Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label ယတြာများ. Show all posts
Showing posts with label ယတြာများ. Show all posts

Sunday, July 1, 2012

အလုပ်နေရာ တည်တန့် ခိုင်မြဲစေသောယတြာ

တစ်နေ့သ၌ ကျွန်ုပ်သည် အင်မတန်ကျဉ်းမြောင်းလှသော ကျွန်ုပ်၏ အခန်းကျဉ်းကလေးထဲတွင် သန့်ရှင်းရေး ပြုလုပ်နေ၏။ အမှန်အတိုင်း ပြောဆိုရပါမူ ကျွန်ုပ် ထိုင်းနိုင်ငံတွင် ငှားရမ်းနေထိုင်သော အခန်းကလေး သည် အင်မတိအင်မတန်ကို ကျဉ်းလွန်းလှတော့၏။ မည်မျှလောက် ကျဉ်းသနည်းမူ အခန်းလေးထဲတွင် လူဆယ်ယောက် ကောင်းကောင်းထိုင်လို့ မရလောက်အောင် ကျဉ်းလှ၏။

ဘယ်နေ့ အိမ်အသစ် စတင်ဆောက်ရင် ကောင်းမလဲ...

မိတ်ဆွေများခင်ဗျာ...

သင်ဟာ ကိုယ်ပိုင် အိမ်တစ်လုံး ဆောက်မယ် ဆိုရင် ဘယ်နေ့ ဘယ်ရက်မှာ စတင်ပြီး အိမ်ပန္နက်ချမလဲ။ ဘယ်နေ့မှာ စတင်ပြီး ဆောက်သင့်လဲ ဆိုတာကို သိချင်တယ် ဆိုရင်တော့ အကောင်းဆုံး နီးစပ်ရာဗေဒင်ဆရာ တစ်ဦးဦးထံမှာ သွားရောက်ပြီး တိုင်ပင်ဆွေးနွေးလိုက်တာ ကောင်းပါတယ်။ အဲဒါဆိုရင် ပြည့်ပြည့်စုံစုံ ပြောပြဆိုပြပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘဲ အိမ်ဆောက်တာနဲ့ ပါတ်သက်လို့ အလွယ်တကူ ရွေးချယ်ချင်တယ် ၊ ရက်ရာဇာ ပြဿဒါး ရွေးချယ်ရုံလောက်နဲ့ မလုံလောက်ဘူးဆိုရင်တော့ ဒီမြန်မာရိုးရာ ဗေဒင်ပညာ နည်းစနစ် တစ်ခုကို တင်ပြပေးလိုက်ပါတယ်။

လွတ်လပ်ပျော်ရွှင် အောင်ပွဲဝင် (ပညာရေးယတြာ)

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ အင်မတန် အကြောက်ကြီးသော အမတန် လန့်တတ်သော ဒေါ်သတ္တိဟု အမည်ရသော အမျိုးသမီးကြီး တစ်ဦးသည် ကျွန်ုပ်အား အော်ကြီးဟစ်ကျယ် နှုတ်ဆက်ကာ ၀င်ရောက်လာလေ၏။

အမည်သိရုံမျှဖြင့် ကံကောင်းအောင် ဘေးလွတ်အောင် ယတြာချေခြင်း

ဒီယတြာနည်းက မွေးနေ့တွေ မွေးလတွေ မွေးသက္ကရာဇ်တွေ မွေဂဏန်းတွေ လုံးဝ သိစရာမလိုပါဘူး။ အမည်တစ်ခုကို ကြည့်လိုက်တာနဲ့ ဘယ်လို ယတြာချေလို့ ရမလဲဆိုတာကို သိတဲ့နည်း ဖြစ်ပါတယ်။ နောက်ပြီး ထာဝရယတြာလို့တောင် ခေါ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီယတြာနည်း အတိုင်း ဘ၀တစ်သက်တာလုံး အမြဲတမ်း ဆောင်ရွက်သွားလို့ ရလို့ပါ။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဘယ်ကာလပဲ ဖြစ်ဖြစ် မကြာခနဆိုသလို ဆောင်ရွက်ပေးခြင်းအားဖြင့် မိမိတို့ရဲ့ ကံဇာတာတွေက မြင့်မားလာမယ်။ တိုးတက်လာမယ်။ အောင်မြင်လာမယ်။ အညံ့တွေ အဆိုးတွေ အခိုက်တွေက ကင်းဝေးလာမယ်။ ကင်းစင်လွင့်ပ လာမယ်။

Thursday, June 14, 2012

အသုံးဝင် ယတြာမှတ်စုများ(လိုရာသုံးလေ ချစ်မိတ်ဆွေ)


