Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, January 10, 2013

အင်္ဂလိပ်စာ လေ့လာရန်



Photo
အွန်လိုင်းကနေ အင်္ဂလိပ်စာ အခမဲ့ လေ့လာနိုင်တဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ အရေး၊ အဖတ်၊ အကြား၊ အပြော စတဲ့ စွမ်းရည်လေးရပ်လုံးကို ပြည့်စုံကျွမ်းကျင်အောင် လေ့လာနိုင်မှာဖြစ်ပြီး အသုံးပြုသူရဲ့ အင်္ဂလိပ်စာ အရည်အသွေးကို ကိုယ်တိုင် တစ်ဆင့်ချင်း တိုးမြှင့်နိုင်ပါတယ်။

Ubuntu OS ပေါ်မှာ ဉာဏ်စမ်းဂိမ်း ဆော့ကစားချင်သူတွေ အတွက် Gbrainy Application ထည့်သွင်းပုံ



Photo
Ubuntu OS အသုံးပြုသူများ Ubuntu OS ပေါ်ကနေ ဉာဏ်စမ်းဂိမ်း ဆော့ကစားချင်သူတွေအတွက် Ubuntu OS ပေါ်တွင် ထည့်သွင်း အသုံးပြုနိုင်တဲ့ Gbrainy  ဆိုတဲ့ Application ထည့်သွင်းအသုံးပြုပုံကို ယခုတစ်ပတ်အတွက် ရွေးချယ် တင်ပြလိုက်ပါတယ်။

WeatherMate(Free)



Photo

ဆော့ဖ်ဝဲအမျိုးအစား          - Weather Software
ထုတ်လုပ်လိုက်သည့်ဗားရှင်း- 3.4.6
ဖိုင်အရွယ်အစား              - 1.24MB
အသုံးပြုနိုင်သည့် OS        - Window 2000/XP/2003/Vista/Server 2008/7

mm Google Translate



Photo

ဆော့ဖ်ဝဲအမျိုးအစား         - Components & Libraries
ထုတ်လုပ်လိုက်သည့်ဗားရှင်း- 2012.10.31.1
ဖိုင်အရွယ်အစား              - 1.1MB
အသုံးပြုနိုင်သည့် OS        - Windows XP/2003/Vista/Server 2008/7/8

နည်းပညာဆိုင်ရာ သတင်းများ


တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာလောက အတွင်းက အသစ် ထွက်ပေါ်လာတဲ့ နည်းပညာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို စုစည်း ဖတ်ရှုနိုင်မယ့် ဝဘ်ဆိုက် ဖြစ်ပါတယ်။

ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား

Photo: ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား 



လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။

အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက် ချပ်ရပ် စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ် နေစေတဲ့ အာနိသင် ရှိပါတယ်။

အဆိုးဆုံး အစားအသောက် - ဆော်ဒါ အချိုရည်

ဗိုက်ပူမှာ စိုးရွံ့သူတွေ အနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်း လက်ဖက်ရည်)ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှု ဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

အကောင်းဆုံး အစားအသောက် - ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပါတယ်။

အဆိုးဆုံး အစားအသောက် - အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်

ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်း သကြားဓာတ်နဲ့ အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင် အဆင့်မြင့် တက်တာက ဝမ်းဗိုက်တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

အကောင်းဆုံး အစားအသောက် - အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေး စေတယ်လို့ သိရပါတယ်။

အဆိုးဆုံး အစားအသောက် - ဆားကဲသော အစားအစာ

ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့ အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်က ဖောင်းလာပြီး လေပွ လာတတ် ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။

အကောင်းဆုံး အစားအသောက် - မပြည့်ဝဆီ

သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။

အကောင်းဆုံး အစားအသောက် - ရှာလကာရည်

ရှာလကာရည်မှာပါတဲ့ ချဉ်တဲ့အရသာနဲ့ စူးရှတဲ့ အနံ့ကိုပေးတဲ့ ဓာတ်တွေဟာ ဗိုက်အဆီကို ချေဖျက် ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်းအတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေ ထွက်လာအောင် မျိုးရိုးဗီဇကို ပြောင်းလဲ ပေးတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။

