Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

ဖုန်းနံပါတ်နှင့် အီးမေးလ်အခြေခံ ကြော်ငြာဝန်ဆောင်မှုကို Facebook စတင်

Facebook လူမှုကွန်ရက်သည် ၎င်းတို့ဝက်ဘ်ဆိုက်ပေါ်တွင် ကြော်ငြာကြသည့် ကုမ္ပဏီများအတွက် Feature သစ်တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပြီး  ၎င်း Tool အား အသုံးပြု၍ ကြော်ငြာသည့် ကုမ္ပဏီများက Facebook အသုံးပြုသူများ၏ ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများသို့ ကြော်ငြာပေးပို့နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် လပိုင်းအတွင်း ရှယ်ယာတန်ဖိုးငွေ တစ်စတစ်စ ကျဆင်းလာခဲ့ကာ လက်ရှိအချိန်၌ ရှယ်ယာတန်ဖိုး၏ ထက်ဝက်အောက် ရောက်ရှိခဲ့သော Facebook အနေဖြင့် ကြော်ငြာရှင်များအား ဆွဲဆောင်နိုင်သည့် ဝန်ဆောင်မှုမျိုးကို အရေးတကြီး ပြုလုပ်ရန် လိုအပ်လာခဲ့ခြင်းကြောင့် ယခုဝန်ဆောင်မှုကို စတင်ပေးလိုက်ခြင်း ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုသည်။ ထိုသို့ ပြုလုပ်ပေးရာ၌ ကုမ္ပဏီတစ်ခုခု၏ ဝန်ဆောင်မှုကို အသုံးပြုနေသည့် မည်သူ၏ လိပ်စာ၊ ဖုန်းနံပါတ်ကိုမဆို တိုက်ရိုက်အချက်အလက် ပေးပို့နိုင်ရန် ကူညီပေးသွားမည် ဖြစ်ပြီး သတင်းအချက်အလက် လုံခြုံရေးကိုလည်း အပြည့်အဝ တာဝန်ယူသွားမည် ဖြစ်သည်။ အခြားသတင်းတစ်ရပ်အရ ဒုတိယ လူသုံးအများဆုံး လူမှုကွန်ရက် Twitter အနေဖြင့်လည်း ကြော်ငြာသူများအတွက် ဝန်ဆောင်မှုသစ်တစ်ခုကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ မတူညီကွဲပြားသည့် ကြော်ငြာကဏ္ဍပေါင်း ၃၅၀ တွင် မိမိကြော်ငြာလိုသည့် အမျိုးအစားကို ရွေးချယ်၍ ကြော်ငြာခွင့်ရှိအောင် ပြုလုပ်ပေးထားကြောင်း သိရသည်။

KZZ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account