Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

အစ္စရေး သမိုင်းဝင်ပန်းခြံတွင် မြည်းများပေါ်၌ Wi-Fi အင်တာနက် တပ်ဆင်ထား



Photo
ခရစ်ယာန် ဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ နေရာဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်ရာတွင် အလွန်နာမည်ကြီးသည့် အစ္စရေးနိုင်ငံ တောင်ဘက်ရှိ သမိုင်းဝင်ပန်းခြံ K far Kedem တွင်  ယခုအခါ Wi-Fi အင်တာနက်ကို တစ်ပါတည်း ချိတ်ဆက်ပေးထားသည့် မြည်းများကို စီးနိုင်ပြီဖြစ်ကြောင်း ဆက်ပေးထားသည့် မြည်းများကို စီးနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပန်းခြံအတွင်း လှည့်လည်ကြည့်ရှုရာ၌ ပိုမို အဆင်ပြေစေရန် မြည်းများကို စီးခွင့်ပေးခဲ့ရာမှ ယခုအခါ မြည်းများ၏ ကျောပေါ်တွင် အင်တာနက် အသုံးပြုနိုင်သည့် ပစ္စည်းတစ်မျိုးကို ထားရှိပေးပြီး ဓာတ်ပုံများကို တိုက်ရိုက် ရယူနိုင်ကာ ထို Wi-Fi ကွန်ရက်မှ တစ်ဆင့် လူမှုကွန်ရက် စသည်များသို့ လွှင့်တင်နိုင်မည် ဖြစ်သည်။ သမိုင်းဝင် အမွေအနှစ် တစ်ခု ဖြစ်သကဲ့သို့ ဘာသာရေးအရလည်း အထွတ်အမြတ်ထားရာ နေရာဖြစ်သည့်အတွက် ခေတ်သစ် နည်းပညာများဖြင့် ပြုပြင်ခြင်း မပြုဘဲ ရှေးယခင် လွန်ခဲ့သည့် နှစ် ၃၀၀၀ ဝန်းကျင်ကအတိုင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားခဲ့ရာ ယခုကဲ့သို့ အင်တာနက် အသုံးပြုခွင့် ပေးလိုက်ခြင်းမှာ ကမ္ဘာလှည့် ခရီးသည်တို့အတွက် စိတ်ဝင်စားစရာကောင်းသည့် အချက်တစ်ချက် ဖြစ်လာခဲ့သည်။ မြည်းကိုစီး၍ ပန်းခြံအတွင်း လှည့်လည်ခြင်း ခရီးသည် တစ်ပတ် ကြာမည်ဖြစ်ပြီး ခရီးသွား အများစုက ထိုခရီးစဉ်သို့ ပါဝင်လာကြပြီ ဖြစ်သည်။ ထိုပန်းခြံ အတွင်းရှိ ပတ်ဝန်းကျင် အခြေအနေသည် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ပုံစံနှင့် အလွန်တူကြောင်းလည်း သိရသည်။

ZZ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account