ကြယ်စင်

Ref: မြ၀တီ
လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။

အထိုင်များသူတို့က လှုပ်ရှားမှုများသူတို့ထက် အိုမင်းမှုပိုမြန်

Photo: အထိုင်များသူတို့က လှုပ်ရှားမှုများသူတို့ထက် အိုမင်းမှုပိုမြန်


အမေရိကန်မှ ဆေးသိပ္ပံပညာရှင်များရဲ့  လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယင်း တွေ့ရှိချက်အရ အားကစား ပုံမှန်လုပ်သူဟာ အခြား မလုပ်သူများထက် စိတ်ရော၊ အတွင်းအပြင် ခန္ဓာကိုယ် အိုမင်းမှုပါနှောင့်နှေးစေပါတယ်။ အရွယ် တင် စေပါတယ်။

အသက် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ ကနေဒါ အမျိုးသမီးတစ်ဦးဟာ အေရိုးဗစ် ပုံမှန် ဆော့ခိုင်းလို့ စစ်ဆေးကြည့်တဲ့ အခါမှာ အခြား ရွယ်တူ ၆၅ နှစ် အဖွာများထက် ပိုမိုလှုပ်ရှားနိုင်၊ သွားလာနိုင်အောင်ကို သန်မာပြီး ဦးနှောက်ထဲသို့ သွေးစီးဆင်းမှုကိုလည်း ကောင်းစေပါတယ်။ စက်ပစ္စည်းနဲ့ သေချာ တိုင်းတာမှု အရ သာမန် အဖွားတစ်ဦးထက်တောင် ဦးနှောက်လုပ်ဆောင်ချက်က ၁၀ ရာခိုင်နှုန်း ပိုမြန်သွားပါတယ်။

ဒါကြောင့် အထိုင်များတဲ့ အလုပ်လုပ်သူဟာ လှုပ်လှုပ်ရှားရှား လုပ်ကိုင်ရ သူများထက် ပို အိုမင်းစေမှုကိုလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဘယ်လိုလူမျိုးမဆို အားကစား တစ်ခုခုကို လေ့လာ လိုက်စား သင့်ပြီး စိတ်ရော၊ ကိုယ်ပါ အရွယ်တင်စေနိုင်ကြောင်း သိရပါတယ်။ 

Ref: http://www.innewsmyanmar.com
အမေရိကန်မှ ဆေးသိပ္ပံပညာရှင်များရဲ့  လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယင်း တွေ့ရှိချက်အရ အားကစား ပုံမှန်လုပ်သူဟာ အခြား မလုပ်သူများထက် စိတ်ရော၊ အတွင်းအပြင် ခန္ဓာကိုယ် အိုမင်းမှုပါနှောင့်နှေးစေပါတယ်။ အရွယ် တင် စေပါတယ်။

ဆေးလိပ် ဖြတ်သင့်သော ထိပ်တန်း အကြောင်းပြချက် ရှစ်မျိုး

 Photo: ဆေးလိပ် ဖြတ်သင့်သော ထိပ်တန်း အကြောင်းပြချက် ရှစ်မျိုး 



၁။ဆေးလိပ် သောက်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ နာတာရှည် လေပြွန် ရောင်ရမ်း၊ ရင်ကျပ်ပန်းနာ ရောဂါ ဖြစ်နိုင်ချေနှင့် အဆုတ်ကို ဆိုးရွားစွာ ထိခိုက် စေနိုင် ပါတယ်။

၂။ ဆေးလိပ် သောက်တာကြောင့် ပျှမ်းမျှသက်တမ်း ၁၀ နှစ်ပို တိုသွား ပါတယ်။

၃။ဆေးလိပ် သောက်တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ရဖို့ အချိန်ကြာတတ်ပြီး ကလေး ပျက်ကျနှုန်း များပါတယ်။ လမစေ့ မွေးတာ ဒါမှမဟုတ် ပေါင်ချိန် မပြည့် မွေးတာတွေ ဖြစ်တတ်ပါတယ်။ ဆေးလိပ် သောက်တဲ့ အမျိုးသား တွေမှာ ပန်းသေပန်းညှိုးဖြစ်တတ်သလို သုတ်ပိုး အရည်အချင်း တွေလည်း ညံ့ဖျင်း တတ်ပါတယ်။

၎။ သင် ဆေးလိပ် သောက်တာကြောင့် သင့်ပတ်ဝန်းကျင်မှ လူတွေရောဂါ ရတတ်ပါတယ်။

၅။ ဆေးလိပ်တစ်လိပ်ကို ၁၀၀ ကျပ်ပေးရပါတယ်။ တစ်နေ့ကို ၁၀ လိပ် သောက်မယ်ဆိုရင် တစ်နှစ်စာအတွက် ၃၆၅၀၀၀ ကျပ် အပိုငွေကုန်ပါတယ်။

