရမည့် အချက်များ

ဟန်းဆက် ရေစိုသွားတဲ့အခါမှာ အလျင်အမြန် ခြောက်သွေ့စေရန်အတွက် ဆံပင်အခြောက်ခံစက်ကို အသုံးပြုခြင်း၊ ဟန်းဆက်က အပူပေးခြင်းတို့ကို ပြုလုပ်ကြပါတယ်။ ဒီနည်းလမ်းတွေဟာ ဟန်းဆက်ထဲမှာရှိတဲ့ ရေငွေ့တွေ အားလုံးကို အငွေ့ပြန်သွားစေပေမယ့် ဟန်းဆက်က အရမ်းပူလွန်းစေပြီး ဟန်းဆက်အတွင်းပိုင်း အစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်ပါတယ်။ ရေစိုနေတဲ့ ဟန်းဆက်ကို အပြင်ဘက်ပိုင်းကို ခြောက်အာင်သုတ်ရသာမက နားကြပ်ပေါက်နဲ့ USB port လိုမျိုး အကာအကွယ်မရှိတဲ့ နေရာတွေမှာလည်း သွားကြားထိုးထံမှာ စက္ကူလက်သုတ်ပဝါကို ပတ်ပြီး နားကြပ်ပေါက်နဲ့ USB port ထဲ ဖြေညင်းစွာထည့်ကာ သုတ်သင့်ပါတယ်။

ထိုကဲ့သို့ ပြုလုပ်ခြင်းမရှိဘဲ ကြမ်းကြမ်းတမ်းတမ်း ထိုးထည့်တဲ့အခါ ဖုန်းအတွင်းမှာ ရေစိုနေတဲ့ စက္ကူညပ်ပြီး ကျန်ခဲ့နိုင်ပါတယ်။ ဟန်းဆက် ရေစိုသွားတဲ့ အခါမှာ ဟန်းဆက်အတွင်းရှိ သတ္တုထည်ဟာ ရေနဲ့ အောက်ဆီဂျင် ထိတွေ့မှုကြောင့် သံချေးတက်မှု ဖြစ်ပေါ်နိုင်ပါတယ်။ ကျွမ်းကျင်တဲ့ ဖုန်းပြင်သူတွေကတော့ သံချေးတက်နေတဲ့ circuit အရက်ပြန် ဆွတ်ထားတဲ့ ဂွမ်းနဲ့ ပွတ်တိုက်ပြီး သန့်စင်လေ့ ရှိပေမယ့် အခန့်မသင့်ရင် ဟန်းဆက် ပျက်စီးနိုင်တာကြောင့် ဒီနည်းလမ်းကို ကိုယ်တိုင်ပြုလုပ်ဖို့ မကြိုးစားသင့်ပါဘူး။ Liquid contact indicator (LCI) ဟာ ရေနဲ့ ထိတွေ့တဲ့အခါမှာ အနီရောင် အဖြစ် ပြောင်းလဲသွားတဲ့ သေးငယ်တဲ့ အဖြူရောင် စတစ်ကာ ဖြစ်ပြီး ၎င်း LCI များကို ဟန်းဆက် ထုတ်လုပ်သူတွေဟာ ၎င်းတို့ရဲ့ ထုတ်ကုန်တွေမှာ ထည့်သွင်း ထုတ်လုပ်ထားကြပါတယ်။
 
LCI  ကို iPhone  အနေနဲ့ iPhone 3G မှာ နားကြပ်ပေါက်ရဲ့ အောက်ခြေမှာ အသုံးပြုထားပြီး နောက်ပိုင်း မော်ဒယ်တွေမှာတော့ dock connector ရဲ့ အောက်ခြေဘက်မှာ အသုံးပြုထားပါတယ်။ LCI တွေဟာ warranty နဲ့ ပြုပြင်ခြင်း၊ အစားထိုးခြင်းတို့ကို အဆုံးအဖြတ် ပေးနိုင်တာကြောင့် လေ့ကျင့်ခန်း ပြုလုပ်စဉ် ဖုန်းကို အသုံးပြုတဲ့အခါမှာ အသုံးပြုသူတွေရဲ့ ချွေးကြောင့် LCI activate ဖြစ်ပြီး warranty ပျက်နိုင်ပါတယ်။ အချို့ ဖုန်းထုတ်လုပ်သူတွေကတော့ LCI  တွေကို ဖုန်းဘက်ထရီ အောက်ဘက်လိုမျိုး နေရာတွေမှာ အသုံးပြုလေ့ရှိပြီး ရေကြောင့်ပျက်စီးမှု ဖြစ်ပေါ်တဲ့အခါမှာတော့ LCI အခြေအနေအပေါ် မူတည်ပြီး warranty ဟန်းဆက်ပြင်ဆင်ခြင်း၊ အစားထိုးပေးခြင်းကို ငြင်းပယ်လေ့ ရှိပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account