ကျွန်တော်တို့ မြန်မာရိုးရာ ဗေဒင်ပညာရပ်မှာလာတဲ့ ယတြာနည်းတွေကို ဘာအဖွဲ့အနွဲ့မှ မပါဝင်စေဘဲ တိုက်ရိုက် ပြန်လည် ရေးသားတင်ပြပေး လိုက်ပါတယ်။ ဒီနည်းက မည်သူမဆို အသုံးပြုလို့ ရပါတယ်။ လွယ်လည်း လွယ်ကူပါတယ်။ နောက်ပြီးတော့ လူမျိုးမရွေး ဘာသာမရွေး အသုံးပြုလို့ အဆင်ပြေတယ်။ ဒါကြောင့် အရေးကြုံ သက်လုံ ကောင်းစေဆိုသကဲ့သို့ အားလုံးသော မိတ်ဆွေအပေါင်းအသင်းများ လိုအပ်လာပါက လွယ်လင့်တကူ အသုံးပြုလို့ ရပါစေခြင်းအကျိုးငှာ ရှင်းလင်းစွာ တင်ပြပေးလိုက်ပါတယ်။

Saturday, January 28, 2012

အိပ်မက်လှလှမက်ပါစေ



(မူရင်း-အဘမင်းသိင်္ခ)
ကျုပ် ခင်ဗျားကို ယတြာလေး တစ်ခု ရေးပြမယ်။ အဲဒီ ယတြာဟာ အိပ်မက်မက်စေတဲ့ ယတြာပဲ။ အဲဒါလေးကို အပျိုမလေးရဲ့ ခေါင်းအုန်း အောက်မှာ ထည့်ပြီး အိပ်ဖို့ ပြောပေးပါ။ ကိုယ် မက်စေချင်တဲ့ အိပ်မက်ကို အိပ်ခါနီးမှာ အာရုံညွတ်ထားပါ။

မကြာပါဘူး။ သူ-မက်စေချင်တဲ့ အိပ်မက်ဟာ မြန်မာပြည်က ငတိလေးမှာ လာပြီး မက်မှာပါ။ အဲဒါမျိုးတွေ ကျုပ် စမ်းဖူးတာ များပါပြီ။ ဒီယတြာကို စက္ကူမှာပဲ ရေးရေး ၊ ရွှေပြားမှာပဲရေးရေး ရေးပြီး အသုံးပြုနိုင်ပါတယ်။ အကောင်းဆုံး ကတော့ ရွှေရောင် စက္ကူမှာ ရေးတာ အကောင်းဆုံးပဲ။ ပြီးရင် ဒီယတြာလေးကို တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်လောက် နွားနို့နဲ့ လက္ချမီး ဒေ၀ီကို ပူဇော်ရတယ်။ နို့နဲ့ မပူဇော်ရင် ထောပတ်နဲ့ ပူဇော်ရတယ်။ ပိုပြီး အစွမ်းထက်တာပေါ့ဗျာ။
 

