Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 25, 2012

Call Center က တယ်လီဖုန်းနှင့် ဝန်ဆောင်မှုအသစ် ထပ်တိုး



Photo
Call Center က ယခင် ဝန်ဆောင်မှု ပေးနေသော ဝန်ဆောင်မှုများနှင့် ဖုန်းနံပါတ် ၁၈၇၆ အပြင် အခြားတယ်လီဖုန်းနှင့် ဝန်ဆောင်မှုအသစ်များ ထပ်တိုးလိုက်ကြောင်း Blue Ocean Operating Management ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောကြားသည်။
ထပ်မံတိုးလိုက်သည့် တယ်လီဖုန်းမှာ ၁၈၇၅ ဖြစ်ပြီး ၎င်းဖုန်းနံပါတ်ကို ဆက်သွယ်ပါက ကျန်းမာရေး ဝန်ဆောင်မှုများ၊ ဟိုတယ် ဝန်ဆောင်မှုများ၊ အလုပ်အကိုင် ရှာဖွေပေးသည့် ဝန်ဆောင်မှုများနှင့် ဗေဒင်ဝန်ဆောင်မှုများကို မေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
 
ယခင် ၁၈၇၆ ဖုန်းနံပါတ်နှင့် ပါတ်သက်သည့် ဝန်ဆောင်မှုများအား တစ်မိနစ်လျှင် ၃၀ ကျပ်နှုန်းဖြင့် ကောက်ခံလျှက်ရှိသော်လည်း၊ ယခု ထပ်တိုးသည့် ၁၈၇၅ ဖုန်းနံပါတ်နှင့် ပတ်သက်သည့် ဝန်ဆောင်မှုများအား တစ်မိနစ်လျှင် ၁၀၀ ကျပ်ဖြင့် ကောက်ခံတော့မည်ဖြစ်ကြောင်း၊ ယခင်အတိုင်း ၂၄ နာရီလုံး မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေး ဝန်ဆောင်မှုများတွင် ဆရာဝန်များမှ ကျန်းမာရေးနှင့် ပတ်သက်၍ ဆွေးနွေး တိုင်ပင်ပေးသော ဝန်ဆောင်မှုများအပြင် အိမ်တိုင်ရာရောက် ကျန်းမာရေး ဝန်ဆောင်မှုများလည်း ပါဝင်ကြောင်း၊ ဟိုတယ် ဝန်ဆောင်မှုများတွင် ဟိုတယ်ဘိုကင် လုပ်ပေးခြင်း၊ ဘာသာစကားမျိုးစုံ Tour Guide  များ ငှားရမ်းပေးခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် အလုပ်အကိုင် ရှာဖွေရန် CV ဖောင်များကို ၁၈၇၅ ဖုန်းနံပါတ်သို့ ဆက်သွယ်ကာ တင်နိုင်မည်ဖြစ်ပြီး အင်တာဗျူးဖြေဆိုခြင်း၊ လိုအပ်သည့် အလုပ်အကိုင်များကို ရှာဖွေပေးခြင်းတို့အား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 
“အလုပ်အကိုင် ရှာဖွေပေးမယ့် ဝန်ဆောင်မှုတွေအနေနဲ့ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှာ မဟုတ်ပါဘူး။ ဖုန်းခေါ်ဆိုမှုအတွက်ပဲ ကျသင့်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ ဗေဒင်ဝန်ဆောင်မှုတွင် တားရော့နှင့် ဟောပြောပေးခြင်း၊ အိမ်ထောင်ဖက်များအတွက် ဇာတာတိုက်ပေးခြင်း၊ ယတြာများ လမ်းညွှန်ပေးခြင်း၊ ဆိုင်နာမည်ပေးနှင့် ကလေးနာမည်ပေးခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။

ထွန်းထွန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account