၆။အရွယ်မတိုင်ခင် အိုစာတာတွေ မဖြစ်ရလေအောင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ် သောက်တာကြောင့် collagen ထုတ်လုပ်မှု ၄၀% ကျဆင်းသွားပြီး အရွယ်မတိုင်ခင် အရေး အကြောင်းတွေ ပေါ်တတ်ပါတယ်။

၇။ ဆေးလိပ်ဖြတ်တာကြောင့် အနံ့နဲ့ အရသာ အာရုံတွေ ပိုကောင်း သွားပါတယ်။

၈။ ဆေးလိပ်စွဲနေတဲ့ အကျင့်ကို ဖြတ်နိုင်တာကြောင့် မိမိကိုယ်မိမိ ယုံကြည်မှု ပိုရှိလာပါတယ်။

Health — Nay Myo Shein

Ref: မြ၀တီ
၁။ဆေးလိပ် သောက်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ နာတာရှည် လေပြွန် ရောင်ရမ်း၊ ရင်ကျပ်ပန်းနာ ရောဂါ ဖြစ်နိုင်ချေနှင့် အဆုတ်ကို ဆိုးရွားစွာ ထိခိုက် စေနိုင် ပါတယ်။

နံနက်စာကို ဖျော်ရည် တစ်ခွက်နှင့် တွဲဖက် စားသုံးပါ

Photo: နံနက်စာကို ဖျော်ရည် တစ်ခွက်နှင့် တွဲဖက် စားသုံးပါ 




နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲ ဆိုတာ သင်လည်း သိမှာ ပါနော်။ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက သင့်အတွက် လောင်စာ တစ်မျိုး ပါပဲ။

အာဟာရ ပြည့်ဝတဲ့ နံနက်စာက သင့်ခန္ဓာကိုယ် အတွက်  လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်း နိုင်ပါတယ်။ တကယ်လို့ သင်က အလုပ် တစ်ခုခုကြောင့်၊ အရေးကြီး ကိစ္စတွေ ရှိတာကြောင့် နံနက်စာ မစားမိတဲ့အခါ တစ်နေကုန်ရင် ခံသွားပြီး နေ့လယ်စာပါ စားမဝင်နိုင်တာမျိုး ဖြစ်တတ် ပါတယ်။ ဒါမှမဟုတ် နေ့လယ်စာကို ပိုစားမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နံနက်စောစော အချိန်ဟာ လူတစ်ယောက်အတွက် အားအင်တွေ အပြည့်အဝ ရှိနေရမယ့် အချိန်ပါ။ နံနက် အိပ်ရာထချိန်မှာ သင်ဟာ အစာနဲ့ ၁ဝနာရီလောက် ကင်းကွာ နေပါလိမ့်မယ်။ အဲဒီလောက် ကင်းကွာနေပြီး အိပ်ရာနိုးချိန်မှာ နံနက်စာ မစားဘဲ နေမယ်ဆိုရင် သင့်အစာအိမ်ကို ဒုက္ခပေးနိုင်သလို သင့်ရဲ့ တစ်နေ့တာ လှုပ်ရှား တာတွေ ကိုလည်း နှေးကွေး စေပါတယ်။

နံနက်စာ မစားလို့ နေ့လယ်စာ ပိုစားမိပြန်တော့လည်း သင့်ခန္ဓာကိုယ် အလေးချိန်ကို ထိန်းမထား နိုင်တာတွေ ကြုံတွေ့နိုင်ပါတယ်။ သင်ဟာ နံနက်စာကိုသာ ကောင်းကောင်း စားထားမယ် ဆိုရင် သင့်တစ်နေ့တာ အတွက် အလွန် အကျိုးရှိနိုင်သလို နေ့လယ်နေ့ခင်း သရေစာ စားသောက် တာလည်း လျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင်တာ တွေကို ခွန်အားအပြည့်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့ အာဟာရ ပြည့်ဝတဲ့ နံနက်စာကို မှန်မှန်ကန်ကန် ရွေးချယ် စားသောက်တတ်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ နံနက်စာ ရွေးချယ် စားသောက်မှု ဆိုတာက အဆီ၊ ကိုလက်စထရောနဲ့ ဆား (အငန်ဓာတ်) ပါဝင်မှု နည်းတဲ့ အစားအစာတွေ စားသုံးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဟာရ ပြည့်ဝပြီး ခွန်အား ဖြစ်စေတဲ့ နံနက်စာကို ရွေးချယ် စားသောက်နိုင်အောင် ဖော်ပြ လိုက်ရပါတယ်။