ထီပေါက်ကံ၊ချဲပေါက်ကံကောင်းစေသောနည်းစနစ်



တစ်နေ့သ၌ မဟာချိုင် နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်း၌ တစ်ယောက်ထဲ ထိုင်၍ အကြောင်းအရာ တစ်ခုကို လေးလေးနက်နက် စဉ်းစားနေမိလေသည်။ ထိုအကြောင်း အရာမှာ ကျွန်ုပ်၏ ဗေဒင် ဟောခန်အတွင်းသို့ အကြောင်းအမျိုးမျိုးနှင့် ရောက်လာကြသော သူများသည် များသောအားဖြင့် ဘယ်အရာကို အများဆုံး အလိုရှိကြသနည်း။ ဘာတွေကို အကူအညီ လိုအပ်၍ အဝေးတစ်နေရာမှ အပင်ပန်းခံ၍ ရောက်လာကြသနည်း။ ငါကကော သူတို့ လိုအပ်သော အကူအညီများကို အပြည့်အ၀ ပေးနိုင်မည်လော စသည်ဖြင့် ရောက်တတ်ရာရာ တွေးတောနေမိလေ၏။
ကျွန်ုပ်၏ ဗေဒင်ဟောသော အတွေ့အကြုံများ အရဆိုလျှင် လူဆယ်ဦးလျှင် ကိုးဦးလောက်က ကျွန်တော် ဒီနှစ် ထီပေါက်ကိန်း ရှိသလားဆရာ။ ကျွန်မ ဒီနှစ် ချဲလေးဘာလေး မပေါက်နိုင်ဘူးလား ဆရာ အစရှိ သည်ဖြင့် မေးတတ်ကြလေ၏။ ထိုသို့ဆိုလျှင် လူအများစုသည် ထီပေါက်ခြင်း၊ ချဲပေါက်ခြင်း စသော လာဘ်လာဘကို အလိုရှိကြလေ၏ တစ်ချို့ဆိုလျှင် ကျွန်ုပ်ကို ဘိုးတော်ထင်သည်လား မသိ။ သုံးလုံးဂ ဏန်းပင် တောင်းတတ်ကြလေ၏။
သို့သော် ကျွန်ုပ်ကား ဘိုးတော်မဟုတ်။ ဗေဒင်ဆရာသာဖြစ်၏။ အကြားအမြင်ရသောဆရာ မဟုတ်။ ကိန်းဂဏန်းအတိုင်း တွက်ချက် ၍ဟောသော သာမန်ဗေဒင်ဆရာမျှသာဖြစ်လေရာ မသိသည်ကို မသိ ပါဟူ၍သာ ပြောလိုက်လေ၏။ တစ်ချို့ ဗေဒင်ဆရာများကဲ့သို့ သိသ လိုလို၊ သို့မဟုတ် ကြားသလိုလိုလည်း တစ်ခါတစ်ရံမျှ မလုပ်ဘူးပေ။ ထို့ကြောင့် တစ်ချို့သော ဗေဒင်မေးသူများက ကျွန်ုပ်အား အားမလို အားမရဖြစ်ကြကုန်၏။
မည်သို့ပင်ဖြစ်စေ ထီပေါက်ခြင်း၊ ချဲပေါက်ခြင်း စသည်များမှာ အင်မတန် ထူးကဲ မွန်မြတ်လှသော လာဘ်လာဘ ဖြစ်လေ၏။ လူတစ်ရာလျှင် တစ်ဦးပင် မပေါက်နိုင် လောက်အောင်ပင် ခဲယဉ်းလှလေ၏။ တစ်ချို့ ကုသိုလ်ကံ အင်မတန် ကောင်းလွန်း၍ ပေါက်သောသူများမှာလည်း ကြံဖန်၍ ပေါက်တတ်ကြလေ၏။ တစ်ချို့သည် အိပ်မက်ထဲတွင် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ လာပေး၍ ပေါက်သည်ဟုပြော၏။ မိမိနှင့် ပဋ္ဌာန်ဆက် တော်စပ်ခဲ့ဘူးသော သိုက်ကလာပေးလို့ ပေါက် တာပါဟု တစ်ချို့ကပြောလေ၏။
တစ်ချို့ကြတော့ ရိုးရိုးအိပ်မက်မက်သည်ကိုပင် အတိတ်နိမိတ် ကောက်၍ ထိုးလေရာ ပေါက်သည်ဟု ပြောလေ၏။ တစ်ချို့ကြတော့ သူများပေးလို့ ထိုးလိုက်တာ ပေးတဲ့သူက မပေါက်ဘူး။ သူကတော့ ဘယ်လောက်ဖိုး ပေါက်သွားတယ် စသည်ဖြင့် ပြောပြကြလေ၏။
တစ်ခါတစ်ရံတွင် ဤကိစ္စနှင့် ပါတ်သက်၍ လွန်စွာ ထူးဆန်းသော အဖြစ်အပျက်တစ်ခုကို ကိုယ်တွေ့ ကြုံခဲ့ရဘူး၏။ ထိုအကြောင်းကို ပြောလျှင်မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။ သို့သော် ထိုအကြောင်း အရာသည် ဧရာဝတီတိုင်း၊ ကနောင်ဟု အမည်ရသော နယ်မြို့လေးတွင် ၂၀၀၇-ခုနှစ် လောက်တုန်းက အမှန်တကယ် ဖြစ်ပွားခဲ့သော တကယ့်ဖြစ်ရပ်မှန်ပင် ဖြစ်လေ၏။
ကနောင်မြို ကလေးတွင် ဆိုက်ကားသမား ကိုစိုးမောင်နှင့် ဇနီး အကြော်သည် မမြမြဆိုသူတို့ရှိ၏။ သူတို့တွင် မောင်မြစိုးဟု အမည်ရသော သားတစ်ယောက်နှင့် သမီးနှစ်ယောက်ရှိလေ၏။ သူတို့၏ သား ကလေး မောင်မြစိုးကလေးသည် အသက်(၉)နှစ်ရှိ၍ ယခုနှစ်နွေရာသီ ကျောင်းပိတ်ရက်တွင် သင်္ကြန်တွင်း စုပေါင်း ရှင်ပြုပွဲတွင် ထည့်၍ သာမဏေ၀တ်ပေးမည်ဟု လင်မယား နှစ်ယောက်လုံး အားခဲထားလေ၏။
တစ်ညတွင် ထူးခြား တိုက်ဆိုင်စွာဖြင့် လင်မယားနှစ်ဦးစလုံး အိပ်မက်မြင်မက်လေ၏။ အိပ်မက်ထဲတွင် အင်မတန်မှအရုပ်ဆိုးသော သရဲကြီးတစ်ကောင်သည် သူတို့ လင်မယားနှစ်ဦးအား အောက်ပါအတိုင်း စကားလာပြောလေ၏။
ဟေ့…မင်းတို့ လင်မယားနှစ်ယောက်လုံး သေသေချာချာ နားထောင်။ ငါကတော့ မင်းတို့အိမ်နောက်ဖေးက ထန်းပင်ကြီးမှာနေတဲ့ သရဲကြီးပဲ။ ဒီထန်းပင်မှာ ငါနေတာဆို နှစ်အတော်ကြာပြီ။ အခုတော့ ငါက ကျွတ်တော့မယ်။ မကျွတ်ခင် မင်းတို့လင်မယား နှစ်ယောက်ရဲ့ နွေရာသီအလှူမှာ ကုသိုလ်ပါချင်လို့။ အဲဒီတော့ မနက်ဖြန်ရောက်ရင် မင်းတို့ မြို့ကိုသွားပြီး ချဲထိုးချေ။ တစ်သောင်းဖိုး ပြည့်အောင်ထိုးခဲ့။ ဂဏန်းကတော့ ဒီဂဏန်းကို ရအောင်ထိုးဟုပြော၍ ပျောက်သွားလေ၏။
မနက်မိုးလင်းသောအခါ ကိုစိုးမောင်သည် ဇနီးဖြစ်သူမြမြအား ညက အိပ်မက်အကြောင်း ပြောပြလေ၏။ ထိုအခါ မမြမြကလည်း သူလည်း ညက ကိုစိုးမောင်၏ အိပ်မက်နှင့်တူသော အိပ်မက်ကို မက်ခဲ့ကြောင်း အံ့အားသင့်စွာ ပြောပြလေ၏။ ထိုအခါ ကိုစိုးမောင်က အိပ်မက်က ထူးဆန်းတယ် ဆိုတာတော့ ဟုတ်ပါတယ်ကွာ။ ဒါပေမယ့် ငါတို့ အခြေအနေနဲ့ ငွေတစ်သောင်းဆိုတာက ဘယ်မှာသွားရှာရမလဲ။ အဲဒီတော့ မင်းထိုးချင်ရင် တစ်ရာဖိုး နှစ်ရာဖိုးလောက် ထိုးချင်ထိုးပေါ့ဟုပြော၍ ကိုစိုးမောင်သည် ဆိုက်ကားနင်းရန် ထွက်သွားလေ၏။

