အပေါ်ပုံမှာပြထားတဲ့အတိုင်းပါဘဲ. ကျွန်တော်တို့ Blogspot မှာရေးရင် B ပုံစံ icon လေးပေါ်ပါတယ်. လင့်ရဲ့ ဘေးမှာပေါ့ဗျာ. အဲဒီဟာလေးရဲ့ နေရာမှာ အခြား icon အစားထိုးတဲ့နည်းကို ကျွန်တော် ပြန်လည် မျှဝေပေးလိုက်တာပါ. Kp3 နည်းပညာဆီကနေ ကျွန်တော်လေ့လာ မိတာပါဗျာ.
ဘယ်လိုလုပ်ရမလဲဆိုရင် - မိမိရဲ့ bog ကိုအရင်ဝင်လိုက်ပါ.
www.blogger.com ကိုပြောတာနော်.
ပြီးရင် Design ကို နှိပ်လိုက်ပါ...
Edit HTML ကိုနှိပ်လိုက်ပါ.
ပြီးရင်
]]></b:skin>
ဒါကိုရှာ တွေ့ပြီဆိုရင်အဲဒီ ]]></b:skin>အောက် မှာမိမိထည့်ချင်တဲ့ icon link ကိုထည့်ပြီ save နိုပ်ပါ၊
<link href='ဒီနေရာမှာမိမိရဲ့logo linkထည့်ပါ' rel='shortcut icon' type='image/x-icon'/>
ကျွန်တော့်ရဲ့ ရွှေမန်းသားလေး ဆိုက်ရဲ့ icon ထည့်ထားပုံကို ဥပမာပြလိုက်ပါတယ်။
]]></b:skin>
<link href='http://www.iconj.com/ico/2/q/2q1cekxfnt.ico' rel='shortcut icon' type='image/x-icon'/>
တကယ်လို့ မိမိလုပ်ထားတဲ့ icon ကို file hosting site တစ်ခုမှာတင်ထားဖို့တော့ လိုတယ်နော်.. တင်ချင်ရင်တော့ http://www.iconj.com မှာ တင်လို့ရပါတယ်.အကယ်၍ အဆင်သင့်လိုချင်ရင်
ဒီမှာ သွားကြည့်ကြပြီးတစ်ခါတည်း icon link သွားယူကြပေါ့နော်....
အားလုံးကို ခင်မင်လေးစားလျက်..
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)