နံနက်စာကို ဂျုံအပြည့် အဝပါဝင်တဲ့ ပေါင်မုန့်၊ နံပြား၊ ခေါက်ဆွဲ စတာတွေ စားပေးရပါမယ်။

အဆီ ထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်ခုခုကိုပါ သောက်သုံး ပေးရပါမယ်။

သစ်သီး ဖျော်ရည်ကို ဗီတာမင် စီဓာတ် အပြည့်အဝ ပါဝင်တဲ့ စတော်ဘယ်ရီသီး၊ သံပရာသီး တွေကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံး ပေးနိုင်ပါတယ်။

ဒါပေမဲ့ နံနက်စာကို အာလူးကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဘူးသီးကြော် စတဲ့ ထပ်ကာ ထပ်ကာ အသုံးပြုထားတဲ့ ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အစားအစာ တွေကိုတော့ လျှော့စား သင့်ပါတယ်။

ဒီနေ့ကစလို့ သင်ရဲ့ နံနက်စာ စားသောက်ပုံကို ပြောင်းလဲ သင့်ပါပြီ။ နံနက်စာက သင်ရဲ့ တစ်နေ့တာ အတွက် အရေးပါ အရာရောက်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သင် လက်ခံတယ်ဆိုရင် ဒီနေ့ပဲ ပြောင်းလဲ လိုက်ကြပါစို့။ နံနက်စာကို ကော်ဖီ၊ လက်ဖက်ရည်တို့ သောက်မယ့်အစား သစ်သီး ဖျော်ရည် တစ်ခုခုနဲ့ တွဲဖက် စားသုံးတာက သင့်ကို ကျန်းမာ နုပျို စေပါတယ်။ ဒါ့အပြင် ဝမ်းမှန် စေတာကြောင့် သင့် တစ်နေ့တာလုံး ပေါ့ပါး သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်မှာပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် တစ်ခွက်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။

ဗီတာမင်အေက သင့်အမြင်ကို ကြည်လင်စေပြီး အသားအရေ လှပစေပါတယ်။ ဗီတာမင်ဘီ အုပ်စုက ခန္ဓာကိုယ်မှာ တစ်သျှုး အသစ်တွေ ဖြစ်ပေါ်စေခြင်း၊ စွမ်းအင်အဖြစ် ပြောင်းလဲ ပြုလုပ် ပေးခြင်း၊ သွေးနီဥတွေ ဖြစ်ပေါ်စေခြင်း၊ အာရုံကြောတွေ အားကောင်းစေခြင်း ဖြစ်စေပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ် အတွက် သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခိုင်ခံ့ ကျန်းမာစေပြီး ဆဲလ်အသစ် ဖြစ်ပေါ်စေတာကြောင့် အနာကျက် မြန်စေ ပါတယ်။ ဗီတာမင်ဒီက အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်။ ဗီတာမင်အီးက အိုမင်းရင့်ရော်စေတဲ့ ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုး ပစ္စည်းတွေကို ဟန့်တားပေးတဲ့ အင်တီ အောက်ဆီးဒင့် အဖြစ် လုပ်ဆောင် ပေးပါတယ်။ ဗီတာမင်အေက သာမန် သွေးခဲတာကို အားပေးပါတယ်။ ဖောလစ်အက်စစ် ကီဗြီ  ဖြစ်ပေါ်မှုနဲ့ သွေးနီဥ ဖြစ်ပေါ်တာကို အားပေးပါတယ်။ သင့် နံနက်စာကို ဖျော်ရည်တစ်ခွက်နဲ့ တွဲဖက် သောက်သုံး လိုက်ရုံနဲ့ သင့် ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ ဗီတာမင်ဓာတ် တွေကို ရရှိ နိုင်ပါတယ်။


Ref: မြ၀တီ
နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲ ဆိုတာ သင်လည်း သိမှာ ပါနော်။ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက သင့်အတွက် လောင်စာ တစ်မျိုး ပါပဲ။

အာဟာရ ပြည့်ဝတဲ့ နံနက်စာက သင့်ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်း နိုင်ပါတယ်။ တကယ်လို့ သင်က အလုပ် တစ်ခုခုကြောင့်၊ အရေးကြီး ကိစ္စတွေ ရှိတာကြောင့် နံနက်စာ မစားမိတဲ့အခါ တစ်နေကုန်ရင် ခံသွားပြီး နေ့လယ်စာပါ စားမဝင်နိုင်တာမျိုး ဖြစ်တတ် ပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account