ထိုညတွင် သရဲကြီးသည် အိပ်မက်ထဲသို့ ရောက်လာပြန်လေ၏။ လွန်စွာလည်း ဒေါသထွက်နေပုံရ၏။ သရဲကြီးက ကိုစိုးမောင်တို့ လင်မယားအား မင်းတို့မနက်ဖြန်မှ ချဲတစ်သောင်းဖိုးပြည့်အောင် သွားမထိုးရင် မင်းတို့တစ်အိမ်လုံး သေဖို့သာပြင်..ဟုပြော၍ ပြန်သွား လေ၏။ ကိုစိုးမောင်တို့ လင်မယားလည်း အတော်ပင် ကြောက်သွား ၏။ ထို့ကြောင့် မိုးလင်းသောအခါတွင် ကိုစိုးမောင်နင်းသော ဆိုက်ကားကို ငွေတစ်သောင်းနှင့်ပေါင်နှံ၍ အိပ်မက်ထဲမှ သရဲကြီးပေးသော တစ်ကွက်ထဲသောဂဏန်းကို မြို့သို့တက်၍ ချဲထိုးခဲ့လေ၏။

ထိုအပါတ် တွင် ကိုစိုးမောင်တို့မိသားစုသည် သရဲဂဏန်းဖြင့် ချဲတစ်သောင်းဖိုး တိတိပေါက်လေတော့၏။ အလှူလည်း ကြီးကြီးကျယ်ကျယ် လုပ်ဖြစ် သွားလေ၏။ သူတို့အား အိပ်မက်ပေးသော သရဲကြီးသည်လည်း လွတ်ကျွတ်သွားသည်ဟု အိပ်မက် လာပေးသည်ဟု သိရလေ၏။ ယခု အခါတွင် ကိုစိုးမောင်တို့ မိသားစုသည် စီးပွားရေး အတော်အသင့် အဆင်ပြေနေသော ဘ၀ဖြင့် ထိုမြို့ကလေးမှာပင် ဆက်လက်နေထိုင် လျှက်ရှိပေသည်။

ထို့ကြောင့် ကျွန်ုပ်နှင့်ပါတ်သက်သော မိတ်ဆွေများအား တစ်ခုပြောချင်သည်မှာ ကျွန်ုပ်သည် အမှန်အတိုင်း ၀န်ခံရလျှင် ထီဂဏန်း ချဲဂဏန်းလုံးဝမသိပါ။ မပေးတတ်ပါ။ အာရုံထဲတွင်လည်း မရပါဟု ၀န်ခံပါသည်။ သို့သော် ထီကံ၊ချဲကံ ကောင်းမွန် တိုးတက်စေသော နည်းတော့ရှိပါသည်။ ထိုနည်းအတိုင်း ယုံယုံကြည်ကြည်ဖြင့် နေ့စဉ် ရက်ဆက် ဆောင်ရွက်ပါက များမကြာမှီ အချိန်ကာလအတွင်း ထီပေါက် ချဲပေါက် မည်ဖြစ်ပါကြောင်း မိတ်ဆွေများ၏ အကျိုးကို အမှန် တကယ် လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် ရေးသားဖော်ပြ လိုက်ရပေသတည်း။

