Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

ကမ္ဘာပေါ်ရှိ ရုပ်ပုံများအား ခွဲခြားနိုင်သည့် နည်းပညာသစ်ကို Google မှတ်ပုံတင်



Photo
Google ကုမ္ပဏီသည် ၎င်းတို့၏ အွန်လိုင်းရှာဖွေရေး ဝန်ဆောင်မှုကို ပိုမိုထူးခြား ကောင်းမွန်အောင် အစဉ်မပြတ် လုပ်ဆောင်နေရာ ယခုအခါ၌  ဓာတ်ပုံများ၊ ဗီဒီယိုများကို Scan ပြုလုပ်၍ ကမ္ဘာပေါ်ရှိ အရာဝတ္ထုများအား ခွဲခြားနိုင်သည့် နည်းပညာကို  အွန်လိုင်း ရှာဖွေရေးစနစ်တွင် အသုံးပြုရန် နည်းပညာ မှတ်ပုံတင်နိုင်ခဲ့ပြီ ဖြစ်သည်။
လူသားများ အနေဖြင့် မြင်မြင်သမျှ အရာဝတ္ထုများအား မှတ်သားနိုင်သည့် စွမ်းရည်ရှိပြီး ခွဲခြားနိုင်သည့် ဉာဏ်ရည် ရှိသော်လည်း ကွန်ပျူတာများတွင် ယင်းစွမ်းရည်၌ လူများကို မမီဟု သတ်မှတ်မှုများ ရှိနေရာ Google က ရုပ်ပုံမှတ်သားခွဲခြား ကွန်ပျူတာစနစ်ကို မှတ်ပုံတင်နိုင်ခဲ့ခြင်းက စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။ ထို့ကြောင့် ၎င်းတို့၏ အွန်လိုင်း ရှာဖွေမှုများတွင် အရာဝတ္ထုများအား အမှတ်သားပြသည့် ပုံစံဖြင့် တင်ဆက်နိုင်ရန် ရည်ရွယ်လျက်ရှိပြီး စမတ်ဖုန်းများတွင်ပါ ထည့်သွင်းနိုင်ရန် ရည်ရွယ်နေကြသည်။ သို့သော်လည်း အဖွဲ့အစည်း တချို့က ၎င်းကိစ္စအား အငြင်းအခုန် ပြုလုပ်ထားပြီး အကယ်၍သာ Google အား အသုံးပြုစေခဲ့ပါက ၎င်းတို့ အဖွဲ့အစည်းအနေဖြင့် ပုဂ္ဂလိကဆိုင်ရာ အချက်အလက်များစွာကို စုဆောင်းသွားလိမ့်မည်ဟု ဆိုသည်။

KZZ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account