Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 25, 2012

မြန်မာ့ဂြိုဟ်တု လွှတ်တင်ရန် ရှိခြင်း

မြန်မာနိုင်ငံသည် ကမ္ဘာမြေပြင်လေ့လာရေး ဂြိုဟ်တုတစ်စင်းကို ဂျပန်နိုင်ငံ အကူအညီနှင့် လွှတ်တင်ရန် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါသည်။ ဒီဂြိုဟ်တု လွှတ်တင်ဖြစ်ရင် မုန်တိုင်းကို အသေးစိတ် လေ့လာနိုင်သည့်အကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါသည်။


"အခုကျွန်တော်တို့ လက်ရှိ သုံးနေတဲ့ဟာက ဘူမိတည်ငြိမ်။ ဘူမိတည်ငြိမ်တယ်ဆိုတာ တစ်နေရာတည်း စောင့်ကြည့်တဲ့အတွက် မြင့်တယ်။ ကီလိုမီတာ ၃ သောင်း ၆ ထောင်လောက်ကနေ ရိုက်တယ်။ အခုလုပ်တဲ့ ဂြိုဟ်တုက ကီလိုမီတာ ၇၀၀ လောက်ကနေ ရိုက်တာ ဖြစ်တဲ့အတွက် သူက အောက်မှာရှိတဲ့ မုန်တိုင်းနဲ့ ပိုနီးနီး ရိုက်တဲ့အတွက် အထဲမှာရှိတဲ့ ဆဲလ်တွေကို ပိုပြီး အသေးစိတ် ကြည့်လို့ရတယ်။ အဲဒီအတွက် အားသာတယ်။ ဆိုလိုတာက ဒီမုန်တိုင်းက ဘယ်လောက် မိုးရွာနိုင်တယ်တို့၊ အဲဒါမျိုးသုံးရင် အားသာတယ်" ဟု ပြောပြပါတယ်။

ဒီဂြိုဟ်တုဟာ မိုးလေဝသအတွက်သာမကဘဲ စိုက်ပျိုးရေး၊ သစ်တော၊ သတ္တုနဲ့ ဆောက်လုပ်ရေးစတဲ့ ကဏ္ဍတွေအတွက်လည်း အသုံးချလို့ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ စိုက်ပျိုးဖြစ်ထွန်းမြေ၊ ဆုံးရှုံးတဲ့လယ်မြေတွေကို ဂြိုဟ်တုက ဖော်ပြမှာဖြစ်ပြီး တောမီးလောင်ကျွမ်းတဲ့ ဖြစ်စဉ်တွေကိုလည်း တိတိကျကျ သိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးမှာလည်း တံတားကြီးတွေရဲ့ ကြံ့ခိုင်မှုကို ဂြိုဟ်တုကနေ ကြည့်ရူလေ့လာနိုင်မှာ ဖြစ်ပါတယ်လို့ ပြောပါသည်။

ဒီဂြိုဟ်တု လွှတ်တင်နိုင်ရေးအတွက် ပထမအဆင့် ဖြစ်နိုင်ခြေလေ့လာခြင်း အသိအမှတ်ပြုစာလွှာ ပေးအပ်သည့်အခမ်းအနားကို ဇွန် ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါသည်။ ဂျပန်နဲ့ ဝန်ကြီးဌာနများ ပူးပေါင်းပြီး လိုအပ်ချက်တွေ ဆွေးနွေးနေကြတုန်း အဆင့်ပဲ ရှိပါသေးတယ်။ ၁ နှစ်လောက်အကြာ လာမည့် ၂၀၁၃ ခုနှစ် ဇွန်လလောက်တွင် ဂြိုဟ်တုလွှတ်တင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရပါသည်။

ဥယျာဉ်မှူး

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account