အပေါ်ဘက်တွင် ဖော်ပြထားသော ဂဏန်းရှစ်ခု သဗ္ဗညု ဘုရားပုံ တော်ကို သင်၏ ဘုရားကျောင်း ဆောင်တွင် သေသေချာချာ ကျကျနန ကိုးကွယ်၍ ဆွမ်း ရေချမ်း ပန်း ဆီမီး တတ်နိုင်သလောက် ကပ်လှူ ပူဇော်ကာ အောက်ဘက်တွင် ဖော်ပြထားသော ဂဏန်ဘုရား ရှစ်ခိုးဖြင့် ပုံမှန် ဘုရားဝတ်တက်ကာ ဂဏန်းနံပါတ်များနှင့်ပါတ်သက်၍ ကံကောင်း စေကြောင်း ဆုတောင်းကြပါကုန်။

ဂဏန်းဘုရားရှိခိုး
၁။ ဧကော - လောကဓာတ်တစ်ခုမှာ တစ်ဆူတည်းသာလျှင် အတူမရှိ။ အတုမရှိ ပွင့်တော်မူကြကုန်သော မြတ်စွာဘုရားတို့အား။ နမော-ရှိခိုး ပါ၏အရှင်ဘုရား။
၂။ ဒွိကော-ရုပ်နာမ်နှစ်ပါး၊မြတ်တရားကို ပိုင်ခြားထင်ထင် သိမြင်တော် မူကြကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာနှင့် အရိယာသာဝကတို့ အား။ နမော-ရှိခိုးပါ၏အရှင်ဘုရား။
၃။တိကော-ဘုရားမြတ်ရတနာ တရားမြတ်ရတနာ သံဃာမြတ်ရတ နာ ရတနာမြတ်သုံးပါးတို့အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
၎။စတုကော-သတိပဋ္ဌာန်လေးပါး၊သမ္မပဋ္ဌာန်တရားလေးပါ။၊ ဣဒ္ဓိပါဒ် လေးပါးမြတ်တရားတို့အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
၅။ ပဉ္စကော-ဗိုလ်ငါးပါး၊သီလတော်မြတ်ငါးပါးတို့အား။ နမော-ရှစ်ခိုးပါ
၏အရှင်ဘုရား။
၆။ဆဋ္ဌကော-ဘုန်းတော်ခြောက်ပါး၊ညာဏ်တော်ခြောက်ပါး၊ ရောင် ခြည်တော်ခြောက်ပါးပိုင်ရှင် ဘုရားရှင်အား။ နမော-ရှစ်ခိုးပါ၏အရှင် ဘုရား။
၇။ သတ္တကော- ဗေဇ္ဈင်ခုနှစ်ပါး၊ သူတော်ကောင်းတရားခုနှစ်ပါးတို့ အား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
၈။ အဋ္ဌကော-မဂ္ဂင်ရှစ်ပါးတရားတော်ကို။ နမော-ရှစ်ခိုးပါ၏အရှင်ဘု ရား။
၉။န၀ကော- ဂုဏ်တော်ကိုးပါးနှင့်တကွ၊အင်္ဂါကိုးတန် ပြည့်စုံမှန်သော ပိတကတ်သုံးပါးအား။ နမော-ရှစ်ခိုးပါ၏အရှင်ဘုရား။
၁၀။ ဒဿကော- မဂ်လေးပါး၊ဖိုလ်လေးပါ။ ၊နိဗ္ဗာန် ပရိယတ် ဆယ်ပါး သောတရားတော်မြတ်နှင့် ပါရမီဆယ်ပါးမြတ်တရားကို။ နမော-ရှစ်ခိုး ပါ၏အရှင်ဘုရား။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယ ဂဏနံ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဤသို့ဆိုငြား မှန်ကန်သော သစ္စာစကားကြောင့်။ မေ-အကျွန်ုပ်အား။ဇယဂဏနံ။ ဂဏန်းနံပါတ်နှင့် ပါတ်သက်သော အောင်မြင်ခြင်းမင်္ဂလာသည်။ ဟောတု- ဖြစ်ပါစေသတည်။

လူချစ်လူခင်များပြီး စန်းပွင့် လာဘ်ရွှင် အောင်မြင်ချင်သူများအတွက်...

