Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

Android OS ဖြင့် အသုံးပြုနိုင်မည့် Samsung Galaxy Camera



Photo
စမတ်ဖုန်းနည်းပညာ အသုံးပြု ထုတ်လုပ်ထားပြီး 3G နှင့် 4G ကွန်ရက်စနစ်များ ပါဝင်သည့် Galaxy ကင်မရာကို Samsung ကုမ္ပဏီမှ စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။ 16-megapixel  sensor တပ်ဆင်ထားသည့် အဆိုပါ Samsung Galaxy ကင်မရာကို Android 4.1 operating system ဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး ကင်မရာ၏ တစ်ဖက်ခြမ်းတွင် အရွယ်ကြီးမားသည့် touch screen ကို တပ်ဆင်ပေးထားကာ အခြားတစ်ဖက်တွင်မူ 21xzoom မှန်ဘီလူး တပ်ဆင်ထုတ်လုပ်ထားသည်။ 3G နှင့် 4G ကွန်ရက်စနစ်များ ပေါင်းစပ် ထည့်သွင်းပေးထားပြီး ရိုက်ကူးထားသည့် ဓာတ်ပုံများကို လူမှုကွန်ရက်ဆိုက်များတွင် ချက်ချင်း ဝေမျှနိုင်မည် ဖြစ်သည်။
စမတ်ဖုန်းအဖြစ်ထက် ကြိုးမဲ့ကွန်ရက်စနစ် ပါဝင်သည့် ကင်မရာတစ်ခုအဖြစ် ကောင်းမွန်စွာ အသုံးပြုနိုင်မည့် Galaxy ကင်မရာကို ဆက်သွယ်မှုများအတွက် VoIP (voice over Internet Protocol) ဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကင်မရာ၏ 16-megapixel sensor တွင် backside- illuminated (BSI) နည်းပညာကို အသုံးပြုထားသည့်အတွက် အလင်းအားနည်းသည့် အခြေအနေများတွင် ကောင်းမွန်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ Android operating system ကို အသုံးပြုထားသည့်အတွက် အသုံးပြုသူများ အနေဖြင့် Facebook, Flickr, Instagram, Printerest, Google+ အစရှိသည့် app များကို အသုံးပြုနိုင်မည်ဖြစ်သည်။ Photo Wizard နှင့် VideoWizard ဆော့ဖ်ဝဲအပြင် အခြား tool များကိုလည်း ထည့်သွင်းပေးထားပြီး cloud အခြေခံ backup ဝန်ဆောင်မှု အချို့လည်း ထည့်သွင်းထုတ်လုပ်ထားကြောင်း သိရသည်။

ဟေမာ
Ref: CNET

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account