Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

ဟက်ကာများ၏ DDOS နည်းပညာဖြင့် ကွန်ပျူတာ တိုက်ခိုက်မှုများကို ကာကွယ်ရန် ကြိုတင် ပြင်ဆင်ထားသင့်ဟု ဆို



Photo
ပြည်ပ ဟက်ကာများ၏  DDOS နည်းပညာဖြင့် ဆိုက်ဘာ တိုက်ခိုက်မှုများ ထပ်မံ မဖြစ်ပွားစေရန်အတွက် အစိုးရ ဝန်ကြီးဌာနများ အနေဖြင့် အင်တာနက် ကွန်ရက်များကို ကြိုတင်ကာကွယ် ပြင်ဆင်ထားသင့်ကြောင်း  ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သြဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ပြောကြားရာတွင် ပြည်သူများနှင့် အစိုးရဌာနများ အနေဖြင့် ဝဘ်ပေါ်တယ်မှ အွန်လိုင်းစနစ် အသုံးပြု၍ ဆောင်ရွက်ရာတွင် ဟက်ကာများ၏ DDOS နည်းပညာဖြင့် တိုက်ခိုက်မှုကြောင့် ပြည်တွင်း အွန်လိုင်းစနစ် ထိခိုက်ပျက်စီး ဆုံးရှုံးခြင်း မရှိစေရန် အလေးထား ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တန်ဖိုးကြီးမားသည့် စက်ပစ္စည်းများနှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် ပိုမို လုံခြုံမှု ရှိစေရေးအတွက် လုံခြုံရေး ကိစ္စများကို အလေးထား ဆောင်ရွက်သင့်ကြောင်းလည်း ပြောကြားခဲ့သည်။

ယခုအခါ အမျိုးသား ဆိုက်ဘာ လုံခြုံရေးကော်မတီမှ ဝန်ကြီးဌာန အသီးသီးကို အင်တာနက် ကွန်ရက်စနစ် လုံခြုံမှု တိုးမြင့်စေရန်နှင့် ၂၄ နာရီပတ်လုံး ကွန်ရက် စောင့်ကြည့်မှုများကို ပြုလုပ်ရန် အကြောင်းကြားစာများ ပေးပို့ထားပြီး ဖြစ်သည်ဟု သိရသည်။ “ဝန်ကြီးဌာနတွေရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ပြည်ပဟက်ကာတွေ ခိုးယူ ဖျက်ဆီးမှု မပြုလုပ်နိုင်ဖို့အတွက် အချိန်ပြည့် စောင့်ကြည့်မှုတွေ ပြုလုပ်ရမှာပါ။ တကယ်လို့ အတိုက်ခံရရင်တောင် အရေးကြီး အချက်အလက်တွေ ပျက်စီးဆုံးရှုံးမှု မရှိစေဖို့ ကျွမ်းကျင် ပညာရှင်တွေနဲ့ ဆောင်ရွက်ရမှာပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပြည်တွင်း နည်းပညာရှင်တစ်ဦးက “ပြည်တွင်းပြည်ပ ဟက်ကာတွေ အနေနဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို တိုက်ခိုက်ဖို့ မသင့်ပါဘူး။ လက်ရှိ အနေအထားက အရေးကြီးတာတွေရော၊ အရေးမကြီးတာတွေပါ ဝင်ရောက် တိုက်ခိုက်နေတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေရော၊ အစိုးရ ဌာနတွေရော အခက်အခဲ များစွာ ကြုံတွေ့နေရပါတယ်” ဟု ပြောသည်။

ရှိန်းဝင်းထိုက်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account