ကျွန်တော်တို့ ဗေဒင်ဆရာအခန်းကို ဗေဒင်မေးရန် ရောက်လာကြသူများတွင် လူအများစု မဖြစ်မနေ မေးလေ့မေးထရှိသော မေးခွန်းတစ်ခုမှာ “လူချင်လူခင်များအောင် ဘယ်လိုလုပ်ရပါမလဲ” ဟူသော မေးခွန်း ဖြစ်သည်။ လူချစ်လူခင်များသည် ဆိုသောဝေါဟာရမှာ အတော်ပင် ထူးဆန်းသော အရာပင်ဖြစ်သည်။ ချစ်ခင်သူများ သည်ဆိုသော ဝေါဟာရနှင့် တွဲယှက်လာသော စကားမှာ လူမုန်းမျာသည်ဟူသော စကားပင်ဖြစ်သည်။ ထိုအရာနှစ်ခုသည် ကျွန်တော်တို့ လူ့ပါတ်ဝန်းကျင်တွင် နေ့စဉ်နှင့်အမျှ မဖြစ်မနေ ကြားနေရ တွေ့နေရ မြင်နေရသော စကားလုံး နှစ်လုံးပင် ဖြစ်ပါသည်...။

သင်... သည် သင့်ပတ်ဝန်းကျင်အား အနည်းငယ် သတိထားပြီး စောင့်ကြည့်မည်ဆိုပါက ထိုလူနှစ်မျိုးကို သိသိသာသာ တွေ့မြင်ရမည်ဖြစ်သည်။ တစ်ချို့လူများသည် အင်မတန် လူချစ်လူခင်များသည်။ သူတို့ လမ်းလျှောက် ဖြတ်သွားသော နေရာဒေသများတွင် လူအများက သူ့ကို ၀ိုင်းဝန်း၍ အလေးတယူ နှုတ်ဆက်ကြသည်။ လာလည်ပါဦးနော်။ မတွေ့ရတာ တော်တော်ကြာပြီ ၊ နေကောင်းရဲ့လား ၊စသည်ဖြင့် တွေ့တဲ့ သိတဲ့ လူတိုင်းက နှစ်လိုစွာနှုတ်ဆက်ကြသည်။ ဒါလေး စားပါဦး ၊ ဟိုဟာလေး ယူသွားပါဦး စသည်ဖြင့် လက်ဆောင်များကိုလည်း အတင်းပေးတတ်ကြသည်။ ထိုသူတို့နေအိမ်တွင် အလှူမင်္ဂလာ တစ်ခုခု လုပ်ဆောင်ပါက ၀ိုင်းဝန်း၍ လုပ်အားပေးမည့်သူများ အလွန်များပြားစွာ လာရောက်လုပ်ကိုင် ကူညီပေးတတ်ကြ၏။ ထိုသူတို့သည် လူ့လောကတွင် အင်မတန် မျက်နှာပွင့်၍ အင်မတန် လူချစ်လူချင်များသူ များ ဖြစ်ကြသည်။

နောက် လူတန်းစားတစ်မျိုး ရှိသည်။ အင်မတန် လူမုန်းများသော လူစားမျိုး ဖြစ်ကြ၏။ ထိုသူတို့ ဖြတ်သွားသော လမ်းတွင် လူအများက မခေါ်ချင် မပြောချင်ကြ၍ မျက်နှာလွဲသွားတတ်ကြသည်။ ထိုသူတို့ကို ခေါ်ရမှာကိုပင် ၀န်လေးကြ၏။ မဖြစ်မနေ ခေါ်ရပြောရလျှင်ပင် ထိုသူ ကွယ်ရာသို့ ရောက်ရှိပါက ထိုသူ၏ မကောင်းတင်းကို ပြောခံရလေ၏။ အလုပ်တွင်လည်း အလုပ်အလျှောက် မိမိ ပတ်ဝန်းကျင်တွင်လည်း မိမိ ပါတ်ဝန်းကျင် အလျှောက် အင်မတန် လူမုန်းများသော လူများပင် ဖြစ်ကြသည်။ ထိုသူတို့ နေအိမ်တွင် ကိစ္စကြီးငယ် ကြုံရပါက ချောက်ကပ်ကပ်ကြီး ဖြစ်နေသည်။ မည်သူမျှ လိုလိုချင်ချင် လာရောက် ၀ိုင်းဝန်း ကူညီကြခြင်း မရှိ။ မတတ်သာ၍ မကင်းရာမကင်းကြောင်း လာရောက်ရသူများ အနည်းငယ်သာ ရှိကြ၏။ ထို့ကြောင့် ထိုသူများသည် အင်မတန် လူမုန်းများသူများ ဖြစ်ကြသည်။

မှတ်ချက်။ စိတ်တန်ခိုးကျင့်စဉ် အပိုင်းတွင် သံလိုက်ဓာတ်ရှိသောသူ သံလိုက်ဓာတ် မရှိသော သူ ဟူသော ခေါင်းစဉ်ဖြင့် ပို့တစ်ခု တင်ပြပေးခဲ့ပါသည်။ ဤနေရာတွင် စိတ်တန်ခိုးအကြောင်းကို ပြောမည် မဟုတ် ၊ ယတြာအကြောင်းကို ပြောမည် ဖြစ်သောကြောင့် စိတ်တန်ခိုးနှင့် ပါတ်သက်၍ မပြောဆိုတော့ပါ။

မိတ်ဆွေ....

