Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 25, 2012

Samsung Galaxy Mini II



Photo
Samsung ကနေ ပြည်တွင်းကို အသစ် ထပ်မံ ဝင်ရောက်လာခဲ့တဲ့ ဖုန်းအမျိုးအစားသစ် တစ်ခုပါပဲ။  အရင်တုန်းက Galaxy Mini ထွက်ခဲ့ဖူးပါတယ်။ ခုထပ်မံထွက်လာခဲ့တာကတော့ Galaxy Mini II ပါပဲ။ ပုံစံဒီဇိုင်းပိုင်းမှာ အနည်းငယ် ကွဲပြားမှုတွေ ရှိနေပြီး ကျန်တဲ့ အခြား ဖုန်းတွင်း စနစ်ပိုင်းတွေမှာလည်း စနစ်မြှင့်တင်မှုတွေ ရှိနေခဲ့ပါတယ်။
Touch Screen ဖုန်းအမျိုးအစား ဖြစ်ပြီး Screen အရွယ်အစားကလည်း ပထမထွက်ခဲ့တဲ့ Galaxy Mini ထက် အနည်းငယ် ပိုပြီး ကြီးမားပါတယ်။ Galaxy Mini မှာ Screen က ၃.၁၄ လက်မ ရှိခဲ့ပေမယ့် Mini II မှာတော့ Screen က ၃.၂၇ လက်မ ရှိနေပါတယ်။ Capacitive Touch အမျိုးအစား ဖြစ်ပြီး ဖုန်းရဲ့ Key Pattern စနစ်တွေမှာလည်း Galaxy Mini က Manual Pattern ဖြစ်ပြီး Mini II ကတော့ Full Touch စနစ်နဲ့ ဖြစ်ပါတယ်။ ဖုန်းတွင်း မှတ်ဉာဏ်စနစ်ပိုင်းနဲ့ CPU စနစ်ပိုင်းတွေမှာ Galaxy Mini ထက် အဆင့် ထပ်မံ မြှင့်တင်ထားတာ တွေ့ရမှာပါ။
 
အသုံးပြုနိုင်မှု ကွန်ရက်
 
အသုံးပြုနိုင်မှု ကွန်ရက်တွေ အနေနဲ့တော့ GSM ကွန်ရက်စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး 2G, 3G ကွန်ရက် နှစ်ခုစလုံးမှာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ 2G အတွက်တော့ GSM 850/900/1800/1900 ကွန်ရက်တွေမှာ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပြီး 3G  အတွက်တော့ HSDPA 900/1900/2100 ကွန်ရက်တွေမှာ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခြားချိတ်ဆက်မှုတွေ အနေနဲ့တော့ EDGE, GPRS, HSDPA အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်ပြီး Wi-Fi စနစ်နဲ့ Bluetooth 3.0, USB 2.0 စနစ်တွေကိုလည်း အသုံးပြုနိုင်မယ်လို့ ဖော်ပြထားပါတယ်။
 
ဖုန်းတွင်း မှတ်ဉာဏ်
 
ဖုန်းတွင်းမှတ်ဉာဏ် ပါဝင်မှု စနစ်ပိုင်းကို ကြည့်မယ်ဆိုရင်တော့ Internal Memory 4GB ပါဝင်ပြီး 512MB ပါဝင်တယ်လို့ ဆိုပါတယ်။ နောက်ထပ် မှတ်ဉာဏ် ထပ်တိုးအသုံးပြုနိုင်ဖို့တော့ Micro SD Card ကို ထည့်သွင်းနိုင်ပြီး 32GB ထိထပ်တိုး အသုံးပြုနိုင်မယ်လို့ ဖော်ပြထားပါတယ်။
 
Music & Multimedia
 
Music နဲ့ Multimedia စနစ်ပိုင်းတွေ အတွက်တော့ SNS integration, MP4, MP3, WAV, FLAC player, Organizer, Image/video editor, Document viewer, Google Search, Maps, Gmail, YouTube, Calendar, Google Talk, Picasa integration, Voice  memo/dial အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နည်းပညာအဆင့် မြှင့်တင်လာခဲ့ပြီး ဈေးနှုန်း သက်သောင့်သက်သာနဲ့ အသုံးပြုနိုင်မှု အပိုင်းမှာ ပိုမို ကောင်းမွန် ပြည့်စုံလာအောင် ပြုလုပ်ထားတာ တွေ့ရပါတယ်။
 
ကင်မရာ
 
ကင်မရာကတော့ 3.15 Mega Pixel ရှိတဲ့ ကင်မရာစနစ် ပါဝင်ပါတယ်။ ကင်မရာ စနစ်တွေကတော့ Geo-tagging စနစ်နဲ့ Video စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဖုန်းမှာထည့်သွင်းထားတဲ့ CPU ကတော့ 800MHz CPU ကို ထည့်သွင်း တပ်ဆင်ပေးထားပြီး ဂရပ်ဖစ် အတွက်လည်း Adreno 200 GPU ကို ထည့်သွင်း ပေးထားပါတယ်။ ဖုန်းမှာ ထည့်သွင်း အသုံးပြုပေးထားတဲ့ OS ကတော့ Android OS ဖြစ်ပြီး Version 2.3.6 ပါ။ လုပ်ဆောင်ချက်တွေ ကောင်းမွန်ပြီး ဈေးနှုန်းကလည်း သက်သာပါတယ်။ ဒီဖုန်းကို ဝယ်ယူအသုံးပြုချင်တယ် ဆိုရင်တော့ AMT မိုဘိုင်းဖုန်း အရောင်းဆိုင် ဖုန်း ၃၇၁၉၂၄ မှာ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။
 
ကိုသက်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account