Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

World Newspapers



Photo
ကမ္ဘာတစ်ဝန်းက နေ့စဉ်ထုတ် သတင်းစာပေါင်း 6000 ကျော်နဲ့ လစဉ်ထုတ် မဂ္ဂဇင်းတွေကို အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်စေဖို့ ကူညီပေးမယ့် Mobile App တစ်ခုပါ။  ပေါ့ပေါ့ပါးပါး သုံးနိုင်မယ့် ဒီ App က နေရာဒေသအမျိုးမျိုး၊ နိုင်ငံအလိုက်ဖြစ်ပျက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို ထဲထဲဝင်ဝင် သိရှိစေနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ မိုဘိုင်း ပလတ်ဖောင်းတွေမှာတောင် မထောက်ပံ့နိုင်သေးတဲ့ နိုင်ငံအလိုက် Native ဘာသာစကားတွေကို သတင်းစာတွေပေါ်မှာ မြင်တွေ့နိုင်ပါတယ်။ သုံးစွဲရ လွယ်ကူရိုးစင်းတဲ့ User Interface ပါဝင်ပြီး မနက်မိုးလင်းတိုင်း သတင်းစာလာပို့ဖို့ မျှော်တလင့်လင့် စောင့်နေရတဲ့ ဒုက္ခက ကင်းဝေးစေမှာပါ။ ဖတ်ရှုပြီး နှစ်သက်တဲ့ သတင်းတွေကို လူမှုကွန်ရက် Facebook လို Site မျိုးမှာ အလွယ်တကူ Share နိုင်ပါတယ်။

ဒါပေ့မယ် Offline မှတ် ဖတ်ရှုနိုင်မှာ မဟုတ်လို့ Wi-Fi ဒါမှမဟုတ် မိုဘိုင်းအင်တာနက်သုံးစွဲမှ အဆင်ပြေမှာပါ။ ဒါ့အပြင် စာမျက်နှာတွေကိုလည်း ပြန်လည်ဖတ်ရှုဖို့ သိမ်းဆည်းထားနိုင်မှာ မဟုတ်ပါဘူး။ နားလည် ဖတ်ရှုနိုင်ခြင်းမရှိတဲ့ ဘာသာစကားတွေကို ဘာသာပြန်ပေးမယ့် Option ပါဝင်လို့ ဖတ်ရှုရ အဆင်ပြေပါတယ်။ အခမဲ့ Free ပေးထားတဲ့ ဒီ App မှာ သတင်းစာတွေကို ဖတ်ရှုဖို့ အခကြေးငွေ ထပ်မံ ပေးသွင်းစရာလည်း မလိုအပ်ပါဘူး။ 2G,3G နဲ့ Wi-Fi ကွန်ရက်တို့ပေါ်မှာ အဆင်ပြေပြေ ဖတ်ရှုနိုင်မယ့် World Newspapers ကို အရည်အသွေး ပိုမိုကောင်းမွန်တဲ့ Paid App ကိုလည်း ဝယ်ယူနိုင်ပါတယ်။ အိုင်တီ၊ သိပ္ပံနည်းပညာ၊ အားကစား၊ မိုဘိုင်း၊ စီးပွားရေးအစရှိတဲ့ ကဏ္ဍအစုံအလင် အမျိုးအစားစုံ သတင်းစုံကို အချိန်နှင့် တစ်ပြေးညီ နှစ်သက်ရာ ရွေးချယ်ဖတ်ရှုနိုင်မယ့် ဒီ App က နိုင်ငံပေါင်း ၁၀၅ နိုင်ငံက သတင်း၊ မဂ္ဂဇင်း ထုတ်လုပ်သူ 6000 ကျော်ကို ချိတ်ဆက်ပေးထားတာကြောင့် သတင်းသမားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်တစ်ခုပါပဲ။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account