သင်... စဉ်းစားမိပါရဲ့လား။ သင်ကော အထက်ပါ လူချစ်လူခင်များသောသူနှင့် လူမုန်းများသောသူဟူသော လူနှစ်မျိုးတွင် မည်သည် အမျိုးအစားတွင် ပါနေပါသနည်း။ ခနလောက်လေး စဉ်းစားကြည့်ပါ။ လူတိုင်းကတော့ မိမိကိုယ်မိမိ လူချစ်လူခင် များသောသူ ဖြစ်စေချင်ကြသည် မဟုတ်ပါလား။ သင်က... ဂရုမစိုက်ပါဟု မည်သို့ပင် ဆိုစေကာမူ သင်၏ ရင်ထဲကတော့ သင့်ကို လူအများက ချစ်ခင်စေလိုသည်။ စွဲလန်းစေလိုသည်၊ ချီးမွမ်းစေလိုသည်။ ချီးမြောက်စေလိုသည် မဟုတ်ပါလား။ ထို့ကြောင့် ဗေဒင်ဆရာတစ်ဦး ဖြစ်သော ကျွန်ုပ်အနေနှင့် လူချစ်လူခင်များစေသော အောက်ပါနည်းလေးတစ်ခုကို လက်ဆောင်ပေးလိုက် ပါတယ်။ လွယ်ကူတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ လုပ်ကြည့်ပါ။ အောင်မြင်တယ် ကောင်းတယ်ဆိုရင် သင်ခင်မင်သော သင်၏ မိတ်ဆွေများကို တဆင့်ပြန်လည် လက်ဆောင်ပေးလိုက်ပါ။

အဆင့်(၂)ဆင့်ကို တင်ပြပေးမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး အဆင့်ကတော့ နေ့အလိုက် စန်းပွင့်တဲ့ အရပ်ဒေသကို မျက်နှာမူပြီး ၀တ်စားဆင်ယင်ခြင်း ၊ အလှပြင်ခြင်း ၊ ဆောင်ရွက်ရမယ့် နည်းဖြစ်တယ်။ နေ့(၇)နေ့မှာ နေ့အလိုက် စန်းပွင့်စေတဲ့ အရပ်ဒေသ ပုံသေရှိပါတယ်။ အဲဒီအရပ်ဒေသ လေးတွေကို မှတ်ထားပြီး နေ့စဉ် ဆောင်ရွက် ယုံပါပဲ။ တကူတက လုပ်ဆောင်စရာ မလိုပါ။ အနည်းငယ် သတိလေးထားပြီ ဆောင်ရွက်လိုက်တာနဲ့ အဆင်ပြေ ပါတယ်။ ဟုတ်ပြီ ကျွန်တော်တို့ နေ့အလိုက် စန်းပွင့်တဲ့ အရပ်ဒေသလေးတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါ တယ်။

တနင်္ဂနွေနေ့မှာ ... စန်းပွင့်တဲ့အရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။
တနင်္လာနေ့မှာ ...စန်းပွင့်တဲ့ အရပ်က အနောက်အရပ် ဖြစ်ပါတယ်။
အင်္ဂါမှာ ...စန်းပွင့်တဲ့ အရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ...စန်းပွင့်တဲ့ အရပ်က တောင်အရပ် ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ ...စန်းပွင့်တဲ့ အရပ်က မြောက်အရပ် ဖြစ်ပါတယ်။
သောကြာနေ့မှာ ...စန်းပွင့်တဲ့ အရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
စနေနေ့မှာ ...စန်းပွင့်တဲ့ အရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။

ဟုတ်ပြီနော်..။ ဘယ်နေ့မှာ ဘယ်အရပ်ဒေသက စန်းပွင့်တယ်ဆိုတာကို သိပြီနော်...။ ဒါဆို ဘယ်လို လုပ်ကြမလဲ။ ဆက်ပြောမယ်။ အဲဒီ စန်းပွင့်တဲ အရပ်ကို မျက်နှာမူပြီး မျက်နှာသစ်တာတို့ ၊ အလှပြင်တာတို့ ၊ အ၀တ်အစားလဲတာ တို့ လုပ်ဆောင်ပါ။ ဥပမာဗျာ.. တနင်္ဂနွေနေ့ ဆိုပါတော့ ပီယ ၊ စွဲဆောင်မှု့၊ ဆန်းပွင့်စေတဲ့ အရပ်မျက်နှာက အရှေ့မြောက်အရပ်ဆိုတော့ အဲဒီ အရပ်ကို မျက်နှာမူပြီး မျက်နှာသစ်ဗျာ။ အ၀တ်အစားလဲဗျာ၊ အလှပြင်ဗျာ။ အမျိုးသားတွေ ဆိုရင်တော့ အရှေ့မြောက်အရပ်ကို ညာဘက်ပုခုံးထားပြီး မျက်နှာသစ်ဗျာ။ အ၀တ်အစားလဲဗျာ၊ ဒီနေရာမှာ တစ်ခု ပြောချင်တာကတော့ နေ့အလိုက် စန်းပွင့်တဲ့အရပ်က ပုံသေနော်။ နေ့တိုင်း ဒီပုံစံအတိုင်း မပြောင်းလဲဘူး။ ကိုယ်က ဘာနေ့သားသမီးပဲ ဖြစ်ဖြစ် မဆိုင်ဘူးနော်။ အဲဒီလို ဆောင်ရွက်လိုက်တဲ့ အတွက် ထူးထူးခြားခြား ပွင့်လန်းခြင်း ၊ စန်းပွင့်ခြင်း ၊ ပီယဓာတ် ကောင်းခြင်းများ ရရှိနိုင်ပါသည်။ ဒါက ပထမ နည်းလေးပါ။

