Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

သမဝါယမဘဏ် အွန်လိုင်းဖုန်းဘီလ်စနစ် (Giro Account) အကောင့်တစ်ခုတွင် ဖုန်းအလုံးရေ ဆယ်လုံးအထိ ပေးဆောင်နိုင်မည်

ယခုလအတွင်း စတင်အကောင်အထည်ဖော်လိုက်သည့် သမဝါယမဘဏ်၏ အွန်လိုင်းဖုန်းဘီလ်စနစ် (Giro Billing Payment System) တွင် အကောင့်တစ်ခု၌ ဖုန်းအလုံးရေ ၁၀ လုံးအထိ ပေးဆောင်နိုင်မည်ဖြစ်ကြောင်း သမဝါယမဘဏ်၏ တာဝန်ရှိသူက ပြောကြားသည်။
Giro Account တစ်ခုချင်းစီအတွက် ခွင့်ပြုထားသည့် ဖုန်းအရေအတွက်မှာ အများဆုံး ၁၀ လုံးအထိဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအတွက် ပေးဆောင်ရန်ရှိသည့် ဖုန်းအခွန်ငွေအား ပျမ်းမျှသုံးလစာ လုံလောက်စွာ ပေးသွင်းထားရမည်ဖြစ်ကြောင်း သိရသည်။ ၎င်း Giro Account ဖြင့် လစဉ် ပေးဆောင်ရသော ဖုန်းဘီလ်အပြင် မီတာဘီလ်များကဲ့သို့သော အခွန်အခဘီလ်များကို အွန်လိုင်းစနစ်ဖြင့် ပေးဆောင်နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ ဘီလ်ပေးဆောင်ရာတွင် www.cbbankmm.com. မှ ပေးဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဘီလ်ဆောင်ရန်အတွက် ထည့်သွင်းထားသော ငွေများအား ငွေသားဖြင့် ထုတ်ယူခွင့်ပြုမည်မဟုတ်ဘဲ အကောင့်ကို စာရင်းပိတ်သည့်အခါကျမှ လက်ကျန်ငွေသားကို ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ အကောင့်ကို မပိတ်ဘဲ ဆက်လက်အသုံးပြုမည်ဆိုပါက ထိုစာရင်းထဲတွင် အနည်းဆုံး လက်ကျန်ငွေ တစ်ထောင်ကျပ်တိတိ ချန်ထားရမည် ဖြစ်သည်။ အွန်လိုင်းမှ ဖုန်းဘီလ်ဆောင်သည့် စနစ်ကို မြန်မာ့စီးပွားရေးဘဏ် အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် အစရှိသည့် ဘဏ်များက ဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍ သမဝါယမဘဏ်တွင်လည်း ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ ဖုန်းဘီလ်ဆောင်ခြင်းအတွက် သတ်မှတ်ရက် ကျော်လွန်သော ဖုန်းများ လိုင်းဖြတ်ခံရပါက ဖုန်းအသုံးပြုသူနှင့်သာ သက်ဆိုင်မည်ဖြစ်ပြီး လိုင်းဖြတ်ခံရသော ဖုန်းများသည် အွန်လိုင်းပေါ်မှ ငွေပေးဆောင်ပြီး ခြောက်ရက်ကြာမှသာ ဖုန်းလိုင်း ပြန်လည်ပွင့်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအကောင့် အသုံးပြု၍ အွန်လိုင်းပေါ်မှ ငွေပေးဆောင်ရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ခွင့်ပြုထားသော ဖုန်းတစ်လုံးချင်းစီအတွက် ဖုန်းအခွန် တစ်ကြိမ် ပေးသွင်းလျှင် ဘဏ်၏ ဝန်ဆောင်စရိတ်အဖြစ် ငါးရာကျပ် ကျသင့်မည် ဖြစ်သည်။
 
ထွန်းထွန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account