နောက်တစ်နည်းက အရောင်တွေနဲ့ စန်းပွင့်အောင် လူချစ်လူခင်များအောင် အောင်မြင်အောင် ဆောင်ရွက်တဲ့ နည်းလေး ပြောပြချင်ပါတယ်။ အဲဒီနည်းလေးကလည်း မခက်ပါဘူး။ ပထမနည်းက မျက်နှာမူတဲ့ နည်း ။ ဒီနည်းကတော့ အရောင်တွေကို ကြည့်ပြီး ဆောင်သွား၊ ၀တ်သွားတဲ့ နည်းလေးပါ။ လက်ကိုင်ပ၀ါတို့၊ လက်ကိုင်အိတ်တို့ ၊ ခေါင်းစည်းကြိုးတို့၊ ဖဲကြိုးတို့ စသည်ဖြင့် ဆောင်သွား ၀တ်ဆင်သွားလို့ ရပါတယ်။ အဲဒီတော့ အောက်မှာ နေ့အလိုက် စန်းပွင့်ခြင်း ၊စသည်ဖြင့် စိုးမိုးနေသော အရောင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့မှာ ... သုံးစွဲရန်အရောင်က အ၀ါရောင် ဖြစ်ပါတယ်။
တနင်္လာနေ့မှာ ...သုံးစွဲရန်အရောင်က အဖြူရောင် ဖြစ်ပါတယ်။
အင်္ဂါမှာ ...သုံးစွဲရန်အရောင်က အနီ ၊ ကြက်သွေး ၊ လိမ္မော်ရောင် ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ..သုံးစွဲရန်အရောင်က ငွေရောင် ၊ တောက်ပသောရောင် ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ ...သုံးစွဲရန်အရောင်က အပြာရောင်း ၊ ခရမ်းရောင် ဖြစ်ပါတယ်။
သောကြာနေ့မှာ ...သုံးစွဲရန်အရောင်က အစိမ်းရောင် ဖြစ်ပါတယ်။
စနေနေ့မှာ ...သုံးစွဲရန်အရောင်က အနက်ရောင် ၊ နက်ပြာရောင် ဖြစ်ပါတယ်။

ကဲ... အားလုံးသော မိတ်ဆွေများခင်ဗျား... လူချစ်လူခင်များစေသော လွယ်ကူသော နည်းစနစ်လေး တစ်ခုကို ပြန်လည် လက်ဆောင်ပေးလိုက်ပါတယ်။ အားလုံး လက်တွေ လိုက်က်နာ ဆောင်ရွက်ကြည့်ပြီး လူချစ်လူခင်များ သော ၊ စန်းပွင့်သော ၊ ပီယသိဒ္ဓိကောင်းသော ၊ လူမုန်းနေသော သူများ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်း လိုက်ပါတယ်။

Saturday, December 31, 2011

မိမိအမည်ကိုအောင်မြင် ၊ ကျော်ကြား ၊ ထင်ပေါ်အောင် ယတြာစီရင်မယ်



အခု ယတြာနည်းတစ်ခု ပြောပြလိုက်ပါတယ်။ ဘာလဲဆိုတော့ လူတစ်ယောက်ဟာ ကိုယ့်နာမည်ကို သိရုံနဲ့ကံဇာတာေ ကာင်းအောင် တိုးတက်အောင် ပွင့်လန်းအောင် ယတြာချေလို့ ရတဲ့ နည်းလေးတစ်ခုကို တင်ပေးလိုက်ပါတယ်။ ဘာနေ့သား ဘယ်နေ့သမီး သိစရာမလိုပါဘူး။ ဘယ်ခုနှစ်မှာ မွေးဖွားတယ် အင်္ဂလိပ် မွေးသက္ကရာဇ်က ဘယ်နှစ်ရက်နေ့ ဘယ်လ ဘယ်ခုနှစ်နှစ် ဆိုတာကို မမှတ်မိရင်လည်း ပြဿနာ မရှိပါဘူး။ ကိုယ့်နာမည်ရဲ့ အရင်းလုံးကို သိယုံနဲ့ ဒီယတြာနည်းကို ဆောင်ရွက်လို့ ရပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account